အချိန်ကျ လာပြီ။
Vol. 70 Ch. 973
ရုတ်တရက် အော်သံက လူတိုင်းကို ထိတ်လန့် သွားစေ သကဲ့သို့၊ ရှစ်ရွှမ်းနှင့် စုန့်လွေ ကိုလည်း ရှုပ်ထွေး သွားစေ၏။
“ အား ... ။ ”
မည်သူမျှ စကား မပြော နိုင်မီ၊ နံရံကို ထိုးနှက် လိုက်သူမှာ၊ မီးလျှံများ ကူးစက် ခံလိုက် ရပြီး၊ ပြန်လည် လွင့်စဉ် လာတော့သည်။
“ ဝေါ့ ... ။ ”
သွေးများ အန်လျက် ချက်ချင်း ပြာကျ သွား၏။ တစ်ချိန် တည်းမှာပင် နံရံ ပေါ်၌ ရွှေရောင် မျက်လုံး တစ်စုံ ထွက်ပေါ် လာသဖြင့်၊ အခန်း တစ်ခန်း လုံးကို၊ အပူချိန် မြင့်တက် လာစေသည်။
“ ရွှေကျီးကန်းရဲ့ နတ်ဘုရား မျက်လုံး။ ”
မျက်လုံးဖြင့် အကြည့် ခံရသည့် လူတိုင်း ကျောရိုး တစ်လျှောက် အေးစက်သွား ကြသည်။
သည့်နောက် မျက်လုံး များက၊ ပန်းချီကား တစ်ချပ် ကဲ့သို့၊ နံရံ အတွင်း ပြန်၍ မြုပ်ဝင်သွား မှ သာလျှင်၊ ဖိအားများ ပျောက်ကွယ် သွား၏။
“ ကြောက်စရာ ကောင်းလိုက်တဲ့ မျက်လုံးတွေ ... ။ ”
“ တစ်ချက် ကြည့်ရုံနဲ့ ... ၊ ပြာကျ သွားတယ်။ ”
“ ဒါတွေက တကယ့် နေမီးတောက်တွေ အတိုင်းပဲ။ ”
ဤအခိုက် အတန့်၌၊ လူတိုင်း လေးနက်လာ ကုန်တော့၏။ ရှစ်ရွှမ်းနှင့် စန့်လွေပင် ထိတ်လန့် ခြင်းငှာ မလွတ်မြောက် ခဲ့ချေ။
သို့သော် ယင်း ပန်းချီကားမှာ၊ သူတော်စင် ဆေးလုံး များနှင့် ယှဉ်နိုင်သော ရတနာ တစ်ပါး ဖြစ်သဖြင့်၊ စိတ်လှုပ်ရှား လာတော့သည်။
လင်းယွန်၏ မျက်လုံးများ တောက်ပ သွားသည်။ သူ့ သတိ ပေးချက်မှာ၊ နောက်ကျ သွားသော်လည်း၊ မျက်လုံးဖြင့် ကာကွယ် ထားသော ရတနာကို မြင်ခွင့်ရ ခဲ့သည်။
ရုတ်တရက် လေထုမှာ တင်းမာ သွားပြီး၊ မည်သူမျှ မလှုပ်ရှား ဝံ့သေးချေ။ ယခု အချိန်၌ အန္တရာယ် ရှိသော၊ အခြေ အနေ နှစ်ရပ်ဖြင့်၊ ရင်ဆိုင် နေရပြီ ဖြစ်သည်။
ပထမ ဦးစွာ မျက်လုံး အတွက်၊ စိတ်ပူပင် ရပြီး၊ ဒုတိယ အခြေ အနေ အရ၊ အခြား လူများ ထံမှ၊ တိုက်ခိုက် လာခြင်းကို ထည့်တွက် ရပေမည်။
အထူး သဖြင့် ရှစ်ရွှမ်းနှင့် စုန့်လွေ တို့ ဖြစ်သည်။ သတ်ဖြတ်ခြင်း အစီရင်နှင့် ယှဉ်ပါက၊ လူသား များ၏ နှလုံးသားမှာ၊ ပို၍ ကြောက်စရာ ကောင်းပေမည်။
ယင်းကို နန်းတော် အဝင်၌၊ ကနဦး သတ်ဖြတ် လုယက် ခြင်းဖြင့်၊ ရှစ်ရွှမ်းမှ ပြသ ထားသည်။ လူအုပ်၏ အကြည့် များကို သတိထား မိသော ရှစ်ရွှမ်းက၊
