← Chapters

ကောင်လေး သေချင် လို့လား။

Vol. 71 Ch. 981

ကောင်လေး သေချင် လို့လား။

Vol. 71 Ch. 981

လေးနက်သော ခြေလှမ်း (၁၀) လှမ်းကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သော အခါတွင် လင်းယွန်၏ အမြန် နှုန်းမှာ အံ့မခန်း ပြောင်းလဲ သွားသည်။

သူ့ရှေ့မှ လူ များကို အလင်းတန်း အသွင် ဖြတ်ကျော် လိုက်သဖြင့်၊ လူတိုင်း မျက်လုံးပြူး လျက် ကျန်ရစ် ခဲ့သည်။

အဝေးမှ ကြည့်ပါက၊ ရွှေကျီးကန်း တစ်ကောင် လွင့်နေ သကဲ့သို့ ထင်မြင် စေ၏။ တန်ခိုး ကြီးသော ရောင်ဝါ ကိုသာ ခံစား နိုင်ခဲ့ ကြသည်။

အခြား ပြည်နယ် တစ်ခု ခုမှ၊ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦး အဖြစ်ပင် ယူဆ မိကုန်၏။

ထို့နောက် လူစု လူဝေးကို အဝေးမှ မြင်လိုက်ရ သောကြောင့်၊ တိမ်ပေါ် တက်လှမ်း ခြင်းကို ပြောင်းလဲလျက်၊ အရှိန်အား လျော့ချ လိုက်သည်။

နောက်ဆုံးတွင် လူအုပ် အတွင်း သန်မာသော ရောင်ဝါ အချို့ကို ခံစား မိသဖြင့်၊ လူတိုင်း၏ အာရုံ စိုက်မှုအား မလို ချင်ချေ။

ရုတ်တရက် ကောင်းကင်ကြီး ကွဲအက် သွားပြီး၊ ကြယ်ရောင်များ ခြုံလျက် ဧရာမ နဂါး တစ်ကောင် ထွက်ပေါ် လာသည်။

“ ဒါက နဂါး နန်းတော်လား။ ”

စိတ်လှုပ်ရှား စွာဖြင့်၊ လင်းယွန်မှ ရေရွတ် လိုက်သည်။ ထို့နောက် လူအုပ် အတွင်း တိုးဝင် လိုက်ပြီး၊ ကွဲလွဲ နေသော အာကာ ပြင်ထံ၊ အနီးကပ် ကြည့်ရှု မိ၏။

လောချန်၊ ချင်လင်းနှင့် ကျွင့်မုန်ချန် တို့မှာ၊ ကြာမြင့်စွာ ကတည်းကပင်၊ ရောက်ရှိနေ ကြပုံ ရသည်။ ကျန်လေးယောက် ကိုမူ လူအုပ် အတွင်း၊ မတွေ့ရ သေးချေ။

လောချန်နှင့် အဖွဲ့မှာ သူ့အား မြင်ချိန်၌ ခေါင်းညိတ်ကာ နှုတ်ဆက် ကြသည်။ အလားတူ တုန့်ပြန် မှုမျိုး ပြန်လည် ပြသပြီး၊ အာကာပြင် ထံသို့ အာရုံစိုက် လိုက်၏။

ဧရာမ နဂါး ပုံသဏ္ဍာန် လေဟာနယ် အက်ကွဲကြောင်း အတွင်းတွင်၊ ရှေးဟောင်း ရင်ပြင် တစ်ခုကို ဝန်းရံ ထားသော ထည်ဝါ သည့်၊ အဆောက် အအုံ များစွာ ရှိသည်။

ရင်ပြင်၌ နဂါး တစ်ကောင် အသွင်ကို ဖြစ်ပေါ် စေသော၊ ပန်ချီကား တစ်ချပ်အား ရူရ် များဖြင့် ရေးဆွဲ ထားသည်။

ထိုအက်ကွဲ ကြောင်းကို အတား အဆီး တစ်ခုဖြင့် ပိတ်ဆို့ ထားသဖြင့်၊ ယင်းက အချိန် တစ်ခုအား စောင့်ဆိုင်း ရမည် ဖြစ်ကြောင်း၊ လူတိုင်း နားလည် လာစေ၏။

“ ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်တဲ့ ပညာ ရပ်တွေ ... ။ ”

လင်းယွန်က သက်ပြင်းချ လိုက်သည်။ ဤအခွင့် အရေး မျိုးကို ကောင်းကင်လမ်း ၌သာ တွေ့နိုင်၏။

နိမ့်ကျသော နယ်မြေသား တစ်ယောက် အနေနှင့်၊ တွေ့ကြုံ ခံစား ဖို့ရန် မဖြစ် နိုင်ချေ။ ထို့ကြောင့် ကောင်းကင် လမ်းမှာ၊ ထိပ်တန်း အဆင့် ပါရမီရှင် များကို အမီ လိုက်ရန်၊ အခွင့် အရေး တစ်ရပ် ဖြစ်သည်။

တစ်စုံ တစ်ဦးသည် လုံလောက်သော အခွင့် အရေး များကိုသာ၊ ရယူ နိုင်ပါက သေချာပေါက် ကြီးထွား လာပေမည်။

