← Chapters

ငါ တစ်ယောက်တည်း မဟုတ်ဘူး။

Vol. 70 Ch. 976

ငါ တစ်ယောက်တည်း မဟုတ်ဘူး။

Vol. 70 Ch. 976

နဂါး ပြည်နယ်၏ ပါရမီရှင် (၇) ပါးတွင်၊ မယုံနိုင် စရာ ကောင်းသော ခွန်အားများ ရှိပြီး၊ ၎င်းတို့ အမည်မှာ၊ ကောင်းကင် ကြေးမှုံ၌ တောက်ပစွာ ပေါ်နေပြီ ဖြစ်သည်။

လောချန်နှင့် စကား စမြည် ပြောဆို ရာမှ ၎င်းတို့ ခုနစ်ဦးမှာ အုပ်စု နှစ်စု ကွဲနေကြောင်း၊ မှန်းဆ နိုင်မိသည်။

လောချန်၊ ကျွင့်မုန်ချန်နှင့် ချင်လင်းမှာ တစ်ဖွဲ့ ဖြစ်ပြီး၊ သူ့ကို မိတ်ဖွဲ့ ခြင်းဖြင့်၊ ၎င်းတို့ သဘော ထားအား၊ ပြသ လာခဲ့သည်။

ဤဖုန်းရွှမ်းယီ မှာမူ၊ လူခုနစ် ယောက်ကို သတ်ဖြတ်ထား ခြင်းဖြင့်၊ အန္တရာယ် ရှိသော ခံစား ချက်များ ပေးစွမ်း နေ၏။

သူ့ရှေ့ရှိ ပန်းချီကား (၇)ချပ်၊ လူသေ အလောင်း များနှင့် ဖျာထံ ကြည့်ကာ၊ ဖြစ်စဉ်ကို အကြမ်းဖျင်း နားလည် မိသည်။

သေဆုံးသူ (၇)ဦးတွင်၊ ရွှေကျီးကန်း ခန္ဓာကိုယ် အစိတ် အပိုင်းများ ပါဝင်သည့် ပန်းချီကား တစ်ချပ်ဆီ ရှိရ ပေမည်။

ထို့ကြောင့် ဖုန်းရွှမ်းယီ မှ သူတို့အား၊ တစ်ချက် တည်းနှင့် ထိုးသတ်ကာ၊ ပန်းချီကား လုယူ လိုက်ခြင်း ဖြစ်သည်။

“ မင်းက ပန်းသင်္ချိုင်း မဟုတ်လား၊ လောချန်တို့ ဆီကနေ မင်း အကြောင်း၊ ငါ ကြား ဖူးတယ်၊ သူတို့က မင်းကို အလေး အနက် ထားပုံ ရတယ်၊ ငါ မင်းကို မသတ် ပါဘူး။ ”

ဖုန်ရွှမ်ယီက ပြုံးလျက် လှမ်းပြော လာသည်။

“ မင်းက ... ယဉ်ကျေးလွန်း နေပြီ။ ”

လင်းယွန်မှ လေးနက်သော အမူ အရာဖြင့်၊ ထိတ်လန့်ခြင်း မရှိဘဲ၊ ဖုန်းရွှမ်းယီအား တုန့်ပြန် လိုက်သည်။

တစ်ဖက် လူမှာ ရှစ်ရွှမ်း တို့ထက် များစွာ သန်မာလှ သော်လည်း၊ ရင်ဆိုင်ရန် ဆုံးဖြတ် ထားပြီး ဖြစ်လေသည်။

လင်းယွန်၏ ဆုံးဖြတ် ချက်အား နားလည်လိုက် သဖြင့်၊ ဖုန်းရွှမ်းယီ၏ မျက်ဝန်း များ မှေးကျဉ်း သွားသည်။

အထူး သဖြင့် သူ မျှော်လင့် ထားသည့် အတိုင်း၊ ပန်းချီ ကားကို လက်လွှဲ မပေးချေ။ ယင်းကြောင့် မတ်တပ် ထရပ်ပြီး၊ ရုပ်တု ကြီးထံ လည်ပြန် ကြည့်ကာ၊

“ လင်းယွန်၊ ဒီရုပ်တုက ဘာကို ကိုယ်စား ပြုလဲ သိလား။ ”

