← Chapters

မီး ပင်လယ်။

Vol. 70 Ch. 977

မီး ပင်လယ်။

Vol. 70 Ch. 977

ဤကြောင်နက်မှာ လင်းယွန်၏ သားရဲ ဖြစ်ကြောင်း၊ ဖုန်းရွှမ်ယီမှ ချက်ချင်း သိလိုက် သည်။

ကောင်းကင် လမ်း၌ ဤကဲ့ သို့သော ကြောင်ဖက်တီး မျိုး ထပ်မံ တွေ့ရှိရန်၊ မဖြစ်နိုင် ချေ။ ၎င်းလက် ထဲရှိ လက်ကိုင် တုတ်မှာ၊ ကောင်းစွာ ခြိမ်းခြောက် နိုင်စွမ်း ရှိပေ၏။

“ နေသာသော နေ့။ ”

မီး စက်လုံးကြီး တစ်လုံး၊ ကောင်းကင်ပေါ် မြင့်တက် လာပြီး၊ ကျွန်းအနှံ့ လင်းထိန် သွားစေ တော့၏။

မိုင်တစ်ရာ ပတ်လည် အတွင်း၊ အရာ အားလုံးကို လောင်ကျွမ်း ပစ်နိုင်သည့် အပူလှိုင်း တစ်ခု၊ ပျံ့နှံ့ လာသည်။

ယင်း တိုက်ပွဲအား လာရောက် ကြည့်ရှုသူ အချို့နှင့်၊ နတ်ဆိုး သားရဲ များမှာ ချက်ချင်းပင်၊ နောက်ဆုတ် ပေးလိုက် ရသည်။

“ ဝုန်း ... ။ ”

လက်ကိုင် တုတ်က၊ ထိုမီး စက်လုံးအား ရိုက်မိ သွားပြီး၊ ပေါက်ကွဲမှု နှင့်အတူ မီးပွားများ မြေပြင်ပေါ် လွင့်စဉ် လာ၏။

ကံဆိုးသော ကျင့်ကြံသူ အချို့နှင့်၊ နတ်ဆိုး သားရဲ များကို ထိမှန်၊ လောင်ကျွမ်း ကုန်သည်။ ယင်းမှာ အပျက် သဘော ဆောင်သော မြင်ကွင်း တစ်ရပ် ဖြစ်ပေ၏။

“ သတ် ... ”

ဤအခွင့် အရေးအား သဘာဝ အတိုင်း၊ လက်လွှတ် မခံဘဲ၊ တိမ်ပေါ် တက်လှမ်း ခြင်းကို၊ လင်းယွန်မှ ထုတ်ဖော် လိုက်သည်။

ထို့နောက် နဂါးလေးထံ အာရုံပြောင်း သွားသော ဖုန်းရွှမ်းယီထံ၊ ပြေးဝင် တိုက်ခိုက် တော့သည်။

သို့သော် သူ့ရှေ့ရှိ လေဟာနယ် အက်ကွဲ လာပြီး၊ လက်သီး ထိမှန် သွားသော ဖုန်းရွှမ်းယီ ပုံရိပ်မှာ၊ အပိုင်းပိုင်း ပြိုကျ သွားသည်။

ဖုန်းရွှမ်ယီ ခမျာ မီတာ တစ်ထောင် အကွာသို့၊ ဆုတ်ခွာ နိုင်ခဲ့ သော်လည်း၊ အသက် ဝဝ မရှူနိုင် သေးချေ။ နဂါး လေးမှ လက်ကိုင် တုတ်ဖြင့်၊ လိုက်ပါ လာသောကြောင့် ဖြစ်သည်။

“ ဟိတ် ... ။ ”

ထိုကြောင့် နဂါးလေးအား တစ်ချက် ကြည့်ကာ၊ လင်းယွန်ထံ ဦးတည်လျက် ပြန်၍၊ ပြေးဝင် လိုက်သည်။

မီး ရည်ရွယ်ချက် ပါဝင် သည့်၊ မီးငှက်များ ထွက်ပေါ် လာချိန်၌၊ လင်းယွန် အပေါ် ရိုက်ချ ပစ်မိ၏။

“ ရွှေကျီးကန်း ရွေ့လျားမှု။ ”

ထိုဖိအားက လင်းယွန်အား မီတာပေါင်း များစွာသို့၊ ပြန်လည် ဆုတ်ခွာသွား စေခဲ့သည်။ ဤနည်းဖြင့် နဂါးလေး လက်ကိုင် တုတ်ကို ရှောင်လွှဲနိုင် လိုက်၏။

ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား ဆက်၍ ဆုပ်ကိုင်ကာ တိုက်ခိုက်ရန်၊ နဂါးလေး၌ ခွန်အား မရှိ တော့ချေ။

ယင်းက နဂါးလေး အတွက်၊ အန္တရာယ် ရှိသော အနေ အထား မျိုးတွင်၊ ကျရောက်သွား စေသဖြင့်၊ လင်းယွန်မှ စိုးရိမ် သွားသည်။

