← Chapters

ကြောင်ယုတ်။

Vol. 70 Ch. 978

ကြောင်ယုတ်။

Vol. 70 Ch. 978

ရုတ်တရက် ချိုင့်ဝှမ်း အတွင်းမှ၊ မီးတောက်များ လျှံထွက် လာပြီး၊ ပြင်းပျသော ဖိအားကို ထုတ်လွှတ် လာသည်။

၎င်းဖိအား အရ၊ ဖုန်းရွှမ်းယီ တစ်ယောက် မည်မျှ ဒေါသထွက် နေမည်ကို၊ လူတိုင်း ပြော နိုင်၏။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”

ပြိုင်ဘက် ထံမှ တတိယတန်း မီး ရည်ရွယ်ချက်ကို ခံစား မိသဖြင့်၊ လင်းယွန် မျက်လုံး ထဲ၌၊ ထက်ရှသော ဓားတစ်လက် ထွက်ပေါ် လာသည်။

ကိုယ်ခံ ပညာ များ၏ အဆင့်သည်၊ တိုက်ပွဲ တစ်ပွဲ၌ အရေးပါလှ သော်လည်း၊ သိုင်းရည်ရွယ် ချက်များ ကဲ့သို့၊ အဆုံး အဖြတ် မပေး နိုင်ချေ။

သိုင်း ရည်ရွယ်ချက်များ အပေါ်၊ ထိုးထွင်း နားလည် နိုင်ရန်မှာ၊ ပင်ကိုယ် စွမ်းရည် ထက်ရှ ရပေမည်။

ဥပမာ အားဖြင့် တူညီသော နယ်ပယ်ရှိ၊ ပြိုင်ဘက် များကို ဖိနှိပ်ရန်၊ ဝိညာဉ်ရေး ဓားကို အားကိုး နိုင်၏။

ဖုန်းရွှမ်ယီ၏ သိုင်း ရည်ရွယ်ချက်မှာ၊ ဝိညာဉ်ရေး ဓားထက် အားနည်းခြင်း မရှိချေ။

ပြိုင်ဘက်သည် မြင့်မားသော ကျင့်ကြံမှု အဆင့်၌ ရှိပြီး၊ ဧကရာဇ် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်အား ဆုပ်ကိုင် ထားနိုင်သည်။

သည့်အပြင် တတိယ ဒုက္ခအား၊ နတ်ကြယ် ပုလဲ များဖြင့်၊ ခံယူ ထား၏။ လင်းယွန် အတွက် ကံကောင်း သည်မှာ၊ နတ်ကြယ် ပုလဲ များဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ တက်ရောက် ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ဆိုလို သည်မှာ တစ်ဖက် လူ၏ အခြေခံ အုတ်မြစ်သည်၊ သူ့နှင့် ယှဉ်နိုင် စရာ နည်းလမ်း မရှိချေ။

ထို့အပြင် တိုက်ပွဲဝင် စွမ်းအား အရာ ၌လည်း၊ သူက ဖုန်းရွှမ်ယီကို ရင်ဆိုင် နိုင်သည်။ နဂါးလေးအား ထည့်တွက် ရသော်၊ မျှခြေ ရှိနေ၏။

သို့သော် တစ်ဦး တစ်ဖက်မှ၊ အနိုင် ရရှိ လိုပါက၊ ဝှက်ဖဲ များကို ဆက်၍ အသုံးပြု ရပေ တော့မည်။

“ ပန်းသင်္ချိုင်း ... ၊ ဒါက မင်းရဲ့ အကောင်းဆုံး ပုံစံလား၊ သားရဲ တစ်ကောင်ရဲ့ အကူ အညီ ရယူ နေတာ၊ အရှက် မရှိ ဖူးလား။ ”

ဖုန်းရွှမ်းယီက လင်းယွန် ပခုံး ပေါ်ရှိ၊ နဂါးလေးကို ကြည့်ကာ နှာခေါင်းရှုံ့ လိုက်သည်။ လက်ရှိ အသွင် အပြင် အရ၊ သူပုံစံမှာ သန်မာပုံ ပေါက်သော်လည်း၊ အခြေ အနေ မကောင်း လှချေ။

အနတ္တ ဓားနှင့် နေနတ် ဘုရား လက်သီးမှာ၊ သာမန် ပါရမီရှင် တစ်ယောက်အား အကြိမ်ကြိမ် သတ်ပစ် နိုင်ပေသည်။