“ ငါ ဝေ့ဝိုက် မနေတော့ ပါဘူး၊ ဒီပန်းချီကားကို ငါ လိုချင်တယ်၊ တစ်ယောက် ယောက် ဒါကို ယူနိုင်ရင်၊ တန်ဖိုး တစ်ခုနဲ့ ပေးချေ ပါ့မယ်၊ မဟုတ်လို့ ငါသာ ရယူ နိုင်ရင်တော့ စိတ်မကောင်း ပါဘူး။ ”
ကြောက်ရွံ့ နေသော မျက်ဝန်းများ အရ၊ ရှစ်ရွှမ်း တစ်ယောက် ကိုယ်တိုင် မယူဝံ့ သည်ကို လူတိုင်း သိသည်။
သို့သော် ပြန်လည် ဝယ်ယူ မည်ဟု၊ အတိအလင်း ဆိုထား သဖြင့်၊ စိတ်လှုပ်ရှား မိပြန် ၏။
ရှစ်ရွှမ်း၌ ငှက်မိစ္ဆာ အမြုတေ ကဲ့သို့သော၊ အထိုးတန် ရတနာ များစွာ ရှိသည်။ အရောင်း အ၀ယ်သာ ပြုလုပ် ခွင့်ရ ပါလျှင်၊ စျေး တစ်ခု ရမည်မှာ သေချာ၏။
“ ကြိုးစား ခွင့်ပြုပါ ... ။ ”
တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ရှိသော၊ လူငယ် တစ်ဦးက စိတ်လှုပ်ရှား စွာဖြင့်၊ ရုတ်တရက် ရှေ့သို့ တိုးလာသည်။
“ ..... ။ ”
ထိုလူငယ်က နံရံ အနား တိုးကပ် လာပြီး၊ မူလ စွမ်းအင် များကို ဖြန့်ကျက်ကာ၊ လက်အား ဖြည်းညှင်းစွာ ဆန့်ထုတ် လိုက်၏။
ရုတ်တရက် ခန်းမကြီး တစ်ခုလုံး မီးလောင်သွား သကဲ့သို့၊ အပူရှိန်များ မြင့်တက် လာပြီး၊ နံရံ ပေါ်ရှိ အစီရင် ပုံစံများ လင်းလာသည်။
ထို့ကြောင့် အသက်ဝင် လာသော ပန်းချီကားကို လှမ်းကိုင် လိုက်၏။ ထူးခြားသော မည်သည့် ဖြစ်ရပ် ဆန်းမှ၊ ထွက်ပေါ် လာခြင်း၊ မရှိ သဖြင့်၊ လူတိုင်း ရှုပ်ထွေး သွားသည်။
လင်းယွန် ပင်လျှင်၊ ပန်းချီ ကားကို၊ အန္တရာယ် ကင်းစွာနှင့်၊ ရယူနိုင် လိမ့်မည်ဟု၊ တွေးမိ လာသည်။
“ ငါ ရ ပြီ ... ။ ”
လူငယ်က ပြုံးလျက် ပန်းချီ ကားအား အမြန်ဆွဲ ယူလိုက်၏။ သို့သော် ပန်းချီကားက ဖြည်းညင်းစွာ ပွင့်လာပြီး၊ ထိုလူငယ်၏ ခန္ဓာ ကိုယ် တစ်ဝက်ကို၊ စုပ်ယူ လာလေပြီ။
“ ဝုန်း ... ။ ”
ကျန်ရှိ နေသော ခန္ဓာ တစ်ဝက်မှာ၊ မြေပြင်ပေါ် ပြိုကျ သွားသည်။ ကြမ်းပြင်ပေါ် ပြုတ်ကျ သွားသော၊ ထိုခန္ဓာကိုယ် တစ်ဝက်ကို ကြည့်ပြီး၊ လူငယ်မှာ အသံ မထွက် နိုင်အောင်၊ ကြောက်လန့် လာ၏။
ထို့စဉ် မှာပင် ပန်းချီကားထဲ ဝင်ရောက် သွားသော သူ့ခန္ဓာ ကိုယ်၌၊ မီးလျှံများ စွဲလောင် ပြာကျ သွားသည်။
