စည်းစိမ် နတ်ဘုရား။
Vol. 71 Ch. 982
သူ့ ရည်ရွယ် ချက်အား၊ နှောက်ယှက် စကားဆို လာသော အမျိုးသမီးထံ ယုဟိုရှင်းမှ အေးစက်စွာ လှမ်းကြည့် လိုက်သည်။
လင်းယွန်နှင့် ကာလ အတန်ကြာ၊ သိကျွမ်း ပြီးနောက်၊ တစ်ဖက် လူမှာ မည်သည့် အရာများ အပေါ်၊ ဂရု အစိုက်ဆုံး ဖြစ်သည်ကို၊ သူ သိသည်။
သို့သော် သည်မိန်းမမှ၊ လင်းယွန်၏ ခံစားချက် များကို ငြိမ်သက် စေခဲ့ သဖြင့်၊ မည်မျှ မုန်းစရာ ကောင်းမည်အား၊ တွေးကြည့် နိုင်သည်။
ဖုန်းရွှမ်းယီ နှင့်အဖွဲ့က၊ လင်းယွန်ကို သတ်ရန် အခွင့် အရေးအား၊ လက်လွှတ် လိုက်ရ သဖြင့်၊ စိတ်ပျက် သွားကုန်သည်။
“ အဟီး... ၊ စောင့်ကြည့် ရအောင်၊ မင်း အကြံ ကောင်းပေမယ့်၊ မင်းကိုယ်မင်း ငါးစာ အဖြစ် သုံးပြီး မကစား ပါနဲ့၊ ... ”
“ ... ဒီကောင်က မာန ကြီးတယ်၊ ကြာကြာ သည်းခံ နိုင်မှာ မဟုတ်ဘူး၊ နဂါး နန်းတော်ထဲ ရောက်တဲ့ အထိ စောင့်ပါ။ ”
နတ်ဆိုး ဝိညာဉ်၏ အသံက ယုဟိုရှင်း စိတ်ထဲ၌ ထွက်ပေါ် လာသည်။ အပြင်ပိုင်း အမူ အရာတွင်၊ ပြောင်းလဲခြင်း မရှိ သော်လည်း၊ နှလုံး သားမှာ ရွှင်လန်း သွား၏။
( စီနီယာ နိုးပြီလား။ )
လင်းယွန် ဓားကို ရှောင်တိမ်းရန် အတွက်၊ နတ်ဆိုး ဝိညာဉ်မှ သူ့ခန္ဓာ ကိုယ်အား သိမ်းပိုက် ခဲ့ ပြီးနောက်၊ အိပ်ပျော် သွားသည်။
ယခု ကဲ့သို့ ပြန်လည် နှိုးထလာ ခြင်းမှာ၊ ယုဟိုရှင်းအား နဂါး နန်းတော် ခရီးစဉ် အတွက်၊ ယုံကြည်မှု ပို၍ တိုးလာ စေသည်။
“ ငါ နိုးနေတာ ကြာပါပြီ၊ မင်းရဲ့ စွမ်း ဆောင်ရည်နဲ့၊ တိုးတက် မှုကို စောင့်ကြည့် ချင်လို့၊ အသိ မပေး ခဲ့တာပဲ၊ ... ”
“ ... မင်း မဆိုးဘူး၊ ကျေနပ် စရာပဲ၊ မင်းကို ငါ့ရဲ့ ဆက်ခံသူ အဖြစ် ရွေးချယ် လိုက်တာ မှန်ပုံ ရတယ်။ ”
-ဟု နတ်ဆိုး ဝိညာဉ်မှ ပြန်ဖြေသည်။
လင်းယွန်အား မြင်သည်နှင့် ပုန်းအောင်း နေရာမှ မထိန်းနိုင် ခဲ့ချေ။ ဤအကြွင်း အကျန် ကို လက်စတုံး နိုင်မှ သာလျှင်၊ စိတ်ချ လက်ချ နေနိုင် ပေမည်။
