ဓား တစ်ချက်၊ အသက် သုံးချောင်း။
Vol. 71 Ch. 987
အကန့် အသတ်မဲ့ ဓား ရောင်ဝါကြောင့်၊ ကောင်းကင်ကြီး ပွင့်ထွက် သွားကာ၊ ကြယ်ရောင် များ ကျဆင်း လာပြီး၊ အပြာရောင် နဂါး အဖြစ်သို့ ပြောင်းလဲ လာသည်။
ထိုနဂါးက နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်အား၊ ပြန်လည် အသက်သွင်း လိုက်၏။ ဓား ရောင်ဝါ အောက်၌ လင်းယွန် တစ်ယောက် သူ့ကိုယ်သူ ကောင်းကင်ကြီး ကဲ့သို့၊ ခံစားလာ ရသည်။
“ ကောင်းကင်ဓား … ၊ ဒါ ... ဒါက တကယ်ပဲ ကောင်းကင်ဓား ရည်ရွယ်ချက် ပဲ။ ”
“ အဲဒါကို သူ ဘယ်လိုလုပ်၊ နားလည် ထားတာလဲ။ ”
လောချန်နှင့် အခြားသူ များမှာ၊ ဤ မြင်ကွင်းကြောင့်၊ အရမ်း တုန်လှုပ် သွား၏။ လင်းယွန်၏ ဝှက်ဖဲသည်၊ ကောင်းကင်ဓား ဖြစ်လိမ့် မည်ဟု မထင်ခဲ့ သည်မှာ၊ အမှန် ပေပင်။
“ ကြောက်စရာ ကောင်းလိုက်တာ။ ”
ကောင်းကင် ဓား၏ ထက်ရှ နိုင်စွမ်းသည်၊ သူတို့ အားလုံး၏ မျှော်လင့် ချက်ထက် များစွာ ကျော်လွန် နေ၏။
ဧကရာဇ် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ နှစ်ခု ရပ်၏ ရောင်ဝါကို၊ ခွဲထုတ် လိုက်ရ သဖြင့်၊ လင်းယွန် တစ်ယောက် မူလ စွမ်းအင်များ၊ ကုန်ဆုံး သွား သင့်သည်။
ထို့ကြောင့် သူ့အရှိန် အဝါမှာ ကျဆင်း လာပြီး၊ မူရှို့ဟန် လက်ချက်ဖြင့် သေဆုံး ရမည် ဖြစ်၏။
သို့သော် ကောင်းကင် ဓားက ၎င်းအား ဖြေရှင်း ခဲ့သည်။ ၎င်းသည် ခွန်လွန် နယ်မြေရှိ၊ အင်ပါ ရီယန် များသာ ဆုပ်ကိုင် နိုင်သော၊ အရာ ဖြစ်၏။
“ ချိုး ဖြတ် စမ်း ... ။ ”
ထို့နောက် လင်းယွန်က၊ မူရှို့ဟန်၏ တိုက်ခိုက်မှုကို လက်လှိုင်း တစ်ခုဖြင့်၊ အလွယ် တကူ ဖျက်ဆီး လိုက်သည်။
“ ကောင်းကင်ဓား ရည်ရွယ်ချက် … ။ ”
မူရှို့ဟန်တို့ သုံးဦးမှာ၊ တုန်လှုပ် ချောက်ချားကုန် လေသည်။ ပြိုင်ဘက် ထံမှ၊ ကြောက်မက်ဖွယ် ရောင်ဝါကို၊ ခံစား မိသည်။
အနိုင် မယူ နိုင်သော ပြိုင်ဘက် တစ်ဦး အဖြစ် ရှုမြင် မိပြီး၊ ယုံကြည် မှုများ ပြိုပျက် ကုန် တော့၏။
“ သေစမ်း ... ၊ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
အမြီး စင်မြင့် ပေါ်တွင်၊ ရှိနေသော ယုဟိုရှင်းက ပျက်ယွင်းသော အမူ အရာဖြင့် ညည်းတွား လိုက်သည်။
