← Chapters

ရွှေကျီးကန်း ပုံစံ ကိုးမျိုး။

Vol. 70 Ch. 979

ရွှေကျီးကန်း ပုံစံ ကိုးမျိုး။

Vol. 70 Ch. 979

လင်းယွန် အနိုင်ရ သည်ကို မည်သူမျှ မယုံနိုင်ချေ။ နောက်ဆုံးတွင် ဖုန်းရွှမ်းယီမှာ၊ နဂါး ပြည်နယ်၏ ပထမ တန်းစား ပါရမီရှင် တစ်ပါး ဖြစ်လေသည်။

ကောင်းကင် ကြေးမှုံတွင် ပေါ်လာပြီး ဖြစ်သောကြောင့်၊ သူ့ အမည်ကို လူတိုင်း သိကြ သကဲ့သို့၊ ယနေ့ မြင်တွေ့ ခဲ့ရသော တိုက်ပွဲ အရ၊ ခွန်အားပေါ် သက်သေ ပြပြီး ဖြစ်သည်။

ဤသို့ ဆိုသော် နဂါး အဆင့်ပင်၊ မဝင် သေးသော လင်းယွန်မှာ၊ မည်သို့ အံတု နိုင်ခဲ့ သည်ကို၊ နားမလည် နိုင်တော့ချေ။

ဖုန်းရွှမ်းယီမှာ ဝှက်ဖဲများ ကျန်ရှိ နေသော်လည်း၊ နေဗိမာန် အမွေကို လက်လွှတ် ခဲ့သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန် အတွက် အောင်ပွဲဟု၊ သတ်မှတ် နိုင်၏။

ဖုန်းရွှမ်းယီ ပျောက်ကွယ် သွားမှသာ၊ လင်းယွန် တစ်ယောက် အနည်းငယ် စိတ်သက် သာရာ ရသွားသည်။ ပင်ပန်း နွမ်းနယ်မှုမှာ၊ အဆုံး မရှိချေ။

“ ဝေါ့ ... ။ ”

ပါးစပ် အပြည့် သွေး တစ်လုတ် အန်ချ လိုက်မှ သာလျှင်၊ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်သည်။

မျက်နှာ ဖြူဖျော့သွား သော်လည်း၊ ကြည်လင် ပြတ်သားသော မြင်ကွင်များ ပြန်ရ လာသည်။

ဤတိုက်ပွဲမှာ သူ့ အတွက် အကျိုးရှိ လှသဖြင့်၊ တစ်ကိုယ်လုံး ကျေနပ်မှု လှိုင်းများ ဖြတ်ပြေး သွား၏။

“ ဒါက အရမ်း ကောင်းတယ်။ ”

ပြိုင်ဘက်မှာ သန်မာ သောကြောင့်၊ သူ့ခွန်အား အကုန် အစင် တွန်းထုတ် ခဲ့ရသည်။ သို့သော် ဝှက်ဖဲများ ချန်ထား နိုင်၏။

“ ဝေါ့ ... ။ ”

နောက်တစ်ကြိမ် သွေးအန်ထုတ် လိုက်ပြီးနောက်၊ အသား အရေ ပြန်လည် ကြည်လည် လာသည်။

နဂါး လေးထံ လှည့်ကြည့် လိုက်ရာ၊ သွေးအန် လျက်ဖြင့် သူ့အား ပြုံးပြီး၊ ပြန်ကြည့် နေကြောင်း မြင်လိုက် ရသည်။

“ နေဗိမာန် မှာ ရှိတဲ့၊ အမွေ တွေကို သွားကြည့် လိုက်ဦးမယ်၊ မင်း ငါ့ကို ဒီမှာပဲ စောင့်နေ။ ”

ထို့နောက် မီးလျှံ ငှက်မိစ္ဆာ၏၊ သားရဲ အမြုတေနှင့် သွေးသား အစိုင် အခဲကို နဂါး လေးထံ ပေးအပ် လိုက်သည်။

နဂါးလေးမှာ ကြံ့ခိုင်မှု ရှိရန်၊ လိုအပ် နေပြီ ဖြစ်သည်။ မဟုတ် ပါက ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်၏၊ စွမ်းအားကို အပြည့် မထုတ် နိုင်သဖြင့်၊ လက်လွှတ် နိုင်ဖွယ် ရှိသည်။