“ ငါ့ကိုယ်ငါ ... ငါးစာ အဖြစ် သုံးရင်၊ အန္တရာယ် ရှိတယ်လို့ ထင်နေ တာလား၊ မဖြစ် နိုင်တာ၊ ဒီဂျူနီယာက အများကြီး ပိုသန်မာ လာပါပြီ၊ ... ”
“ ... နတ်ကြယ် ပုလဲ သုံးထောင်၊ ဘုန်းလမင်း အမွေနဲ့၊ အခြား ရတနာတွေ အများ ကြီး ရထားတယ်။ ”
ထိုသို့ အကဲဖြတ်ခြင်း အပေါ်၊ မကျေ မနပ်ဖြင့်၊ ယုဟိုရှင်းမှ စောဒက တက်လိုက် မိသည်။ နတ်ဆိုး ဝိညာဉ်မှာ၊ ခေတ္တမျှ တိတ်ဆိတ် သွား ပြီးနောက်၊
“ ငါတောင် မမြင် နိုင်တဲ့၊ လျှို့ဝှက်ချက် တစ်ခု၊ သူ့မှာ ရှိနေတယ်၊ တစ်စုံ တစ်ယောက်က သူ့ ခွန်အားကို အရင် စုံစမ်း ပါစေ၊ ... ”
“ ... ပယင်း နယ်မြေရဲ့ ကံကြမ္မာကို၊ မင်း အစား ရရှိ ထားတယ်၊ ပြီးတော့ ဘုန်းနေမင်း အမွေ ရောပဲ။ ”
-ဟု ဆိုလိုက်သည်။
“ ဒါတော့ မှန်ပါတယ်၊ ဒါပေမယ့် အဲ့ဒီ လောက်လည်း မဟုတ်သေး ပါဘူး။ ”
ယုဟိုရှင်းမှ လက်မခံလို သေးချေ။
“ ဟား ဟား ဟား၊ မင်း သိလား၊ သူက မင်းရဲ့ ကံကြမ္မာကို ခိုးယူ သွားပေမယ့်၊ မင်းကို အခုထိ မသတ်နိုင် သေးပါဘူး၊ ... ”
“ ... သူ့ကို ရှုံးနိမ့်တိုင်း၊ အောင်မြင်မှု တစ်ခုကို မင်း ရယူ နိုင်တယ်၊ သူ မရှိရင် မင်း ဒီလောက် သန်မာမယ် မထင်ဘူး၊ ... ”
“ ... ငါ့ အမြင် အရတော့ ... ၊ မင်းစားဖို့ အတွက်၊ ကံကြမ္မာက ရှင်သန်ခွင့် ပေးထားတဲ့ ငါးလေး တစ်ကောင် ပါပဲ၊ သူ့ကို မင်းရဲ့ စည်းစိမ် နတ်ဘုရား အဖြစ် ယူဆ နိုင်တယ်။ ”
နတ်ဆိုး ဝိညာဉ်၏ စကား များက ယုဟိုရှင်းကို ကျေနပ်သွား စေသည်။ ယင်းမှာ အမှန်များ ပေပင်။ လင်းယွန်သာ မရှိ ပါက ဤမျှ သန်မာလာ နိုင်စရာ၊ နည်းလမ်း မရှိချေ။
ရတနာများ အတွက်မူ၊ အချိန်တန် ပါက သူ့ အပိုင် ဖြစ်လာ နိုင်ပေမည်။ စည်းစိမ် နတ်ဘုရား ဟူသော တင်စား မှုမှာ၊ အလွန် လိုက်ဖက် ပေ၏။
“ နေနဲ့ လကို ပေါင်းစည်း နိုင်ရင်၊ မထင်ထားတဲ့ အကျိုး ကျေးဇူးတွေ ရရှိ လာ လိမ့်မယ်၊ လောလော ဆယ်တော့ ... ”
“ ... ပေးပျော် လိုက်ပါ၊ မင်းကို သတ်ဖို့ သုံးကြိမ် တိတိ ပျက်ကွက်ပြီး တဲ့နောက်၊ သူ့မှာ အခွင့် အရေး မရှိတော့ ပါဘူး။ ”