ထို့ကြောင့် အသက်ရှင် နိုင်ခဲ့ သော်လည်း၊ အတွင်း ဒဏ်ရာများ ပြင်းစွာ ရရှိ ခဲ့သည်။ သူ့ အတွက် အားကိုး စရာမှာ၊ ခိုင်မာသော အခြေခံ အုတ်မြစ် ဖြစ်သည်။

ဝှက်ဖဲများ ရှိသော်လည်း၊ မထုတ် ပြချင် သေးချေ။ အဆုံးတွင် ပြိုင်ဘက်၌ ဝှက်ဖဲ မည်မျှ ရှိမည်ကို၊ သူ မခန့်မှန်း နိုင်သဖြင့်၊ သတိထား နေရ လေသည်။

လက်ရှိ အမြင် အရ၊ လင်းယွန်တွင် ဝှက်ဖဲ နှစ်ချပ် ရှိနေ မည်ဟု ခံစား နေမိပြီး၊ ၎င်းတို့မှာ ဖြေရှင်းရ မလွယ် ကူမှန်း သူ သိသည်။

ထို့အပြင် နဂါးသွေး ကြောင် ကိုလည်း၊ ထည့်တွက် နေရ ပေသည်။ တစ်ဦးချင်း ဆိုပါက၊ လင်းယွန် သို့မဟုတ်၊ နဂါးလေးအား အလွယ် တကူ၊ နှိမ်နင်း နိုင်သည်။

ကြောင် တစ်ကောင်မှ သူ့အား ဤသို့ ခေါင်းကိုက် စေသဖြင့်၊ သွေးအန် မတက် ဒေါသ ထွက်လာ သည်။

“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ... မင်း မှားသွားပြီ၊ သူက ငါ့ရဲ့ သားရဲ မဟုတ် ပါဘူး၊ သူက ငါ့ ညီအစ်ကို ပါ၊ ... ”

“ ... တစ်ယောက် ယောက်ကို ငါတို့က လက်တွဲပြီး၊ အတူတူ ရင်ဆိုင် ခဲတာမို့၊ မင်းကိုယ် မင်း ဂုဏ်ယူ နိုင်ပါတယ်။ ”

လင်းယွန်နှင့် ဖုန်းရွှမ်းယီတို့ ငြင်းခုန် နေကြစဉ်၊ နဂါးလေးက အနတ္တ ဓားအား လက် တစ်ဖက်ဖြင့် ဆုပ်ကိုင်လျက်၊ ကျန် တစ်ဖက်ရှိ လက်သည်း များကို ဖွင့်ထား လေသည်။

သူ့ မျက်လုံး များက၊ ဖုန်းရွှမ်းယီ၏ မီး ရည်ရွယ်ချက်အား တွန်းလှန်ရန်၊ အားစိုက် နေမှန်း မြင်သာ စေ၏။

“ အိုး ဟုတ်လား၊ ဒါဆို ... ငါက မင်းကို ကျေးဇူးတင် ရမှာပေါ့။ ”

ဖုန်းရွှမ်းယီက တင်းမာသော မျက်နှာဖြင့် အံကြိတ်ကာ ဆိုသည်။ ဤ နှစ်ယောက်အား ဖြေရှင်းရန် ခက်ခဲ သော်လည်း၊ နေဗိမာန် အမွေမှာ စွဲဆောင် နိုင်ဆဲ ဖြစ်သည်။

ထို့ကြောင့် လင်းယွန်၏ အခြားသော ဝှက်ဖဲများကို တစ်ချက် ကြည့်ရန် ဆုံးဖြတ် လိုက်သည်။

“ မီးလျှံ ဖီးနစ် ငှက်၏၊ တိုက်ပွဲဝင် ချပ်ဝတ်။ ”

ဖုန်းရွှမ်ယီ ခန္ဓာ ကိုယ်မှ၊ ကြက်သွေးရောင် အလင်းများ ဖြာထွက် လာပြီး၊ တံဆိပ် တစ်ခုကို ဖန်တီး လိုက်သည်။

မီး ရည်ရွယ်ချက် နှင့်အတူ၊ ဖီးနစ် ရူရ် များဖြင့် ရေးထွင်း ထားသော ကြက်သွေးရောင် ချပ်ဝတ် တစ်ထည်၊ ဖြစ်ပေါ် လာ၏။

“ လျှို့ဝှက် နည်းစနစ် လား ... ။ ”

ဤအဆင့် တားမြစ် နည်းစနစ် များကို အထွတ် အထိပ် ကံကြမ္မာ ကိုယ်ခံ ပညာများ ၌သာ၊ တွေ့ရှိ ရတက် သဖြင့်၊ လင်းယွန် တစ်ယောက်၊ မျက်ဝန်းများ မှေးစင်း သွားသည်။