ရတနာ နှစ်ပါးကို ကြည့်ပြီး၊ နဂါးလေး မျက်လုံးများ ချက်ချင်း တောက်ပ လာသည်။ ၎င်း၌ ရွှေကျီးကန်း တစ်ကောင်၏ သွေးသား အဆီ အနှစ် ပါရှိနေ သည်ကို ခံစား နိုင်၏။

တိုက်ပွဲကြောင့် မြေပြင်တွင်၊ အပျက် အစီးများ ပုံကျ သွားသည်။ ပတ်ဝန်း ကျင်၌ အစီရင်ဖြင့်၊ အနက်ရောင် မြူ များကို တားဆီး ပေးထား၏။

မီတာ အနည်းငယ် အကွာရှိ အလောင်း (၇) လောင်းထံ တစ်ချက် ကြည့်မိသည်။ ဖုန်းရွှမ်းယီ ကိုသာ မခုခံ နိုင်ခဲ့ ပါက၊ သူ သည်လည်း ဤသို့ လဲလျောင်း နေ ရနိုင်၏။

လူ တစ်ဦး၏ ခွန်အားနှင့် သတ္တိမှာ၊ ကောင်းကင် လမ်းရှိ အခွင့် အလမ်း များကို ရှာဖွေ ရာ၌၊ အလွန် အရေး ပါသည်။

အကြည့်ကို ရုတ်လိုက်ပြီး၊ ပန်းချီကား (၈)ချပ်နှင့် ပန်းများ ရေးထိုး ထားသည့် ဖျာထံ ကြည့်မိသည်။

၎င်းကို ဖုန်းရွှမ်းယီ တစ်ယောက် မဖျက်ဆီး ခဲ့သည်မှာ၊ ကံကောင်း ခေျ၏။ မဟုတ်သော် နေ ဝိညာဉ် အမွေကို လက်လွှတ် ရနိုင်သည်။

“ ကြည့် ရ အောင် ... ။ ”

ထို့နောက် သူ့ ပန်းချီကားကို ထုတ်ကာ၊ ထို(၈) ချပ်နှင့် ပေါင်းစည်း လိုက်၏။ ပန်းချီကား (၉)ချပ် စုံ သည်နှင့်၊ ပန်းဖျာ၌ လမ်းကြောင်းများ ဖြစ်ပေါ် လာပြီး၊ လျှို့ဝှက် အစီရင် အသက်ဝင် လာသည်။

များမကြာခင် ပန်းချီကား (၉) ချပ်ရှိ၊ မျက်လုံးများ အတောင် များနှင့် အခြားသော အင်္ဂါ အစိတ် အပိုင်းများ၊ အသက်ဝင် လာ၏။

တစ်ချိန် တည်းမှာပင် ပန်းဖျာ ပေါ်၌ ရွှေရောင် မီးလျှံများ တောက်လောင် လာပြီး၊ ရွှေကျီးကန်း တစ်ကောင် အဖြစ်၊ အသက်ဝင် လာသည်။

“ ဖ ရူး ... ။ ”

၎င်းက ပန်းချီကား (၉) ချပ်အား စုပ်ယူလျက်၊ အတောင် များကို ဖြန့်ချ လိုက်၏။ ချက်ချင်း ပတ်ဝန်းကျင် အပူချိန် ပြောင်းလဲသွား သဖြင့်၊ ထူးခြားသော ခံစား ချက်များ ဝင်ရောက် လာသည်။

“ ပုံရိပ်ယောင် လျှို့ဝှက် နယ်မြေပဲ။ ”

ကောင်းကင် အနှံ့၊ ရွှေအိုရောင် မီးတောက် များက ဖုံးလွှမ်း သွားသည်။ ၎င်းထံမှ အလင်းမှာ စူးရှ သောကြောင့်၊ လင်းယွန် တစ်ယောက် မျက်လုံးများ မှိတ်ချ လိုက်ရ၏။

အချိန် အနည်းငယ် ကြာပြီးနောက်၊ မျက်လုံးများ ပြန်ဖွင့်ကြည့် လိုက်ရာ၊ အနီရောင် နယ်မြေ တစ်ခု အတွင်း၊ ရောက်ရှိ နေမှန်း သိလိုက် ရသည်။

“ ဖ ရူး ... ။ ”

ပတ်ဝန်းကျင်ရှိ နတ်ဆိုး သားရဲ များနှင့်၊ ရှားပါး ဆေးပင် မျိုးစုံကို သတိထား မိသည်။ ထို့စဉ် မှာပင် ရွှေကျီးကန်း တစ်ကောင်က၊ ကောင်းကင်ပေါ် ပျံတက် လာ၏။

