တောင်နဲ့ မြစ်ကို နှိမ်နင်း နိုင်ပေမယ့်၊ ငါ့ ကိုတော့ မရ ပါဘူး။
Vol. 71 Ch. 986
မူရှို့ဟန်တို့ သုံးဦးမှာ၊ နဂါး ပြည်နယ်၏၊ အထွတ် အထိပ် ကျွမ်းကျင် သူများ ဖြစ်သည်။ ကောင်းကင်လမ်း ၌ပင်၊ ကျော်ကြားမှု အနည်းငယ် ရှိသည်။
သို့သော် လင်းယွန်မှ အထင်သေး စွာဖြင့်၊ စိန်ခေါ် လာသည်။ ယင်းမှာ သူတို့ ဂုဏ် သတင်း အတွက်၊ စိုးရိမ်ဖွယ် ဖြစ်၏။
အခြား ပြည်နယ်မှ၊ ပါရမီရှင် များသာ ကြားပါက၊ ရယ်မော လှောင်ပြောင် လာကြ ပေမည်။
သို့သော် တစ်ဖက် လူမှာ၊ အလွယ် တကူ ဖယ်ရှား နိုင်သော၊ ပြိုင်ဘက် မဟုတ်ကြောင်း၊ ဖုန်းရွှမ်းယီမှ အသက်ဖြင့် ရင်းကာ ပြသ သွားသည်။
“ ကောင်လေး ... ၊ မင်း သေချင် နေမှတော့ ... ၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်၊ မင်းကို အနိုင် ကျင့်လို့ ငါတို့ကို အပြစ် မတင်နဲ့။ ”
မူရှို့ဟန်က ဒေါသအား ထိန်းထား သော်လည်း၊ သတ်ဖြတ် လိုသည့် ဆန္ဒများ ကိုမူ၊ သိုဝှက် ထားခြင်း မရှိ တော့ချေ။
“ ဒါကို မြန်မြန် အဆုံးသတ် ရအောင်၊ ဒီကောင်က စိတ် အနှောက် အယှက် အရမ်း ပေးတယ်။ ”
ချမ်းဟောင်မှ အေးစက်စွာ ပြောသည်။
“ မှန်တယ် စရအောင်။ ”
ကျောက်ချင် သည်လည်း၊ ပြုံးလျက် ခေါင်းညိတ် လိုက်၏။ ဤအခိုက်တွင် အရေ အတွက်အား ထည့်မတွက် နိုင်တော့ချေ။ သတ်ရန်သာ ဆန္ဒ ရှိသည်။
ချမ်းဟောင် ခန္ဓာကိုယ် အတွင်းမှ အေးစက်သော အငွေ့ အသက်များ ယိုစိမ့် လာပြီး၊ ဦးစွာ လှုပ်ရှား လိုက်သည်။
နှင်း ရည်ရွယ်ချက်နှင့်၊ အထွတ် အထိပ် စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ် ရောင်ဝါ ကို၊ ပေါင်းစပ် ထားကာ၊ လင်းယွန်ထံ လက်ဖဝါးဖြင့်၊ ရိုက်ချ လိုက်၏။
“ နှင်းလွှာ အက်ကွဲခြင်း ရှစ်မျိုး။ ”
ရှေးဟောင်း တံဆိပ် တစ်ခုနှင့် အတူ၊ လက်ဖဝါးကြီး တစ်ဖက် ကောင်းကင်မှ ဆင်းသက် လာသည်။
“ ဧကရာဇ် ကံကြမ္မာ ကိုယ်ခံ ပညာ။ ”
ရင်ပြင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်လာ၏။ ပါရမီရှင် (၇) ပါး၌၊ ထိုအဆင့် ကံကြမ္မာ ကိုယ်ခံ ပညာများ၊ ဆုပ်ကိုင် ထားသည် ဟူသော၊ ကောလ ဟာလမှာ၊ အမှန် ဖြစ်နေသည်။
ရှေးဟောင်း တံဆိပ် ထံမှ၊ အဆုံးမဲ့ အေးစက်ခြင်း များကြောင့်၊ စိတ် ဝိညာဉ်များ တဖြည်းဖြည်း အေးခဲလာ သဖြင့်၊ မူလ စွမ်းအင် များ ထုတ်ဖော်၊ ကာကွယ် လိုက်ရ သည်။
