စမ်းသပ်မှု စတင်ခြင်း။
Vol. 71 Ch. 989
လင်းယွန် စကားကြောင့်၊ လောချန် ခမျာ စိတ်သက်သာ ရာရ သွားသည်။ လင်းယွန်သာ ဆန္ဒ ရှိပါ၊ သူ ပေးမည် ဖြစ်သော်လည်း၊ သူတို့ ကြား အတား အဆီး တစ်ခု ဖြစ်လာ ပေမည်။
“ ကျေးဇူး တင်ပါတယ်၊ အနာဂတ်မှာ မင်း အကူ အညီ လိုခဲ့ရင်၊ ငါ့ကို ပြောပါ။ ”
လောချန်က လက်ဝှေ့ ယမ်းကာ၊ ထိုင်ချ လိုက်သည်။ လင်းယွန် သည်လည်း ခေါင်းညိတ် လျက် အလားတူ၊ တုန့်ပြန် လိုက်၏။
“ ဝှစ် ... ။ ”
ထို့နောက် လူတိုင်း ထိုင်ချပြီး၊ အမွေအား လက်ခံ ယူရန် ပြင်ဆင် တော့၏။ အကြေးခွံကို ကိုယ်စား ပြုသော စင်များတွင်၊ အနည်းဆုံး လူ (၁၀) ယောက်ခန့် ရှိနေ ကြပေသည်။
“ နဂါး နှလုံးသားက … ဘာဖြစ် နိုင်မလဲ။ ”
ထိုစင်မြင့် များထံမှ အကြည့်ကို ပြန်ရုတ် လိုက်ပြီး၊ လင်းယွန်မှ မျက်လုံးများ မှိတ်လျက် ရေရွတ် လိုက်တော့သည်။
မူလ စွမ်းအင်အား၊ စင်မြင့်နှင့် ပေါင်းစပ် လိုက်သော အခါတွင်၊ ရွှေရောင် အဆင်းများ ချက်ချင်း သူ့ အပေါ် ဖုံးအုပ် လာသည်။
အလားတူ ဖြစ်စဉ်မျိုး နေရာ အနှံ့ အပြား၌၊ ဖြစ်ပွားနေ သော်လည်း၊ လင်းယွန်နှင့် လောချန် တို့ ကဲ့သို့၊ တောက်ပ ခြင်းမျိုး မရှိချေ။
နောက်ဆုံးတွင် ဦးချိုနှင့်၊ နှလုံး စင်မြင့် များမှာ၊ သီးခြား အဆင့် အဖြစ်ပင် ယူဆနိုင် လေသည်။
လူတိုင်း မျက်လုံးများ မှိတ်ချ လိုက်စဉ်၊ ယုဟိုရှင်းက လင်းယွန်ကို လှမ်းကြည့်သည်။ သူ့ မျက်လုံး များ၌ သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ ပြည့်လျှံ လာ၏။
ဤလူမှာ ပယင်း နယ်မြေ၏၊ ဂုဏ် ကျက်သရေကို ကိုယ်စား ပြုပြီး၊ နှစ်ကြိမ် တိတိ သူ့အား သတ်ရန် ကြိုးစား ခဲ့ဖူးသည်။
ကောင်းကင် လမ်း၌ ထိုရလာဒ်ကို ပြောင်းနိုင် မည်ဟု၊ ထင်ခဲ့ သော်လည်း သူသာ လျှင်၊ ထွက်ပြေး ခဲ့ရ၏။
ထိုမြင်ကွင်း အားလုံး တဖျပ်ဖျပ် ပေါ်လာ သဖြင့်၊ မျက်နှာ တစ်ပြင်လုံး တင်းမာ လာသည်။ သူတို့ နှစ်ဦးကြား အာဃာတ များကို ဖြေရှင်းရန် အချိန် တန်ပြီ ဖြစ်၏။
အထူး သဖြင့်၊ မူရှို့ဟန် ကဲ့သို့သော ပါရမီရှင်များ ဤနေရာသို့ ရောက်လာ နိုင်သော် လည်း၊ သေဆုံး သွား ရလေရာ၊ နတ်ဆိုး ဝိညာဉ် အပေါ်၊ လုံးလုံး လျားလျား မယုံ တော့ချေ။
၎င်းထက် သူကိုယ် သူသာ ပို၍ ယုံကြည် လာခဲ့သည်။ သို့သော် လင်းယွန်အား သတ်ရန် အတွက်၊ နတ်ဆိုး ဝိဉာဉ်၏ အကူ အညီ လိုအပ် နေ သေးသည်။
