← Chapters

ရွှေကျီးကန်း၏ နတ်မျက်လုံးများ။

Vol. 70 Ch. 972

ရွှေကျီးကန်း၏ နတ်မျက်လုံးများ။

Vol. 70 Ch. 972

ရုတ်တရက် ထွက်ပေါ် လာသော ရှစ်ရွှမ်းကြောင့်၊ လူတိုင်း ထိတ်လန့် သွားကုန် ကြသည်။

တစ်ဆက်တည်း မှာပင်၊ သူတို့၏ ကြိုးစား အားထုတ်မှုများ အပေါ်၊ အခွင့်ကောင်း ယူသည့် အတွက်၊ မပျော် မရွှင် ဖြစ်လာ ကုန်၏။

“ သူ့ကို တား ... ။ ”

ထို့ကြောင့် ရှစ်ရွှမ်းအား ဟန့်တားရန် လူသုံးယောက် ကောင်းကင်ပေါ် ခုန်တက် သွားသည်။

၎င်းတို့ အားလုံးမှာ၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ရှိနေပြီး၊ လျိုမူ နီးနီး သန်မာ ချေ၏။

“ ဟား ... ဟား ... ဟား ... ၊ မင်းတို့လို လူပြက် တွေက၊ ဒီလို လုပ်ရပ်မျိုး လုပ်ဖို့၊ သတ္တိ ရှိတယ်လား၊ သေချင် နေကြ တာပဲ။ ”

ရှစ်ရွှမ်း၏ ဝတ်ရုံစမှာ လေထဲ တဖျပ်ဖျပ် ခတ်လာ ပြီးနောက်၊ ရယ်မော လိုက်လေသည်။ ထိုနောက် သူ့ ရောင်ဝါက၊ နဖူး ပေါ်တွင် ဘုရင် ဟူသော (王) သင်္ကေတ ပါရှိသည့်၊ အတောင်ပံ ခြင်္သေ့ တစ်ကောင် အဖြစ်သို့၊ ပြောင်းလဲ သွားသည်။

ခြင်္သေ့ ထံမှ ဘုရင် တစ်ပါး၏ ရောင်ဝါများ ထွက်ပေါ် လာပြီး၊ သူ့အား တိုက်ခိုက် လာသော လူငယ် များကို၊ ချက်ချင်း ကန့်သတ် ပစ်၏။

ထို့ကြောင့် သူတို့၏ သွေးနှင့် မူလ စွမ်းအင်များ အေးခဲ ကုန်ကာ၊ လေထဲ၌ ခိုကိုး ရာမဲ့ ဖြစ်ကုန် ကြသည်။

“ ရွေ့ ... ။ ”

ရှစ်ရွှမ်းက သူ့ လက်ဖဝါးကို တွန်းထုတ် လိုက်ပြီး၊ ထိုသုံးဦးကို လွင့်စဉ်စေ လိုက်သည်။ တစ်ဆက် တည်း မှာပင်၊ လူအုပ် ထဲသို့ အတင်း တိုးဝင်ကာ၊ လက်ဝါး ချက်များ ထုတ်ဖော်လျက်၊ လူစု လူဝေးကို ဖြိုခွဲ ပစ်၏။

“ သေ ကြ စမ်း ... ။ ”

နတ်ဆိုး တစ်ကောင် ကဲ့သို့၊ မြင်မြင် သမျှသော အရာ များကို ဖျက်ဆီး လေသည်။ နာကျင်စွာ အော်ဟစ်သံ များက၊ ငရဲပွက် နေသည့် အလား ဆူညံ လာ၏။

“ အား ... ။ ”

လင်းယွန်၏ မျက်လုံးများ မှေးကျဉ်း သွားသော်လည်း၊ ဝင်ရောက် စွက်ဖက်ရန် ဆန္ဒ မရှိချေ။ ရှစ်ရွှမ်း အပြင် အန္တရာယ် ပေးနိုင်သည့်၊ အခြားသော ရောင်ဝါကို ခံစား မိသည်။

“ ဝှစ် ... ။ ”