ချမ်းဟောင် တစ်ယောက်တည်း လှုပ်ရှား နေခြင်းကို၊ ကျောက်ချင်မှ ရပ်၍ ကြည့် မနေ နိုင်တော့ချေ။
“ အနက်ရောင် တောင်ပံ၊ ကျားမိစ္ဆာ လက်သီး။ ”
အနက်ရောင် မူလ စွမ်းအင် များက၊ အတောင်ပံ ပါသော ကြောက်မက်ဖွယ် ကျား မိစ္ဆာ တစ်ကောင် အဖြစ်၊ ထင်ရှား လာသည်။
လက်သီး ဆုပ်လိုက် သည်နှင့်၊ ကျားမိစ္ဆာ မျက်လုံး များမှ၊ အနက်ရောင် အခိုး အငွေ့များ တိုးထွက် လာ၏။ ၎င်းတို့၏ စွမ်းအင် လှိုင်း များကြောင့်၊ ကျင့်ကြံသူ အချို့ပင်၊ သွေးယိုစီး လာ၏။
အားနည်းသူ များမှာ၊ အသက် ဆုံးရှုံး သွားသည်။ ဧကရာဇ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ နှစ်ရပ် ထံမှ လှိုင်းများသည်၊ လူတိုင်း ခုခံ နိုင်သော အရာ မဟုတ်ချေ။
လောချန်နှင့် အဖွဲ့၊ စိတ်လှုပ်ရှား နေစဉ်၊ ခရမ်း ရွှေရောင် လျှပ်စီး များက၊ ကောင်းကင်မှ ဆင်းသက် လာသည်။
ရှေးဟောင်း အသွင် သဏ္ဍာန် တစ်ခုက၊ သရဖူ ဆောင်းလျက်၊ ရွှေရောင် ချပ်ဝတ်နှင့် အတူ၊ လေထု အတွင်း ဖြစ်တည် လာ၏။
နောက်ဆုံးတွင် မူရှို့ဟန် တစ်ယောက် တိုက်ပွဲ အတွင်း၊ ဝင်ရောက် လာပြီ ဖြစ်သည်။ သူ့ လက်ထဲရှိ တံဆိပ်တွင်၊ လျှပ်စီးများ တဖျစ်ဖျစ် မြည်နေ ခဲ့၏။
“ လျှပ်စီး မြစ်ပြင်နှင့် တောင်တန်းကြီး။ ”
ပရိသတ် အချို့မှာ၊ ၎င်းဖိအားကို မခံနိုင် သောကြောင့်၊ ကြောက်လန့် စွာဖြင့်၊ ခြေ တစ်လှမ်း ဆုတ်ကုန်သည်။
ဧကရာဇ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ သုံးခုမှာ၊ လူတိုင်း အတွက် မျှော်လင့်ချက် မဲ့စေ ၏။
“ လင်းယွန်တော့ သွား ပြီ … ။ ”
လူတိုင်းက စိုးရိမ်စွာ လင်းယွန်ထံ၊ လှမ်းကြည့် လိုက်သည်။ လောချန်ပင် ဧကရာဇ် အဆင့် ပညာရပ် သုံးခုအား မကိုင်တွယ် နိုင်ချေ။
“ သတ် ... ။ ”
ချမ်းဟောင်က ငေါက်ငမ်းလျက်၊ ဦးစွာ ရောက်ရှိ လာ၏။ ကောင်းကင် အပြည့် လက်ဝါး ကြီးက လင်းယွန်ထံ၊ ကျဆင်း သွားသည်။
လေထုကို အေးခဲ စေပြီး၊ လေဟာနယ် ကန့်သတ်ခံ လိုက်ရ သဖြင့်၊ လူတိုင်း ပင့်သက် ရှိုက် မိကုန်၏။
သို့သော် လင်းယွန်မှာ၊ မျက်နှာ ပျက်သွားခြင်း မရှိချေ။ ကောင်းကင်ပေါ် မော့ ကြည့်ပြီး၊ သူ့ လက်ဖဝါးကို ဖြန့်လိုက်၏။