လူသား တစ်ဦး အနေဖြင့်၊ မွေးဖွားရာ အရပ်ကို မရွေးချယ် နိုင်သော်လည်း၊ ရှင်သန်ရန် အတွက်မူ ကိုယ်တိုင် ရွေးချယ် နိုင်သည်။

ဆန္ဒရှိ သည်နှင့် အမျှ၊ နဂါးလည်း ဖြစ်လာ နိုင်၏။ အဆုံးတွင် ဤသည်မှာ နတ် နဂါးခေတ် ဖြစ်လေသည်။

သို့သော် လူတိုင်းက ကောင်းကင် လမ်း၌ ပြိုင်ဆိုင် နေကြ သဖြင့်၊ ကံကြမ္မာကို ပြောင်းလဲ ယူခြင်းငှာ၊ မလွယ်ကူ နိုင်ချေ။

အတွေး များနှင့် နစ်မြုပ် နေစဉ်၊ အေးစက်သော အကြည့် များစွာက၊ သူ့ အပေါ် ကျရောက် လာသည်။

ထိုသူများ ထံမှ ရောင်ဝါမှာ၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ ပတ်ဝန်းကျင်ရှိ လူအုပ်ကို ရှဲ သွားစေသည်။

၎င်းတို့မှာ နဂါး ပြည်နယ်၏ ပါရမီရှင် လေးပါး ဖြစ်သည်။ ဖုန်းရွှမ်းယီက သူ့ ဘေးရှိ အနက်ဝတ် လူငယ်ထံ၊ စကား အချို့ ဆိုသည်။

ထိုအနက်ဝတ် လူငယ်မှာ၊ ကြည့်ကောင်းသော မျက်နှာ ပေါက်မျိုး ရှိပြီး၊ အငွေ့ အသက်မှာ လောချန် နီးနီး သန်မာ ချေ၏။

( ဒီလူက နဂါး အဆင့် ဒုတိယက၊ မူရှို့ဟန် ဖြစ်ရမယ် ... ။ )

လင်းယွန်က တိတ်တဆိတ် ခန့်မှန်း နေမိသည်။

( စိတ်ဝင် စားစရာပဲ ... သူတို့က ငါ့ကို တိုက်ချင် နေတာလား။ )

ဖုန်းရွှမ်းယီ၏ အရှုံးကို လက်စားချေ လိုပုံရသည်။ လူအုပ်ကြီး သည်လည်း ၎င်းအား၊ ခံစားမိ သဖြင့်၊ လှုပ်လှုပ် ရွရွ ဖြစ်လာ၏။

နောက်ဆုံးတွင် ပါရမီရှင် ခုနစ်ပါး၏ ခွန်အားမှာ၊ အကြိမ်တိုင်း သူတို့ကို ထိတ်လန့် စေသည်။

“ ဝှစ် ... ။ ”

ထိုစဉ် အနက်ဝတ် လူငယ် တစ်ဦး ကောင်းကင်မှ ဆင်းသက်လာ ပြန်သဖြင့်၊ လူအုပ်ကြီး အာရုံမှာ ပြောင်းလဲ သွားသည်။

“ ယု ဟို ရှင်း ... ။ ”

“ အဲဒါ ယုဟိုရှင်းပဲ၊ သူလည်း လင်းယွန်လို ပယင်း နယ်မြေက လာတာ၊ လဗိမာန် အမွေကို သူ သိမ်းယူ နိုင်ခဲ့တယ်။ ”

“ သူက ကြောက်စရာ ကောင်းလား။ ”

“ ကြောက်စရာ ကောင်းတာပေါ့၊ မင်းက သူ့ခွန်အားကို မမြင်ဖူး လို့ပဲ၊ မီးနဲ့ ရေ ဝိညာဉ် ပိုင်ရှင် တွေတောင်၊ ဒူးထောက် တောင်းပန် လိုက်ရတယ်။ ”

“ လင်းယွန်နဲ့ သူ ... ၊ ဘယ်သူ ပို အားကောင်းလဲ။ ”

“ မေး စရာလား၊ ငါ ကတော့ လင်းယွန်ပဲ။ ”

ယုဟိုရှင်း အမည်မှာ၊ ကျော်ကြား နေပြီ ဖြစ်သဖြင့်၊ သူ ရောက်လာ သည်နှင့် ရုတ်ရုတ် သဲသဲ ဖြစ်ကုန် ကြ၏။

လ ဝိညာဉ်ကို ရရှိသွား ချိန်က၊ ဤယုဟိုရှင်း အပေါ် မည်သူမျှ အထင် မကြီး သေးချေ။ အချိန် မရွေး လုယူ နိုင်သည် ဟုပင်၊ ယူဆ မိ၏။

သို့သော် လဗိမာန် အမွေကို၊ သိမ်းပိုက် လိုက်သော အခါတွင်၊ သူတို့အား ပိတ်ရိုက် လိုက် သကဲ့သို့၊ တိတ်ကျ ကုန်သည်။

“ လင်းယွန် ငါတို့ ... မတွေ့တာ ကြာပြီနော်။ ”