နတ်ဆိုး ဝိညာဉ်က ယုဟိုရှင်း၏ ယုံကြည်ချက်အား မြှင့်တင် ပေးလိုက်သည်။ ပယင်း နယ်မြေ၌ နှစ်ကြိမ်နှင့် ကောင်းကင် လမ်း၌ တစ်ကြိမ် ရှုံးနိမ့် ခဲ့သော်လည်း၊ ဆက်ခံ သူမှာ၊ ပို၍ သန်မာ လာခဲ့သည်။
ထိုအကြောင်းကို တွေးမိ လာသဖြင့်၊ ယုဟိုရှင်း သည်လည်း၊ မျက်လုံးများ တောက်ပ လာ၏။
လက်ရှိ အချိန်၌ ပထမ တန်းစား ပါရမီရှင် (၇)ပါး ကိုပင်၊ ရူးသွပ်စေ နိုင်သော၊ ရတနာများ ရရှိ ထားသည်။
“ ရေခဲ အလှ တရား၊ မင်းကို နဂါး နန်းတော် မပေါ်ခင် တွေ့ရ တာ၊ တိုက်ဆိုင် မှုလို့ သတ်မှတ် ရမလား။ ”
လောချန်က ပြုံးကာ နှုတ်ဆက်သည်။ ဖေးရွယ်မှာ ဤနေရာသို့ ရှေးမစွ တည်းကပင်၊ ရောက်ရှိ နေပြီး၊ ယခု မှသာ ထွက်ပေါ် လာခြင်း ဖြစ်သည်ဟု၊ သူ ထင်၏။
ထို့ပြင် သူမ တည်ရှိ မှုကြောင့်၊ ဖုန်းရွှမ်းယီ အဖွဲ့အား လင်းယွန်နှင့် ဝေးရာသို့ ဆုတ်ခွာသွား စေခဲ့သည်။
ခရမ်းရောင် အဝတ် အစား များကို သပ်ရပ်အောင် ပြင်ယူပြီး၊ ဖေးရွယ်က ညို့အား ပြင်းစွာ ပြုံးပြ လာ၏။
“ ဘယ်လို ထင်လို့လဲ ... ။ ”
ထိုဆွဲငင် အားကြောင့်၊ လောချန်က ချက်ချင်း မျက်နှာ လွှဲကာ၊ အပြုံးဖြင့် ငြိမ်သက် သွားတော့သည်။
“ တကယ်ပဲ ... ငါ အံ့သြ မိတယ်၊ သူ့ကို စတွေ့ တုန်းက၊ ဒီလောက် မသန်မာ သေးဘူး၊ ရိုးရိုး သားသား ပြောရရင်၊ အဲဒီ အချိန် တုန်းက၊ ... ”
“ ... ငါ သူ့ အကြောင်းကို၊ နည်းနည်း လောက် သိချင် ရုံပါ၊ အခုလို မြန်မြန် ဆန်ဆန် သန်မာ လာတာကို မြင်တော့၊ မယုံ ချင်ဘူး၊ ဖုန်းရွှမ်းယီ လက်မှာ ဒုက္ခ ရောက်နေတယ် လို့တောင် ကြားမိ သေးတယ်။ ”
ဖေးရွယ်က လင်းယွန်နှင့် ပတ်သတ်သော၊ သူ့အတွေး များကို ဝှက်ထားခြင်း မရှိ တော့ချေ။ ထိုစကားကြောင့် လောချန်မှာ၊ ခေါင်းညိတ် လိုက်ပြီး၊
“ တကယ်ပဲ ... ၊ မတော် တဆမှုတွေ မရှိခဲ့ရင်၊ ကောင်းကင်လမ်း အဆုံးမှာ၊ သူက လူတိုင်းကို အံ့အားသင့် စေပါ လိမ့်မယ်။ ”
“ အိုး ... အဲဒီလောက် တောင်လား။ ”