လက်ဖဝါး ပြင်၌ ရွှေတံဆိပ် တစ်ခု ပွင့် လာပြီး၊ တောင်ပံ လူသား တစ်ယောက် ဖျတ်ခနဲ ထွက်ပေါ် လာသည်။
“ နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်။ ”
“ ငါ့ရဲ့ နှင်း ရည်ရွယ် ချက်ကြောင့်၊ မင်း မသေ ရင်တောင် ရေခဲ ထဲမှာ၊ ပိတ်မိ နေမှာပါ၊ ဟား ဟား ဟား ... ။ ”
ချမ်းဟောင်က စင်ပေါ်ရှိ လင်းယွန်ကို ငုံကြည့်ကာ၊ ရယ်မော လိုက်သည်။ သူ့ကိုယ်သူ ယုံကြည် ပေ၏။
ဒုတိယ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိသော လင်းယွန် အတွက်၊ သူ့ တိုက်ခိုက်မှုအား လွတ်မြောက် နိုင်စရာ၊ နည်းလမ်း မရှိချေ။
“ သူ့မှာ အခွင့် အရေး မရှိ တော့ဘူး … ။ ”
ပရိသတ် များမှ သက်ပြင်းချ မိကုန်သည်။ ပါရမီရှင် (၇)ပါး ဟူသည် ပါရမီရှင် (၇) ပါးသာ ဖြစ်နေ လေပြီ။
“ ခရစ် ... ။ ”
ရုတ်တရက် လက်ဖဝါး ပြင်ပေါ်တွင်၊ ရေခဲမြစ်များ အက်ကွဲ ကုန် သကဲ့သို့၊ အက်ရာ များ ပြန့်ကျဲ လာသည်။
တစ်စုံ တစ်ရာ လွဲမှား နေပြီ ဖြစ်ကြောင်း၊ သံသယဝင် မိသဖြင့်၊ ချမ်းဟောင်၏ အပြုံးများ ပျောက်ကွယ် သွားသည်။
သို့သော် သူ မတုံ့ပြန် နိုင်မီတွင်၊ လက်ဖဝါး ကြီးမှာ၊ အစိတ်စိတ် အမွှာမွှာ ကွဲအက် သွားပြီး၊ ရွှေကျီးကန်းများ ပျံသန်း ထွက်ပေါ် လာ၏။
လက်ဖဝါး ဖျက်ဆီး ခံလိုက်ရ သောကြောင့်၊ ချမ်းဟောင် တစ်ယောက် သွေးအန် ခြင်းငှာ မထိန်း နိုင်တော့ချေ။
သို့သော် ကျောက်ချင် တိုက်ခိုက်မှုမှာ၊ လင်းယွန် အပေါ် အချိန်ကိုက် ရောက်ရှိလာ သဖြင့်၊ သူ ကံကောင်း သွားသည်။
“ လင်းယွန် ... ၊ မင်း သေလိုက် တော့ ... ။ ”
အတောင်ပံ ကျားမိစ္ဆာက၊ အနက်ရောင် အငွေ့ အသက် များဖြင့်၊ လင်းယွန်အား လွှမ်းခြုံ ပစ်လိုက်သည်။
“ ကလေး ကွက် လေးတွေ ... ။ ”
ကန့်သတ် လာသော ကျား မိစ္ဆာကို မော့ကြည့်ပြီး၊ လင်းယွန်မှ ပြုံးရယ် လိုက်စဉ် တောင်ပံ လူသားက တောင်ပံများ၊ ဖြန့်ထုတ် လိုက်သည်။
“ ထွက် သွား စမ်း ... ။ ”
သည့်နောက် ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ ကျောက်ချင်နှင့် ထိပ်တိုက် ရင်ဆိုင် မိ၏၊ ကျား မိစ္ဆာမှာ၊ ချက်ချင်း ပြိုပျက်သွား တော့သည်။
နေနတ်ဘုရား ဖျက်ဆီးခြင်း၊ တံဆိပ်၏ စွမ်းအားသည်၊ သူ မျှော်လင့်ထား သည်ထက် ကျော်လွန် နေပေ၏။