အမွေ ဆက်ခံ ပြီးပါက၊ ခွန်အား နှစ်ဆ တိုးလာသော်၊ လင်းယွန်ကို အနိုင် ယူရန် (၅၀ %) သို့မဟုတ် (၆၀%) အခွင့် အရေး ရှိသည်။
သူ ရရှိ ထားသော အစွမ်းထက် ရှေးဟောင်း ရတနာ ဖြင့်သာ ဆိုပါက အနိုင် ရရန် (၁၀%)ခန့် ထပ်တိုး လာမည် ဖြစ်သည်။
လင်းယွန်ကို ဖြေရှင်း ပြီးနောက်၊ နတ်ဆိုး ဝိညာဉ် အတွက် နည်းလမ်းရှာ ရပေမည်။ သို့မှသာ ခွန်လွန် နယ်မြေ၌၊ အချုပ် အနှောင် ကင်းကင်းဖြင့်၊ ပျံသန်း နိုင်မည် ဖြစ်၏။
ထို့နောက် မျက်လုံးများ မှိတ်လျက်၊ သူ့ အမွေကို နားလည်မှု ရယူရန်၊ အာရုံစိုက် လိုက် တော့သည်။
များမကြာခင် ရင်ပြင်ကြီး တစ်ခုလုံး၊ ရွှေရောင် ရူရ်များ တောက်ပ လာပြီး၊ စင်မြင့် ပေါ်မှ လူတိုင်း ပျောက်ကွယ် သွားသည်။
ချက်ချင်းပင် လူသူ ဆိတ်သုဉ်း သွား၏။ ထိုအချိန်တွင် လင်းယွန်မှ မျက်လုံး ဖွင့်လိုက်မိ လေရာ၊ အမှောင် ထုအား မြင်လာ ရသည်။
စင်မြင့်မှ သူ့အား မည်သည့် နေရာသို့၊ ပို့ဆောင် လိုက်မှန်း၊ သိချင်လာ တော့၏။
“ ဒါက ဘယ်နေရာ မှာလဲ။ ”
အမှောင်ထု အတွင်း၊ စမ်းသပ်မှု တစ်ခု စောင့်ဆိုင်း နေမည်မှာ သေချာသည်။ အဆုံးတွင် ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ ပညာရပ် မျိုးအား လွယ်လင့် တကူ ရနိုင်မည် မဟုတ်ချေ။
များမကြာခင် အလင်းရောင် မှိန်မှိန် လေးအား၊ အဝေး၌ မြင်လာ ရ၏။ ၎င်းသည် ကြီးမားသော ခရမ်းရောင် တံခါးကြီး တစ်ချပ် ဖြစ်ကြောင်း၊ ပုံဖမ်းလာ နိုင်သည်။
တံခါးတွင် နဂါးပုံ ရေးထွင်းပြီး၊ ကြယ် များဖြင့်၊ အထပ်ထပ် ဖုံးအုပ် ထား၏။ ယင်းက ကြမ်းကြုတ်သော နဂါး ရောင်ဝါကို ထုတ်လွှတ် လာရာ၊ သူ့ကိုယ်သူ ကာကွယ်ရန် ဓားအား သိုင်းခြုံ မိသည်။
“ ဒါက နဂါး နှလုံးသားရဲ့၊ အမွေ ရှိရာ အရပ် ပဲလား။ ”
နဂါး တံခါးထံ လှမ်းကြည့် နေသော သူ့ မျက်လုံး များမှာ စူးရှ လာတော့သည်။ ထို့စဉ် တံခါးမှ ၎င်းက လင်းထိန် သွားပြီး၊ နှလုံး တစ်ခု အဖြစ်သို့ ပြောင်းလဲ သွား၏။
ခရမ်း ရွှေရောင် အဆင်း ရှိသော အဆိုပါ နှလုံးသား၏ နှလုံး ခုန်သံမှာ၊ သူ့ နှလုံး ခုန်နှုန်း နှင့်၊ ‘ရစ်သမ်’ ကျ လာသည်။
“ မင်းက ခန္ဓာကိုယ်က ဒီစမ်းသပ်မှုကို ဖြေဆိုဖို့၊ အရည် အချင်း ပြည့်မီတယ်၊ ဒါကြောင့် တံခါး ဖွင့်ပြီး၊ စမ်းသပ်မှု ဖြေဆိုပါ။ ”
