← Chapters

ဒီစင်မြင့်ကို ငါယူမယ်။

Vol. 71 Ch. 983

ဒီစင်မြင့်ကို ငါယူမယ်။

Vol. 71 Ch. 983

နဂါး ဦးခေါင်း ထွက်လာ သည်နှင့်၊ သူ့မျက်ဝန်း တစ်စုံအား မည်သူမျှ ပြန်လှန် မကြည့်ရဲ တော့ချေ။ လောချန်နှင့် ကျန်သူ များပင် မျက်မှောင် ကြုတ်ထား ကြ၏။

နန်းတော်မှာ သူတို့၏ စိတ်ကူး များနှင့် မတူချေ။ ဤနေရာ၌ သူတို့ ဝင်ရောက် နိုင်သော ခန်းဆောင် တစ်ခု သို့မဟုတ်၊ ရှေးဟောင်း ယဇ်ပလ္လင် တစ်ခု ရှိသင့်သည်။

ယင်းအစား သူတို့အား အသက်ရှူ ကြပ်စေသည့်၊ နဂါး ဦးခေါင်းကြီး ထွက်ပေါ် လာ၏။

၎င်းမှာ သက်ရှိ မျက်လုံးများ ကဲ့သို့ မဟုတ်ဘဲ၊ ထူးဆန်းသော ရှေးဟောင်း ပစ္စည်း တစ်ခုနှင့် ပို၍ တူသည်။

ရုတ်တရက် ထိုမျက်ဝန်း များက၊ မီးများ တောက်လောင် လာပြီး၊ ခန္ဓာကိုယ် အနှံ့ လျှပ်စီး ကြောင်းများ ပျံ့နှံ့ လာသည်။

“ ဗျစ် ... ။ ”

ထို့နောက် အထွတ် အထိပ် တတိယ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးကို၊ လောင်ကျွမ်း ပစ်လိုက် တော့၏။

၎င်းသေဆုံး ပြီးနောက်၊ အလောင်း ထဲမှ အနက်ရောင် အငွေ့များ ထွက်လာပြီး၊ သက်ရှိ သကဲ့သို့ ထွက်ပြေးရန် ကြိုးပမ်း ခဲ့သော်လည်း၊ လျှပ်စီး များက ဖျက်ဆီး ပစ်လိုက်သည်။

“ အဲဒါ ဘာလဲ ... ။ ”

“ အပျက် အစီးတွေ ထဲမှာ၊ နတ်ဆိုးတွေ ပုန်းအောင်း နေတာလား။ …”

လူအများ စုက ထိုမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေး ကုန်ကြသည်။ လင်းယွန် သည်ပင် အတွေးများ သွား၏ ။

တစ်ဖက်တွင် ယုဟိုရှင်း တစ်ယောက် ထိတ်လန့် သွား သကဲ့သို့၊ ခန္ဓာကိုယ် အတွင်းမှ နတ်ဆိုး ဝိညာဉ် သည်လည်း၊ တိတ်ကျ သွားသည်။

ထို့နောက် နတ်ဆိုး ဝိညာဉ်ကို အာရုံ မခံမိ စေရန်၊ ဘုန်းလမင်း ဝိညာဉ်၏ ရောင်ဝါအား ထုတ်ဖော် လိုက်ရသည်။

ငြိမ်သက် သွားသော လူအုပ်ထံ၊ နဂါး ဦးခေါင်း ကြီးက စေ့စေ့ စပ်စပ် လှည့်ပတ်ကြည့် ပြီးနောက်၊ ပြန်လည် ပျောက်ကွယ် သွား၏။

လူတိုင်း သက်ပြင်းချ လိုက်စဉ်၊ ကျယ်လောင်သော နဂါး ဟောက်သံ နှင့်အတူ၊ ရင်ပြင် ပေါ်ရှိ ရူရ်များ စတင် အသက်ဝင် လာသည်။

၎င်းအသက် ဝင်လာ သည်နှင့်၊ အကြေးခွံများ သဖွယ်၊ သတ္ထု အပိုင်း အစများ ကောင်းကင်မှ တဖွဲဖွဲ ရွာကျ လာ၏။

“ နဂါး အကြေး ခွံတွေ ... ။ ”

“ မိုးပြာ နဂါး အကြေးခွံ တွေ ... ။ ”

