ဖုန်း ရွှမ်း ယီ။
Vol. 70 Ch. 975
အကြည့် တစ်ချက်ဖြင့်၊ မြေ ဝိညာဉ် ပိုင်ရှင်ကို ဒူးထောက် သွားစေသည့် မြင်ကွင်း ကြောင့်၊ လူတိုင်း အံ့အားသင့် လာ၏။
“ ဘာ လဲ ကွာ။ ”
စုန့်လွေ တစ်ယောက်၊ ဒူးထောက်ပြီး မှသာလျှင်၊ အသိစိတ် ဝင်လာသည်။ မတ်တပ် ထရပ် တော့မည့် အချိန်၌၊ မမြင် နိုင်သော ဓား တစ်လက်က သူ့ခန္ဓာ ကိုယ်ထဲ တိုးဝင် လာ၏။
ချွေးသီးများ နဖူးမှ စီးကျ လာပြီး၊ ဘဝ တစ်လျှောက် မခံစား ဖူးသော အကြောက် တရားမျိုး၊ ဖုံးလွှမ်း လာလေသည်။
ယုံကြည်ချက် ပျက်ပြား သွား သဖြင့်၊ လင်းယွန်ကို ပြန်လည် တိုက်ခိုက်ရန် သတ္တိ မရှိ တော့ချေ။
ရှစ်ရွှမ်း သည်လည်း ထရပ်ကာ၊ နောက်ဆုတ်ရန် စိတ်ကူး လိုက် သော်လည်း၊ လင်းယွန်၏ အကြည့်ကို သတိပြု မိပြီး၊ ရပ်တန့် လိုက်မိသည်။
“ သားရဲ အမြုတေနဲ့၊ သွေးကို ချန်ထား ခဲ့ပြီး၊ အခု ထွက်သွားပါ။ ”
လင်းယွန်က အေးစက်စွာ ဆိုသည်။ သူ ဟူသည် သားသတ် သမား တစ်ယောက် မဟုတ် ချေ။ သင်ခန်းစာ တစ်ခု သင်ပေးချင် ရုံသာ ရှိသည်။
အပို လက်ဆောင် အနေဖြင့် ပါးသုံးချက် ရိုက်ကာ၊ ဒေါသကို ပြေပျောက်ပြီး ဖြစ်သည်။ ပထမ တစ်ချက်မှာ ကြယ်မီးတောက် နယ်မြေ ထဲတွင်၊ သူ့အပေါ် ကျူးလွန် ခဲ့သော လုပ်ရပ် အတွက် ဖြစ်၏။
ဒုတိယ ရိုက်ချက်မှာ၊ ကြယ်ဝိညာဉ် ပိုင်ရှင် ဖြစ်ရုံနှင့်၊ ဆန္ဒရှိ သကဲ့သို့ လုပ်နိုင် မည်ဟု မဆို လိုကြောင်း၊ သိစေခြင်း ဖြစ်သည်။
နောက်ဆုံး တစ်ချက်မှာ၊ သူ့ စကားကို မှတ်မိသွား စေရန်၊ သတိ ပေးခြင်း ဖြစ်သည်။ တစ်ဖက် လူ၏ စကားကြောင့််၊ ရှစ်ရွှမ်း မျက်နှာမှာ ပြောင်းလဲ သွားသည်။
နောက်ဆုံးတွင် မီးလျှံ ငှက်မိစ္ဆာမှာ၊ အထွတ်အထိပ် ပင်မ နတ်ဘုရား နယ်ပယ် ရောက်၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်၏။
သူ့တန်ဖိုးမှာ လင်းယွန် ပန်းချီကားထက် မည်သည့်နည်း နှင့်မျှ နိမ့်ကျမည် မဟုတ်ချေ။
“ လင်းယွန် ... ၊ မင်း လွန် မလာနဲ့၊ မင်း ပန်းချီကားကို ရထားပြီ မဟုတ်လား၊ အခု ငါ့ရဲ့ သားရဲ အမြုတေကို ထပ်လိုချင် နေတာလား၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ တာလဲ။ ”
“ ငါ့ကို ... ၊ မင်းက မေးခွန်း ပြန်ထုတ် နေတာလား။ ”
လင်းယွန်က မျက်ခုံး ပင့်ကာ၊ ရှစ်ရွှမ်းအား ပြန်ကြည့်လျက် ဆိုသည်။
“ ငါ လုပ်မယ် ... ၊ ငါ ပေးမယ် ... ။ ”