စိတ်ရှိ လက်ရှိ သတ်ဖြတ် ပြီးနောက်၊ ရှစ်ရွှမ်းမှ ဆေဘာဓား ရည်ရွယ်ချက်အား ထုတ် လွှတ်ကာ၊ ငှက်မိစ္ဆာ၏ ရင်ကို ခွဲထုတ် ပစ်လိုက် သည်။

ထိုနောက် ကြယ် စွမ်းအင်များ ပြည့်နှက် နေသည့်၊ သားရဲ အမြုတေကို ဖမ်းယူ လိုက်၏။ တစ်ဖက်တွင် လင်းယွန်မှာ မျက်လုံးများ တောက်ပ လာသည်။

သူသာ ယင်းကို သန့်စင်ခွင့် ရပါက၊ တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ တက်ရောက် နိုင် ပေမည်။

သို့သော် ဤသားရဲ အမြုတေရှိ၊ မိစ္ဆာ အငွေ့ အသက် များမှာ၊ ကြောက်စရာ ကောင်းအောင် ထူထပ် နေ၏။

သို့မဟုတ် ပါက သည်မျှ၊ ထိတ်လန့်ဖွယ် ကောင်းသော အရိပ် အယောင်မျိုး၊ ထုတ်ပေး နိုင်မည် မဟုတ်ချေ။

ပိုင်လိချီမှာ သေဆုံးချိန် မှသာ၊ ‘ပင်မ နတ်ဘုရား နယ်ပယ်’ သို့၊ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။

မီးလျှံ ငှက်မိစ္ဆာ အတွက်မူ၊ ငယ်ရွယ်စဉ် ကပင်၊ ထိုနယ်ပယ်သို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ရွှေကျီးကန်း မျိုးဆက် သွေးကို၊ ပိုင်ဆိုင်ထား ချေ၏။

ထို့ကြောင့် ပိုင်လိချီ၏ နတ် အမြုတေမှာ၊ ငှက်မိစ္ဆာမှ ရရှိ သွားသော နတ် အမြုတေထက် ပို၍ အားနည်း ပေသည်။

“ ရှစ် ရွှမ်း ... ။ ”

သားရဲ အမြုတေ သိမ်းယူ သွားသည့်၊ ရှစ်ရွှမ်းထံ လူတိုင်းက အဆင် မပြေသော အမူ အရာဖြင့်၊ ကြည့်လိုက် ကြသည်။

ထို့စဉ် မှာပင် အနက်ရောင် ပုံရိပ် တစ်ရိပ် ထပ်မံ ထွက်ပေါ် လာပြီး၊ သွေးသား အဆီ အနှစ် ပါဝင်သော၊ အနက်ရောင် သွေးအစိုင် အခဲ ကြီးကို၊ လှမ်းယူ သွားသည်။

“ မြေဝိညာဉ် ပိုင်ရှင်၊ စုန့်လွေ ... ။ ”

အနက်ဝတ် လူငယ်ကို ကြည့်ကာ၊ လူအုပ်ကြီးက အော်ဟစ် လိုက်ကြသည်။ ကြယ် ဝိဉာဉ် ပိုင်ရှင် နှစ်ဦးအား၊ တပြိုင် နက်တည်း တွေ့ရှိ လာရ သဖြင့်၊ လူအုပ်ကြီးမှာ၊ မျှော်လင့် ချက်များ ပျောက်ကွယ် သွားတော့၏။

သားရဲ အမြုတေကို သိမ်းယူ ပြီးနောက်၊ တောက်လောင် နေသော ငှက်မွေး သုံးချောင်း ထံသို့၊ ရှစ်ရွှမ်းမှ တစ်ချက် ကြည့်သည်။

၎င်းမှာ ရူရ် များနှင့် အစွမ်း ထက်သော တာအို သဘော တရားများ ပါရှိသည့်၊ အမွေး သုံးချောင်း ဖြစ်၏။

ရှေးဟောင်း ပစ္စည်း အဖြစ် သန့်စင်ကာ၊ ရွှေကျီးကန်း များ၏ သဘော သဘာဝ များကို၊ နားလည်မှု ရယူ နိုင်မည် ဖြစ်သည်။

“ ဝှစ် ... ။ ”

သို့သော် သူ လက်လှမ်း တော့မည့် အခိုက် အတန့်၌၊ အပြာရောင် ပုံရိပ် တစ်ရိပ် ပြေးဝင်ပြီး၊ သိမ်းယူ သွားတော့သည်။