ထိုအပိုင်း အစ များက၊ ခမ်းနား ထည်ဝါသော ရောင်ဝါများ ထုတ်လွှတ် နေသည့်၊ စင်မြင့်များ အသွင်၊ ပေါင်းစပ် လာသည်။

ရာနှင့် ချီသော စင်မြင့် များကို ကြည့်ပြီး၊ လူတိုင်း တိတ်ဆိတ် ကုန်၏။ ထိုစင်မြင့် များနှင့် ပတ်သက်၍ ကွဲပြားမှု များ ရှိချေပြီ။

အများ စုမှာ ချက်ချင်း အပြီးသတ် နိုင်သော်လည်း၊ အချို့သော စင်မြင့်များ မှာမူ၊ ပုံရိပ်ရောင် အဆင့်သာ ရှိနေ သေးသည်။

၎င်းစင်မြင့် များကို အချိန်ယူ ဖွဲ့စည်း နေပုံ ရပြီး၊ တောက်ပသော ရွှေရောင် ရူရ်များ များဖြင့် ခံ့ညား လာစေသည်။

မြင်ရုံ ဖြင့်ပင် ထိုစင်မြင့်များ ထူးခြား ကြောင်း၊ မည်သူ မဆို ပြောနိုင်သည်။ ကြည့်နေ စဉ် မှာပင် မိုးကုပ် စက်ဝိုင်း ထံမှ၊ လျှပ်စီးများ လက်လာပြီး၊ အပြီးသတ် ဖွဲ့တည် ထားသော စင်မြင့်များ ပေါ်သို့၊ ကျရောက် သွားသည်။

“ နဂါး လက်သည်း။ ”

နဂါး လက်သည်းအား၊ အသုံးပြု ဖူးသဖြင့်၊ လျှပ်စီး များ၏ သဘော သဘာဝကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် ချက်ချင်း ခန့်မှန်းနိုင် မိသည်။

ဤသို့ ဆိုပါက ဖွဲစည်း နေဆဲ ဖြစ်သော ရွှေရောင် စင်မြင့်ကြီး များမှာ၊ ဦးချို၊ မျက်လုံး၊ အမြီးနှင့် နှလုံးသား တို့ကို၊ ကိုယ်စား ပြုနိုင် ပေမည်။

“ ငါ သိပြီ ... ။ ”

ဤအရာ များမှာ၊ နဂါး နန်းတော်၏ အမွေခံ စင်မြင့်များ ဖြစ်ကြောင်း၊ သူ သဘောပေါက် လာသည်။

စင့်မြင့် များပေါ် မူတည်ကာ၊ တန်ဖိုး ကွာခြား နိုင်၏။ အကြေးခွံ များအား ကိုယ်စား ပြုသော စင်မြင့်ပေါင်း ရာဂဏန်းခန့် ရှိသည်။

လက်သည်း အတွက်၊ လျှပ်စီးများ ဖုံးလွှမ်း နေသည့် စင်မြင့် (၄)ခုနှင့်၊ ဦးချို၊ မျက်လုံး၊ အမြီး၊ နှလုံး တို့ကို၊ ကိုယ်စား ပြုသော ရွှေရောင် စင်မြင့်ကြီး၊ (၄)ခု ရှိသည်။

ဤစင်မြင့် လေးခုမှာ၊ နဂါး နန်းတော်၌ အကောင်း ဆုံးသော အမွေများ ဖြစ်ချေ၏။ ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်သော ပညာ ရပ်များ ရှိခဲ့ ပါက၊ ၎င်းစင်မြင့် လေးခု တွင်သာ၊ ရှိပေမည်။

“ ဝှစ် ... ။ ”

လူတိုင်း စိတ်လှုပ်ရှား လာပြီး၊ စင်မြင့် များပေါ် ပျံသန်း တက်ရောက် လိုက်ကြသည်။ သို့သော် မမြင် နိုင်သော အတား အဆီး တစ်ခုမှ သူတို့အား ပြန်လည် တွန်းထုတ် ခဲ့သည်။

“ ဟိတ် ... ။ ”

ထို့ကြောင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို ထုတ်ဖော်ကာ၊ အတား အဆီးအား ချိုးဖြတ် ကြ သော်လည်း၊ ရလဒ်ကို မပြောင်း နိုင်ခဲ့ချေ။ ယင်း အစား ဒဏ်ရာ များသာ ရရှိ ကုန်ကြသည်။

