← Chapters

အသက်နှင့် သေခြင်း။

Vol. 71 Ch. 990

အသက်နှင့် သေခြင်း။

Vol. 71 Ch. 990

များ မကြာမီပင် မရေ မတွက် နိုင်သော လျှပ်စီး ကြောင်းများ ဖြစ်ပေါ် လာပြီး၊ သွေးရေ ကန်၌ လှိုင်းလုံး ကြီးများ ဖြစ်ပေါ် လာ၏။

“ ဝုန်း ... ။ ”

ထို့နောက် ကြီးမားသော လှိုင်းလုံးကြီး တစ်လုံးက၊ ဖြတ်လျှောက် နေသည့်၊ လင်းယွန် ဆီသို့ ရွေ့လျား လာသည်။

“ မြန်လိုက်တာ ... ။ ”

အသက် တရှိုက်စာ အတွင်း၊ အနား ရောက်ရှိလာ သော အရှိန်ကြောင့်၊ တုန်လှုပ် သွားသည်။

လှိုင်းခုံမှာ မြင့်မားပြီး အားကောင်း လှ၏။ ရှေ့ဆက် ရန်မှ လွဲ၍၊ နောက်ဆုတ် စရာ လမ်း မရှိ ချေ။

“ ဗျစ် ... ။ ”

မူလ စွမ်းအင်ကို စုဆောင်း နေစဉ်၊ လှိုင်းလုံး ကြီး၏ ရှေ့ပြေး လျှပ်စီးများ ထိမှန်ခံ လိုက်ရ၏။ ခန္ဓာကိုယ် အနှံ့ လျှပ်စီး စွမ်းအင်များ စိမ့်ဝင် လာပြီး၊ နာကျင် ကိုက်ခဲ သွားသည်။

ထို့ကြောင့် မိုးပြာ နဂါး မူ ပုံစံအား အသက်သွင်း လိုက်ရာ၊ ခန္ဓာကိုယ်မှ ခရမ်းရောင် မြူ များ၊ စိမ့်ထွက် လာ၏။

၎င်းအား အထွတ် အထိပ်ထိ၊ တွန်းတင် လိုက်မှ သာလျှင်၊ နာကျင်မှုများ သက်သာ လာ၏။

သို့သော် ကြွက်သားများ တုန်ယင် နေပြီး အပ်စိုက် မှတ်များ ယိမ်းထိုး လာသည်ကို၊ သတိ ထားမိ လိုက်သည်။

“ ဘယ်လိုတောင် ဒုက္ခပေး လိုက်လဲ ... ။ ”

လက်ရှိ အခြေ အနေတွင် သူ့ ခွန်အား (၇၀%) ကိုသာ၊ ထုတ်လွှတ် နိုင်သောကြောင့်၊ ဒေါသ ထွက်လာ ခဲ့သည်။

ထို့ကြောင့် လှိုင်းတွင် ပါရှိသော လျှပ်စီး စွမ်းအင် မဆိုနှင့်၊ အဟုန် သက်သက် ကိုပင်၊ ဖျက်ဆီးရန် ခက်ခဲ လာ၏။

နဂါးဓား ရောင်ဝါကို ထုတ်လွှတ်ပြီး၊ လက်သီးနှင့် ပြန်လည် ထိုးချ လိုက်သော အခါတွင်၊ ဓား တစ်လက် ကဲ့သို့ နဂါးကြီး တစ်ကောင် ပြေးထွက် သွားသည်။

လက်သီး ချက်က၊ အဆိုပါ အနက်ရောင် လှိုင်းလုံး ကြီးကို ဖြတ်၍၊ လမ်း အဖြစ် ဖန်တီး ပေးလာ၏။

သို့သော် သွေးရေကန် မျက်နှာ ပြင်ရှိ၊ ကြောက်စရာ ကောင်းသော လျှပ်စီး များက၊ ခန္ဓာကိုယ် အတွင်း ဝင်ရောက် လာပြန်သည်။

“ ဘယ်လို ဒုက္ခ မျိုးလဲ … ။ ”

နှုတ်ခမ်းများ တုန်ယင် သွားသည်။ သွေး ရေကန်ရှိ လျှပ်စီး စွမ်းအင်မှာ၊ သူ့ခန္ဓာ အတွင်း၊ အချိန် ကြာမြင့် စွာ တည်ရှိ နေနိုင်သည်။

