← Chapters

မင်း စကား တည်နိုင် ပါစေ။

Vol. 70 Ch. 980

မင်း စကား တည်နိုင် ပါစေ။

Vol. 70 Ch. 980

မျက်စိ တစ်မှိတ် အတွင်း မှာပင် သုံးရက် ကုန်လွန် သွားသည်။

ထိုကာလ အတွင်း လေးနက်သော ခြေလှမ်း (၁၀) လှမ်းခေါ်၊ ရွှေကျီးကန်း အသွင်ပြောင်းခြင်း (၉) မျိုးကို၊ လေ့ကျင့် နေခဲ့၏။

ထိတ်လန့် စရာ ကောင်းသော အရည်အချင်းနှင့်၊ ရတနာ နယ်မြေ တစ်ခု ရှိနေ သော်လည်း၊ သူ့အား မကူညီ နိုင်ချေ။

ကြယ်ဗိမာန် ခုနစ်ခု လုံးရှိ၊ အမွေများ အားလုံးမှာ၊ အနည်းနှင့် အများ အတူတူ ပေပင်။ သို့သော် လင်းယွန် မှာမူ၊ အခြားသော ပညာရပ် တစ်ခု ဖြစ်သည့်၊ ရွေ့လျားမှု နည်းစနစ် တစ်ရပ် အား၊ ပြီးပြတ်အောင် လေ့ကျင့်ရန် ကြံရွယ် ထားသဖြင့်၊ ပိုချေ၏။

နောက်ဆုံးတွင် လူတိုင်း၌ ဘုရင် အဆင့် ကံကြမ္မာ ရွေ့လျားမှု ပညာရပ် တစ်ခုမျှ မရှိချေ။

လေးနက်သော ခြေလှမ်း (၁၀) လှမ်းမှာ၊ ရွှေကျီးကန်း အသွင် ကူးပြောင်းမှု (၉) မျိုးနှင့် ဆက်စပ် နေသဖြင့်၊ မျှော်လင့် ထားသည်ထက် ပိုသည်။

၎င်းအား အစောပိုင်း ကာလ များ၌ ထွက်ပြေး ခြင်းနှင့်၊ တိုက်ပွဲ အဟုန် မြှင့်တင်ရာ ၌သာ အသုံးပြု နိုင်မည်ဟု၊ ထင်ခဲ့သည်။

သို့သော် ပြိုင်ဘက် များကို သတ်ဖြတ်ရန်၊ ရွှေကျီးကန်း ရောင်ဝါအား အသုံးပြု နိုင်သော ကြောင့်၊ သူ့ အမြင်အား ကျယ်ပြန့် စေ၏။

လင်းယွန် ခန္ဓာကိုယ်မှ ဆောင်းခို နေသော ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ရွှေရောင်များ ဖြာကျ လာသည်။

“ ဟိတ် ... ။ ”

ရိပ်ခနဲ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်နှင့်၊ ရွှေကျီးကန်း အော်သံများ ပဲ့တင် လာပြီး၊ ထိုမမြင် နိုင်သော အသံလှိုင်း များပေါ် နင်းကာ၊ ခရီးနှင် လာခဲ့သည်။

“ ဝှစ် ... ။ ”

မြန်ဆန်သော အဟုန်ကြောင့်၊ လင်းယွန် အသွင်ပြင်အား မမြင် ရချေ။ ကျီးကန်း အော်သံ များနှင့် အတူ၊ ရွှေရောင် အဆင်း အဖြစ်သာ၊ မြင်ရသည်။

ထို့နောက် ရွှေကျီးကန်း တစ်ကောင်မှ၊ အော်ဟစ် နေပြီး၊ ပုံစံ (၉)မျိုးနှင့် ပျံသန်း သဖြင့်၊ ကျီးကန်း (၉) ကောင်ဟု၊ ထင်မြင် စေ၏။

“ ဒီရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးက၊ တကယ့်ကို အထင် ကြီးစရာ ပါပဲ။ ”