စက္ကန့်ပိုင်း အတွင်း၊ ကျောက်ချင် တစ်ယောက် သွေး တစ်လုတ် အန်လျက်၊ လွင့်စဉ် သွားသည်။ ထိုအချိန်တွင် သူ့ ကျား မိစ္ဆာ ကြီးမှာ၊ အက်ကွဲ လာတော့၏။
“ ဒါက ဘယ်လို ဖြစ်ရ တာလဲ။ ”
“ မယုံ နိုင်စရာ ပါပဲ။ ”
ဧကရာဇ် ကံကြမ္မာ ကိုယ်ခံ ပညာ နှစ်ရပ်အား၊ ဖျက်ဆီး ပစ်လိုက်သည့် မြင်ကွင်း က၊ လူတိုင်းကို ထိတ်လန့် စေခဲ့သည်။
ကျားမိစ္ဆာနှင့် လက်ဝါး ကြီးကြောင့်၊ လင်းယွန် တစ်ယောက် အခက်တွေ့ နေလိမ့် မည်ဟု ထင်မိစဉ်၊ ချမ်းဟောင်တို့ နှစ်ဦးမှာ၊ ရိုက်နှက်ခံ လိုက်ရသည်။
သို့သော် လင်းယွန်၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ ၎င်းတို့အား ရိုက်နှက် ပြီးနောက်၊ ပျောက်ကွယ် သွားသည်။
ယင်းက လူအုပ်ကို၊ စိတ်လှုပ်ရှား လာစေသည်။ ၎င်းတို့ သုံးယောက် အနက်၊ အသန် မာဆုံး ဖြစ်သော မူရှို့ဟန်မှာ၊ လင်းယွန် အနား ရောက်ရှိ လာပြီ ဖြစ်သည်။
“ ဒီမှာ အဆုံး သတ်ဘဲ။ ”
လျှပ်စီးများ ပြည့်လျှံ နေသော ကောင်းကင်ကို နောက်ခံ ပြုလျက်၊ မူရှို့ဟန်က ဆင်းသက် လာ၏။
တစ်ချိန်တည်း မှာပင်၊ သရဖူ ဆောင်း ထားသော ရွှေရောင် ချပ်ဝတ်ဖြင့်၊ လျှပ်စီး လူသား တစ်ဦး၊ ထွက်ပေါ် လာပြီး၊ လင်းယွန်ထံ လက်ညှိုး လှမ်းထိုး လိုက်သည်။
“ ရွှပ် ... ။ ”
ထိုလက်ညှိုး ထိပ်မှ၊ ခရမ်း ရွှေရောင် လျှပ်စီးများ၊ နဂါး အသွင် ပြေးထွက် လာ၏။
“ တောင်နဲ့ မြစ် ကိုတောင်၊ လျှပ်စီးက နှိမ်နှင်း နိုင်တယ်လား၊ တောင်နဲ့ မြစ်ကို နှိမ်နင်း နိုင်ပေမယ့်၊ ငါ့ ကိုတော့ မရ ပါဘူး။ ”
ပျံသန်း လာသော လျှပ်စီး နဂါးထံ လှမ်းကြည့်ပြီး၊ လင်းယွန်မှ လှောင်ပြုံးဖြင့် အော်ဟစ် လိုက်၏။ ထို့နောက် သူ့ မျက်ဝန်း များ၌၊ ဓား တစ်လက် ထွက်ပေါ် လာပြီး၊
“ ဖွင့် ... ။ ”
-ဟု ငေါက်သံပြု လိုက် တော့သည်။
တံခါးချပ် တစ်ချပ် ဖွင့်လိုက် သကဲ့သို့၊ ကောင်းကင်၌ ထက်ရှသော ဓား တစ်လက် ချက်ချင်း ထွက်ပေါ် လာသည်။
“ နေဦး … ၊ ဒါ ... ။ ”
ထက်ရှသော အတက် အကျ လှိုင်း များကို၊ အာရုံခံ မိသည့်၊ လောချန် တစ်ယောက် အံ့အား သင့် သွားသည်။
“ ကောင်းကင် ဓား ရည်ရွယ်ချက် ပဲ။ ”
ဖေးရွယ် သည်လည်း၊ ကောင်းကင်ပေါ် မော့ကြည့်ပြီး၊ ထိတ်လန့် စွာဖြင့် မျက်လုံးများ မှေးကျဉ်း သွားတော့သည်။
***