အဆိုပါ ပုံရိပ် ရှင်အား၊ ပြန်မော့ကြည့် ပြီးနောက်၊ ရှစ်ရွှမ်း ခမျာ မျက်လုံး ပြူးလျက်၊ အံ့ဩ သွားသည်၊

“ လင်းယွန် ၊ မင်း မသေဖူးလား။ ”

သူ ဖန်တီးထား ခဲ့သော ကြယ်မိစ္ဆာ ပန်း များမှာ၊ လင်းယွန်အား သတ်ရန် လုံလောက် ချေသည်။ ထို့ကြောင့် အံ့ဩ သွားခြင်း ဖြစ်၏။

“ ဟုတ်တယ် ... ၊ ငါ မသေဖူး၊ မင်းကို ကျေးဇူးတင် ပါတယ်။ ”

လင်းယွန်က ရှစ်ရွှမ် မျက်လုံး များထဲ စိုက်ကြည့်ပြီး၊ အေးစက်စွာ တုန့်ပြန် လိုက်၏။ သတ်ပစ် လိုသော ဆန္ဒကို၊ ဖုံးကွယ် ထားခြင်း မရှိချေ။

“ အစ်ကို လင်း၊ မင်းက တကယ် ဟာသတွေ ပြောတက် တာပဲ။ ”

ရှစ်ရွှမ်းက အပြုံး တစ်ပွင့်ကို၊ ချက်ချင်း ထုတ်ဖော် လိုက်ပြီး၊

“ ငါ မင်းကို၊ ဒီရတနာ လက်ဆောင်ပေး နိုင်ပါတယ်၊ ဒီနယ်မြေရဲ့ အမွေတွေ အားလုံးကို သိမ်းယူဖို့၊ မင်း ငါ တို့နဲ့ လက်တွဲ ချင်လား။ ”

( ဘယ်လောက်တောင် အရှက်ကင်းမဲ့ လိုက်လဲ။ )

ငှက်မိစ္ဆာ၏ သားရဲ အမြုတေကို၊ လုယူ သွားပြီး၊ သူ့အား သနား ကြင်နာဟန် လုပ်ပြ နေသော ရှစ်ရွှမ်းကြောင့်၊ လင်းယွန် တစ်ယောက် ဒေါသ ထွက်သွားသည်။

“ စိတ်မ၀င် စားဘူး။ ”

နေဗိမာန်မှာ ယခုမှ ဖွင့်လှစ် လာခြင်း ဖြစ်သဖြင့်၊ ရှစ်ရွှမ်းအား ကိုင်တွယ်ရန် အချိန် မရှိ သေးချေ။ ထို့ကြောင့် အပြတ် ငြင်းကာ၊ နန်းတော် အတွင်းသို့ လှမ်းဝင် လိုက်သည်။

ကောလာ ဟလများ ကဲ့သို့ လင်းယွန် တစ်ယောက်၊ အမှန်တကယ် မာန ကြီးကြောင်း၊ လူတိုင်း မျက်ဝါး ထင်ထင် မြင်လိုက် ရသည်။

“ ကောင်လေး ... မင်း မောက်မာ မနေနဲ့။ ”

စုန့်လွေက လင်းယွန်ကို ကြည့်ကာ၊ လှမ်းအော် လိုက်ပြီး၊ ရှစ်ရွှမ်းထံ ပြန်လှည့်လျက်၊

“ ဒီကောင်က လျိုမူလို၊ အမှိုက်ကို သတ်နိုင်တာနဲ့ သွေးနထင် ရောက်နေတာ၊ သူ့ကို ဂရုစိုက် မနေနဲ့၊ သွားရအောင်။ ”

-ဟု ဆိုလိုက်သည်။

ရှစ်ရွှမ်းက ပြုံးလျက် ခေါင်းညိတ်ပြီး၊

“ ဒီကောင်လေးက နည်းနည်းတော့ ထူးဆန်းတယ်၊ သူ ဘယ်လို ရှင်သန် နိုင်ခဲ့လဲ ဆိုတာကို ငါ မသိဘူး၊ ထားပါ ရတနာတွေ အရင် ရှာပြီးမှ၊ သူ့ကို ကိုင်တွယ် ရအောင်။ ”