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းမှာ၊ ၎င်းနှင့် နှိုင်းယှဉ် နိုင်စရာ မရှိချေ။ ဤအဆင့် နည်းစနစ်တွင်၊ နေနတ် ဘုရားအား ဖမ်းဆီး ခြင်း၏ အနှစ်သာရ ပါ၀င်သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် စိတ် လှုပ်ရှားမှု များဖြင့်၊ မျက်ဝန်းများ တောက်ပ သွား၏။ အတွေးဖြင့် လေထု အတွင်း ရွေ့လျားပြီး၊ နောက်ဆက်တွဲ ပုံရိပ်များ စွာကို ချန်ထား ခဲ့သည်။

“ ကျီး ... ။ ”

ထိုပုံရိပ်များ ထပ်သွားသော အခါတွင်၊ သူ့ရောင်ဝါမှာ ရွှေကျီးကန်း တစ်ကောင် အဖြစ်၊ ဖွဲ့တည် လာ၏။

သည့်နောက် ၎င်းပုံရိပ်က လောင်ကျွမ်း ပစ်လိုသော မျက်ဝန်း များဖြင့်၊ လင်းယွန်အား ငုံ့ကြည့် လေသည်။

“ မဆိုးဖူး ... ၊ လုံလောက်ပြီ။ ”

သူ့ မျက်နှာတွင်၊ စိတ်လှုပ်ရှား မှုများ ပြည့်နှက် လာပြီး၊ မြေပြင်သို့ ပြန်၍ ဆင်းသက် လိုက်၏။ နေနတ်ဘုရား လက်သီးကို လေ့ကျင့်ရန် အချိန် ကျပြီ ဖြစ်သည်။

နောက်ထပ် (၇)ရက်၊ ထပ်မံ ကုန်လွန် ပြီးနောက်၊ ပုံရိပ်ယောင် နေနယ်မြေ တစ်ခုလုံး မှိန်ဖျော့ ပြိုကျ လာသည်။

လင်းယွန် မျက်လုံးများ ပွင့်လာကာ၊ ပတ်ဝန်းကျင်ထံ ဝေ့ကြည့် လိုက်၏။ နေနယ်မြေ တစ်ခုလုံး ပျောက်ကွယ် နေစဉ်၊ လက်ဖဝါး ဖြန့် နေသည့်၊ လူ တစ်ဦးအား မြင်လိုက် ရသည်။

ထိုလက် အတွင်း နေမင်းကို ဆုပ်ကိုင်ထား သကဲ့သို့၊ ထင်မြင် လာမိ၏။ အဆုံးတွင် ထိုလက် ပိုင်ရှင်၏ နောက်ကျောမှ၊ ရွှေတောင်ပံ တစ်စုံ တိုးထွက် လာသည်။

၎င်း အချိန် မှာပင်၊ အရာ အားလုံး ပျိုပျက်သွားပြီး၊ ချိုင့်ဝှမ်း အတွင်း၌ သူ့ကိုယ်သူ ပြန်မြင် လာရ တော့၏။ ပန်ချီကား (၉)ချပ် မှာမူ၊ ပြာ အဖြစ် ပြောင်းလဲ နေပြီ ဖြစ်သည်။

ချိုင့်ဝှမ်း အဆုံးရှိ ရုပ်တု ကြီးက၊ သူ့ထံ လှမ်းကြည့် နေသည်ဟု ထင်မြင် မိ၏။ ယင်းမှာ နေမင်းကို ဖမ်းဆုပ် ခဲ့သော တောင်ပံ လူသား နှင့် တူသည်။

“ သူတို့ နှစ်ယောက်က၊ အတူတူပဲ ဖြစ်မယ်။ ”

လင်းယွန် တစ်ယောက် မှတ်ချက်ချ လိုက်သည်။ ရွှေကျီးကန်း များသည် နေတွင် မွေးဖွားခဲ့ သော်လည်း၊ ၎င်းတို့၏ ဘိုးဘေးနတ် ရွှေကျီးကန်း များက၊ နေကို ဖျက်ဆီး ခဲ့သည်။

အကြည့်များ ပြန်ရုတ်ပြီး၊ လက်ဝါးပြင်အား ဖြန့်ကြည့် လိုက်၏။ ရွှေကျီးကန်း တစ်ကောင်၏ ပုံသဏ္ဍာန်က၊ လက်ဖဝါး ပြင်တွင် စွဲထင် နေသည်။