သည့်နောက် ပန်းချီကား ထဲရှိ၊ နတ်မျက်ဝန်း တစ်စုံမှာ ပြန်မှိန်ကျ သွားပြီး၊ ပုံမှန် အတိုင်း နံရံ အတွင်း၊ ပြန်လည် ဝင်ရောက် သွား၏။
ကြမ်းပြင်၌ တစ်ပိုင်း ပြတ်နေသော အလောင်းသာ မရှိ ပါက၊ အဆိုပါ ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်ကို၊ မည်သူမျှ ယုံမိမည် မဟုတ်ချေ။
အခန်း အတွင်း တိတ်ဆိတ် သွားသည်။ ပန်းချီကား ရရန် လွယ်ကူမည် မဟုတ်ကြောင်း၊ သိသာ နေပေ၏။
ထိုအချိန်တွင် လင်းယွန် တစ်ယောက် မဝံ့မရဲ၊ ရှေ့တိုး လာသဖြင့်၊ အကြည့်များ စွာက၊ သူ့ အပေါ် ကျရောက် သွားသည်။
နံရံ ပေါ်ရှိ ဤပန်းချီ ကားကို၊ ပဉ္စမတန်း ဝိညာဉ် ရေးရာ ရူရ် များနှင့်၊ ရေးဆွဲ ထားခြင်း ဖြစ်သည်။
ရွှေကျီးကန်း မျက်လုံး များမှာ၊ ပန်းချီကားအား စွမ်းအင် ပေးပို့ နေသော ဗဟိုချက် ဖြစ်၏။
ပန်းချီကား ပွင့်လာ ခြင်းသည်၊ အစီရင် အသက် ဝင်လာခြင်း မည်၏။ ၎င်းမပွင့်မီ ဖမ်း နိုင်ပါက၊ အန္တရာယ် မရှိဟု မြင်သည်။
“ ထိန်းချုပ်သူ မရှိတဲ့ ... ၊ အစီရင် တစ်ခုက ငါ့ ကို သတ်နိုင် လိမ့်မယ်လို့၊ မယုံဘူး။ ”
ရေရွတ် သံနှင့် အတူ၊ မျက်လုံးများ တောက်ပ လာ၏။ အဆင့် အတန်း မြင့်သော သတ်ဖြတ်ခြင်း ပန်းချီကား တစ်ချပ် လျှင်ပင်၊ သခင် မရှိ ပါက၊ စမ်းသပ်မှု တစ်ရပ် မျှသာ ဖြစ်လေသည်။
“ ဟိတ် ... ။ ”
၎င်းအား ကိုင်တွယ် နိုင်မည်ဟု ယူဆကာ၊ မူလ စွမ်းအင်များ စုဆောင်း လိုက်ပြီး၊ နံရံထံ လက်သီးနှင့် ထိုးချ ပစ်လိုက်သည်။
လက်သီးက နံရံအား ထိမှန် သွားချိန်၌၊ အစီရင်ရှိ ရူရ်များ ပြန်၍ လင်းလက် လာသည်။ ရူရ်များ ထံမှ မီးတောက် များက အချင်းချင်း ချိတ်ဆက် လာကာ၊ ရန်သူကို ချောင်းမြောင်း နေသော သားရဲကြီး တစ်ကောင် ကဲ့သို့၊ ပွက်ပွက်ဆူ လာ၏။
၎င်းက ပန်းချီကား တစ်ချပ် အဖြစ် မဖွဲ့စည်းနိုင်မီ၊ ဓားသုတ္တန် နှစ်ခုကို ဖြန့်ကျက် လိုက်ရာ၊ ထက်ရှသော ဓားရောင်ဝါ ထွက်ပေါ် လာပြီး၊ မီး ရည်ရွယ်ချက်ကို ခုခံ ချေဖြတ် လိုက်သည်။
“ ခရစ် ... ။ ”
ထိုစဉ် မှာပင် ပန်းချီ ကားက၊ ဖြည်းညှင်းစွာ ဖွဲ့စည်း လာပြီ ဖြစ်သဖြင့်၊ ဓားရောင်ဝါ အက်ကွဲ လာတော့၏။
“ နည်းနည်းတော့ ပြဿနာ ရှိလာပြီ။ ”
တိုးဖွဖွ ရေရွတ် မိသည်။ ဓားရောင်ဝါ ပြိုပျက်သွား ပါက၊ နတ်မျက်လုံး များက သူ့ကို စိုက်ကြည့်ကာ၊ မီးရှို့ တော့မည် ဖြစ်၏။