-ဟု မေးလိုက်မိသည်။

“ မ သိ ဘူး ... ။ ”

ထိုမေးခွန်းကို လင်းယွန် သည်လည်း၊ သိချင်နေ ပေ၏။ နေနတ် ဘုရား လက်သီးကို ဧကရာဇ် အဆင့် ရောက်ရှိ ပြီးနောက်၊ ပြသ ခဲ့သော တောင်ပံ လူသား နှင့်၊ ဆင်တူ ချေသည်။

“ ဒါက ... ဘိုးဘေး နတ်ကျီးကန်းပဲ၊ နေဗိမာန်ရဲ့ အမွေက ရွှေကျီးကန်း တာအိုနဲ့ သက်ဆိုင်တယ်၊ ... ”

“ ... မီး ရည်ရွယ်ချက်ကို၊ နားမလည် ထားရင်၊ ဒီအမွေက အသုံး မဝင်ဘူး၊ အခု ငါက အဲဒီ အမွေကို ယူဖို့၊ မင်းရဲ့ ... ”

“ ... ပန်းချီကား တစ်ချပ်ပဲ လိုတော့တယ်၊ မင်း ငါ့ကို ပေးရင် ကျေးဇူး တစ်ဝက် တင်မိမှာ အမှန်ပဲ၊ ဒါက မင်း အပေါ် ငါ့ရဲ့ လေးစားမှု အဖြစ်လည်း မှတ်ယူပါ။ ”

ဖုန်းရွှမ်းယီမှ တည်ငြိမ် စွာဖြင့်၊ ဆိုသည်။

“ မဟုတ်ဘူး၊ မင်းသာ ငါ့ကို ပန်းချီကား ရှစ်ချပ် ပေးချင်တယ် ဆိုရင်၊ ငါ မင်းကို ကျေးဇူး ပြန်ဆပ်နိုင် ပါတယ်၊ ဒါက ငါလည်း မင်းကို လေးစားလို့ ပါပဲ။ ”

ရွှေကျီးကန်း တာအိုကို၊ မလိုအပ် သော်လည်း၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ရပ်အား၊ ကျွမ်းကျင် လာစေရန် အမွေ လိုအပ် သည်။

ဖုန်းရွှမ်းယီမှာ သန်မာနိုင် သော်လည်း၊ စကားလုံး အနည်း ငယ်ဖြင့်၊ သူ့ လက်လျော့ မိမည် မဟုတ်ချေ။

“ ဒီလူတွေ ... ဘယ်လို သေဆုံး သွားရလဲ ဆိုတာ၊ မင်း မသိ သေးဖူး ထင်တယ်၊ ကောင်းပြီ ငါ ကိုယ်တိုင်ပဲ ယူလိုက် တော့မယ်၊ ... ”

“ ... စိတ် မကောင်း ပါဘူး၊ လောချန် မျက်နှာကြောင့်၊ မင်းကို ငါက မျက်နှာသာ ပေးခဲ့ တာပါ။ ”

စကားဆုံး သည်နှင့်၊ ဖုန်းရွှမ်းယီ အနောက်တွင် မီးပင်လယ် တစ်ခု ပေါ်လာပြီး၊ ချိုင့်ဝှမ်းအား ဖုံးလွှမ်း သွားသည်။ အဆိုပါ မီးပင်လယ် အတွင်းမှ ကျီးကန်းများ ပျံထွက် လာပြီး၊ ကောင်းကင်ပေါ် ပျံဝဲ လာ၏။

“ ငါ့ မီး ရည်ရွယ် ချက်က၊ မင်းရဲ့ ဓားရည်ရွယ် ချက်ထက်၊ အားနည်းတာ မဟုတ်ဘူး၊ ငါ့ ဆီက ဒီလက်ဖဝါး ကိုတောင် မယူ နိုင်ရင်၊ မင်း ကံပါပဲ ... ။ ”

မျက်စိ တစ်မှိတ် အတွင်း လင်းယွန် ဆီသို့၊ လက်ဝါး တစ်ချက် ပစ်လွှတ် လိုက်၏။

“ နေရောင်ခြည် ဖြိုခွဲခြင်း လက်သီး ။ ”

