← Chapters

အဆုံးမဲ့ သတ်ရန် ရည်ရွယ်ချက်။

Vol. 71 Ch. 985

အဆုံးမဲ့ သတ်ရန် ရည်ရွယ်ချက်။

Vol. 71 Ch. 985

“ မင်း စိတ် အခြေ အနေ မကောင်းဖူး ဟုတ်လား၊ ဒါက ငါနဲ့ ဘာဆိုင်လဲ၊ လောချန် တောင်မှ ငါ့ကို ဒီလို ပုံစံနဲ့ မပြော ရဲဘူး၊ ... ”

“ ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ တာလဲ၊ သားရဲ တစ်ကောင်ကို အားကိုး နေတဲ့ ပုရွက်ဆိတ် တစ်ကောင် ကများ ... ။ ”

မူရှို့ဟန်က အေးစက်စွာ ဆိုသည်။ သူ့ အမြင်၌ သူတို့ လေးယောက်ကို ရင်ဆိုင်ရန် ကြိုးစား နေသော လင်းယွန်မှာ၊ လူပြက် တစ်ယောက်သာ ဖြစ်ချေ၏။

ဤသားရဲမှာ ကိုင်တွယ်ရန်၊ အနည်းငယ် အခက် အခဲ ရှိသော်လည်း၊ သူတို့သာ အလေး အနက် ထားပါက ဆယ်ကြိမ် အတွင်း၊ အနိုင်ယူ နိုင်မည်။

“ မင်းလို ခွေးတစ်အုပ်ရဲ့ အကူအညီကို ယူတာထက် စာရင်တော့ တော်ပါ သေးတယ်၊ ဒါပေမယ့် မင်း တောင်းဆို မှတော့ မင်းဆန္ဒ အတိုင်း၊ လိုက်လျော ပေးပါမယ်။ ”

နဂါးလေး ခေါင်းကို ပုတ်ကာ၊ နောက်ဆုတ်စေ လိုက်သည်။ လင်းယွန်၌ ဤမျှ ယုံကြည်မှု ရှိနေလိမ့် မည်ဟု၊ မထင် ထားသော လူအုပ်မှာ၊ တိတ်ဆိတ် သွား၏။

မောက်မာခြင်း ဟူသော ဝေါဟာရမှာ၊ ဤလင်းယွန် ထံမှ ဆင်းသက် လာပုံ ရသည်။ ဖုန်းရွှမ်းယီက ဝမ်းသာ သွားပြီး၊ ချမ်းဟောင်နှင့် ကျောက်ချင် တို့အား၊ အတူ တိုက်ရန် အချက်ပြ လိုက်သည်။

သို့သော် မူရှို့ဟန်က လက်ဆန့်ကာ၊ သူတို့အား ဟန့်တား လာ၏။

“ သူ့ကို ငါပဲ ... ၊ တာဝန် ယူ လိုက်မယ်။ ”

စကားဆုံး သည်နှင့်၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ ပေါက်ကွဲ ထွက်လာပြီး၊ မိုးခြိမ်း သံများ ညံလာ တော့သည်။

“ အထွတ် အထိပ်၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်။ ”

ရောင်ဝါ သမုဒ္ဒရာ များ၏၊ အကန့် အသတ် မရှိသော မူလ စွမ်းအင် လှိုင်း များကြောင့်၊ ကောင်းကင် နှင့် မြေကြီး တုန်ယင် လာသည်။

“ လင်းယွန်၊ နဂါး ပြည်နယ်မှာ၊ မင်းရဲ့ ခရီးက ချောမွေ့ ခဲ့တယ်၊ ဒါကြောင့် မင်း အရမ်း မောက်မာ နေတာပဲ၊ ... ”

“ ... ကောင်းကင် လမ်းက၊ မင်း ထင်သလောက် မရိုးရှင်း ပါဘူး၊ ဒီစင်မြင့်က မင်းရှိ သင့်တဲ့ နေရာ မဟုတ်ဖူး ဆိုတာ၊ မကြာခင် သိလာ လိမ့်မယ် ။ ”

မူရှို့ဟန် တစ်ယောက် အနား မရောက်ခင် မှာပင်၊ ခရမ်းရောင် အခိုး အငွေ့ များက ဦးစွာ ရောက်ရှိ လာသည်။

ထို့နောက် ၎င်းမြူ များက၊ လင်းယွန်ကို ဖုံးအုပ်လျက် ထင်ရှားအောင် လုပ်ဆောင် ပေးခဲ့ တော့၏။