ပျံသန်း သွားသော ထိုရွှေကျီးကန်းကို မြင်သည်နှင့်၊ အရပ် ရပ်မှ ရွှေကျီးကန်းများ ပျံသန်း လာပြီး၊ ဝိုင်းရံ ကခုန် တော့သည်။

“ မယုံနိုင် စရာပဲ … ။ ”

လက်ရှိ မြင်ကွင်းမှာ၊ အံ့ဩ စရာ ကောင်းပေသည်။ ဤနယ်မြေသည် နေမင်း အစစ် မဟုတ် လျှင်ပင်၊ ပတ်ဝန်းကျင် အပူချိန် အရ၊ လောင်ကျွမ်း သေဆုံး နိုင်၏။

ယခုမူ မူလ စွမ်းအင်ကို၊ ချောမွေ့စွာ လည်ပတ် နိုင်သည့် အပြင်၊ လေထု ထဲရှိ သိပ်သည်း နေသော ကြယ် စွမ်းအင်များ ကိုလည်း၊ ခံစား မိသည်။

၎င်းအား ခန္ဓာ ကိုယ် အတွင်း၊ စုပ်ယူ ကြည့်လိုက်သော အခါတွင်၊ အရည် အသွေးမှာ နတ်ကြယ် ပုလဲ များထက်၊ ကျော်လွန် နေ၏။

ဤသည်မှာ ပုံရိပ်ယောင် နေ နယ်မြေ၏ ဗဟို ဒေသ ဖြစ်သဖြင့်၊ ထိုသို့ သက်ရောက်မှု ရှိခြင်း ဖြစ်သည်။

နေဗိမာန်သည် ဤပုံရိပ်ယောင် နေ နယ်မြေ၌၊ ရှိနေကြောင်း မှန်းဆ လာနိုင်၏။ တိုက်ဆိုင် စွာဖြင့် ရတနာ နယ်မြေ တစ်ခုအား ဆုံတွေ့ လာရသည်။

မျက်လုံးများ မှေးစင်းလျက်၊ ရွှေကျီးများထံ မော့ကြည့်ကာ၊ အတွေးထဲ နစ်မျော သွားသည်။ သည်နယ်မြေ အတွင်း ကျင့်ကြံမှု အဟုန်ကို မြှင့်တင် နိုင်၏။

အသက်ရှူ ရုံဖြင့် အခြေခံ အုတ်မြစ်ကို တည်ငြိမ် စေပြီး၊ ရုပ် ခန္ဓာနှင့် ရောင်ဝါ သမုဒ္ဒရာ များကို၊ သိပ်သည်း စေမည် ဖြစ်သည်။

အားစိုက် လိုက်ပါက ထိရောက် မှုမှာ၊ နှစ်ဆဖြစ် လာနိုင်မည်။ ထို့ကြောင့် လေးနက် သော ခြေလှမ်း (၁၀)လှမ်းအား၊ လေ့ကျင့် သင့်ချေ၏။

ဖုန်းရွှမ်းယီ၏ ရွေ့လျားမှု နည်းစနစ်မှာ၊ သူ့ထက် သာလွန် နေသည်ကို၊ ပြန် သတိရ မိသည်။ ယင်းမှာ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်နိုင်၏။

လေးနက်သော ခြေလှမ်း (၁၀) လှမ်းသည်၊ ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်သည်။

အဆင့် သတ်မှတ်ချက် အရ၊ ဖုန်းရွှမ်းယီ နည်းစနစ်ထက် သာလွန်၏။ အောင်မြင်ခဲ့ ပါက ထိုအားနည်း ချက်အား ပိတ်မိ နိုင်မည် ဖြစ်သည်။

လေးနက်သော ခြေလှမ်း (၁၀) လှမ်းမှာ၊ ရွှေကျီးကန်း၏ အသွင် ကူးပြောင်းမှု (၉) မျိုးနှင့် သက်ဆိုင် သောကြောင့်၊ ‘ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုး’ ဟုလည်း၊ ခေါ်တွင် နိုင်သည်။

၎င်းအား လေ့ကျင့်ရန်၊ ဒုတိယ ကောင်းကင် ဝိညာဉ်၌ ရှိရမည် ဆိုသော်လည်း၊ စမ်းကြည့်လို သည်။

ဤနယ်မြေ၌ လေးနက်သော ခြေလှမ်း (၁၀)လှမ်းအား၊ ကနဦး ကျွမ်းကျင်မှု အထိ အလွယ် တကူ ရယူ နိုင်၏။