“ ဒီကောင် သွားပြီ ... ။ ”
စုန့်လွေက ကျေနပ် အားရစွာဖြင့်၊ ရှစ်ရွှမ်းအား လှမ်းပြောသည်။ သူတို့ နှစ်ဦး မျက်နှာ၌၊ တိုင်ပင် ထားခြင်း မရှိဘဲ၊ အပြုံး တစ်ပွင့် ချက်ချင်း ဖြစ်ပေါ် လာ၏။
ကြည့်နေစဉ် မှာပင်၊ လေထု အလယ် တောင်ပံ လူသား တစ်ယောက် ထွက်ပေါ် လာပြီး၊ အက်ကွဲ နေသော ဓားရောင်ဝါကို၊ ပြန်လည် သိပ်သည်း စေခဲ့သည်။
“ ဒီကောင် ... ၊ ဒါကို ပြန်ခုခံ နိုင်တာလား ... ။ ”
ဤမြင်ကွင်းကြောင့် ရှစ်ရွှမ်း အပါ အဝင် လူတိုင်း ထိတ်လန့် သွားကြသည်။ ထို့စဉ် မှာပင် လင်းယွန်က၊ ပန်းချီ ကားထံ လက်သီး တစ်ချက် ပစ်ကာ၊ ရူရ် များအား ထိုးခွဲ ပစ်လိုက်သည်။
“ ရ ပြီ ... ။ ”
လက်သီးကြောင့် ရူရ်များ အနည်းငယ် မှိန်ကျသွား သည်နှင့်၊ ပန်းချီကား ချပ်ကို အမြန် လှမ်းဆွဲ လိုက်သည်။ နတ် မျက်လုံးအား မဖွဲ့ တည် နိုင်မီ၊ လင်းယွန်မှ သိမ်းယူ နိုင်လေပြီ။
ဤပန်းချီ ကားတွင်၊ နေနတ် ဘုရား လက်သီးနှင့်၊ လေးနက်သော ခြေလှမ်း (၁၀) လှမ်းကို၊ များစွာ အကျိုးပြု နိုင်မည့်၊ ရွှေကျီးကန်း၏ တာအို စည်းချက် ပါရှိ လေသည်။
“ ဝှစ် ... ၊ ဝှစ် ... ။ ”
၎င်းသည် နေဗိမာန်ရှိ၊ အမွေခံ ရတနာ ရယူရာ တွင်လည်း၊ အသုံး ဝင်နိုင် ပေ၏။ ထို့စဉ် မှာပင် ရှစ်ရွှမ်းနှင့် စုန့်လွေက ပြုံးလျက် သူ့ အနား ရောက်ရှိ လာခဲ့သည်။
“ ပန်းသင်္ချိုင်း ... ၊ မင်းက ပန်းသင်္ချိုင်း ဆိုတဲ့၊ မင်းရဲ့ ဂုဏ်သတင်းနဲ့၊ တကယ် ထိုက်တန် ပါပေ တယ်၊ ငါ ကလည်း ... ”
“ ... ငါ့ စကား အပေါ်၊ အလေး အနက်ထား တက်တဲ့ လူ တစ်ယောက်ပါ၊ မင်း ပန်းချီကားကို ရပြီ ဆိုတော့ ... ”
“ ... ဒီအတွက် နတ်ကြယ် ပုလဲ၊ တစ်လုံး ပေးချေဖို့ ဆန္ဒ ရှိပါတယ်၊ ဒါက မင်း ကြိုးစားမှု အတွက်၊ ရထိုက်တဲ့ တန်ဖိုး ပါပဲ။ ”
လက်ထဲတွင် နတ်ကြယ် ပုလဲ တစ်လုံးကို ထုတ်ပြလျက်၊ ရှစ်ရွှမ်းမှ လှောင်ပြုံး ပြုံးပြလာ လေသည်။
“ မင်းက၊ ကိုယ့်ကိုကိုယ် တကယ် အထင်ကြီး နေတဲ့ ကောင်ပဲ၊ ငါ ပါးရိုက် ပေးမှ၊ အသိ ဝင်မယ် ထင်တယ်။ ”
လင်းယွန်မှ အေးစက်သော အသံဖြင့် ဆိုလိုက်သည်။ ဤရှစ်ရွှမ်းမှာ သူ့ အချိန် ကျလာ ပုံရ လေပြီ။
***