← Chapters

ငါ ပြောတာကို မှတ်မိလား။

Vol. 70 Ch. 974

ငါ ပြောတာကို မှတ်မိလား။

Vol. 70 Ch. 974

ပထမ တန်းစား ပါရမီရှင် (၇) ပါးသည်၊ ကြယ် ဝိညာဉ် ပိုင်ရှင် များထက် ပို၍ သန်မာ သဖြင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ အထက် အမွေ ကိုသာ၊ စိတ်ဝင်စား ကြ ပေသည်။

ထို့ကြောင့် ယခု ပြိုင်ဆိုင် မှုမှာ၊ ၎င်းတို့ အောက်ရှိ အစွမ်းထက် ဆုံးသော ကျွမ်းကျင်သူ များ၏ ရန်ပွဲ ဖြစ်ချေပြီ။

“ လင်းယွန် ... ၊ မင်းက လျိုမူကို သတ်နိုင်တာ နဲ့ပဲ၊ ငါတို့နဲ့ အဆင့်တူ ပြီလို့ ထင်နေ တာလား၊ ... ”

“ ... ငါတို့က ကြယ်ဝိညာဉ် တွေရအောင် ဘယ်လို တိုက်ပွဲမျိုး၊ ဖြတ်သန်း လာခဲ့ ရလဲ မင်း သိလား၊ မင်းလို မာန ထောင်လွှား သူတွေကို ငါတို့ တွေ့ဖူး ပါတယ်၊ ... ”

“ ... ဒါကြောင့် နောက်တစ်ကြိမ် ပြန် စဉ်းစားဖို့ အကြံပေး ချင်တယ်၊ အသက်ရှင် တာက သေတာထက် ပိုကောင်းတယ် မဟုတ်လား။ ”

စုန့်လွေ ထံမှ ပြင်းထန်သော သတ်ဖြတ် လိုသည့် ဆန္ဒများ ထွက်ပေါ် လာသည်။ ရှစ်ရွှမ်း မျက်နှာ မှာမူ အေးစက် သွားပြီး၊

“ ငါ ... စိတ်ပြောင်း သွားပြီ၊ မင်း ဒူး ထောက်ပြီး ပန်းချီကား ငါ့ဆီ ပေးပါ၊ မဟုတ်ရင် ငါ မင်းကို သတ်မိ လိမ့်မယ်။ ”

“ ပါးစပ် ပိတ်ထား ... ။ ”

လင်းယွန်က ၎င်းတို့ နှစ်ဦး၏ ခြိမ်းခြောက်မှုကို ဂရု မစိုက်ဘဲ၊ ပန်းချီ ကားအား သိမ်းဆည်း လိုက်၏။

“ ဒါဆို မင်း သေလိုက်တော့။ ”

စုန့်လွေက ဟစ်အော်လျက်၊ ခြေတစ်လှမ်း တိုးလိုက်ရာ၊ အကန့် အသတ် မရှိသော အရှိန် အဝါက၊ လင်းယွန်ပေါ် တောင် တစ်လုံး ကဲ့သို့၊ ပြိုကျ လာသည်။

ထို့နောက် မူလ နေရာမှ ပျောက်ကွယ် သွားပြီး၊ လင်းယွန် ရှေ့ ချက်ချင်း ရောက်ရှိ လာကာ၊ ထိုးချ လိုက်သည်။

“ ဝုန်း ... ။ ”

အဆုံးမဲ့ တောင်တန်းကြီး တစ်ခု ရိပ်ခနဲ ပေါ်လာ ပြီးနောက်၊ လက်သီးက ဓားရောင်ဝါနှင့် ပြင်းစွာ တိုက်မိ သွားသည်။

အဆိုပါ လက်သီး ချက်ကြောင့် နဂါးဓား ရောင်ဝါမှာ၊ တုန်ခါသွား သော်လည်း၊ အက်ရာ မျှပင် မထင် ခဲ့ချေ။

ယင်းက လင်းယွန်၏ ဓားရောင်ဝါကို ဖြိုခွဲရန်၊ လွယ်ကူသော အရာ မဟုတ်ကြောင်း၊ သိမြင် လာစေသည်။