စုန့်လွေက သွေး အစိုင် အခဲ ကြီးကို ချက်ချင်း ထုတ်ပေး လိုက်၏။ ဤမျှ ရှက်ဖွယ် ကောင်းသော အခြေ အနေမှ၊ အမြန် လွတ်မြောက် ချင် ပေသည်။
“ ဝှစ် ... ။ ”
နောက်ဆုံးတွင် ရွှေကျီးကန်း မျိုးဆက် သွေးပါဝင်သော၊ ပျော့အိ နေသည့် ရွှေနက်ရောင် သွေးခဲ ကြီးမှာ၊ လင်းယွန်ထံ ပျံသန်း သွား၏။
“ မင်း ... သွား နိုင်ပြီ။ ”
ထိုစကားကြောင့် စုန့်လွေမှာ၊ စိတ်သက် သာရာရ သွားပြီး၊ ထ၍ လှည့်ပြေး တော့သည်။ အဆိုပါ မြင်ကွင်းသည် ရှစ်ရွှမ်း မျက်နှာကို၊ ဖြူကာ ပြာကာ ကျသွား စေ၏။
သူ့ အဖော်မှာ ဤသို့ သူရဲဘောကြောင် လိမ့်မည်ဟု၊ မမျှော်လင့် ထားမိချေ။ ထို့ကြောင့် တွန့်ဆုတ် စွာဖြင့် အံကြိတ်ပြီး၊ သားရဲ အမြုတေကို လွှဲပေး လိုက်သည်။
လင်းယွန်က သားရဲ အမြုတေကို လက်ခံ ယူကာ၊ စိမ်ပြေ နပြေ စစ်ဆေး နေလေသည်။ ထို့ကြောင့် မဝံ့ မရဲနှင့် ထရပ် လိုက်ပြီး၊
“ ငါ ... မင်းကို သားရဲ အမြုတေ ပေးပြီးပြီ၊ ငါတို့ ပြေလည်ပြီ မဟုတ်လား။ ”
-ဟု စကား စလိုက်၏။
“ ငါ စိတ်ပြောင်း သွားပြီ၊ နောက်ထပ် နတ်ကြယ် အလုံး ငါးရာ ထပ်ပေးပါ။ ”
သားရဲ အမြုတေကို သိမ်းပြီးနောက်၊ သူ့ထံ စိုက်ကြည့်ကာ လင်းယွန်မှ တုန့်ပြန် လာသဖြင့်၊ ဒေါသကြောင့် လက်ညှိုး ထိုးလိုက် မိသည်။
“ မင်း ... မင်း လွန်မလာနဲ့ ... ။ ”
“ ငါ က လွန်နေ လို့လား၊ မင်းက ... အခုချိန်ထိ အခြေ အနေကို နားလည် သေးပုံ မရဘူး။ ”
တောင်ပံ လူသား တစ်ယောက် လေထဲ၌ ရုတ်တရက် ထွက်ပေါ် လာပြီး၊ အကန့် အသတ် မဲ့ ဖိအားများ ထုတ်လွှတ် တော့၏။
“ ငါ သဘော … ”
ထို့ကြောင့် လင်းယွန်၏ တောင်းဆို ချက်ကို ချက်ချင်း သဘော တူရန်၊ ရှစ်ရွှမ်း တစ်ယောက် ခေါင်းညိတ် လိုက် သော်လည်း၊
“ နောက်ကျ သွားပြီ ... ။ ”
-ဟု ဆိုလျက်၊ သူ့ နံရိုးထံ လက်သီး တစ်လုံး ဝင်ရောက် လာတော့၏။
“ အွတ် ... ။ ”
ထိုလက်သီးကြောင့် ရှစ်ရွှမ်း ခမျာ သွေးအန်လျက် နံရံကို၊ ထိမှန် သွားသည်။ နံရံရှိ မီးလျှံ ရူရ် များက၊ သူ့ အပေါ် လောင်မြိုက် လာစေ၏။
ပြင်းပျသော အပူ ရှိန်ကြောင့်၊ ရောင်ဝါ သမုဒ္ဒရာတွင် အက်ကြောင်းများ စတင် ဖြစ်ပေါ် လာသည်။
လင်းယွန်က ရှေ့လှမ်း တက်လာပြီး၊ သူ့သိုလှောင် အိတ်ကို လှမ်းယူ လိုက်ကာ၊
“ မင်း အခု သွားနိုင်ပြီ။ ” -ဟု ဆိုလာ တော့၏။
ရှစ်ရွှမ်း တစ်ယောက် စကားပင် မဆို ဝံ့ တော့ဘဲ၊ ခန်းမ အတွင်းမှ လျင်မြန်စွာ တွားသွား ထွက်ခွာ လိုက်မိသည်။