လနတ်ဘုရား လက်သီးဖြင့်၊ တစ်ဖက် လူအား အလွယ် တကူ ချေမှုန်း နိုင်လိမ့် မည်ဟု၊ ထင်ခဲ့ မိသော သူ့ အတွေးမှာ၊ မိုက်မဲ လွန်းမှန်း သိလာ ရသည်။
ငါစား အဖြစ် မခံရ သည်မှာ ကံကောင်း သွား၏။ ကောင်းကင်ဓား ဟူသည် သူ ဖြေရှင်း နိုင်သော အဆင့်မျိုး မဟုတ် သေးချေ။
“ သေ စမ်း ကွာ ... ။ ”
မူရှို့ဟန်၊ ချမ်းဟောင်နှင့် ကျောက်ချင်တို့ သည်လည်း၊ နှလုံး သားများ တဆက်ဆက် တုန်ယင် လာ၏။
ယခု အချိန်၌ သူတို့ ခေါင်းပေါ်ရှိ၊ ကောင်းကင် ကြီးမှာ၊ ဓား တစ်လက် အဖြစ်သို့၊ ပြောင်းလဲ သွားပြီ ဖြစ်သည်။
မည်သည့် အရပ်သို့ ပြေးသည် ဖြစ်စေ၊ ဤဓား အောက်မှ လွတ်မည် မဟုတ်ဟု ခံစား လိုက်ရသည်။
သူတို့ သုံးယောက် အပေါ်၊ လင်းယွန် တစ်ယောက် အဘယ့်ကြောင့်၊ ဂရု မစိုက်ခဲ့ သည်ကို နားလည် လာမိ၏။ ရန်သူမှာ ဓားဘီလူး တစ်ကောင် ဖြစ်နေ ပေပြီ။
“ ရေခဲ အလှ တရား ... ၊ မင်း သူ့ကို စိတ်ဝင်စား ခဲ့တာ အံ့သြ စရာ မရှိတော့ ပါဘူး၊ ဒါကို မင်း သိပြီးသား မဟုတ်လား။ ”
လောချန်က စိတ်လှုပ်ရှားစွာ လှည့်ပြော လာသဖြင့်၊ ဖေးရွယ် တစ်ယောက် နာကျင်သော အပြုံး တစ်ပွင့် နှင့်အတူ၊
“ သူသာ ကောင်းကင် ဓား၊ ဆုပ်ကိုင် ထားမှန်း၊ ငါသိ ထားရင် ဒီလို ပေါ့ပေါ့ တန်တန် ရန်စဝံ့ လိမ့်မယ်လို့၊ နင် ထင်လား ... ။ ”
-ဟု တုန့်ပြန် လိုက်တော့သည်။
ထိုစဉ်က လင်းယွန်အား ဖမ်းကာ၊ ယွဲ့ဝေဝေနှင့် ပတ်သတ်မှုကို အတင်း အကျပ် မေးမြန်း လိုခဲ့သည်။
သို့သော် သူမနှင့် ယွဲ့ဝေဝေကြား ရန်ငြိုး မရှိဘဲ၊ လေးစားမှု အချို့သာ ရှိခဲ့ခြင်း အတွက်၊ ကံကောင်းသွား စေသည်။ မဟုတ် ပါက ယခု အချိန်၌၊ နောင်တရ မိမည်မှာ၊ သေချာ၏။
ယွဲ့ဝေဝေ အပေါ်၊ နှစ်သက် မှုကြောင့် လင်းယွန်ကို ကူညီပေး မိခြင်း ဖြစ်၏။ ၎င်းက သူမအား ပြန်၍ အကျိုးပေး ချေပြီ။
“ သူတို့ သုံးယောက်က .... ၊ တကယ့် ... ဘီလူး တစ်ကောင်ကို ရန်စ မိတာပဲ၊ ဘီလူး ကိုမှ ဓားဘီလူး ... ။ ”
လောချန်က သဘောကျ စွာဖြင့် ပြုံးလိုက်သည်။ မူရှို့ဟန်တို့ သုံးဦးမှာ ပြန်လည် ဆုတ်ခွာ လိုသည်ကို သူ မြင်သည်။
ကောင်းကင် ဓားကြောင့်၊ တိုက်ပွဲ၌ အနိုင်ရ ခဲ့လျှင်ပင်၊ ကြီးမားသော တန်ဖိုး တစ်ခု ပေးဆပ် ရနိုင်သည်။ ကံမကောင်း ပါက လင်းယွန်မှ၊ သူတို့အား အတူ၊ ဆွဲချ သွားနိုင်၏။