“ ဓားလား ... ၊ မင်း ဒီလောက် မာနကြီး ဝံ့တာ မဆန်း ပါဘူး၊ မင်းရဲ့ ဓားက တကယ့်ကို အထင်ကြီး စရာ ပါပဲ၊ ကံမကောင်း စွာ နဲ့ပဲ၊ မင်းရဲ့ ပြိုင်ဘက်က ငါ ဖြစ်နေတယ်။ ”

တစ်ဖက် လူ၏ ဓား ရည်ရွယ်ချက်အား၊ မချိုးဖျက် နိုင်ခဲ့ သော်လည်း၊ စုန့်လွေမှာ စိုးရိမ် သွားသည်။ လင်းယွန်၌ ဓား တစ်လက် ရှိသည်ကို၊ လူတိုင်း သိချေ၏။

“ ဟား ဟား ဟား ... ။ ”

စုန့်လွေက မြေ ရည်ရွယ်ချက်အား ထုတ်ဖော်လျက် ရယ်မော လိုက်သည်။

“ မြစ်ကြီး ကိုးသွယ် စီးဆင်းမှု — မြေနဂါး။ ”

ထို့နောက် သူ့လက်ကို ဖွင့်ကာ တံဆိပ် တစ်ခုအား၊ ဖွဲ့တည် လိုက်၏။ မြစ် အတွင်း၌ ရွှံ့နွံများ ပွက်ပွက်ဆူ လာချိန်တွင်၊ လင်းယွန်ထံ တွန်းထုတ် ပစ်သည်။

“ ဝှစ် ... ။ ”

ဤသည်မှာ စုန့်လွေ၏ ထင်ရှားသော နည်းစနစ် တစ်ရပ် ဖြစ်သဖြင့်၊ လူအုပ်ကြီး ခမျာ ကြောက်ရွံ့ တုန်လှုပ် သွားကြ၏။

အထွတ် အထိပ် ဒုတိယတန်း မြေကြီး ရည်ရွယ် ချက်မှာ၊ အခြားသော သိုင်း ရည်ရွယ် ချက် များ၏၊ တတိယတန်း အဆင့်နှင့် ညီသည်။

သိုင်း ရည်ရွယ် ချက်များ အနက်၊ ဓား ရည်ရွယ်ချက် ကဲ့သို့၊ နားလည်ရ ခက်သော အရာ ဖြစ်၏။

ထို့ကြောင့် ဤတိုက်ခိုက် မှုဖြင့် ပြိုင်ဘက် အားလုံးကို၊ အလွယ် တကူ ချေမှုန်း နိုင်ခဲ့သည်။

စတုထ္ထ ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ သာမာန် ကျွမ်းကျင်ရှင် တစ်ဦး ပင်လျှင်၊ ထိမှန် ခံရ ပါက၊ ချက်ချင်း သေဆုံးမည် ဖြစ်၏။

ရှစ်ရွှမ်းက ထိုမြင်ကွင်းက ပြုံးလျက် ရပ်ကြည့် နေသည်။ စုန့်လွေကို ကူညီရန် ဆန္ဒ မရှိချေ။ လင်းယွန်ထွက် မပြေးစေ ရန်သာ အာရုံစိုက် ထားချေ၏။

“ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ။ ”

လင်းယွန် မျက်လုံးများ မှေးစင်း သွားပြီး၊ သူ့ထံ အားယူ နေသော အဝါရောင် နဂါးကြီးကို အံ့အား သင့်စွာ မော့ကြည့် လိုက်သည်။

သို့သော် လက်ကို ဝှေ့ယမ်းကာ ဓားအား ဆွဲထုတ်လိုက် သည်နှင့်၊ စိတ် ခံစားချက် များမှာ ချက်ချင်း ငြိမ်ကျ သွား၏။

အသက် ပြင်းပြင်း ရှူလျက် ဓားကို လွှဲ လိုက်သော အခါ၊ ထက်ရှသော ဓား အလင်းများ လွှမ်းခြုံ သွားသည်။ ကောင်းကင်ဘုံ သုံးပါးမှ၊ ပထမ ပုံစံကို၊ ထုတ်ဖော် လိုက်ခြင်း ဖြစ်၏။