ပြိုင်ဘက်မှာ အလွန် အစွမ်း ထက်သော ကြောက်မက်ဖွယ် ကောင်းသည့် ဝှက်ဖဲအား၊ ထုတ်ဖော် ကစား လာပြီ ဖြစ်သည်။

“ သတ် ... ”

မီး ရည်ရွယ် ချက်က၊ ဖီးနစ်ငှက် အဖြစ်၊ ကောင်းကင် မှနေ၍ အုပ်မိုး ကြည့်လာ ချိန်တွင်၊ သူ့ကိုယ်သူ သေးနုပ် သွားကဲ့သို့၊ ခံစား ရသည်။

ဖီးနစ် ထံမှ ရောင်ဝါကြောင့်၊ ကောင်းကင် ပေါ်ရှိ၊ တိမ်တိုက်များ အားလုံး မီးလောင်ကျွမ်း သွားသည်။

“ ..... အောင်း ။ ”

လင်းယွန် တစ်ယောက် ခက်ခဲသွား ပြီဟု၊ လူအုပ် ကြီးမှ ထင်မြင် နေစဉ်၊ ခရမ်းရောင် နဂါး တစ်ကောင် ထွက်ပေါ် လာပြီး၊ ဖီးနစ်အား ဟိန်းဟောက် ပစ်လိုက်သည်။

ဤသည်မှာ အထွတ် အထိပ်၊ တာအို လက်နက် ဖြစ်သော၊ မိုးကြိုး မီးလျှံ ကြာပွတ် ဖြစ်၏။

၎င်းမှာ တာအို အဆင့်ကို ဖြတ်ကျော် နေချိန်၌၊ ယွဲ့ဝေဝေမှ သူ့ အတွက် ပြန်လည် ချိုးနှိမ် ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ လက်ရှိ ခွန်အားဖြင့်၊ ဆယ်ပုံ တစ်ပုံ စွမ်းအား ကိုပင်၊ မထုတ်နိုင် သေးချေ။

သို့သော် အံ့ဩစရာ ကောင်းသည်မှာ၊ ဤဆယ်ပုံ တစ်ပုံ စွမ်းအား ကပင်၊ ဖီးနစ်အား ဖိနှိပ်ရန် လုံလောက် နေ၏။

“ ထွက် သွား စမ်း ... ။ ”

လျှပ်စီး နဂါးကို ထိန်းချုပ် ထားသော လင်းယွန်၏ အသွင်မှာ၊ လျှပ်စီး ဧကရာဇ် တစ်ပါး နှင့်တူ လာသည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲ သံနှင့် အတူ၊ ဖီးနစ် ခမျာ၊ အပိုင်းပိုင်း ကွဲသွားပြီး၊ ဖုန်းရွှမ်းယီ တစ်ယောက် လွင့်စဉ် သွားရ၏။

“ မင်း ... ၊ ငါ့ရဲ့ ဝှက်ဖဲကို ကြည့်ချင် တာလား၊ ကောင်းပြီ မင်း ဆန္ဒ အတိုင်း ... ကြည့်ပါ။ ”

ထို့နောက် မူလ စွမ်းအင်ကို ကြာပွတ် အတွင်း လောင်းလိုက်ရာ၊ လျှပ်စီး နဂါး၏ နဖူး နေရာမှ ချိုများ ထွက်လာ ခဲ့သည်။

“ ရွှပ် ... ။ ”

ရိုက်ချ လာသော ကြာပွတ်အား မော့ကြည့်ပြီး၊ ဖုန်းရွှမ်းယီ ခမျာ အသက် ရှူချိန် မရှိ တော့ချေ။

“ ရွှေကျီးကန်း များ၏၊ ကြယ်တာရာ ဖျက်ဆီးခြင်း လက်သီးများ။ ”

လျှပ်စီး နဂါးကို လက်သီးဖြင့် ပြန်လည် ထိုးနှက် လိုက်သော၊ ဖုန်းရွှမ်းယီ၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

လက်သီးက နဂါးကို ရပ်တန့် နိုင်ခဲ့ သော်လည်း၊ ပြင်းထန်သော သက်ရောက် မှုက သူ့အား နောက်ဆုတ် စေပြန်၏။

ဟန်ချက် ထိန်းညှိ နေစဉ် မှာပင်၊ နဂါးသွေး ကြောင်က၊ ကြာပွတ် တစ်ခေျာင်း ထုတ်ယူကာ၊ သူ့ထံ အားသွင်း နေပြီ ဖြစ်သည်။

“ ဒီကြောင် ... ။ ”