“ ရွှေကျီးကန်း တံဆိပ်။ ”

လေးနက်သော ခြေလှမ်း (၁၀)လှမ်းကို နားလည် ပြီးနောက်၊ ဤတံဆိပ်အား ဖွဲ့စည်းရန် (၇)ရက် တိုင်တိုင်၊ ကြိုးစား ခဲ့သည်။

“ ငါရဲ့ နေနတ်ဘုရား လက်သီးကို၊ နောက် တစ်ဆင့် တက်လှမ်း နိုင်ပြီ။ ”

သူ့နောက်တွင် တောင်ပံ လူသား တစ်ယောက် ထွက်ပေါ် လာ၏။ ၎င်းက ယခင် နှင့်မတူ တော့ဘဲ၊ ရွှေကျီးကန်း သင်္ကေတ တစ်ခု လက်ဖဝါး ပြင်၌ ပါရှိ နေသည်။

“ တကယ် ပဲကိုး … ။ ”

နေနတ်ဘုရား လက်သီးကို အောင်မြင် လိုက်သဖြင့်၊ ဝမ်းသာ သွားမိသည်။ ရွှေကျီးကန်း တံဆိပ်နှင့်၊ နေနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ် တို့အား၊ ပေါင်းစပ်ကာ၊ အဆင့် အသစ်သို့ တက်လှမ်း လာနိုင်ပြီ ဖြစ်သည်။

လက်သီးကို ဆုပ်လိုက်ရာ၊ ရွှေရောင် အလင်းများက၊ ရွှေကျီးကန်း တစ်ကောင် အဖြစ် ထင်ရှား လာ၏။

သည့်နောက် ထောင်ပေါင်း များစွာသော ရွှေကျီးကန်းများ လင်းယွန် ပတ်ဝန်းကျင်၌ ပျံဝဲ လာသကဲ့သို့၊ အရှိန် အဝါများ လျင်မြန်စွာ မြင့်တက် သွားသည်။

ထိုရွှေရောင် အလင်း များကြောင့်၊ သူ့ ခန္ဓာကိုယ်အား ရွှေဖြင့် သွန်းလောင်း ထားသည့်၊ နတ် ဘုရား တစ်ပါး ကဲ့သို့၊ ထင်မြင် စေ၏။

“ ဟိတ် ... ။ ”

လက်သီးအား လေထဲ ထိုးချ လိုက်သော အခါ၊ တိမ်များ အတွင်း အပေါက် တစ်ပေါက် ချက်ခြင်း ဖြစ်ပေါ် လာသည်။

ထိုအချိန်တွင် ကောင်းကင်မှ ကြယ်ရောင်များ ဖြာဆင်း လာပြီး၊ ကျွန်းမျော တစ်ခု လုံးပေါ်၊ လွှမ်းခြုံ သွား၏။

“ ဒါက စစ်မှန်တဲ့ နေနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်ပဲ။ ”

နေဗိမာန် ခရီးစဉ်တွင်၊ သူ့ ခွန်အားကို အဆမတန် မြှင့်တင် နိုင်ခဲ့ သဖြင့်၊ စိတ်လှုပ်ရှား မှုများ ပြည့်နှက် လာသည်။

တတိယ ကောင်းကင် ဝိညာဉ် သို့သာ ရောက်ရှိပြီး ပါက၊ သူ မည်မျှ တန်ခိုး ထွားလာ မည်ကို၊ စိတ်ကူး မယဉ် နိုင်ပေ။

“ အဲ့ဒီ ပထမ တန်းစား ပါရမီရှင် ဆိုတဲ့၊ ဖုန်းရွှမ်းယီသာ ငါ့ဆီ ထပ်လာရင်၊ နဂါးလေး အကူ အညီ မလို တော့ဘူး။ ”

ရင်းနှီးသော ရောင်ဝါကို ခံစားမိ သဖြင့်၊ လင်းယွန် တစ်ယောက် ပြုံးကာ ကောင်းကင် ထံ၊ မော့ကြည့် လိုက်သည်။