“ ဒီနေ့ ... ၊ မင်းတို့ ဘယ်သူမှ ထွက်သွားလို့ မရ တော့ဘူး။ ”
မူရှို့ဟန် ထံမှ၊ ထွက်ပြေး လိုသည့် အရိပ် အယောင် များကို ခံစားမိ သဖြင့်၊ လင်းယွန်က ကြိမ်းဝါး လိုက်၏။ ၎င်းတို့ ဆန္ဒ ရှိသည့် အတိုင်း၊ ရှေ့တိုး နောက်ဆုတ်ခွင့် မပေး နိုင်ချေ။
“ လင်းယွန် ... လွန် မလာနဲ့၊ ငါတို့ ကြောက်လိမ့် မယ်လို့၊ တကယ် ထင်နေလား၊ မင်းမှာ ကောင်းကင်ဓား ရှိရင်တောင်၊ မင်းက တစ်ယောက် တည်း ရှိပါ သေးတယ်။ ”
ချမ်းဟောင်က အေးစက်စွာ တုန့်ပြန်သည်။
“ ငါ လွန်တယ် ဟုတ်လား ... ၊ မင်းတို့ကို အခွင့် အရေး သုံးကြိမ် တိတိ ငါ ပေးခဲ့ ပြီးပြီ၊ ငါ တစ်ယောက် တည်း ဖြစ်တော့ရော ဘာဖြစ်လဲ၊ ခွေးတွေကို သတ်ဖို့တော့၊ လုံလောက် တယ်။ ”
လင်းယွန်၏ အဝတ် အစားနှင့် ဆံပင်များ လေထဲတွင် တဖျပ်ဖျပ် ခတ်ပြီး၊ ထာဝရ တည်မြဲ နေသော ရတနာ ဓားတစ်လက် ကဲ့သို့၊ မျက်ဝန်းများ စူးရှ လာသည်။
၎င်းတို့နှင့် တစ်ဦးချင်း ဆိုပါက ကောင်းကင်ဓား မလိုချေ။ သို့သော် ဤသို့ သုံးယောက်အား တစ်ပြိုက် နက်တည်း ရင်ဆိုင် ရပါက၊ ပွဲပန်း မည်မှာ သေချာသည်။
တစ်ဖက် လူမှာ၊ သူတို့အား လွှတ်ရန်၊ ရည်ရွယ်ချက် မရှိ သည်ကို သိလိုက်ရ သဖြင့်၊ မူရှို့ဟန် တစ်ယောက် ပို၍ လေးနက် သွားသည်။
“ ကောင်းကင် ဓားနဲ့ ... ၊ လုပ်ချင်တာ မင်းလုပ်နိုင် ပြီလို့ ထင်နေ တာလား၊ ဒီနေ့ ငါတို့ ဘယ်လောက် သန်မာတယ် ဆိုတာ မင်းကို ပြမယ်။ ”
စကားဆုံး သည်နှင့်၊ သူ့ခန္ဓာ ကိုယ်၌၊ လျှပ်စီးများ သိုင်းရစ် လာပြီး၊ ချမ်းဟောင်နှင့် ကျောက်ချင် တို့အား အချက် ပြကာ၊ အတူ တကွ တိုက်ခိုက် လိုက်ကြ၏။
“ ကောင်းတယ် ... လာ ကြ ။ ”
ဦးစွာ ရောက်ရှိ လာသော မူရှို့ဟန်နှင့်၊ လက်သီးချင်း ယှဉ်ထိုးရန် လင်းယွန်မှ ရွေးချယ် လိုက်သည်။
လေထု ထဲတွင် ရွှေရောင် တောက်ပ နေသော၊ တောင်ပံ လူသား တစ်ဦး ပေါ်လာပြီး၊ တံဆိပ်ငယ် တစ်ခု ဖွဲ့တည် နေသည်။
“ ဝှစ် ... ။ ”
သည်နောက် မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ လာသော၊ ဓား တစ်လက် ကဲ့သို့၊ လက်သီးအား ထိုးချ လိုက်သည်။