“ မင်း သေပြီ ... ။ ”

စုန့်လွေ၏ မျက်လုံး ထဲတွင် လှောင်ပြောင် သရော် မှုများ ဖြစ်ပေါ် လာသည်။ ဤသည်မှာ ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်သဖြင့်၊ ဘုန်းနေမင်း လက်သီးသာ၊ ယှဉ် နိုင်မည် ဖြစ်သည်။

သို့သော် ရုတ်တရက် မြေနဂါး ကြီး၏ ခန္ဓာကိုယ် အတွင်း၌၊ လျှပ်စီး ပိုးအိမ် ကိုးလုံး ဖွဲ့တည် လာသည်ကို၊ မြင်လိုက် ရသည်။

ပိုးအိမ် တိုင်းက၊ မြေနဂါး ကြီး၏ အားနည်းချက် (၉) နေရာ၌ တည်၏။

“ ပေါက် ကွဲ စမ်း ... ။ ”

လင်းယွန်က အမိန့်ပေး လိုက် သည်နှင့်၊ ပေါက်ကွဲမှုများ ဆက်တိုက် ထွက်ပေါ် လာပြီး၊ မြေနဂါးကြီး ကွဲကြေ သွားတော့သည်။

မြေနဂါး ပျောက်ကွယ်သွား သည်နှင့်၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာကာ၊ စုန့်လွေ တစ်ယောက် မှင်တက် လာမိ၏။

ကြောက်စရာ အကောင်း ဆုံးသော တိုက်ခိုက်မှုကို၊ တစ်ဖက် လူမှ အလွယ် တကူ၊ ဖြေရှင်း သွားခဲ့သည်။

ထိုအချိန်တွင် လင်းယွန် လက်ထဲရှိ ဓားက တုန်ခါလျက်၊ ရန်လို သော၏ ခံစားချက် များကို ပေးစွမ်း လာသည်။

အရာ ရာကို ဖြတ်တောက် ပစ်မည်ဟု၊ ကြွေးကြော် နေ သကဲ့သို့၊ ထင်မြင်လာ မိစေ၏။ ဤဓားမှာ သူ့သခင် ထက်ပင်၊ ပို၍ မောက်မာ ချေပြီ။

“ ဒီ ဓား ရည်ရွယ်ချက် … ။ ”

စုန့်လွေနှင့် ရှစ်ရွှမ်း၏ အကြည့် များက၊ ပန်းသင်္ချိုင်း ဓားမှ တဆင့် လေထဲ ကျန်ခဲ့သော ဝိညာဉ်ရေး ဓားကို ခံစား မိ၏။

အစော ပိုင်းတွင် ထိုဝိညာဉ်ရေး ဓားကို လက်သီး၌ ပေါင်းစပ် ထားသဖြင့်၊ သတိ မထား မိခဲ့ချေ။

ဓားကို ဆွဲပြီး နောက်မှသာ၊ ဓား ရည်ရွယ်ချက် ဟူသော အဓိပ္ပါယ်ကို သိသိ သာသာ ပြသ လာသည်။

ဓားနှင့် ဓား ရည်ရွယ်ချက် နှစ်ခုလုံးတွင်၊ အပြစ် အနာ အဆာ မရှိချေ။ တနည်း အားဖြင့် သူတို့၏ မြင်နိုင် စွမ်းထက်၊ သာလွန်နေ ခြင်းလည်း ဖြစ်နိုင် ပေသည်။

သူ သည်လည်း၊ ‘ဝိညာဉ်ရေး ဆေဘာဓား ရည်ရွယ်ချက်’ ကို ဆုပ်ကိုင် ထားသဖြင့်၊ ရှစ်ရွှမ်း တစ်ယောက် မျက်စိပွင့် လာသည်။

ဆေဘာဓား ရည်ရွယ်ချက်မှာ၊ တစ်ဖက် လူ၏ ဓား ရည်ရွယ် ချက်နှင့် အဆင့် တူ၌ ရှိနေ သည်မှာ၊ သေချာသည်။