ထို့ကြောင့် မူလ စွမ်းအင်ဖြင့်၊ ဤသွေး ရေကန်အား ဖြတ်ကျော် နိုင်မည် မဟုတ်ချေ။ နောက်ဆုံးတွင် ယင်းမှာ ရုပ်ခန္ဓာအား စမ်းသက်ခြင်း ဖြစ်ကြောင်း၊ နားလည် လိုက်သည်။

သို့သော် သူ၏ မိုးပြာ နဂါး မူလ ပုံစံမှာ၊ ကန်အတွင်း ဖြတ်ကျော်ရန် များစွာ အားနည်း နေသေး သည်။

“ ကောင်းကင်ဓား ကိုတောင် ငါ နားလည် ထားတယ်၊ ဒီစမ်းသပ်မှုကို မကျော်ဖြတ် နိုင်စရာ အကြောင်း မရှိဘူး။ ”

သွေးများ ပွက်ပွက် ဆူ လာပြီး၊ လျှပ်စီး များကို ကြည့်ကာ၊ ကြမ်းကြုတ်သော ရောင်ဝါ အား၊ ထုတ်လွှတ် လိုက်သည်။

ခရမ်းရောင် မြူများ ပို၍ သိပ်သည်း လာပြီး၊ သူ့အား ပြတ်ထင်စွာ မြင်နိုင်ခြင်း မရှိ တော့ချေ။ ခြေလှမ်း လှမ်းလိုက်တိုင်း၊ ကျယ်လောင်သော အသံနှင့်၊ လှိုင်းလုံး ကြီးများ ဖြစ်ပေါ် လာသည်။

တစ်နာရီ အကြာတွင်၊ နဖူး၌ ချွေးသီးများ ဖုံးလွှမ်း သွားပြီး၊ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ လာကာ၊ မျက်နှာ ဖျော့တော့ သွားသည်။

သတိ မထားသော်၊ လှိုင်းများက သူ့အား သွေးရေကန် အောက်ခြေသို့ မြှုပ်နှံရန် ဆွဲခေါ် သွား နိုင်၏။

သွေး ရေကန်တွင်၊ အမျိုး မျိုးသော နတ်ဆိုးများ၏ သွေးများ၊ ပေါင်းစပ် နေသဖြင့်၊ အန္တရာယ် ရှိမည် ဖြစ်သည်။

“ ဗျစ် ... ။ ”

လျှပ်စီး ကြောင်းများ ဆက်လက် ထိမှန် လာသည်နှင့် အမျှ၊ သူ့ အရေပြားမှ ညှော်နံ့များ ထွက်လာ တော့သည်။

သို့သော် ခြေလှမ်းများ မရပ် ခဲ့ချေ။ အနက်ရောင် သွေးပင်လယ်ကို ကျော်ကြည့်ကာ၊ ဖြတ်သန်း နေမိသည်။

သုံးရက် အကြာတွင် ဒါဇင်နှင့် ချီသော မိုးကြိုး မုန်တိုင်းများ ပါဝင်သည့်၊ လှိုင်းလုံးကြီး တစ်လုံး ဖြစ်ပေါ် လာပြန်၏။

နာကျင်မှုကြောင့် မျက်နှာ တစ်ပြင်လုံး ရွဲ့စောင်း သွား၏။ သို့သော် လွန်ခဲ့သည့် သုံးရက် အတွင်း၊ ဤပတ်ဝန်း ကျင်နှင့် လိုက်လျော ညီထွေစွာ နေနိုင် ခဲ့သည်။

ရုပ်ခွန်အား သက်သက် ဖြင့်သာ ခုခံရန် ကြံရွယ်ပြီး၊ မူလ စွမ်းအင်အား၊ လုံးဝ အသုံး မပြု ခဲ့ချေ။

သွေး ရေကန်မှာ အနည်းငယ် ကျယ်ပြန့်ပြီး၊ ဖိအား များကြောင့်၊ ၎င်းအား ဖြတ်သန်း ရာတွင်၊ ခြေ တစ်လှမ်း အတွက်၊ အချိန် များစွာ ပေးခဲ့ ရသည်။ လက်ရှိနှုန်း အတိုင်း ဆိုပါက၊ လဝက်ခန့် ကြာမြင့်နိုင်၏။

နာကျင်ခြင်း အပြင်၊ အဆိပ်မိ နေသော ