သူတော်စင် အဆင့် ကျင့်ကြံမှု နည်းစနစ်။
Vol. 71 Ch. 984
အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်း ကြားနိုင်၏။ မူရှို့ဟန်ကို မောင်းထုတ် နေမှန်း၊ နားလည် လေသည်။
ထို့ကြောင့် လူအုပ်ကြီးမှာ၊ ချက်ချင်း တိတ်ကျ သွားသည်။ အထူး သဖြင့် ယုဟိုရှင်း ဖြစ်၏။
ဤလင်းယွန်သည် သည်းခံခြင်း ဟူသော ဝေါဟာရကို သိပုံ မရချေ။ သူ့နှုတ်မှ ထွက်သော စကားလုံး တိုင်းမှာ၊ အမြဲ မောက်မာ၏။
တစ်ဖက်တွင် မူရှို့ဟန်ကို အသုံး ချကာ၊ ခွန်အားကို မြင်ရ တော့မည် ဖြစ်သဖြင့်၊ ဝမ်းသာ မိသည်။ သတ်ပစ် နိုင်ပါက ပိုကောင်း ချေ၏။
မည်သူမှ သတ်- သတ်၊ လင်းယွန် သေဆုံး ရန်သာ အဓိက ဖြစ်သည်။
“ လင်းယွန် ... ၊ မင်း လွန်မလာနဲ့ ... ။ ”
ရွေးချယ် စရာမှာ၊ ဤစင်မြင့်သာ ရှိတော့ သဖြင့်၊ ဖုန်းရွှမ်းယီ၊ ကျောက်ချင်နှင့် ချမ်းဟောင် တို့က၊ စင်မြင့်ပေါ် ဆင်းသက် လာကြသည်။
မူရှို့ဟန် အကြည့် များမှာ၊ မီးထွက် မတက် နီရဲ နေ၏။ ဤလေသံဖြင့် လောချန်ပင် သူ့အား မဆို ရဲချေ။
အောက်တန်း နယ်မြေမှ လူ တစ်ယောက်သည် သူ့အား ယှဉ်ပြိုင် လို သည်မှာ၊ လက်မခံ နိုင်စရာ ပေပင်။
“ လင်းယွန်၊ မင်း ထွက်သွားတာ ပိုကောင်းမယ်၊ မဟုတ်ရင် အကျိုးဆက်ကို ခံယူ နိုင်မှာ မဟုတ်ဘူး။ ”
ဖုန်းရွှမ်းယီက သတ်ဖြတ် လိုသော ရည်ရွယ်ချက်နှင့် ဆိုသည်။ သူတို့ (၄) ဦးအား ရင်ဆိုင်ရန်၊ ကြိုးစား နေသည့် လင်းယွန် အပေါ်၊ နားမလည် နိုင်တော့ချေ။
ဤလူ အင်အား အရ၊ လောချန် သည်ပင် နောက်ဆုတ် ပေးရ ပေမည်။ သို့သော် လင်းယွန် မှာ လောချန် မဟုတ်ချေ။ သူက သူသည်သာ ဖြစ်သည်။
လောချန်၊ ချင်လင်း၊ ကျွင့်မုန်ချန်နှင့် ဖေးရွယ်တို့ (၄)ဦးမှာ၊ အံ့အားသင့် ကုန်ကြ သည်။
လင်းယွန် တစ်ယောက် အဘယ့်ကြောင့် ဤမျှ ရဲရင့် နေသည်ကို နားမလည် နိုင်တော့ ချေ။ သူတစ်ဦး တည်းနှင့် ထိုလေးဦးကို ရင်ဆိုင် ချင်သည်လော။ မဖြစ် နိုင်။
တစ်ဖက်တွင် လူမြင်ကွင်း၌ ဤ(၄)ဦး လက်တွဲ လာလိမ့် မည်ဟု၊ မမျှော်လင့် ထား သော်လည်း၊ လင်းယွန်မှာ စိတ် လှုပ်ရှားခြင်း မရှိချေ။
နှလုံး စင်မြင့်ကို ရယူရန် ဆုံးဖြတ် ထားပြီး ဖြစ် သောကြောင့်၊ သူ့အား ဟန့်တား လာမည့် မည်သူ့ကို မဆို၊ သတ်လိုက် ရုံသာ ရှိပေမည်။
“ ဒီစင်မြင့်ကို ... ၊ ငါ ယူ လိုက်ပြီလို့၊ ပြောနေတာ မကြား ဖူးလား၊ ထွက်သွားကြ ... ။ ”
ဤတစ်ကြိမ်တွင် သတ်ဖြတ် လိုသော ဆန္ဒကို၊ စကား အတွင်း ပေါင်းစပ် ထားခဲ့သည်။ ထို့ကြောင့် သူ့ အသံမှာ၊ ငြိမ်သက် နေသော ပတ်ဝန်း ကျင်တွင် ပဲ့တင်ထပ် သွား၏။
“ ငါ ပြောတယ် မဟုတ်လား၊ ဒီကောင့်ကို ငဲ့ညာ မနေပါနဲ့၊ လင်းယွန် ဒီနေ့ ငါတို့ရဲ့ ရန်ငြိုး တွေကို၊ ဖြေရှင်း ကြရအောင်။ ”
ထို့နောက် ဖုန်းရွှမ်းယီ၊ ကျောက်ချင်နှင့် ချမ်းဟောင် တို့က တိုက်ခိုက်ရန် အတွက်၊ အရှိန် အဝါ များကို ထုတ်လွှတ် လိုက်ကြသည်။
သူတို့ သုံးဦး လုံးသည် ကောင်းကင် ကြေးမှုံတွင် အမည် ရှိနေပြီး သူများ ဖြစ်၏။ ကောင်းကင်လမ်း အဆုံး၌ စောင့်ကြို နေသော၊ တိုက်ပွဲအား ယှဉ်ပြိုင် နိုင်သော အရည် အချင်းမျိုး ပိုင်ဆိုင် ထားချေပြီ။
ထို့ကြောင့် သူတို့ ရောင်ဝါ ဖြင့်ပင်၊ ရင်ပြင် တစ်ခုလုံး တုန်ခါ လာ၏။ ၎င်းကို တွန်းလှန်ရန် လူတိုင်း ခက်ခဲ ကုန်သည်။
“ ညောင် ... ။ ”
ထိုစဉ် မှာပင် လေဟာနယ်ကို ခွဲလျက်၊ ကြောင် တစ်ကောင် ရုတ်တရက် ထွက်ပေါ် လာပြီး၊ လင်းယွန် ပခုံးပေါ် ဆင်းသက် လိုက်သည်။
“ ဖပ် ... ။ ”
သည့်နောက် ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ကို ထုတ်ယူပြီး၊ လင်းယွန်ရှေ့ ချက်ချင်း ခုန်ဆင်း လာ၏။
၎င်းထံမှ ရှေးဟောင်း နဂါး မျောက်ဝံကြီး တစ်ကောင်၊ အော်ငေါက် နေသကဲ့သို့၊ ဝိုးတဝါး အသံများ ကြားလာ ရပြီး၊ ကြက်သွေးရောင် အရှိန် အဝါများ လွှမ်းခြုံ လာသည်။
တစ်ချိန် တည်းမှာပင် လေထု အလယ်၌၊ ကြီးမားသော နဂါး မျောက်ဝံကြီး တစ်ကောင် ထွက်ပေါ် လာ၏။
“ ညောင် ... ။ ”
၎င်းထွက်ပေါ် လာ သည်နှင့်၊ ကောင်းကင် နတ်မိစ္ဆာ တုတ်ကို မြောက်ကာ၊ ဖုန်းရွှမ်းယီထံ ရိုက်ချ လိုက်သည်။
“ ဝေါ့ ... ။ ”
လျင်မြန်လွန်း အဟုန်ကြောင့်၊ ဖုန်းရွှမ်းယီ တစ်ယောက် အရိုက်ခံ လိုက်ရပြီး၊ လွင့်စဉ်လျက် သွေးအန် သွားသည်။
“ တကယ့် အမှိုက်ပဲ၊ ဒီရက်ပိုင်း အတွင်း၊ ဘာမှ တိုးတက် လာပုံ မရဘူး။ ”
လင်းယွန်က လှောင်ပြောင် လိုက်သည်။ ကြောင် တစ်ကောင်သည် ဤမျှ အစွမ်းထက် နေလိမ့် မည်ဟု မမျှော်လင့် ထားချေ။
ထို့ကြောင့် ချမ်းဟောင်နှင့် ကျောက်ချင်မှာ၊ ပေါ့ပေါ့ ဆဆ ဝင်ရောက် ဝံ့ခြင်း မရှိ တော့ဘဲ၊ မျက်မှောင်ကြုတ် လိုက် မိသည်။
“ မင်း သေချင် နေတာပဲ။ ”
ဖုန်းရွှမ်းယီက နှုတ်မှ သွေးများကို လက်ခုံဖြင့် သုတ်ယူ လိုက်ပြီး၊ မီး ရည်ရွယ် ချက်အား ထုတ်လွှတ်လျက်၊ အော်ငေါက် လိုက်သည်။
ယင်းကို ကြည့်ပြီး နဂါးလေးက ရယ်မော လိုက်၏။ သူ ဆိုသည်မှာ လွန်ခဲ့သော (၁၀)ရက် ခန့်မှ၊ နဂါလေး မဟုတ် တော့ချေ။
သားရဲ အမြုတေနှင့် သွေးကို သန့်စင် ပြီးနောက်၊ ယွဲ့ဝေဝေ ပေးခဲ့သော သူတော်စင် အဆင့် ကျင့်ကြံမှု နည်းစနစ်ကို၊ စိတ်ကျေနပ် စေခဲ့သည်။
ထို့ကြောင့် ကောင်းကင် နတ်မိစ္ဆာ လက်ကိုင်တုတ် အပေါ်၊ ကောင်းစွာ ထိန်းချုပ် နိုင်ပြီ ဖြစ်သည်။
“ ဝုန်း ... ။ ”
မူလ စွမ်းအင်နှင့် မီးပွားများ တဖွားဖွား ဖြစ်ပေါ် လာပြီး၊ နဂါးလေးနှင့် ဖုန်းရွှမ်းယီတို့ တိုက်ပွဲမှာ၊ တုန်လှုပ် ချောက်ချားဖွယ်၊ အဆင့်သို့ ရောက်ရှိ သွားသည်။
လက်ကိုင်တုတ် ထံမှ ထည်ဝါသော ရောင်ဝါများ ဖြာထွက် လာပြီး၊ ဖုန်းရွှမ်းယီ ခေါင်း ပေါ်သို့ ပြိုကျ လာသဖြင့်၊ ထိတ်လန့် မိသည်။
“ မိစ္ဆာ မျိုးနွယ်ရဲ့ သူတော်စင် ကျင့်ကြံမှု နည်းစနစ်။ ”
ဖေးရွယ်က နဂါးလေးကို ကြည့်ကာ၊ အံ့သြ တကြီး ရေရွတ် လိုက်သည်။
“ မိစ္ဆာ မျိုးနွယ်ရဲ့ သူတော်စင် အဆင့် ကျင့်ကြံမှု နည်းစနစ် ဟုတ်လား၊ ဒါက ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ၊ ... ”
“ ... ဒီလို သားရဲ တစ်ကောင်က၊ မိစ္ဆာ မျိုးနွယ်ရဲ့ သူတော်စင် နည်းစနစ်ကို ရနိုင် စရာ အကြောင်း မရှိဘူး။ ”
ထိုအဆင့် နည်းစနစ် မျိုးကို၊ ခွန်လွန် နယ်မြေ ၌သာ တွေ့ရှိနိုင် သောကြောင့်၊ လူများ စိတ်လှုပ်ရှား လာကုန်သည်။
ယင်းမှာ ကံကြမ္မာ ကိုယ်ခံ ပညာ အဆင့်ထက် မြင့်မား နေသဖြင့်၊ မယုံကြည် နိုင်ကြချေ။
“ ဟမ့် ... ၊ ဒါက အပြည့် အစုံ မဟုတ်နိုင် ပါဘူး … ။ ”
“ မပြည့် စုံဖူး ဆိုရင်တောင်၊ ဒီလို သားရဲ မျိုးမှာ၊ တွေ့ရတာ အံ့သြ စရာပဲ မဟုတ်လား။ ”
ဤကြောင်မှာ အလွန် ကြောက်စရာ ကောင်းလာပြီ ဖြစ်သောကြောင့်၊ လူ အများ၏ မျက်လုံးများ မှေးစင်း သွားသည်။
လင်းယွန် တစ်ယောက် သည်တိုက်ပွဲ အတွက်၊ ပြင်ဆင်လာ ခဲ့သည်မှာ၊ ထင်ရှား ခေျ၏။
“ ငါ ပြောတယ် မဟုတ်လား၊ ပိုင်ရှင် ရှိနေ ပြီလို့၊ ငါဒီမှာ ရပ်ဝံ့တဲ့ အတွက်၊ သဘာဝ အတိုင်း ယုံကြည်ချက် ရှိတယ်၊ ... ”
“ ... အခု ချိန်မှာ၊ ငါ့စိတ် အခြေ အနေက၊ ကောင်းနေတာ မဟုတ်လို့၊ ငါ့ ခွန်အားကို စမ်းဖို့ စိတ် မကူး ကြပါနဲ့ ... ။ ”
လင်းယွန်၏ အပြောင်း အလဲ မရှိသော လေသံကြောင့်၊ လူတိုင်း ကြက်သီး မွေးညင်း များ ထလာ တော့သည်။
***