သို့သော် ပြိုင်ဘက် ဓားမှ၊ သူ့အား အလွယ်တကူ ချိုးနှိမ်နိုင် ခဲ့သည်မှာ၊ နားမလည် စရာ ပေပင်။

“ ဒီကောင် ဘယ်လိုများ နားလည်နိုင် ခဲ့တာလဲ။ ”

နှစ်ဦးသား မယုံကြည် နိုင်သော မျက်ဝန်း များဖြင့်၊ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက် ကြသည်။

“ ဘာပဲ ဖြစ်ဖြစ်၊ မင်းရဲ့ ဓားက ကောင်းကင်ဓား အဆင့်ကို မရောက်သေး ပါဘူး ... ။ ”

ရှစ်ရွှမ်းက အံကြိတ်လျက် မာန်တင်း လိုက်သည်။

“ သေ ချာ လို့ လား ... ။ ”

လင်းယွန်မှ လှောင်ပြောင် လိုသော အကြည့်ဖြင့် ပြန်ပြော မိလေသည်။

“ ငါတို့ ... သူ့ကို နှိမ်နှင်းလို့ မရဖူး ဆိုတာ၊ ငါမယုံ ဘူး၊ ကြယ်ဝိညာဉ်ကို သုံးပြီး၊ အတူတူ သွား ရ အောင်။ ”

ရှစ်ရွှမ်း မျက်နှာမှာ လေးနက် သွား၏။ ထို့နောက် ရွှေဝိညာဉ်နှင့် မြေ ဝိညာဉ် တို့ကို အသုံး ပြုလိုက်ရာ၊ သူတို့၏ ရုပ်ခန္ဓာမှာ ပို၍ သန်မာ လာတော့သည်။

“ အချိန် ကောင်းပဲ။ ”

လင်းယွန် မျက်ဝန်း၌ အေးစက်သော အလင်းများ တောက်ပ လာပြီး၊ ဓား ရည်ရွယ် ချက်အား အပြာရောင် နဂါး တစ်ကောင် အဖြစ် ဖန်တီး လိုက်၏။

ရုတ်တရက် လေပြင်းများ တိုက်ခတ် လာကာ၊ အမျိုး မျိုးသော ဖြစ်စဉ်များ ပေါ်ပေါက် လာသည်။

ဆယ်ကြိမ် တိုင်တိုင် လှုပ်ရှား ပြီးနောက်၊ လင်းယွန်၏ ဓားဆန္ဒမှာ ပို၍ ပြင်းထန် လာပြီး၊ ရှစ်ရွှမ်တို့ နှစ်ဦးကို ဖိနှိမ် လာ နိုင်သည်။

ဆည်းဆာ အလင်းဓား ပုံစံ ကိုးမျိုးအား ပေါင်းစပ်လျက်၊ မြေကမ္ဘာ ပျက်စီး ခြင်းကို စုန့်လွေထံ ပစ်ထုတ် လိုက်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲမှု နှင့်အတူ၊ ဓားရောင်ခြည်များ ဖြာထွက် လာကာ၊ စုန့်လွေ၏ ရောင်ဝါကို စက္ကု တစ်ရွက် ကဲ့သို့၊ ရိုက်ချိုး ပစ်တော့၏။

ယင်းမှာ ပြင်းထန် လွန်း သောကြောင့်၊ မီးပွားများ ပွင့်ထွက် သွားပြီး၊ နံရံများ ပေါ်ရှိ ရူရ် များကို အက်ကွဲ လာစေ ကုန်သည်။

လူအုပ် ကြီးက အံ့သြ မှင်တက် နေစဉ်၊ လင်းယွန်မှ ရှစ်ရွှမ်းအား လှည့်ကြည့် လာသည်။

“ ရှစ်ရွှမ်း၊ မင်း အလှည့်ပဲ ... ။ ”

စုန့်လွေ အရိုက်ခံ လိုက်ရ သည်ကို မြင်ပြီးနောက်၊ ရှစ်ရွှမ်း ခမျာ ထိတ်လန့် စွာဖြင့်၊ နောက်ဆုတ် ရန် ပြင်လိုက်သည်။