ထိုမြင်ကွင်းကို လျစ်လျူရှုလျက်၊ လင်းယွန်က ရွှေရောင် စင်မြင့်ကြီး များကို ကြည့်လိုက်သည်။

ဦးချို၊ နှလုံး၊ အမြီးနှင့် မျက်လုံး များမှာ၊ မည်သည့် အရာအား ကိုယ်စားပြု နိုင်မည်ကို တွေးတော နေမိသည်။

အကြေးခွံ များမှာ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ ကိုသာ ကိုယ်စား ပြုသည့်၊ အတွက်၊ ထည့်သွင်း စဉ်းစားရန် မလိုအပ်ချေ။

သို့သော် လူတိုင်းမှာ လင်းယွန် မဟုတ် သဖြင့်၊ အလု အယက် ပြေးတက် နေကြဆဲ ဖြစ်သည်။

နောက်ဆုံးတွင် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ဟူသည်၊ ကောင်းကင်လမ်း ၌သာ တွေ့ရှိ နိုင်သော ရှားပါး ရတနာများ ဖြစ်သည်။

နဂါး ခြေသည်းများ ဖြစ်သည့်၊ လျှပ်စီး စင်မြင့် (၄)ခုမှ၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို ရရှိ နိုင်မည်။

သို့သော် ၎င်းသည် စွမ်းအင် ကျင့်ကြံမှု နည်းစနစ် သို့မဟုတ်၊ လှုပ်ရှားမှု နည်းစနစ် မဟုတ် မည်မှာ သေချာ၏။

အကောင်း ဆုံးသော နည်းစနစ် သည်ပင်၊ နေနတ် ဘုရား လက်သီးကို ယှဉ်နိုင်ရုံ မျှသာ ရှိပေမည်။

ဦးချိုများ မှာမူ နဂါး တစ်ကောင်၏ လက်နက် ဖြစ်သောကြောင့်၊ သူ့ အတွက် အကောင်းဆုံး ဖြစ်နိုင်သည်။

၎င်းမှ ဓားရေး တစ်ရပ်ပင် ရရှိ နိုင်၏။ မျက်လုံး များမှာ ‘နတ်ဘုရား ပုံရိပ်ယောင် ဓား’ ကဲ့သို့သော၊ လျှို့ဝှက် နည်းစနစ် တစ်ရပ်ကို၊ ကိုယ်စား ပြု နိုင်သည်။

အမြီး အတွက်မူ၊ ရွေ့လျားမှု နည်းစနစ် တစ်ရပ် ဖြစ်နိုင်၏။ နောက်ဆုံးသော နှလုံးမှာ၊ ကျင့်ကြံမှု နည်းစနစ် သို့မဟုတ်၊ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်အား၊ ပေးအပ် လိမ့်မည်ဟု ထင်သည်။

အမြီးမှ လွဲ၍ သုံးမျိုး လုံးမှာ၊ ဆွဲဆောင်မှု ရှိသော စင်မြင့်များ ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် အကြပ် ရိုက် သွားသည်။

အခြားသော ပါရမီရှင်များ သည်လည်း၊ အလားတူ သုံးသပ် နေ၏။ မည်သူမျှ မိုက်မိုက် မဲမဲ အလျင် စလို ရွေးချယ် ဝံ့မည် မဟုတ်ချေ။

“ နှလုံးသား ဖြစ်ဖြစ်၊ ဦးချို ဖြစ်ဖြစ် ရွေးရမှာပဲ ။ ”

လင်းယွန်က ဆုံးဖြတ်ချက် ချလိုက်သည်။ ဓားရေး တစ်ရပ်ကို အလွန် အမင်း လိုအပ်နေ သောကြောင့်၊ ဦးချိုမှာ သဘာဝ အတိုင်း အကောင်းဆုံး ဖြစ်သည်။

သို့သော် နှလုံး သည်လည်း အဆင် ပြေ၏။ ကျင့်ကြံမှု နည်းစနစ်မှာ၊ လူ တစ်ဦး အတွက် အခြေခံ အုတ်မြစ် ဖြစ်သည်။

သေချာ သည်မှာ မည်သည့် အရာကို ရွေးသည် ဖြစ်စေ၊ ခက်ခက် ခဲခဲ ယှဉ်ပြိုင်ရ ပေမည်။

“ နဂါး နန်းတော်က၊ နှစ်တစ်ထောင်မှာ တစ်ကြိမ်သာ ပေါ်တက်တဲ့ အမွေခံ နယ်မြေပဲ၊ ဒါ အခွင့် အရေး တစ်ခုပါ။ ”