ချက်ချင်းပင် မူရှို့ဟန်ကို ထိမှန်ကာ၊ စင်မြင့်ပေါ် ပြုတ်ကျ သွားသည်။ ထိုအချိန်တွင် ချမ်းဟောင်နှင့် ကျောက်ချင်၏ တိုက်ခိုက်မှု များက လင်းယွန်ထံ၊ ရောက်ရှိ လာသဖြင့်၊ မူရှို့ဟန် ကံကောင်း သွားသည်။
အံကြိတ်လျက် ချက်ချင်း ထရပ်ကာ၊ မူလ စွမ်းအင် များကို အရူး အမူး ဖြန့်ကျက် လိုက်ပြီး၊ မိုးကြိုး ဧကရာဇ်အား ဆင့်ခေါ် မိ၏။
“ ဝှစ် ... ။ ”
ထို့နောက် ချမ်းဟောင် တို့ကို ဖြေရှင်း နေသော လင်းယွန်ထံ ပြေးဝင် ထိုးချ မိသည်။ လင်းယွန်မှာ ထိတ်လန့်ခြင်း မရှိဘဲ၊
“ အရုဏ်ဦး ခရမ်း ရောင်ဝါ။ ”
-ဟု ဟစ်အော် လိုက်၏။
ခရမ်း ရောင်ဝါ များက၊ မွန်းတည့် နေမင်းကြီးမှ ထုတ်လွှတ်သော၊ ရောင်ခြည်များ ကဲ့သို့၊ တောက်ပ လာသည်။
ထို့စဉ် တောင်ပံ လူသား နောက်၌၊ ရွှေတံဆိပ်ငယ် တစ်ခု ထပ်၍ ပေါ်လာ၏။
“ လောင်ကျွမ်းခြင်း မီးလျှံ။ ”
ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။ ထွန်းသစ်စ နေမင်း ကဲ့သို့၊ စူးရှသော၊ အလင်း များ၊ အာကာပြင် အနှံ့၊ ပြန့်ကျဲ လာ၏။
တတိယ တံဆိပ် ထွက်ပေါ် ချိန်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ တောင်ပံ လူသား ထံမှ၊ ဖြာဆင်း လာသည်။
အသက် ပြင်းပြင်း ရှူရှိုက်လျက်၊ တံဆိပ် သုံးခုအား၊ နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ် နှင့်၊ ဖြည်းညှင်းစွာ ပေါင်းစပ် လိုက်၏။
၎င်းတို့၏ ပေါက်ကွဲ အားကို၊ ကောင်းကင် ဓားဖြင့်၊ ထိန်းချုပ်ထားရာ၊ လုပ်ရ ကိုင်ရ ပို၍ လွယ်ကူ လာသည်။
ထို့နောက် တံဆိပ် သုံးခု ပေါင်းစည်း သွားကာ၊ တောင်ပံ လူသားကို မီတာ (၁၀၀၀) အထိ ကြီးထွား လာစေ တော့သည်။
တောက်ပမှုက ကောင်းကင် တခွင်လုံး ဖြာထွက် သွားချိန်၌၊ မူရှို့ဟန်တို့ သုံးဦး အပေါ်၊ ကန့်သတ် ပစ်လိုက်၏။
အထက်ပါ အချင်း အရာများ အားလုံးမှာ၊ အသက် တရှိုက်စာ အတွင်း၊ ဖြစ်ပွားလာ သဖြင့်၊ သုံးယောက်သား ထိတ်လန့် သွားသည်။
“ မဟုတ်ဘူး ။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ။ ”
မည်မျှ အားစိုက် စေ ကာမူ၊ အလင်း နယ်မြေ အတွင်းမှ၊ မလွတ်မြောက် နိုင်တော့ချေ။
“ ဘုန်းနေမင်း — နေနတ်ဘုရား လက်သီး။ ”
လင်းယွန် နောက်ကွယ်မှ အတောင်ပံ လူသားက၊ သူ့ အတောင် များကို ဖြန့်လိုက်၏။ ထိုအချိန်တွင် ၎င်းသည်သာ လင်းလက် နေပြီး၊ ပတ်ဝန်းကျင် တစ်ခု လုံးအား၊ အမှောင်ကျ သွားစေ ခဲ့သည်။