မူလ စွမ်းအင် များက၊ နေရောင်ခြည်များ ကဲ့သို့ ပြိုးပြက် လာ၏။ ယင်းကြောင့် မိုင်တစ်ရာ ပတ်လည် အတွင်းရှိ၊ ကျင့်ကြံ သူတိုင်း သတိ ထားမိ လာကုန်သည်။

သူတို့ အားလုံးက ကောင်းကင်ရှိ ဖြစ်စဉ်ထံ မော့ကြည့်ကာ၊ ဖုန်းရွှမ်းယီ ဖြစ်မှန်း ချက်ခြင်း မှတ်မိ သွား၏။

တူညီသော နယ်ပယ်တွင်၊ မည်သူမျှ ဤလက်ဖဝါးကို ထိပ်တိုက် ရင်မဆိုင် နိုင်ချေ။ ပြင်းစွာ ဒဏ်ရာ ရခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ရ လေသည်။

ကောင်းကင်ရှိ နေရောင်ခြည် များထံ မော့ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ဓား သုတ္တန်အား လှည့်ပတ် လိုက်ရသည်။

မူလ စွမ်းအင်များ လက်ဖဝါးထဲ စုဆောင်းလိုက် ပြီးနောက်၊ မိုးပြာ နဂါး မူလ ပုံစံကို၊ အသက် သွင်းသည်။

လက်ဖဝါး ပေါ်၌ အနက်ရောင် မီးတောက် နှင့်အတူ၊ ကြောက်မက်ဖွယ် ကောင်းသော နဂါး ရောင်ဝါများ၊ ကိုယ်ခန္ဓာမှ ထွက်ရှိ လာ၏။

“ နဂါး လောင်ကျွမ်းခြင်း လက်ဝါး ။ ”

မူလ စွမ်းအင်၊ ကြမ်းရှသော စွမ်းအင်၊ နဂါးဓား ရောင်ဝါနှင့် နဂါး ထွက်သက် တို့အား၊ ပေါင်းစပ် ထားသည်။

ဒုတိယ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိ ပြီးနောက်၊ ကံကြမ္မာ ကိုယ်ခံ ပညာနှင့် ပေါင်းစပ် ထားသော နဂါး လောင်ကျွမ်းခြင်း လက်ဝါးမှာ၊ များစွာ အစွမ်းထက် လာချေ၏။

“ ဝှစ် ... ။ ”

အနက်ရောင် မီးလျှံ များမှ၊ နဂါး လက်သည်းကြီး ဆန့်ထွက် လာပြီး၊ ဖုန်းရွှမ်းယီ ဆီသို့ ဦးတည် ပျံသန်း သွားသည်။

နဂါး လက်သည်းနှင့် နေ ရောင်ခြည်တို့၊ တိုက်မိသော အခါတွင်၊ ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပေါ် လာ၏။

“ အိုး ... ၊ အဲ့ဒါ ... လင်းယွန်ပဲ၊ သူ ပါရမီရှင် ခုနစ်ပါးကို တိုက်နေ တာလား။ ”

ဤတိုက်ခိုက် မှုကို လင်းယွန်မှ အသုံးပြု ခဲ့ဖူး သောကြောင့်၊ နဂါး လက်သည်း မြင်ချိန်၌၊ လူ အများက ချက်ခြင်း မှတ်မိ သွားသည်။

ဝေးလံ ခေါင်သီသော ချိုင့်ဝှမ်း အတွင်းရှိ၊ တိုက်ပွဲ အပေါ်၊ လူတိုင်း၏ အာရုံများ၊ ရောက်ရှိ ကုန်သည်။ ဖြစ်စဉ် အရ လင်းယွန်မှာ၊ ရှုံးနိမ့်ခဲ့ ပုံမရချေ။

“ လျိုမူ၊ ရှစ်ရွှမ်းနဲ့ စုန့်လွေ၊ အခု ဖုန်းရွှမ်းယီ၊ ဒီလင်းယွန်က တကယ့် မြွေပွေးပဲ။ ”

“ ဒါ ... နေဗိမာန် အတွက်၊ တိုက်ပွဲ ဝင်နေတာ ဖြစ်နိုင်တယ်၊ လာ သွား ကြည့် ရ အောင်။ ”