နတ်ဆိုး များကို သတ်ဖြတ် နေသည့်၊ ပိုင်လိချီ၏ ပုံရိပ်များ ပြန်၍ မြင်ယောင်လာ မိပြီး၊ ၎င်းလှုပ်ရှားမှု အတိုင်း လိုက်လံ တုပ လိုက်၏။

“ ရွှပ် ... ။ ”

ထို့နောက် ခရမ်းရောင် ပန်းများ ပွင့်ကာ၊ လက်ညှိုး တောက်ထုတ် လိုက်ချိန်၌ ဖုန်းရွှမ်ယီ ထံသို့၊ ဓား ရောင်ခြည်များ ပြေးထွက် သွားသည်။

ထိုဓား အလင်း များကို၊ မူလ စွမ်းအင် ထုတ်ဖော်ကာ၊ ဖုန်းရွှမ်ယီမှ တားဆီး လာသည်။ ထို့ကြောင့် နဂါးလေးထံ တိုက်စစ် ဖွင့်မည့် အဟုန်ကို၊ ရပ်တန့် သွားစေ၏။

ပြိုင်ဘက်၏ မူလ စွမ်းအင်ကို မချိုးဖြတ် နိုင်သော်ငြား၊ လင်းယွန်က စိုးရိမ်ခြင်း မရှိချေ။ ဖုန်းရွှမ်းယီ လက်မှ နဂါးလေး လွတ်မြောက် သွားရန်သာ၊ ရည်ရွယ်သည်။

ထာဝရ နဂါးဓား ရောင်ဝါကို၊ ထုတ်ဖော် လိုက်သဖြင့်၊ လေနှင့် လျှပ်စီးအား အစိုး ရသော ဧရာမ နဂါးကြီး တစ်ကောင်၊ ထွက်ပေါ် လာ၏။

ထို့နောက် မိုးကြိုး မုန်တိုင်း ခြံရံလျက်၊ ရွေ့လျား လိုက်သည်။ ချက်ချင်းပင် ပြိုင်ဘက် အနား ရောက်ရှိ သွား၏။

“ ဟိတ် ... ။ ”

ထို့နောက် လက်သီးအား ထုတ်ဖော်ကာ၊ တစ်ဖက် လူ၏ မူလ စွမ်းအင် အကာ အကွယ် အလွှာထံ၊ ထပ်မံ ထိုးချ လိုက်သည်။

“ ဝုန်း ... ။ ”

ပြင်းစွာသော ပေါက်ကွဲ သံနှင့် အတူ၊ အကာ အကွယ်မှာ ပြိုပျက်ပြီး၊ ဖုန်းရွှမ်းယီ တစ်ယောက် ဆုတ်ခွာ ပေးလိုက် ရသည်။

ယခု အချိန်၌ နဂါးလေးအား ဖမ်းယူရန်၊ အခွင့်အရေး နည်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် စိတ်အနှောက် အယှက် ဖြစ်သွား ဟန်ဖြင့်၊ လင်းယွန်ထံ ပြန်ကြည့် မိသည်။

ထိုစဉ် မှာပင် ထက်ရှသော အငွေ့ အသက်ကို၊ ခံစား လာရ သဖြင့်၊ မော့ကြည့် လိုက်မိရာ၊ အနက်ရောင် ပုံရိပ် တစ်ရိပ် တိုးဝင်လာ သည်အား၊ မြင်လိုက် ရ၏။

၎င်းမှ အန္တရာယ်ကို ခံစားမိ သဖြင့်၊ ရင်ဆိုင်ရန် ပြင်ဆင်လိုက် သော်လည်း ယင်းက၊ မူလ စွမ်းအင်ကို စုပ်ဖြဲပြီး၊ ရင်ဘက်ထံ တိုးဝင် လာသည်။

နဂါးသွေး ကြောင်မှာ မည်သည့် အချိန်မှ စပြီး၊ လက်ကိုင်တုတ် အစား၊ ထိုဓား မြှောင်ကို ထုတ်ယူ ထားသည်အား၊ မသိ လိုက်ချေ။

“ မင်း သေချင် နေတာပဲ။ ”

စူးရှသော နာကျင် မှုကြောင့်၊ ဒေါသ ထွက်လာပြီး၊ နဂါးလေးအား လက်သီးဖြင့်၊ ပြန်လည် ထိုးချ လိုက်သည်။

“ သေ စမ်း ... ၊ တိရစ္ဆာန်ကောင်။ ”

“ ညောင် ... ။ ”

လျင်မြန် လွန်းသော လက်သီးကြောင့်၊ နဂါးလေးမှာ ရှောင်ချိန် မရ လိုက်ဘဲ၊ အဝေးသို့ အရုတ် ကြိုးပြတ် လွင့်စဉ် သွားသည်။

“ မင်း လုပ်ရဲလား။ ”

ဤမြင်ကွင်းကို မြင်ချိန်၌၊ လင်းယွန် တစ်ယောက် မည်သည့် အရာ ကိုမျှ မမြင်နိုင် တော့ချေ။