ဖုန်းရွှမ်းယီမှာ ဒေါသ ထွက်လာသည်။ နတ်ဆိုး သားရဲ တစ်ကောင်မှ၊ တာအို လက်နက် များကို၊ ထမင်းစား ရေသောက် ထုတ်ပြ နေပေ၏။

သို့သော် တွေဝေ မနေ အားဘဲ၊ လက်ဝါးကို တွန်းထုတ် လိုက်ပြီး၊ နဂါးလေး၏ မြွေနဂါးအား၊ ဟန့်တား လိုက်ရသည်။

“ ခစ် ခစ် ခစ် ... ။ ”

နဂါး လေးက ရွံစရာ ကောင်းသော အပြုံးမျိုးဖြင့် ပြုံးရယ် ပြပြီး၊ ထပ်မံ တိုက်ခိုက် လာ ပြန်၏။

“ ရွှပ် ... ။ ”

သို့သော် ဖုန်းရွှမ်းယီက ရိုက်ချက် တိုင်းကို၊ ပြန်လည် ဖြေရှင်း နိုင်ခဲ့သည်။

“ သေ ပြီ ဟ ... ။ ”

သည်တစ်ကြိမ် မြွေနဂါး လက်သည်းမှာ၊ သူ့ချပ်ဝတ်အား ထိမှန်ပြီး၊ ဖီးနစ် ရူရ် များကို မှိန်ကျ သွားစေ၏။

သက်ရောက် မှုကြောင့်၊ သွေးအန်လျက် နောက်တစ်ကြိမ် နောက်ဆုတ် ပေးလိုက် ရပြန် သည်။

( တိရိစ္ဆာန် မသား ... ၊ ကြောင်ယုတ် ။ )

ဤအခိုက်တွင် နဂါးလေး၏ ပုံရိပ်များ လေထု အတွင်း၊ အထပ်ထပ် ဖြစ်ပေါ် လာပြီး၊ အနတ္တ ဓားအား ကိုင်လျက်၊ ဖုန်းရွှမ်းယီကို တိုက်ခိုက် လိုက်ပြန်သည်။

ပစ်မှတ်မှာ ပြိုင်ဘက်၏ ရင်ဘတ် ဖြစ်ပြီး၊ ဓားနှင့် ထိုးသွင်း ပြီးနောက်၊ ချက်ချင်း ပြန်လည် ဆုတ်ခွာ လိုက်ရ၏။

ယခင် အတွေ့ အကြုံ အရ၊ အချိန်မီ မပြေးနိုင် ပါက၊ သေဆုံး ရမည်ကို နဂါးလေး သိသည်။

“ ခရစ် ... ။ ”

ထိုစဉ် မှာပင် အနတ္တ ဓားကြောင့်၊ ဖုန်းရွှမ်းယီ၏ ချပ်ဝတ်များ ကွဲအက် သွားပြီး၊ အပိုင်း အစ များက၊ မီးမုန်တိုင်း အဖြစ် ပြောင်းလဲ သွား၏။

“ လင်း ယွန် ... ၊ မင်း စောင့်နေ ... ၊ ဒီအတွက် ငါ လက်စား မချေ ရရင်၊ ငါ့ နာမည် ဖုန်းရွှမ်းယီ မဟုတ်ဘူး၊ ... ”

“ ... နဂါး နန်းတော်ကို မလာတာ မင်းအတွက် ပိုကောင်း လိမ့်မယ်၊ မဟုတ်ရင် နောင်တ ဆိုတဲ့၊ ဝေါဟာရကို ငါ သင်ပေးမယ်။ ”

ဝှက်ဖဲများ မသုံးဘဲ လင်းယွန်နှင့်၊ နဂါးလေးအား အနိုင် ယူရန်၊ လွယ်ကူမည် မဟုတ်ကြောင်း၊ သူ သိလာပြီ ဖြစ်သည်။

ထို့ပြင် နဂါး လေးကြောင့်၊ ဒေါသအား မထိန်းနိုင် ပါက၊ ဒုက္ခ ဖြစ် ပေမည်။ လက်ရှိ အချိန်၌ နောက်တစ်လှမ်း ဆုတ်ပေးခြင်း သည်သာ၊ ပညာ ရှိခြင်း မည်ပေ၏။

“ ဝှစ် ... ။ ”

သည့်နောက် မယုံနိုင် စရာ ကောင်းသော အဟုန်ဖြင့်၊ ဖုန်းရွှမ်းယီ တစ်ယောက်၊ လင်းယွန် လက်မှ ထွက်ပြေး သွားတော့သည်။

***

All Chapters