“ ကောင်းတယ် ... ၊ ဒီလင်းယွန် ဘာတွေ လုပ်နိုင်လဲ၊ ငါလည်း သိချင်တယ်။ ”

အောက်တန်း နယ်မြေမှ ခွေးဆိုး တစ်ကောင်အား၊ ဤမျှ သန်မာ နေလိမ့် မည်ဟု၊ မည်သူမျှ မထင် ထားချေ။ ထို့ကြောင့် လင်းယွန် ဟူ သည်နှင့်၊ စူးစမ်း လိုကြ သည်မှာ၊ အကျင့် ဖြစ်လာသည်။

“ မင်းရဲ့ တိုက်ခိုက် မှုက ဒီလောက်လည်း၊ ကြောက်စရာ ကောင်းပုံ မပေါ်ဘူး။ ”

ပါးစပ်မှ သွေးစ များကို သုတ်ကာ၊ လင်းယွန်က ပြုံးလိုက် မိသည်။ ထို့နောက် ဖုန်းရွှမ်းယီကို၊ တောက်လောင် နေသော တိုက်ပွဲဝင် ဆန္ဒ များဖြင့်၊ ပြန်ကြည့် လိုက်၏။

“ အစပဲ ရှိပါ သေးတယ်။ ”

ဖုန်းရွှမ်းယီ အကြည့်များ အေးစက် လာပြီး၊ သူ့ လေသံတွင် လူသတ်ချင် စိတ်များ ကပ်ညိပါ နေ၏။

လက်သီးအား ဆုပ်ကာ၊ မီး ရည်ရွယ် ချက်ဖြင့်၊ ဖွဲ့တည် ထားသော မီးငှက် များကို၊ ဆင့်ခေါ် တိုက်ခိုက် လိုက်သည်။

“ သေ လိုက် စမ်း ... ။ ”

မီး ရည်ရွယ်ချက်မှာ ဤမျှ အစွမ်းထက် နေမည်ဟု မထင်ထား သောကြောင့်၊ လင်းယွန် ခမျာ မျက်နှာ ပြောင်းသွားသည်။

အတွေး တစ်ချက်ဖြင့်၊ ခရမ်းရောင် ပန်းပွင့်များ ပွင့်နေသည့်၊ အပြာရောင် သစ်ပင် ကြီးကို ဖြစ်တည် လာစေသည်။

“ ဟိတ် ... ။ ”

သည့်နောက် မီး ရည်ရွယ်ချက်ကို ခုခံရန် ဓားရောင်ဝါအား ကန့်သတ်ချက် အထိ တွန်းပို့ လိုက်၏။

“ ဝှစ် ... ။ ”

သို့သော် နိမ့်ကျ လွန်းသော ကျင့်ကြံမှု အားနည်း ချက်ကြောင့်၊ ထင်သလောက် ခရီး မပေါက် ခဲ့ချေ။ ခဏချင်း မှာပင် ဆယ်ကြိမ် တိတိ ဖလှယ် လိုက်မိ၏။

ပေါက်ကွဲ သံများ အရ၊ တိုက်ပွဲ၏ တည်နေရာကို အလွယ် တကူ ရှာတွေ့ နိုင်ကာ၊ လူ အချို့ စုဝေးလာ တော့သည်။

“ ညောင် ... ။ ”

ထို့စဉ် မှာပင် မိစ္ဆာ မျောက်ဝံကြီး တစ်ကောင်က၊ ရွှေရောင် လက်ကိုင် တုတ်ကို ကိုင်ဆွဲလျက်၊ တိုက်ပွဲ အတွင်း ဝင်ရောက် လာသည်။

ကောင်းကင် တခွင် တုန်လှုပ် သွားပြီး၊ လေဟာနယ် ကမောက် ကမ ဖြစ်လာ တော့ လေသည်။

ဖုန်းရွှမ်းယီ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ သူ့ထံ တိုက်ခိုက် လာသည့် တရား ခံကို မော့ကြည့် လိုက်သည်။

ရန်လို နေသော မျက်ဝန်း များဖြင့်၊ ကြောင်နက် တစ်ကောင်က၊ ကောင်းကင်မှ ဆင်းသက် လာသည်ကို၊ မြင်လိုက်ရ တော့၏။

***

All Chapters