ရူးသွပ် စွာဖြင့် တောင်ပံ လူသားကို ဆင့်ခေါ်ကာ၊ ထူးခြားသော သဘာဝ ဖြစ်စဉ်များ နှင့်အတူ၊ ရှေးတံဆိပ် တစ်ခုအား ဖွဲ့စည်း လိုက်သည်။

၎င်းတံဆိပ် ထံမှ အလင်းက၊ တိမ်များကို ရွှေရောင် ပြောင်းလဲ ပစ်ပြီး၊ လေထုအား ပါးလျ ကွဲအက် လာစေ၏။

“ ဧကရာဇ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ ... လား၊။ ”

ဖုန်းရွှမ်းယီ မျက်လုံး အတွင်း၌၊ နောင်တ တရားများ ပေါက်ပွား လာကာ၊ လင်းယွန်ကို ပိတ်ဆို့ရန် ပြင်လိုက်သည်။

သို့သော် အချိန်နှောင်း သွားပြီ ဖြစ်၏။ ဧကရာဇ် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်သည်၊ ရုတ်ချည်း ဖြေရှင်း နိုင်သော အရာ မဟုတ်ချေ။

“ အွတ် ... ။ ”

ထို့နောက် ကောင်းကင်မှ ပြုတ်ကျကာ၊ သွေးအန်လျက် မြေကြီးထဲ နစ်ဝင် သွားတော့ သည်။

“ အုန်း ... ။ ”

သက်ရောက် မှုမှာ၊ အလွန် ကြီးမားလှ သဖြင့်၊ မီတာ (၁၀၀) ကျယ်သော ချိုင့်ဝှမ်းကြီး ဖြစ်ပေါ် လာသည်။ ၎င်းရိုက်ခတ်မှုမှ လှိုင်းလုံး များက၊ တစ်မိုင် ပတ်လည်ရှိ အရာ အားလုံးကို ဖျက်ဆီး ပစ်လိုက်၏။

လင်းယွန် မျက်နှာမှာ၊ သိသိ သာသာပင် ဖြူရော် လာသည်။ နဂါးလေး အတွက်၊ ဝှက်ဖဲကို ထုတ်လိုက် ရခြင်း ဖြစ်၏။

၎င်းအား အသုံးပြု ခြင်းကြောင့်၊ ပင်ပန်း နွမ်းနယ်မှုမှာ၊ အတိုင်း အဆ မရှိချေ။ ခန္ဓာကိုယ် ထဲရှိ၊ လှိုင်းထန် လာသော စွမ်းအင် များကို၊ အလော သုံးဆယ် ဖိနှိမ် နေရသည်။

သူ့ အတွက် အန္တရာယ် ရှိသော အခြေ အနေမျိုး ဖြစ်ခေျ၏။ သို့သော် နဂါးလေးအား ဖမ်းရန်၊ ပြင်နေ သည်ကို မြင်ချိန်၌၊ မည်သည့် အရာမျှ မစဉ်းစား နိုင်ခဲ့ချေ။ ဒေါသ သည်သာ သူ့အား လွှမ်းမိုး သွားသည်။

လာရောက် ရပ်ကြည့် နေသူ အချို့က၊ မြင်လိုက် ရသည် များကို၊ မယုံကြည် နိုင်သေး ချေ။ ဤ အဆင့် တိုက်ပွဲမှာ အမြင် ကျယ် စေ၏။

စွမ်းအင်လှိုင်း တစ်ခု ကပင်၊ သူတို့အား သတ်ပစ်ရန် လုံလောက်၏။ လင်းယွန် အနေဖြင့် ပါရမီရှင် (၇) ပါးကို အံတုရန်၊ လုံလောက်စွာ အားကောင်း လာသည်မှာ ထင်ရှားသည်။

ထိုကြောင့် လင်းယွန်အား ခွေးဆိုး တစ်ကောင် အဖြစ်၊ အကြွင်းမဲ့ ယုံကြည်လာ ကြတော့သည်။

ပန်းသင်္ချိုင်း ဟူသော အမည်မှာ၊ ကောင်းကင် ကြေးမှုံ၌ ဧကန် စင်စစ်၊ တောက်ပ လာတော့မည် ဖြစ်၏။ အောက်တန်း နယ်မြေ များ အတွက်၊ ဂုဏ်ယူ စရာ ပေပင်။

သို့သော် ဖုန်းရွှမ်းယီ တစ်ယောက်၊ အသက်ရှင် နေသေး သောကြောင့်၊ မည်သူမျှ အသံ မထွက်ရဲ သေးချေ။

ပါရမီရှင် (၇) ပါး အနက်၊ တစ်ပါး ဖြစ်နေ သဖြင့် လင်းယွန်အား သတ်ပစ်ရန်၊ နည်းလမ်း ရှိကောင်း ရှိနိုင်သည်။

ထို့စဉ် မှာပင် ဖုန်းရွှမ်းယီ နစ်မြုပ် နေသော ချိုင့်ဝှမ်း အတွင်းမှ သတ်ဖြတ် လိုသည့် ဆန္ဒများ နှင့်အတူ၊ မီးပင်လယ် ကြီးက ကောင်းကင်ပေါ် လျှံတက် လာတော့သည်။

***

All Chapters