← Chapters

ဒီစင်မြင့်ကို မင်း စိတ်ဝင် စားလား။

Vol. 71 Ch. 988

ဒီစင်မြင့်ကို မင်း စိတ်ဝင် စားလား။

Vol. 71 Ch. 988

မူရှို့ဟန် အပါအဝင် ပါရမီရှင် လေးပါးကို၊ နာမည် မရှိသော ဓားသမား တစ်ဦးမှ သတ်ပစ် ခဲ့သည်။

ထိုဓား သမားသည် အောက်တန်း နယ်မြေမှ ဖြစ်သဖြင့်၊ မည်သူ မဆို မယုံကြည် မိမည်မှာ၊ သဘာဝ ပေပင်။

ထိုစဉ် မှာပင် အနက်ရောင် အလင်း ထွက်ပေါ် လာပြီး၊ သိုလှောင်အိတ် များကို ကိုင်လျက်၊ လင်းယွန် ပခုံးပေါ် ဆင်းသက် လာ၏။

“ နဂါး သွေးကြောင်။ ”

အလောင်း များထံမှ ရတနာများ ပျောက်ဆုံးခဲ့ ရသည်မှာ၊ ဤကြောင် လက်ချက် ဖြစ်မှန်း သိလိုက် ကြသည်။

မူရှို့ဟန်နှင့် အဖွဲ့တွင်၊ ရတနာ များစွာ ရှိသည်ကို သိရှိ သောကြောင့်၊ လူတိုင်း မနာလို ဖြစ်လာသည်။ သို့သော် လင်းယွန် ဓားကို ပြန် သတိ ရသော အခါတွင်၊ မည်သူမျှ မလှုပ်ရဲ တော့ချေ။

နောက်ဆုံးတွင် ကောင်ကင်ဓား ဟူသည်၊ ခွန်လွန် နယ်မြေ ၌ပင်၊ တောက်ပ နိုင်သော ရည်ရွယ်ချက် ဖြစ်၏။

ထို့ကြောင့် လင်းယွန် အပေါ် လေးစား လာမိကြသည်။ ကောင်းကင် ဓားဖြင့် လမ်း အဆုံးသို့၊ ရောက်ရှိ နိုင်၏။

ကောင်းကင် ဓားအား ထုတ်ဖော် ပြသ လိုက်ရ သော်လည်း၊ လင်းယွန်မှာ စိုးရိမ်ခြင်း မရှိချေ။ တည်ငြိမ် နေခဲ့သည်။

ယင်းကို အနာဂါတ်တွင်၊ အနှေးနှင့် အမြန် ဆိုသလို၊ ထုတ်ဖော် ရမည် ဖြစ်သည်။ ခွန်အား အကုန် အစင်ကို၊ ပြသ လိုက်ပြီး ဖြစ်သဖြင့်၊ သူ့အား တိုက်ခိုက် လိုပါက၊ နှစ်ခါ ပြန်စဉ်းစား ရပေမည်။

ထို့နောက် လင်းယွန်က ယုဟိုရှင်းထံ လှမ်းကြည့် လာသည်ကို၊ လူတိုင်း သတိ ထားမိ လာသည်။ သူတို့ နှစ်ဦး၌ ရန်ငြိုးများ ရှိချေ၏။

ယင်းကို နဂါး နန်းတော် မဝင်မီ၌၊ တိုက်ခိုက် လုနီးပါး အခြေ အနေ များက သက်သေပြ လေသည်။

ထို့စဉ်က မည်သူ ပို၍ သန်မာ မည်အား၊ ငြင်းခုန် ခဲ့ကြ ဖူးသည်။ ကောင်းကင် ဓားကို မြင် ပြီးနောက်၊ တူညီသော အတွေး တစ်ခုသာ ရှိပေ တော့၏။

လင်းယွန်သာ အမှန် သတ်လို ပါက၊ ယုဟိုရှင်း အတွက် မည်သည့် မျှော်လင့်ချက်မှ မရှိချေ။

ယုဟိုရှင်းမှာ မူရှို့ဟန်၊ ကျောက်ချင်နှင့် ချမ်းဟောင် တို့ထက်ပင် သန်မာ နိုင်သည်လော။ မထင်။

အမြီး စင်မြင့် ပေါ်ရှိ ယုဟိုရှင်း မှာမူ၊ ကြောက်ရွံ့မှု မရှိဘဲ လင်းယွန်နှင့် မျက်လုံးချင်း ဆိုင်ကြည့် လိုက်သည်။

သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ဖော်လျက်၊ အတုမဲ့ မိစ္ဆာ နည်းစနစ်အား၊ ဖြန့်ကျက်ကာ၊ တိတ်တဆိတ် ပြင်ဆင် နေမိသည်။

ဓား ရည်ရွယ်ချက်မှာ၊ ထက်ရှ သော်လည်း ယခု အချိန်သည်၊ သတ်ရန် အကောင်းဆုံး အခွင့် အရေး ဖြစ်၏။