လောချန်၏ အကဲ ဖြတ်ချက်ကြောင့် ဖေးရွယ် ခမျာ အံ့သြ သွားသည်။ နောက်ဆုံး တိုက်ပွဲ၌ လောချန် ကဲ့သို့သော၊ အခြား ဒေသ များမှ၊ ထိပ်တန်း ပါရမီ ရှင်များ ပါဝင် လာနိုင် ပေ၏။
၎င်းတို့ မည်မျှ ကြောက်စရာ ကောင်း သည်ကို လောချန်ရော၊ သူမပါ သိသည်။ အထူး သဖြင့် စစ်မက် နယ်မြေ (၁၀)ခု ပါဝင် လာသော ကြောင့်၊ သူတို့ အတွက် လွယ်ကူ နိုင်မည် မဟုတ်ချေ။
စစ်မက် နယ်မြေ များ၏ အခြေခံ အုတ်မြစ်မှာ၊ ခွန်လွန်ဘုံ ကိုပင် ယှဉ် နိုင်၏။ လင်းယွန် အတွက်၊ နည်းလမ်း မရှိ နိုင်ချေ။
“ အခု အချိန်မှာ၊ သူက ငယ်ပါ သေးတယ်၊ ဒါပေမယ့် ဒီလို လုပ်နိုင်တဲ့ အလား အလာတွေ သူ့မှာ ရှိတယ် ။ ”
ဖေးရွယ် အတွေး များကို ကြားလိုက် ရသကဲ့သို့၊ လောချန်မှ ဆက်၍ ဆိုလာသည်။ စကားဆုံး သည်နှင့်၊ လေထု အတွင်း လှိုင်းတစ်ခု ပျံ့နှံ့ လာ၏။
ကြယ်ရောင်များ မှိန်ပျော့ သွားပြီး၊ ကွဲလွဲ နေသော အာကာပြင်ကို ရှင်းလင်းစွာ မြင်လာ ရသည်။
“ အချိန် ကျ ပြီ ... ။ ”
နဂါး နန်းတော် အတွက် အချိန် ကြာမြင့်စွာ၊ စောင့်ဆိုင်း နေခဲ့ရသော လောချန် တစ်ယောက် မတည်ငြိမ် နိုင်တော့ချေ။
ထိုအချိန်တွင် လူတိုင်းက၊ ရှေ့သို့ တိုးလာ ကုန်၏။ သို့သော် လေဟာနယ် အက်ကွဲကြောင်း အတွင်း၊ ဝင်ရောက် ရန်မှာ မဝံ့ သေးချေ။
“ အား ... ။ ”
ရဲရင့်စွာ လှုပ်ရှား လိုက်သော လူ အချို့မှာ၊ အကာ အကွယ်၏ အပိုင်းပိုင်း ဖြတ်ခြင်း ခံလိုက် ရသည်။ ချက်ချင်းပင် အော်ဟစ် သံများ ငရဲပွက် လာ၏။
အပိုင်းပိုင်း ပြတ်ကုန်သော ကိုယ်လက် အင်္ဂါများကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် မျက်လုံး ပြူး သွားသည်။
ဤလူ များမှာ အန္တရာယ်ကို လျှော့တွက် ထားပုံ ရ၏။ ယခုချိန် အက်ကွဲကြောင်း အတွင်း ဝင်လိုက် ပါက၊ ယုဟိုရှင်းနှင့် ဖုန်းရွှမ်းယီမှာ သူ့အား တိုက်ခိုက် နိုင်ခြေ မြင့်မားသည်။