လူအုပ်ကြီး သာမက၊ ပါရမီရှင် ခုနစ်ပါး၏ အကြည့်များ ကိုပင်၊ ယုဟိုရှင်းမှ စိတ် မ၀င်စား ခဲ့ချေ။

ယင်းအစား လင်းယွန် ကိုသာ စိုက်ကြည့် လျက်၊ သတ်ဖြတ် လိုသော ဆန္ဒများ ချက်ချင်း ပေါက်ကွဲ လာသည်။

“ ငါ့ရှေ့ လာရပ် ရဲ ရအောင် ... ၊ မင်းရဲ့ ခွန်အား အပေါ်၊ တော်တော် ယုံကြည်မှု ရှိနေပုံ ရတယ်။ ”

လင်းယွန်က အေးစက်စွာ တုန့်ပြန် လိုက်၏။ သူတို့ နှစ်ဦး၏ ရန်ကြွေးမှာ၊ ခွန်လွန် နယ်မြေ ပျက်သုဉ်း သွားလျှင်ပင်၊ မပြီးဆုံး နိုင်ချေ။

တစ်ယောက်ကို တစ်ယောက် သတ်ပစ် ပြီးမှသာ ငြိမ်းချမ်းမည် ဖြစ်သည်။ ထို့ကြောင့် လင်းယွန်မှ ယုဟိုချင်းအား စိုက်ကြည့် လိုက်မိ၏။

ဤလူမှာ ယွဲ့ဝေဝေကို သတ်ရန် ကြိုးစား ခဲ့သည် သာမက၊ ဓားနန်းတော်အား ဖျက်ဆီး ပစ်မည် ဟုပင်၊ ခြိမ်းခြောက် လာခဲ့သည်။

ထိုကြောင့် သူတို့ နှစ်ဦးမှာ၊ တစ်မိုး အောက်တည်း အတူ ရှင်သန်ရန် မဖြစ် နိုင်ချေ။ ဓား ဂိုဏ်း၏ ကံကြမ္မာ ရန်ကြွေးကြောင့်၊ အမြန်ဆုံး ဖယ်ရှား ရပေမည်။

တစ်ဖက်လူ ထံမှ သူ့ထက် မနည်းသော အမုန်း တရား များကို ခံစားမိ သဖြင့်၊ ယုဟိုရှင်း တစ်ယောက် ပြုံးလိုက်သည်။

“ ညီအစ်ကို လင်း၊ မင်း ... ဘာလို့ အလျင် လိုနေရ တာလဲ၊ စိတ်မပူ ပါနဲ့၊ ငါတို့ ရန်ငြိုးကို ဖြေရှင်း မှာပါ၊ ... ”

“ ... မင်း ဂရုစိုက်တဲ့ လူတိုင်းကို သတ်ပြီး၊ ငါ့အရှက် တရား အတွက် အဆ တစ်ရာ ပြန်ယူ ပါ့မယ်။ ”

ဤနေရာ၌ လင်းယွန်မှ သူ့အား တိုက်ခိုက် စေလို ခဲ့သည်။ ထို့ကြောင့် ရည်ရွယ်ချက် ရှိရှိ ရန်စ လိုက်ခြင်း ဖြစ်၏။

ကြားလိုက် ရသော စကား အသွား အလာ များကြောင့်၊ ဖုန်းရွှမ်းယီ၏ အဖွဲ့မှာ၊ ပြုံးရွှင်လာ ကုန်သည်။

ခွေး အချင်းချင်း ကိုက်ခဲ့ ပါက၊ အကျိုး အမြတ်များ ရရှိ နိုင်၏။ ၎င်းတို့ကြား ရန်ငြိုးမှာ သူတို့ ထင်သည်ထက်၊ နက်ရှိုင်း ချေပြီ။

“ ကောင်လေး ပတ်ဝန်းကျင်မှာ၊ လူတွေ အများကြီး ရှိတယ်၊ မင်းက သေချင် လို့လား၊ ဒါဆို ငါ မင်းကို အခု သတ်ပေးမယ်။ ”

လက်က တုန်ယင် လာပြီး၊ ဓားထံ လှမ်းတော့မည့် အချိန်တွင်၊ သာယာဖွယ် ကောင်းသော အသံ တစ်သံ ထွက်ပေါ် လာသည်။

ထို့နောက် လောချန် ဘေး၌ ခရမ်းရောင် မြူများ ရစ်သိုင်း လာပြီး၊ ဖေးရွယ် တစ်ယောက် ထွက်ပေါ် လာတော့၏။

သူမ ထွက်ပေါ် လာသည်နှင့်၊ ဖုန်းရွှမ်းယီ အပါ အဝင်၊ အခြားသော ပါရမီရှင်များ အားလုံး အာရုံပြောင်း သွား၏။

( သူက ရန်သူလား၊ မိတ်ဆွေလား။ )

လင်းယွန် သည်ပင်၊ ဒေါသများ ချက်ချင်း ပျောက်ကွယ် သွားပြီး၊ ပြန်လည် ငြိမ်သက်လာ တော့သည်။

***

All Chapters