အထူး သဖြင့် ပါရမီရှင် (၄) ပါးနှင့်၊ တိုက်ခိုက် ထားရ လေရာ၊ တစ်ဖက် လူ၌ မူလ စွမ်းအင် များစွာ၊ ကုန်ဆုံး နေမည် ဖြစ်သည်။

သူ သည်လည်း လနတ်ဘုရား လက်သီးကို၊ လေ့ကျင့်ထား သောကြောင့်၊ နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်အား၊ အသုံးပြု ခြင်းမှာ၊ မည်မျှ ပင်ပန်းကြောင်း သိ၏။

ထို့ကြောင့် ၎င်းအား အချိန် အနည်းငယ် အတွင်း၊ ထပ်၍ အသုံးပြု နိုင်တော့မည် မဟုတ် ချေ။ သို့မဟုတ် ပါက လင်းယွန်၏ ဗီဇ အရ၊ သူ့အား ပြတ်ပြတ် သားသား တိုက်ခိုက် လာမည်မှာ၊ သေချာသည်။

ထို အကြောင်းအား တွေးမိ သည်နှင့်၊ သူ့ မျက်ဝန်း များ၌ သတ်ပစ်ရန် ရည်ရွယ် ချက်များ ပြင်းထန် လာခဲ့သည်။

ထို့ပြင် နေနတ် ဘုရား လက်သီးအား၊ သိမ်းယူ လိုသည်။ ၎င်းကို လနတ် ဘုရားနှင့် ပေါင်းစပ် လိုက်ပါက၊ မယုံ နိုင်ဖွယ် အစွမ်းထက် လာမည် ဖြစ်၏။

နတ်ဆိုး ဝိညာဉ်၏ စကား အရ၊ ဤလင်းယွန်မှာ သူ၏ စည်းစိမ် နတ်ဘုရား ဖြစ်သဖြင့်၊ အခြားသော ရတနာ များလည်း ရှိနိုင်မည်။

ထို့ကြောင့် အနိုင် ရရန်၊ (၁၀%) မျှသာ အခွင့်အရေး ရှိသည်ဟု ဆိုသော်မှ၊ အသက်နှင့် ရင်းကာ စွန့်စားရန် ဆန္ဒ ရှိသည်။

“ စိတ်လျော့ပါ ... ၊ သူ မင်းကို ဖျားယောင်း နေတာလည်း ဖြစ်နိုင်တယ်၊ ယုံကြည်မှု အပြည့် ရှိမှသာ လှုပ်ရှားပါ။ ”

နတ်ဆိုး ဝိညာဉ်၏ အသံက တိုးညှင်းစွာ ထွက်ပေါ် လာသည်။ ၎င်းက နဂါး ရင်ပြင်ကို ကြောက်လန့် နေပုံ ရ၏။

“ စီနီယာ ... ၊ ငါ ဆုံးဖြတ် ပြီးပြီ၊ ဒါက ထောင်ချောက် ဖြစ်နေ ရင်တောင်၊ သူ့ကို ငါ မကြောက် ပါဘူး။ ”

ယုဟိုရှင်းက တွန့်ဆုတ် စွာနှင့် ပြန်ပြောမိသည်။ သို့သော် နတ်ဆိုး ဝိညာဉ်မှ သူ့ စကားကို၊ လက်မခံချေ။

“ စိတ် အေးအေး ထားပါ၊ ဒီနေရာက အမွေကို အရင် ဆက်ခံ ရအောင်၊ အခု အချိန်မှာ သူ့ကို တိုက်ခိုက် တာက အန္တရာယ် အရမ်း ကြီးတယ်၊ ... ”

“ ... ကိုယ်ကိုယ်ကို သေကြောင်း ကြံစည် တာနဲ့ တူတူပဲ၊ အထူး သဖြင့် အဲဒီ ကြောင်မိစ္ဆာ လက်ချက်နဲ့ သေဖို့ မထိုက်တန် ပါဘူး ။ ”

နဂါးသွေး ကြောင်အား ကြည့်ကာ၊ အခက်တွေ့ ဟန်ဖြင့်၊

“ ငါ့ အကူ အညီနဲ့ ... ၊ အကောင်းဆုံး အမွေကို ရဖို့ မင်းမှာ၊ အခွင့် အရေးတွေ ရှိတယ်၊ မင်းလုပ်ရ မှာက ငါ့ ညွှန်ကြားချက် တွေကို လိုက်နာ ဖို့ပဲ၊ ... ”

“ ... ဒါဆို မင်းရဲ့ ခွန်အား သုံးဆ မဟုတ် ရင်တောင်၊ နှစ်ဆ တိုးလာ လိမ့်မယ်လို့ ငါ အာမ ခံတယ်၊ အဲ့ဒီ အချိန် ကျရင် မင်းကို ဘယ်သူမှ ယှဉ်နိုင် တော့မှာ မဟုတ်ဘူး၊ ... ”

“ ... ဒါပေမယ့် သူက၊ မင်းကို အခု တိုက်ခိုက်လာ ရင်တော့၊ သည်းခံ နေစရာ မလို ပါဘူး … ။ ”