ဆယ်မိုင် အကွာ၌ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ကို ကိုင်ပြီး၊ လေထု အတွင်း ရိုက်နှက် နေသော နဂါး လေးအား မြင်လိုက် ရ၏။

“ ဟမ် ... ၊ တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်လား။ ”

သားရဲ အမြုတေနှင့် သွေးသား အစိုင် အခဲမှာ၊ နဂါးလေးအား အောင်မြင်မှု တစ်ခု ရရှိစေ ခဲ့ပေသည်။

နဂါးလေးကြောင့် ဖုန်းရွှမ်းယီ တစ်ယောက် စိတ် အနှောင့် အယှက် ဖြစ်ခဲ့ ရသည်ကို၊ သတိရ သွား၏။

ယခု အချိန်၌ သာ၍ ဆိုးပေ တော့မည်။ ထုတ်လွှတ် ထားသော ရောင်ဝါ အရ၊ နဂါးလေး ရုပ်ခန္ဓာမှာ၊ ပို၍ သန်မာ လာ၏။

ယင်းက နဂါးလေး တစ်ကောင်၊ တတိယ ပုံစံသို့ အသွင်ပြောင်း နိုင်ခဲ့ သည်လား ဟုပင်၊ တွေးမိ လာစေသည်။

ဆူဖြိုးသော ကြောင် ပုံစံ သို့မဟုတ်၊ စစ်မြင်း ပုံစံကို လင်းယွန် သဘော မကျချေ။ လူသား ပုံစံ အဖြစ်၊ မပြောင်းလဲ နိုင်သော်မှ၊ အခြားသော ပုံစံ တစ်မျိုးမျိုး ဆိုက၊ ပို၍ အဆင်ပြေ ပေမည်။

ပြိုင်ဘက် အပေါ်၊ ခြိမ်းခြောက် နိုင်စွမ်း ရှိသော အသွင်မျိုး ဖြစ်လို၏။ လက်ရှိ ကြောင် ပုံစံမှာ၊ ရွံ့စရာ ကောင်းနေ ချေပြီ။

ထိုအချိန်တွင် နဂါး တားမြစ် နယ်မြေ၏၊ ဗဟို နယ်မြေ ထံမှ တုန်လှုပ်သွား သည်ကို ခံစား လိုက်ရသည်။

ဝေးကွာ လွန်းလှ သဖြင့်၊ ထိုလှိုင်းမှာ အဖျားခတ်ရုံ မျှသာ ဖြစ်၏။ သို့သော် ၎င်းသည် နဂါး နန်းတော် ဖွင့်လှစ်ခြင်း ဖြစ်မည်ဟု၊ တစ်ထစ်ချ ပြောနိုင်သည်။

“ နဂါးလေး သွားဖို့၊ အချိန် တန်ပြီ။ ”

လက်နှစ်ဖက်အား ဆန့်တန်းကာ၊ ထိုလှိုင်းများ ထွက်ပေါ် လာရာ အရပ် ဆီသို့၊ ဦးတည် ပျံသန်း လိုက်သည်။

ဤအခိုက်တွင် ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉) မျိုးကို အပြည့် အ၀ ထုတ်ဖော် မိ၏။

နောက်ဆုံး၌ နဂါး နန်းတော်တွင်၊ ကံကြမ္မာ ကိုယ်ခံ ပညာ အဆင့်အား၊ ကျော်လွန် နိုင်သည့်၊ ပညာ ရပ်မျိုး ရှိနိုင်မည်။

ကောင်းကင် လမ်း အဆုံးကို ရောက်လို သူတိုင်း၊ သည်အခွင့် အရေးအား လက်လွတ်ခံ ချင်မည် မဟုတ်ချေ။

၎င်းအရပ်၌ ဖုန်းရွှမ်းယီ တစ်ယောက်၊ သူ့အား သတ်ရန် စောင့်နေ မည်ဟု ဆိုခဲ့၏။ ထိုစကားအား တည်နိုင်ခြင်း ရှိ-မရှိ သိချင် လာတော့သည်။

***

All Chapters