ရုတ်တရက် စင်မြင့် များ၌၊ ခရမ်းရောင် မြူများ ရစ်သိုင်း လာပြီး၊ အိုမင်း နေသော အသံ တစ်သံ လေထု အတွင်း ပဲ့တင် ထပ်လာသည်။

ထို့နောက် စင်မြင့်များ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ အလင်း အကာ အကွယ် ဖွင့်ချ လိုက် သကဲ့သို့၊ တောက်ပါ သွား၏။

ယင်း အချိန်၌ လူတိုင်း စင်မြင့် အတွက်၊ တိုက်ပွဲဝင် လာတော့သည်။ စင်မြင့် တစ်စီ၌၊ အနည်းဆုံး လူ (၁၀) ယောက်မျှ ဆင်းသက် လာ၏။

လောချန်၊ မူရှို့ဟန်၊ ဖုန်းရွှမ်းယီနှင့် ကျန်သူ (၄) ယောက်က၊ တစ်ယောက်ကို တစ်ယောက် လှည့်ကြည့် လိုက် ကြသည်။

စင်မြင့်များ အတွက်၊ သူတို့ အချင်းချင်း တိုက်ပွဲဝင် သွားရ မည်မှာ သေချာ နေပေ၏။

“ သွား ရ အောင် ။ ”

လောချန်က ဦးချိုကို ကိုယ်စား ပြုသော စင်မြင့် ထံသို့ ပျံသန်း လိုက်သည်။ သူနှင့် အတူ မူရှို့ဟန် သည်လည်း၊ လိုက်ပါ လာ၏။

စင်မြင့်ပေါ် ရောက်သည်နှင့်၊ ချက်ချင်း တိုက်ခိုက် လိုက်ကြ တော့သည်။ ခဏ အကြာ တွင် လောချန်မှ ပြုံးလျက်၊ မူရှို့ဟန်ကို၊

“ မင်း ရှုံး သွားပြီ။ ”

-ဟု ဆိုလိုက် တော့သည်။

“ ဝှစ် ... ။ ”

တစ်ချိန်တည်း မှာပင်၊ မျက်လုံး များကို ကိုယ်စား ပြုသည့် စင်မြင့် ပေါ်သို့၊ ဖေးရွယ်က ဆင်းသက် လိုက်သည်။

ယင်းက ဖုန်းရွှမ်းယီနှင့် ကျန်သူ များကို မျက်နှာများ ပြောင်းလဲ သွားစေ၏။ ထို့စဉ် မှာပင် ယုဟိုရှင်း တစ်ယောက် အမြီး ပေါ်သို့၊ တိတ်ဆိတ်စွာ ဆင်းသက် လာသည်။

အမြီးမှာ ထူးခြား ကောင်း ထူးခြား နိုင်သော်လည်း၊ အခြား စင်မြင့် (၃)ခု ကဲ့သို့ လူကြိုက် မများချေ။

မူရှို့ဟန်မှာ ရှုံးနိမ့် သွားပြီးနောက်၊ နှလုံး ထံသို့ ပြတ်သားစွာ ဦးတည် လိုက်သည်။ နှလုံး သည်လည်း မဆိုး လှချေ။

သို့သော် စင်မြင့်ပေါ် ဆင်းသက် တော့မည့် အချိန်တွင်၊ စူးရှသော အလင်းများ လေထဲ ပျံ့နှံ့ လာပြီး၊ စင်မြင့် တစ်ခုလုံး ယိမ်းထိုး တော့၏။

ထိုအလင်း ရောင်ကြောင့်၊ လောချန် အပါအဝင် လူတိုင်း လှည့်ကြည့် လာသည်။

အပြာရောင် ဝတ်ရုံဖြင့်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော လူငယ် တစ်ဦး၊ စင်မြင့် ပေါ်၌ ရပ်နေနှင့် ပေပြီ။

ထိုလူငယ်က လွှမ်းမိုး နိုင်စွမ်း အပြည့်ဖြင့်၊ မူရှို့ဟန်ထံ ငုံ့ကြည့်ပြီး၊

“ ဒီစင်မြင့်ကို ငါ ယူလိုက်ပြီ။ ”

-ဟု တည်ငြိမ်စွာ ဆိုလာ တော့၏။

***

All Chapters