နတ်ဆိုး ဝိဉာဉ် အသံမှာ ပြန်လည် ပျောက်ကွယ် သွားသည်။ သူပြော သကဲ့သို့၊ ထောင်ချောက် တစ်ခုလည်း ဖြစ်နိုင် ချေ၏။

“ ဒီကောင့်က ကိုင်တွယ်ဖို့၊ ပိုပိုပြီး ခက် လာတယ် … ။ ”

ယုဟိုရှင်း တစ်ယောက် စိတ်ပြောင်း သွားသည်ကို မြင်လိုက်သော လင်းယွန်မှာ၊ ညည်းတွား အံ့သြ သွားမိသည်။

လက်ရှိ အချိန်၌ ယုဟိုရှင်းသာ တိုက်ခိုက် လာမည် ဆိုသော်၊ အနိုင် ယူရန် သူ့၌ ယုံကြည် ချက် မရှိချေ။

သို့သော် ကောင်းကင်ဘုံ သုံးပါး၏ ဒုတိယ ပုံစံကို ထုတ်ဖော်ရန်၊ စွမ်းအင် အချို့ ကျန်ရှိနေ သေးသည်။ နောက်ဆုတ် သွား သည်မှာ၊ စိတ်ပျက် စရာ ဖြစ်၏။

ကောင်းကင်ဓား အပြင်၊ ကောင်းကင်ဘုံ သုံးပါးနှင့်၊ နေနတ်ဘုရား လက်သီးကို ပြီးဆုံး သည် အထိ၊ လေ့ကျင့် ထားရာ၊ သူ့ ခွန်အားများ ပြန်လည် ရရှိပြီး ပါက၊ ယုဟိုရှင်း အတွက် ပို၍ ခက်ခဲ သွား နိုင်သည်။

ဤအခိုက် အတန့်တွင်၊ လူတိုင်းက သူတို့၏ စင်မြင့် များထံ၊ ပြန်၍ အာရုံစိုက် လာမိ ကုန်ကြ လေသည်။

“ ညီအစ်ကို လင်း၊ မင်းရဲ့ ခွန်အားကို ကောင်းကောင်း ဖုံးကွယ်ထား တာပဲ၊ သူတို့ကို ဓား တစ်ချက် တည်းနဲ့၊ သတ်လိုက် ကတည်းက မင်း နာမည် ကောင်းကင်လမ်း အနှံ့ ပျံ့နှံ့ သွားမှာပါ။ ”

လောချန်က ပြုံးကာ ဆိုလိုက်သည်။

“ ကံကောင်းသွား လို့ပါ။ ”

လင်းယွန်မှ တုန့်ပြန်၏။ လောချန်မှာ မူရှို့ဟန်ထက် များစွာ အားကောင်းပြီး၊ အမြင် ကျယ် ချေ၏။ သို့မဟုတ် ပါက ဤလူသည် သူ့ အလား အလာကို ခန့်မှန်း နိုင်မည် မဟုတ်ချေ။

“ ညီအစ်ကို လင်း၊ မင်း အရမ်း နှိမ့်ချ လွန်းတယ်၊ အင်ပါ ရီယန် တွေသာ ဆုပ်ကိုင် နိုင်တဲ့ ကောင်းကင် ဓားကို ... ”

“ ... နားလည်တဲ့ လူက၊ ကံကောင်းလို့ ပါလို့ ပြောနေရင်၊ ကျန်တဲ့ သူတွေကို လှောင်ပြောင်ရာ ရောက်ပါတယ်။ ”

လောချန်က ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံး လိုက်သည်။ လင်းယွန်တွင် သူ့အား ခြိမ်းခြောက် နိုင်သော ဝှက်ဖဲ အနည်းငယ် ရှိသည်ဟု၊ ခံစားမိ ခဲ့ဖူး သော်လည်း၊ ကောင်းကင်ဓား ဖြစ်နေ လိမ့်မည်ဟု၊ သူ မထင် ထား ခဲ့ချေ။

“ လင်းယွန် ... ၊ ဒီစင်မြင့်ကို မင်း စိတ်မဝင် စားရင်၊ ငါ စတော့မယ်။ ”

ဓားသမား တစ်ယောက် အတွက်၊ များစွာ အကျိုးရှိ စေမည့် ဦးချို စင်မြင့်ကို၊ သူ သိမ်းပိုက် ထားမိ၏။ ထို့ကြောင့် မေးလိုက်ခြင်း ဖြစ်၏။

“ ငါ ... စိတ်ဝင်စား ပါဘူး။ ”

လောချန်မှာ၊ အစောပိုင်း တိုက်ပွဲ၌ သူ့အား မကူညီ ထားသည့် အတွက်၊ အစားထိုး မိတ်ဖွဲ့ လာမှန်း နားလည်သည်။

လင်းယွန်က တုန့်ဆိုင်းခြင်း မရှိဘဲ ခေါင်းယမ်း ပြမိသည်။ ဦးချိုမှာ သူ့ အတွက် သင့်လျော် သော်လည်း၊ ခန့်မှန်းချက် အရ နှလုံး သည်လည်း၊ နိမ့်ပါး နိုင်မည် မဟုတ်ချေ။

***

All Chapters