အိုမင်းသော အသံ တစ်သံ ရုတ်တရက် ထွက်ပေါ် လာ သဖြင့်၊ လင်းယွန် တစ်ယောက် မျက်နှာ ပြောင်းလဲ သွားပြီး၊ ‘ ဘယ်သူလဲ၊ ’ ဟု မေးလိုက် မိသည်။
“ ငါက အမွေ ပေးမယ့် နတ် နဂါးပဲ၊ ဒီနေရာက အပြင်နဲ့ မတူဘူး၊ ပြင်ပ လောကရဲ့ ဆယ်ရက် ဆိုတာ၊ ဒီမှာ နံ့သာ တစ်တိုင် လောင်ကျွမ်း ချိန်ပဲ ရှိတယ်။ ”
သူ၏ ထိတ်လန့်မှုကို သက်သာ စေရန်၊ အသံက နောက်တစ်ကြိမ် ထပ်ထွက် လာသည်။
“ ဒါဆို နဂါး နှလုံးသား အမွေက၊ ဘာကို ကိုယ်စားပြု သလဲ။ ”
“ နှလုံးက အသက်ရဲ့ အရင်း အမြစ်ပဲ၊ ကြံ့ခိုင်တဲ့ ကိုယ်လုံး ကိုယ်ပေါက် ရှိရင်တောင် အရေးပါ နေတုန်းပါ၊ ဒါက ... ”
“ ... ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဖြစ်ပြီး၊ မင်းရဲ့ ရွေးချယ်မှုနဲ့ ရုပ်ခန္ဓာပေါ် မူတည် လိမ့်မယ်။ ”
-ဟု နတ်နဂါးက ပြန်ဖြေသည်။
သူ၏ မှန်းဆ ချက်မှာ၊ မှန်ပေ၏။ နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်သည်၊ အားနည်း သွားပြီ ဖြစ်သဖြင့်၊ သင့်လျော်သော ခန္ဓာကိုယ် သန့်စင် သည့်၊ နည်းစနစ်ကို ရရှိ လိုသည်။
သို့မှသာ အားနည်းချက်ကို ပိတ်နိုင်မည် ဖြစ်၏။ သို့သော် ဓားသုတ္တန် သို့မဟုတ် ဓားရေး တစ်ရပ် မဟုတ်သည့် အတွက်၊ အနည်းငယ် စိတ်ပျက် နေမိ ပြန်သည်။
“ ကံကြမ္မာ ကိုယ်ခံ ပညာ အထက် အမွေ ဆိုရင်၊ နဂါး နန်းတော်မှာ ဘာအမွေ ရှိလဲ။ ”
“ စမ်းသပ်မှု မကြာခင် စတင် တော့မှာ ဖြစ်လို့၊ သေခြင်း တရားနဲ့ တွေ့ကြုံ နိုင်ပါတယ်၊ လွယ်မှာ မဟုတ်ဘူး၊ မအောင် မြင်ရင် အမွေ မရဘူး၊ ... ”
“ ... လျှပ်စီး၊ မီးတောက်နဲ့၊ သွေးကို၊ မင်း ခံနိုင်ရည် ရှိရမယ်၊ တစ်ရာ ရာခိုင်နှုန်း မပြည့်ရင် ကျရှုံး တာနဲ့ အတူတူပဲ။ ”
နတ်နဂါးက သူ့ မေးခွန်းကို မဖြေဘဲ၊ ပြောလိုသည့် စကားများ ကိုသာ ဆက်ပြောလာ သည်။ ပြီးသည်နှင့် နဂါး နှလုံးသားက တံခါး အဖြစ်၊ ပြောင်းလဲ မှိန်ဖျော့ သွားတော့၏။
“ ကြည့်ရတာ ငါမှာ၊ မေးခွန်း ထုတ်ဖို့ အရည်အချင်း မရှိသေး ပုံပဲ … ၊ ဒါမှ မဟုတ် နဂါး ဝိဉာဉ်က မသိ တာလဲ ဖြစ်နိုင်တယ်။ ”
ထို့နောက် နဂါး တံခါးထံ ကြည့်ကာ၊ မဆိုင်းမတွ လှမ်းဝင် လိုက်တော့၏။ အတွင်းသို့ ခြေချ မိသည်နှင့်၊ အံ့ဩစရာ မြင်ကွင်း က စောင့်ကြို နေသည်။
“ ဗျစ် ... ဗျစ် ... ဗျစ် ... ။ ”