-ဟုဆိုကာ၊ နန်းတော်ထဲ ဝင်ရောက် သွားကြသည်။

နန်းတော်မှာ ကြီးမား လှသဖြင့်၊ လူတိုင်း အတွက်၊ အဖိုး တန်သော အရာကို ရရှိရန် အခွင့် အရေး ရှိနိုင်သည်။

အနည်းဆုံး အနေဖြင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ သို့မဟုတ်၊ တာအို လက်ရာ များကို ရရှိ နိုင် ပေ၏။

ကြယ်စင် နဂါး ခုနစ်ကောင်ရှိ၊ အမွေ အနှစ် များမှာ၊ ပုံမှန် ကြယ်နန်းတော် များထက် များစွာ အားကောင်း လှ၏။

ရှစ်ရွှမ်းနှင့် စုန့်လွေ တို့သည်၊ ထိုရတနာ များကို စိတ် မဝင်စား သည်မှာ ရှင်းနေသည်။ သာမန် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ များသည်၊ သူတို့၏ အာရုံကို ဖမ်းစား နိုင်မည် မဟုတ်ပေ။

သူတို့ လိုချင် သည်မှာ၊ သူတော်စင် ဆေးလုံးများ၊ ဧကရာဇ် ကံကြမ္မာ ကိုယ်ခံ ပညာ များနှင့်၊ အခြားသော ရှားပါး ရတနာများ ပေပင်။

“ ဒီနန်းတော် ထဲမှာ၊ သူတော်စင် အဆင့်၊ ဆေးလုံး တစ်လုံးတောင် မရှိဖူးလို့ မပြောနဲ့။ ”

ကျပန်း အခန်း တစ်ခန်း အတွင်း၊ ဝင်ရောက် ပြီးနောက်၊ စုန့်လွေမှ ဆိုသည်။ သို့သော် များမကြာခင် စိတ်ပျက် လက်ပျက်နှင့် အချင်းချင်း ပြန်ကြည့် လိုက်ကြ၏။

“ စိတ် ရှည်ရှည်ထား ... ”

ရှစ်ရွှမ်းက သတိ ပေးသည်။

“ ကာကွယ် သူက၊ မီးလျှံ ငှက်မိစ္ဆာ တစ်ကောင် ဖြစ်တဲ့ အတွက်၊ ဒီနန်းတော်မှာ ဘာမှ မရှိဖူး ဆိုတာ မဖြစ် နိုင်ဘူး၊ ပင်မ ခန်းမ ဆောင်ကို သွားကြ ရအောင်။ ”

“ မင်း ... ၊ ငါ့ စိတ်ကို ဖတ်နိုင်တယ်။ ”

ထို့နောက် နှစ်ယောက်သား၊ လမ်း တစ်လျှောက်ရှိ၊ အခန်းများ အားလုံးကို လျစ်လျူ ရှုကာ၊ ပင်မ ခန်းဆောင် ဆီသို့ ခရီးဆက် လာခဲ့သည်။

သို့သော် ပင်မ ခန်းဆောင် သည်လည်း၊ အလွတ်ဖြစ် နေသည်ကို၊ တွေ့လိုက် ရသဖြင့် အံ့သြ သွား၏။

နံရံ ပေါ်၌ ရှေးဟောင်း အစီရင် တစ်ခု၏ ပုံကြမ်း တစ်ခု အပြင်၊ အခြား မရှိချေ။ တစ်စုံ တစ်ဦးမှ အပြောင်ရှင်း သွားသည် ဟုပင်၊ ထင်မြင် မိစေသည်။

“ ဘာလဲဟ ... ။ ”

နှစ်ဦးသား ခန်းဆောင် အတွင်း၊ လှမ်းပတ် ကြည့်လိုက်ရာ၊ ရှုပ်ထွေး နေသော အမူ အရာ ဖြင့်၊ ရပ်နေသည့် လင်းယွန်ကို၊ တွေ့လိုက် ရ၏။

“ သူများ ... ယူသွား တာလား၊ မဖြစ်နိုင် လောက်ဖူး၊ သူသာ ယူပြီးရင် ထွက်သွား မှာပေါ့၊ … ။ ”