အလယ် အလတ် ကျွမ်းကျင်မှု အတွက်မူ၊ နားလည် နိုင်စွမ်း မြင့်မားရန် လိုအပ် လေရာ၊ အခက် အခဲ အချို့ ရှိနိုင်သည်။

ရွှေကျီးကန်း များ၏ သဘော သဘာဝ များကို လေ့လာနိုင်မှ သာလျှင်၊ အဆင့်မြင့် နားလည်မှု ရရှိမည် ဖြစ်သည်။

အထွတ် အထိပ် ကျွမ်းကျင်မှု (ဝါ) ပြီးပြည့်စုံသော ကျွမ်းကျင်မှု အတွက်မူ၊ တာအို သဘော တရားများ ပါရှိ သည့်၊ ရွှေကျီးကန်း တံဆိပ်ကို ပုံဖော် ရပေမည်။

ယင်းက နေ နတ်ဘုရား လက်သီးကို လေ့ကျင့်ခြင်း ထက်ပင်၊ ပို၍ ခက်ခဲ နိုင်သည်။ ‘ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉)မျိုး’ အပေါ်၊ အာရုံ စိုက်ရခြင်း ဖြစ်၏။

ဤနေရာသည် ထိုအရာများ အတွက် ပနံသင့် လှချေပြီ။ နေရာ အနှံ့ ရွှေကျီးကန်း များကို မြင်နေ ရပြီး၊ ၎င်းတို့၏ (Dao rhyme) အယူ အဆ များကို သူ့ နှလုံးသား ထဲ၌၊ ရေးထွင်း နိုင်ပေမည်။

( Dao rhyme ကို၊ ‘အယူ အဆ’ အဖြစ် ပြန်လည် အသုံးပြု ထားပါသည်။ )

လင်းယွန် တစ်ယောက် ပုံရိပ်ယောင် နေနယ်မြေတွင်၊ ရွှေကျီးကန်း အယူ အဆကို၊ ဆင်ခြင် သုံးသပ် နေချိန်တွင်၊ အခြား ဗိမာန် များ ၌လည်း၊ ဆက်ခံ သူများ ရောက်ရှိ လာ၏။

ရွှေဗိမာန်ကို ဖေးရွယ်မှ လည်းကောင်း၊ မီးဗိမာန်ကို ကျွင့်မုန်ချန်နှင့် ချင်လင်း တို့မှ လည်းကောင်း ရယူ ခဲ့သည်။

ကျန်ရှိ နေသော ကြယ် ဗိမာန် များ၏ အမွေကို၊ ပထမ တန်းစား ပါရမီရှင် များမှသာ၊ သိမ်းယူ ထားခြင်း ဖြစ်၏။၊

ချွင်းချက် အနေဖြင့် လဗိမာန် ကိုမူ၊ လင်းယွန် မဟုတ်သော ပယင်း နယ်မြေမှ လူငယ် တစ်ဦး ရရှိ သွားသည်။

ယင်းမှာ ယုဟိုရှင်း ဖြစ်သည်။ လဗိမာန် အမွေသည် အလင်း အမှောင် လမင်း ကမ္ဘာနှင့် ဆက်စပ် နေသောကြောင့်၊ ဝမ်းမြောက် နေခဲ့သည်။

“ လင်းယွန်ရဲ့ နေနတ်ဘုရား လက်သီး ကလည်း၊ ဧကရာဇ် အဆင့် ကိုယ်ခံ ပညာပဲ၊ ငါ့ရဲ့ လနတ်ဘုရား လက်သီး နဲ့သာ ပေါင်းစပ် လိုက်ရင် … ။ ”

ယင်းသည် ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ သာလွန်သော သိုင်း နည်းစနစ် တစ်ရပ် ဖြစ်လာ မည်ဟု ယုံကြည်၏။

“ မင်း ... စောင့် ကြည့် ထား ပါ၊ မင်းမှာ ဘယ်လို ရတနာ မျိုးပဲ ရှိနေ ပါစေ၊ အားလုံး ငါ့ လက်ထဲ ရောက်ရ လိမ့်မယ်၊ ငါသာ ပယင်း ကမ္ဘာရဲ့ စစ်မှန်တဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ”

ယုဟိုရှင်း မျက်ဝန်း များက၊ တဖိတ်ဖိတ် တောက်ပ လာပြီး၊ ပြုံးလျက် ရေရွတ် လိုက်လေ သည်။

***

All Chapters