ပြိုင်ဘက် အလျင်ကို လျော့ချရန် အတွက်၊ လျှပ်စီး မြူ များအား၊ အသုံးပြု ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မြူများ စက်လုံး သဏ္ဍာန် စုဖွဲ့ပြီး၊ ပေါင်ကွဲမှုများ ဖြစ်ပေါ် လာတော့၏။

ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုဖြင့်၊ စတင် လာလိမ့် မည်ဟု၊ မထင် ထားသော လောချန်နှင့် အဖွဲ့မှာ၊ အသက်ရှူ ကြပ် သွားသည်။

ကြောက်မက်ဖွယ် ကောင်းသော၊ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်၏။ တစ်ချက် တည်းနှင့်၊ လင်းယွန်အား လက်စတုံးရန် စီစဉ် ထားပုံ ရသည်။

နဂါးသွေး ကြောင်မှ ကူညီချင် လျှင်ပင်၊ အခွင့် အရေး မရှိချေ။ စင်မြင့် တစ်ခုလုံး လျှပ်စီး လက်နေပြီး၊ မူလ စွမ်းအင် များဖြင့် ပြည့်နှက် လာသည်။

လျှပ်စီး စွမ်းအင် များမှာ၊ ရေကန်နှင့် တူ၏။ ထိုကန် ထဲ၌ ရှိနေသော မည်သည့် ငါးကို မဆို ချက်ချင်း ခြေရာခံ သတ်ပစ် နိုင်မည်။

ထိုသဘော တရားကို မြင်မိသော လောချန်နှင့် အဖွဲ့မှာ မျက်မှောင်ကြုတ် သွား၏။ လင်းယွန် အတွက် မျှော်လင့်ချက် မရှိတော့ သော်လည်း၊ ကူညီရန် စိတ်ကူး မရှိချေ။

“ ဟား ... ဟား ... ဟား ... ၊ အစ်ကိုမူ ဆိုတာက မင်းလို ငကြွား တစ်ယောက် မဟုတ် ဘူး၊ သူ့ လက်မှာ သေရတာ မင်း ဂုဏ်ယူ သင့်တယ်။ ”

ဖုန်းရွှမ်းယီက အော်ဟစ် လှောင်ပြောင် လိုက်စဉ် မှာပင်၊ လျှပ်စီး ရေကန်ကြီး အတွင်းမှ ရွှေကျီးကန်း များ ပျံတက်လာ သဖြင့်၊ ချက်ချင်း ပါးစပ်ပိတ် မိသည်။

“ ဝှစ် ... ။ ”

ထို့နောက် တောင်ပံ လူသား တစ်ယောက် ပေါ်လာကာ၊ လက်အား ဆန့်တန်း လိုက်သည်။ အံ့ဖွယ် ရွေ့လျားမှု နည်းစနစ်ဖြင့်၊ ရှောင်တိမ်း သွားသော လင်းယွန် ကြောင့်၊ မူရှို့ဟန် မျက်နှာမှာ၊ ပြောင်းလဲ သွား၏။

ဆန့်ထုတ် လာသော တောင်ပံ လူသား၏ လက်က၊ ဖုန်းရွှမ်းယီကို ရုတ်ချည်း ကောက်ကိုင် လိုက်သည်။

“ အွန့် ... ။ ”

လည်ပင်းကို လက် တစ်ဖက်ဖြင့်၊ ဆုပ်ကိုင်ခံ လိုက်ရ သောကြောင့်၊ ဖုန်းရွှမ်းယီ တစ်ယောက် ယက်ကန် ယက်ကန်နှင့်၊ လေထုထဲ မြောက်တက် သွားသည်။

ဤ လူပြက်သည် သင်ခန်းစာ တစ်ခု သင်ကြား ပေးပြီး နောက်တွင်ပင်၊ လင်းယွန် အား အကြိမ်ကြိမ် ရန်စ ခဲ့၏။

ဘေးမှ နေ၍ ခွေး တစ်ကောင် ကဲ့သို့၊ ဟောင်နေ ခြင်းကို၊ သည်းမခံ နိုင်တော့ချေ။ ထို့ကြောင့် ဦးခေါင်းအား ကျန်လက် တစ်ဖက်နှင့်၊ ဖျစ်ညှစ် လိုက်ချသည်။

ရက်စက် လွန်းသော မြင်းကွင်းက၊ ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်း အသက်မဲ့ သွားစေ၏။

ဖောင်းခနဲ မြည်သံ နှင့်အတူ၊ ဦးနှောက် အပိုင်း အစများ ပြန့်ကျဲ လာသည်။ ကောင်းကင် ကြေးမှုံ ပေါ်ရှိ လူ တစ်ယောက်မှာ၊ ဤနည်းဖြင့် အသံပင် မထွက် နိုင်တော့ဘဲ၊ လွယ်လင့် တကူ သေဆုံး သွားခဲ့၏။