အဖျက် စွမ်းအားများ မပေါက် ကွဲမီ အလင်းနှင့် အမှောင်မှာ၊ တစ်လှည့်စီ တဖျပ်ဖျပ် ဖြစ်ပေါ် လာသည်။
လေထုကို ဖြတ်သန်း လာသော လက်သီးအား၊ မူရှို့ဟန် တို့မှ သည်အတိုင်း၊ ကြည့်နေရ တော့၏။
“ ဝုန်း ... ။ ”
ပေါက်ကွဲ မှုကြောင့်၊ မူလ စွမ်းအင် အကာအကွယ် များသာ မက၊ တာအို ချပ်ဝတ် များ ကိုပင်၊ အက်ကြောင်းများ ဖြစ်ပေါ် လာစေသည်။
မျက်နှာများ ဖြူဖျော့လျက်၊ ဆံပင်များ ဖွာလန် ကျဲကုန်ကာ၊ အရူးများ သဖွယ် ရှုပ်ပွ ကုန်တော့၏။
ယင်းက အပြင်ပိုင်း၊ အသွင် အပြင် မျှသာ ဖြစ်ပြီး၊ အတွင်း အင်္ဂါများ မှာမူ၊ တဆက်ဆက် တုန်လျက်၊ သွေးများ ယိုစိမ့် လာလေသည်။
“ မြန်မြန် လူခွဲ ... ။ ”
သုံးယောက်သား တစ်စက္ကန့် မျှပင် မတုန့်ဆိုင်း ရဲတော့ချေ။ အသက် အတွက် ခြေကုန် သုတ်ကုန် ကြသည်။
“ ငါ ပြောခဲ့တယ် မဟုတ်လား၊ မင်းတို့ ဘယ်သူမှ ထွက်သွားခွင့် မရှိတော့ ဖူး လို့ ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားအား၊ နောက်ပြန် လှမ်းဆွဲကာ ဆိုလိုက်သည်။
နေနတ် ဘုရား လက်သီးမှာ၊ မူလ စွမ်းအင် တစ်ဝက် တိတိအား၊ ကုန်ဆုံး စေသော်လည်း၊ ပြိုင်ဘက် များ၏ ခုခံ ကာကွယ်ရေး အလွှာ များကို၊ ဖျက်ဆီး နိုင်ခဲ့သည်။
“ ရွှပ် ... ။ ”
ထို့ကြောင့် အဆုံးသတ် လိုပါက အချိန်ကောင်း ဖြစ်၏။ ကောင်းကင် ဓားကြောင့် ပန်းသင်္ချိုင်း ဓားထံမှ အံ့သြဖွယ် ဓားအလင်းများ လခြမ်း သဏ္ဍာန် ပြေးထွက် သွားသည်။
ပန်းသင်္ချိုင်း ဓားကို ပြန်ရုတ်သိမ်း လိုက်ချိန်၌၊ ထိုဓား အလင်းမှာ၊ ကောင်းကင်နှင့် ပေါင်းစပ် ပျောက်ကွယ် သွားပြီ ဖြစ်၏။
သွေးမြူ များသာ မရှိ ပါက၊ လင်းယွန် တစ်ယောက် ဓားဆွဲ ခဲ့ခြင်း မရှိကြောင်း၊ အခိုင် အမာ ငြင်းဆိုလာ နိုင်၏။
ဤနည်းဖြင့် ကောင်းကင် ကြေးမှုံ ပေါ်ရှိ၊ နဂါး ပြည်နယ်၏ ပါရမီရှင် များမှာ၊ အပြီးတိုင် ပျောက်ကွယ် သွားပြီ ဖြစ်သည်။
ပရိသတ် များက သွေးမြူ များကို ငေးကြည့်ကာ၊ တိတ်ဆိတ်သွား ကုန်သည်။ ကောင်းကင် ဓားကြောင့်၊ အနိုင်ရ မည်ကို သိ သော်လည်း၊ ဤမျှ မလွယ်ကူ သင့်ချေ။
သတ်ရန် ဓား တစ်ချက်တည်း လိုသည် ဟူသော စကားမှာ၊ ယခု အချိန်ထိ တည်မြဲနေ တော့၏။
***