ကောင်းကင် အနှံ့ လျှပ်စီးများ လက်နေပြီး၊ မြေပြင်ကို အမှောင် ထုက ဖုံးလွှမ်း ထားသည်။ အသက်ရှူ လိုက်စဉ်၊ သွေး ရနံ့များ ရရှိ လာ၏။
စိတ်မသက် မသာ ခံစားချက် နှင့်အတူ၊ ပျို့တက် လာကာ၊ လေများ အန်မိ တော့သည်။ ဤမျှ ညှီသော သွေး ရနံ့မျိုး တစ်ကြိမ်မျှ မကြုံ ဖူးချေ။
ထိုသွေး ရနံ့ ထဲမှ၊ အကန့် အသတ်မဲ့ ဖိအား များကို၊ သူ့ ခန္ဓာကိုယ် အနေဖြင့်၊ ချက်ချင်း ခံနိုင် ရည် မရှိ သေးချေ။
ဆိုလို သည်မှာ၊ ဤလေထုနှင့် သူ့ခန္ဓာအား ဖြည်းဖြည်းချင်း ညှိယူ ရမည်ဟု၊ အဓိပ္ပါယ် ရချေ သည်။
ထို့နောက် အလင်း မှိန်ပျပျ အောက်တွင်၊ အနက်ရောင် အရည် များကို မြင်လိုက် ရ၏။ အနားသို့ လျှောက်လှမ်း သွားပြီး၊ အရည်ကို လက်ဖြင့်၊ တို့ယူ ပွတ်ကြည့် မိသည်။
“ ဒါက သွေး လား ။ ”
အနက်ရောင် အရည်မှာ၊ သွေးများ ဖြစ်ပေမည်။ နဂါး ဝိညာဉ် စကားများ အရ၊ မိုးပြာ နဂါး ကြီး၏ သွေးဖြစ် နိုင်၏။
ဤသို့ ဆိုပါလျှင်၊ သည်အရည် အိုင်မှာ၊ ရတနာ တစ်ခု ဖြစ်သည်။ ၎င်းအား ခန္ဓာ သန့်စင် ရန် အတွက်၊ အသုံးပြု နိုင်၏။
ယင်းမှာ ကံကြမ္မာ ကိုယ်ကိုယ်ခံ ပညာ များထက်၊ ပို၍ အကျိုးရှိ ချေပြီ။ သာမန်လူ တစ်ဦး ပင်လျှင်၊ နဂါး ဖြစ်လာ နိုင်၏။
“ မဟုတ် သေးဘူး၊ ဒါသာ နဂါးသွေး ဆိုရင်၊ ငါ မီးလောင် သေသွား မှာပေါ့။ ”
လက်ရှိ ကျင့်ကြံမှု အရ၊ နဂါးသွေး တစ်စက် သို့မဟုတ် နှစ်စက် မျှသာ သန့်စင်နိုင် မည်ကို သူ သိသည်။
သို့သော် သွေး ကန်ကြီး ထဲမှ၊ မိုးပြာ နဂါး အငွေ့ အသက်ကို ခံစား မိသည်။ တစ်ခါ တရံ သွေးကန် ပေါ်၌၊ လျှပ်စီးများ လက်လာ တက်၏။
ထို့ကြောင့် ရုတ်တရက် တစ်စုံ တစ်ခုအား၊ တွေးလိုက် မိသည်။ ဤသွေးတွင် နဂါး သွေးနှင့် နတ်ဆိုး သွေးများ ရောနှော နေပေမည်။
သန့်စင်ရန် ကြိုးမိ စားသော်၊ မအောင်မြင်ခဲ့ ပါက အကျိုး ဆက်မှာ၊ ကောင်းနိုင်မည် မဟုတ် ချေ။
“ ဟိတ် ... ။ ”
ကောင်းကင်ပေါ် ခုန်တက် လိုက်သော်လည်း၊ ဖိအား တစ်ခုကြောင့်၊ ချက်ခြင်း ပြန်ကျ လာသည်။
သွေး ရေကန်ကို ပြန်ကြည့်ကာ၊ သူ့ အပေါ် ဖိနှိမ် လာသည်မှာ၊ နဂါး ရောင်ဝါ ဖြစ်ကြောင်း မှန်းဆ လာနိုင်သည်။
“ ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း ကိုးမျိုးက၊ ခဏလောက် ခံနိုင်မယ် ထင်တယ်။ ”
အဝေး တစ်နေရာရှိ၊ မှိန်ပျပျ အလင်းထံ၊ ဤသွေး ရေကန်ကို ဖြတ်ကာ၊ သွားရ ပေမည်။ ယင်းမှာ စမ်းသပ်မှု တံခါးဝ ဖြစ်၏။
***