ယင်းက မူရှို့ဟန် မျက်နှာကို နီရဲသွား စေသည်။ ဖုန်းရွှမ်းယီ သေဆုံးမှုမှာ၊ သူ့အား ဖြတ်ရိုက်ခြင်း မည်၏။

“ ကောင်းတယ် ... ကောင်းတယ်၊ အရမ်း ကောင်းတယ် ... လင်းယွန်၊ မင်းကိုယ်မင်း လွန် သွားပြီလို့ မထင် ဖူးလား။ ”

“ ဟုတ်လား၊ ငါ လွန်တော့ မင်း ဘာလုပ် ချင်လဲ၊ သူ့ကို စကား ပြောခွင့် ငါပေး လို့လား၊ ထပ် ပြောမယ် ဒီစင်ကို ငါသိမ်း လိုက်ပြီ။ ”

ဖုန်းရွှမ်းယီကို သတ်ပြီး တောင်မှ ကျေနပ်ပုံ မရ ဟန်ဖြင့် လင်းယွန်က ဆိုသည်။

“ မင်းက အခွင့် အရေး သမားပဲ၊ မင်းရဲ့ ကြောင်ကြောင့် သူ ဒဏ်ရာ ရထားတုန်း အလစ် တိုက်ခိုက် လိုက်တာပဲ။ ”

ချမ်းဟောင်မှ အံကြိတ်လျက် အော်ဟစ် လိုက်သည်။ သူ ဟူသည် နဂါး အဆင့် တတိယ နေရာတွင်၊ ရပ်တည် ထား နိုင်ပြီး၊ ဖုန်းရွှမ်းယီ ထက် များစွာ အားကောင်း ချေ၏။

လူ အများ၏ အမြင်တွင်၊ လောချန်နှင့် မူရှို့ဟန် တို့အား ရင်ဆိုင် နိုင်သူ၊ တစ်ဦး အဖြစ် မှတ်ယူ ထားသည်။

“ ငါက အခွင့် အရေး သမားလား၊ ဘယ်လိုများ မင်း ပြောထွက် တာလဲ၊ သူ့ကြောင့် မဟုတ်ရင်၊ နဂါးလေး ဒဏ်ရာ ရမှာလား၊ ... ”

“ ... အခု ငါ မူရှို့ဟန်နဲ့ တိုက်နေတုန်း၊ သူ ခုန်ပေါက်ပြီး ရယ်နေတယ်၊ ဒါက ငါ အမုန်းဆုံး အပြု အမူပဲ။ ”

အပြန် အလှန် ငြင်းခုန်ရန်၊ စိတ် မဝင်စား သော်လည်း၊ ဤချမ်းဟောင်မှာ စကားလုံးများ နှင့် သူ့အား လာ ကစား နေသည်။

လောချန်ကို ဤသို့ အုပ်စု ဖွဲ့ရန် သတ္တိ မရှိကြ သော်လည်း၊ သူ့ အပေါ် ပြုမူ ရဲပေသည်။ ယင်းက လက်မခံ နိုင်စရာ ဖြစ်၏။

“ မင်းကို လှောင်ပြောင် လိုက်တာ နဲ့ပဲ၊ သူ သေဖို့ ထိုက်တန် သွားပြီလား၊ ငါတို့ ခုနစ် ဦးက ပြိုင်ဆိုင် ကြပေမယ့်၊ တစ်ယောက်ကို တစ်ယောက် သေတဲ့ အထိ၊ ... ”

“ ... မတိုက် ကြဘူး၊ မင်းက ဒီအသက် အရွယ်လေးနဲ့၊ ဒီလို ရက်စက်တဲ့ စိတ်ဓာတ်မျိုး ရှိနေ မှတော့ ... ၊ မင်းကို ငါတို့ အတူ တိုက်ခိုက် ခဲ့ရင်၊ အပြစ် မတင် ပါနဲ့။ ”

“ ဟား ဟား ဟား၊ ငါက မင်းတို့လို ခွေး တစ်အုပ်ကို ကြောက်နေတယ် ထင်လား၊ လာ သုံးယောက်လုံး ဝင်လာခဲ့ ... ။ ”

အဆုံးမဲ့ သတ်ဖြတ် လိုသော၊ ရည်ရွယ်ချက် များကို၊ ချမ်းဟောင်တို့ သုံးဦးထံ ဦးတည်လျက်၊ စိန်ခေါ် လိုက် တော့သည်။

***

All Chapters