စုန့်လွေ ကဲ့သို့ ပြတ်ပြတ် သားသား မဆုံးဖြတ် နိုင်ခဲ့သည့် အတွက်၊ သူ့ကိုယ် သူသာ အပြစ် တင်လိုက် မိ၏။
လက်ရှိ အခြေ အနေဖြင့်၊ ကောင်းကင် လမ်းအား အဆုံးထိ ရောက်ရှိရန် မလွယ်ကူ တော့ချေ။
နဂါး တားမြစ် နယ်မြေမှ ထွက်ခွာလိုက် သည်နှင့်၊ ရန်သူတော် ဟောင်းများက အမဲလိုက် ကြမည်မှာ၊ သေချာသည်။
သည့်နောက် လင်းယွန် ပုံရိပ် အခန်း ထဲမှ ပျောက်ကွယ် သွားသည် အထိ၊ လူအုပ် ကြီးက အသံ မထွက် ဝံ့ဘဲ၊ ငေးကြည့် နေမိ ကြသည်။
ပန်းချီကား၊ သွေးအဆီ အနှစ်နှင့် သားရဲ အမြုတေကြောင့်၊ ဤခရီးမှာ လင်းယွန် အတွက် အဆိုးကြီး မဟုတ် ခဲ့ပေ။
သူ့ သံသယ များသာ မှန်ပါက၊ နေဗိမာန် အမွေသည် ရွှေကျီးကန်းနှင့် ဆက်စပ်မှု ရှိနိုင် ပေမည်။
နေ နတ်ဘုရား လက်သီးနှင့် လေးနက်သော ခြေလှမ်း ဆယ်လှမ်း တို့သည် ရွှေကျီးကန်း ဖြင့်၊ ဆက်စပ် နေချေ၏။
ထို့ကြောင့် ၎င်းပညာရပ် နှစ်ခုကို တိုးတက်အောင် လုပ်ဆောင် နိုင်မည့် အပြင်၊ ဘုန်းနေမင်း ဝိညာဉ်၏ တံဆိပ်အား၊ ချိုးဖြတ် နိုင်မည်ဟု ထင်သည်။
မြေ ဝိညာဉ်နှင့် ရွှေ ဝိညာဉ်မှာ၊ ပိုင်ရှင်၏ စွမ်းအားကို မြှင့်တင် ပေးနိုင် သော်လည်း၊ ရုပ် ခန္ဓာ ပေါ်သာ သက်ရောက် လေသည်။
ပထမ တန်းစား ပါရမီရှင် များမှ၊ စိတ် မဝင်စား သည်မှာ သဘာဝ ကျပေ၏။ သို့သော် နေ ဝိညာဉ် မှာမူ ကွဲပြား နိုင်မည်။
“ ဝူး ... ။ ”
လင်းယွန် တစ်ယောက် မြို့ကို ဖြတ်ကာ ပျံသန်း နေစဉ်၊ ခမ်းနား ထည်ဝါသော ဘုံဗိမာန် များနှင့်၊ နက်ရှိုင်းသော တောင်တန်း ကြီးများ ထံမှ၊ ရောင်ဝါ များအား၊ သတိ ထားမိ လာသည်။
ထိုအခင်း အကျင်း အရ၊ အထွတ် အထိပ် တည်ရှိစဉ် ကာလ၌၊ သူတို့ မည်မျှ တန်ခိုးထွား ခဲ့မည်ကို၊ ပုံဖော် နိုင်ခြင်း မရှိ တော့ချေ။
သည့် အတွက်ကြောင့်၊ ကောင်းကင်လမ်း ဟူသည် မည်သို့ ဖြစ်ပေါ် လာခဲ့ သည်ကို၊ စတင် တွေးတော လာမိသည်။
များမကြာခင် သက်ပြင်းချ လိုက်ပြီး၊ တွေးတော အချိန်ဖြုန်း နေမည့် အစား၊ နေ ဗိမာန်ကို အာရုံ စိုက်ရန်၊ ဆုံးဖြတ် လိုက်သည်။
ထိုစဉ် မှာပင် တောအုပ်များ အတွင်းမှ၊ သားရဲ အော်သံများ ဆူညံ လာသည်။ ကျွန်းသို့ ကျူးကျော် ဝင်ရောက်လာ သူများ ရှိသဖြင့်၊ အိပ်ပျော် ရာမှ နိုးကြား လာခြင်း ဖြစ်၏။
ယင်းက ပို၍ အန္တရာယ် များတော့ မည်ဟု အဓိပ္ပါယ် ရသောကြောင့်၊ လူတိုင်း မျက်မှောင် ကျုံ့ မိကြသည်။