သူတို့ ငါးယောက် လုံးအား၊ တပြိုင် နက်တည်း ရင်ဆိုင် ရသော်၊ ဆိုးနိုင် ချေ၏။ ဤစုဖွဲ့ မှုမှာ လူတိုင်းကို တုန်လှုပ် စေသည့် အင်အားစု တစ်ရပ် ဖြစ်သည်။
လောချန် အဖွဲ့နှင့် ဆက်ဆံရေး တစ်ခုကို၊ တည်ဆောက် ထားသော်လည်း ကူညီရန် အထိ၊ ခိုင်မာခြင်း မရှိ သေးချေ။
ဖေးရွယ် အတွက်မူ၊ ရန်သူ- မိတ်ဆွေ၊ မခွဲခြားနိုင် သေးချေ။ ထို့ကြောင့် နဂါး လေးနှင့်၊ ပန်းသင်္ချိုင်း ဓားသည်သာ၊ အားကိုး စရာ ရှိသည်။
“ အဆင် ပြေ ပါတယ်။ ”
အသက် ပြင်းပြင်း ရှူလျက်၊ ရှေ့ လှမ်း တက်လိုက်၏။ ဓားနှင့် နဂါး လေးသာ ရှိပါက၊ သူ မသွား ဝံ့သော အရပ် ဟူ၍ မရှိချေ။
“ ဝှစ် ... ။ ”
ထို့အပြင် ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ မြင့်သော ပညာရပ် များ လိုချင်၏။ သည့်နောက် အလင်းတန်း တစ်စ ကဲ့သို့၊ ပျံသန်း လိုက်သည်။
အတား အဆီးကို ကျော်ဖြတ်ကာ၊ အက်ကွဲကြောင်း အတွင်း ဝင်ရောက် ပြီးနောက်၊ ပတ်ဝန်းကျင်အား ဝေ့ကြည့် မိသည်။ လက်ရှိ အင်အားဖြင့်၊ သတိ ထားရမည် ဖြစ်၏။
ရင်ပြင်ကြီး ပေါ်ရှိ၊ ရူရ် များဖြင့် ရေးဆွဲ ထားသော၊ ပန်ချီကား တစ်ချပ်က အသက်မဲ့ နေသည်။ သူ့ ဝန်းကျင်တွင် ခမ်းနားသော အဆောက် အအုံ များစွာ ရှိ၏။
ဤနယ်မြေကို အုပ်မိုး ထားသော ကောင်းကင် ကြီး၌၊ လျှပ်စီး မုန်တိုင်း များနှင့် ပြည့်နှက် နေသည်။
ထိုလျှပ်စီး များကြောင့်၊ လူတိုင်း စိတ် မသက် မသာ ဖြစ်နေ ကြစဉ်၊ ကောင်းကင်တွင် အပေါက်ကြီး နှစ်ပေါက် ဖြစ်ပေါ် လာပြီး၊ ကြယ် နှစ်စင်း ထွက်ပေါ် လာ၏။
ထို့နောက် အဆိုပါ ကြယ်များ ထံမှ၊ အသက်ရှူရ ခက်စေသော ဖိအားများ အလင်း အသွင်၊ ကျဆင်း လာသည်။
“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”
ဤအဖြစ် အပျက်ကြောင့်၊ လူ အချို့မှာ ကြောက်ရွံ့ လာသည်။ လင်းယွန် ကမူ ထိုသို့ မခံ စားရချေ။
သည်ကြယ် နှစ်လုံးမှာ၊ နဂါး မျက်လုံး များသာ ဖြစ်ကြောင်း သူ သိ၏။ များ မကြာခင် လူတိုင်း အပေါ်၊ ငုံ့ကြည့် လာသည့် ဦးခေါင်းကြီး တစ်လုံး၊ ကောင်းကင်၌ ထွက်ပေါ် လာတော့ သည်။
***