သို့သော် လင်းယွန်မှ၊ သတ်ပစ် လိုသော ရည်ရွယ်ချက်ဖြင့်၊ အေးစက်စွာ စိုက်ကြည့်နေ သည်ကို၊ တွေ့လိုက် ရသည်။

ခရမ်းရောင် ပန်းများ ပွင့်နေသည့်၊ အပြာရောင် သစ်ပင်ကြီး တစ်ပင် ထွက်ပေါ် လာပြီး၊ ကြာပန်း များဖြင့် ပြည့်နှက် နေသော၊ လျှပ်စီး ရေကန်ကြီး တစ်ကန်၊ သစ်ပင် အောက်၌၊ ဖြစ်တည် လာခဲ့သည်။

ထိုဖြစ်စဉ်သည် ရှစ်ရွှမ်းအား ပို၍ တုန်လှုပ်လာ စေ၏။ ဤတိုက်ခိုက် မှုကို ကာကွယ်ရန် အတွက်၊ မူလ စွမ်းအင်အား အဆုံးထိ တွန်းထုတ် လိုက်ရသည်။

“ ခရစ် ... ။ ”

ကံမကောင်း စွာဖြင့်၊ ပြိုင်ဘက် ဓားမှာ၊ ထို့ထက် ပိုမြန် နေခဲ့သည်။ တာအို ချပ်ဝတ် ကွဲကြေ သွားပြီး၊ ဒူးတစ်ဖက် ထောက်ကျ လာ၏။

“ ဝှစ် ... ၊ ဖြောင်း ... ။ ”

“ အား ... ။ ”

ထို့ကြောင့် ချက်ချင်း ထရပ် တော့မည့် အချိန် မှာပင်၊ လင်းယွန်က ကောင်းကင် ပေါ်မှ ဆင်းသက် လာပြီး၊ ကျန်သော ဒူး တစ်ဖက်ကို ကန်ချိုးလျက်၊ လုံးလုံး လျားလျား ဒူးထောက် စေလိုက်သည်။

“ ငါ ... ပြောခဲ့ တာကို၊ မင်း မှတ်မိ သေးလား။ ”

“ ဘာကို မှတ်မိ ရမှာလဲ … ။ ”

ရှစ်ရွှမ်းက ဒေါသ များဖြင့် ပြန်မော့ ကြည့်ကာ မေးရန် ပြင်လိုက် သော်လည်း၊ စကား မဆုံးခင် လက်ဝါး တစ်ဖက်က၊ သူ့ ပါးပေါ် ပြုတ်ကျ လာသည်။

“ ဖြန်း ... ။ ”

ထို့နောက် လွင့်စဉ် သွားသော ရှစ်ရွှမ်း နောက်သို့ လိုက်ကာ၊ နောက်ထပ် နှစ်ချက် ရိုက်ချ လိုက်သည်။

“ ဖြန်း ... ၊ ဖြန်း ... ။ ”

ပါးရိုက် ချက်မှာ ပြင်းထန် လှသဖြင့်၊ သွားများ ကျိုးကုန်ပြီး၊ သွေးနှင့် အတူ ထွေးထုတ် လိုက်ရသည်။

“ ဝေါ့ ... ။ ”

နောက်ဆုံး တွင် ထရပ်ရန် ရုန်းကန် နေသော စုန့်လွေ ဘေးသို့၊ ပြုတ်ကျ ရပ်တန့် သွား တော့သည်။

ရုတ်တရက် အေးစက်သော ခံစား ချက်များကြောင့်၊ ထရပ်ရန် ကြိုးစား နေသော စုန့်လွေ၏ ခြေထောက် တစ်စုံမှာ ပျော့ခွေလျက်၊ ပြန်လည် ဒူးထောက် ကျ သွားသည်။

နာကျင်စွာ ညည်းညူ နေသည့် ရှစ်ရွှမ်းထံ၊ မျက်ဝန်း ထောင့်ကပ်ကာ၊ ခိုးကြည့် ပြီးနောက်၊ ခေါင်းအား အမြန် ငုံ့ချ လိုက်တော့သည်။

***

All Chapters