မီးလျှံ ငှက်မိစ္ဆာ အဆင့်၊ သားရဲများ ထပ်၍ ရှိနေ မည်ကို၊ စိုးရိမ် လာကြခြင်း ဖြစ်လေသည်။ လင်းယွန် ပင်လျှင်၊ အနည်းငယ် တုန့်ဆိုင်း သွား၏။
ဤနတ်ဆိုး သားရဲများ အားလုံးတွင်၊ ဗီဇ ပြောင်းသွားသော သွေးသား စွမ်းအင်များ ပါရှိ နေသည်။
သို့သော် လက်ရှိ ခွန်အား အရ၊ ပြဿနာ မရှိနိုင်ချေ၊ အမွေခံ ရတနာ အတွက် အခြားသူ များနှင့်၊ ယှဉ်ပြိုင် နိုင်မည်ဟု ထင်သည်။
စိုးရိမ်စရာ ဟူ၍၊ တစ်ယောက် ယောက်မှ၊ နေဗိမာန်၏ အမွေခံ ရတနာကို၊ သူ့အရင် ဦးစွာ ရယူ သွားခြင်း မျိုးသာ ရှိသည်။
“ ဒီလို ... လှည့်ပတ် ကြည့်နေရုံ နဲ့တော့၊ တွေ့မှာ မဟုတ်ဘူး၊ သဲလွန်စ ရှာရမယ်။ ”
-ဟု ရေရွတ်ကာ၊ သိုလှောင်အိတ် ထဲမှ၊ ရွှေကျီးကန်း နတ်မျက်လုံး ပန်းချီကားကို ထုတ် ယူ လိုက်သည်။
သည့်နောက် ပန်းချီကားကို ကိုင်လျက် မျက်လုံး မှိတ်ပြီး၊ စိတ် ဝိညာဉ်အား ဖြန့်ကျက် လိုက်သည်။ များ မကြာခင် စူးရှသော နေ ရောင်ခြည် များကို မြင်လာ ရ၏။
“ ဟို မှာ ပဲ ... ။ ”
မျက်လုံး ဖွင့်ပြီး၊ အရှေ့မြောက် အရပ်ထံ မျှော်ကြည့် လိုက်သည်။ မြင်းကွင်၌ ထူးခြားခြင်း မရှိ သော်လည်း၊ ပန်းချီကားမှ တဆင့် အပူရှိန် ရှိနေ သည်ကို၊ သူ ခံစား မိ၏။
ထို့နောင် သူ့ လမ်းပေါ် တက်လာသည့် နတ်ဆိုး သာရဲ တိုင်းကို သတ်ကာ၊ ချိုင့်ဝှမ်း တစ်ခုသို့ ရောက်ရှိ လာသည်။
ချိုင့်ဝှမ်းထဲ လှမ်းဝင် လိုက် သည်နှင့်၊ လမ်း အဆုံးတွင် ရွှေတောင်ပံ တစ်စုံ ပါရှိသော ရုပ်တု ကြီးကို မြင်လိုက် ရသည်။
“ တစ်ခု ခုတော့ ... မှားနေပြီ။ ”
ရုတ်တရက် လေထု အတွင်း လတ်ဆတ်သော သွေး ရနံ့ကို ရှူရှိုက်မိ သဖြင့်၊ မျက်မှောင်ကြုတ် လိုက်သည်။
ထို့နောက် ဒဏ်ရာမှ သွေးများ စီးထွက် နေသည့်၊ အလောင်း (၇) လောင်းကို သတိထား မိ လာသည်။
“ ငါ မင်းကို စောင့်နေတာ။ ”
အလောင်းများ နောက်၌၊ ဖျာ တစ်ချပ် ခင်းလျက် ထိုင်နေသော လူငယ် တစ်ယောက်မှ၊ စကား လှမ်းပြော လာသည်။ သူ့ရှေ့တွင် ပန်းချီကား (၈)ချပ်အား ဖြန့်ခင်း ထား၏။
ဖျာတွင် ပန်းပွင့် သဏ္ဍာန်များ ရေးထိုး ထားပြီး၊ ဆန်းကြယ်သော ရောင်ဝါ ထွက်ပေါ် နေလေသည်။
ထိုလူငယ် ထံမှ အန္တရာယ် အငွေ့ အသက်များ ရရှိလာ သောကြောင့်၊ သတိဖြင့် အနား ကပ်ကာ၊ မည်သူ ဖြစ်မည်ကို အတည် ပြုရန်၊ ကြိုးစား လိုက် တော့သည်။
***