ရှစ်ရွှမ်းက နှစ်ကိုယ်ကြား သုံးသပ် နေမိသည်။ ထို့ကြောင့် စုန့်လွေမှ ခေါင်းညိတ် လိုက်ပြီး၊ လင်းယွန်ကို အသေးစိတ် ပြန်လည် အကဲခတ် ၏။

“ သူ ...၊ ဟန်ဆောင် နေတာ မဟုတ်ဘူး၊ ငါတို့ လူခွဲပြီး ရှာ ရအောင်၊ ဒီမှာ တစ်ခု ခုတော့ သေချာပေါက် ရှိရမယ်။ ”

၎င်းတို့ နှစ်ဦး၏ ယူဆချက် များမှာ မှန်ချေပြီ။ အခန်း အတွင်းသို့၊ ဦးစွာ ရောက်ရှိ ခဲ့ရ သော်လည်း၊ လင်းယွန် တစ်ယောက် မည်သည့် အရာ ကိုမျှ၊ မတွေ့ရှိ ခဲ့မိချေ။

သည်အချိန်၌ နဂါးလေးကို တောင့်တ မိသည်။ ထိုလူမိုက် သည်သာ ရှိပါက၊ တစ်စုံ တစ်ရာကို ရှာတွေ့ပြီး၊ ဖြစ်ပေမည်။

များမကြာမီ ခန်းဆောင် အတွင်းသို့ လူအများ တိုးဝင် လာကြ သော်လည်း၊ မည်သူ မျှ၊ တစ်စုံ တစ်ရာကို ရှာမတွေ့ ကြပေ။

“ ဒီမှာ ဘာမှ မရှိ ဖူးလား။ ”

“ ရှစ်ရွှမ်းနဲ့ စုန့်လွေလည်း၊ တစ်ခုခု ရထားပုံ မရဘူး၊ ဘာဖြစ် တာလဲ၊ ဒီခန်းမက နည်းနည်း ထူးဆန်း နေတယ်။ ”

“ ကြည့်ပါလား လင်းယွန်လည်း၊ ရထားပုံ မရဘူး။ ”

အချိန်များ ကုန်လွန် လာသည်နှင့် အမျှ၊ လူတိုင်း ဒေါသ ထွက်လာ ကုန်ကြ၏။ ထိုစဉ် လင်းယွန်က နံရံ တစ်ဖက်အား၊ သတိထား မိလာသည်။

အခြား နံရံ များနှင့် နှိုင်းယှဉ် ပါက၊ ဤနံရံတွင် ကွဲပြားသော ရှေးဟောင်း ရူရ် အချို့၊ ရေးထွင်း ထားချေ၏။

( မျက်လုံး ... ။ )

ရုတ်တရက် တစ်စုံ တစ်ရာအား ဖမ်းဆုပ် နိုင်ခဲ့ သဖြင့်၊ စိတ်ထဲမှ အော်ဟစ် လိုက်မိလေ သည်။

ထောင်စုနှစ် မီးလျှံကို၊ သိမ်းဆည်း ထားသော အခန်း အတွင်း၌၊ ရွှေကျီးကန်း၏ မျက်လုံး များကို ပုံဖော် ထားခဲ့ သည်အား၊ သတိရ သွားမိသည်။

သည်နံရံရှိ အစီရင်တွင်၊ ၎င်းနှင့် တူသော ခမ်းနား လှသည့်၊ မျက်ဝန်း တစ်စုံကို ရေးထွင်း ထားချေ၏။

ယင်းက နတ်ဘုရား မျက်လုံးများ ကဲ့သို့၊ သူ့အား စိုက်ကြည့် နေသည့်၊ ရွှေကျီးကန်း၏ မျက်ဝန်း တစ်စုံ ပေပင်။

“ ဒီမှာ ... ၊ ဘာမှ မရှိဖူး ဆိုတာ၊ ငါ မယုံဘူး။ ”

လူငယ် တစ်ယောက်က စိတ်တို လာပြီး၊ လင်းယွန် ကြည့်နေသော နံရံထံ လက်သီးနှင့်၊ ထိုးချ ပစ်တော့၏။

“ ရပ် ... ”

***

All Chapters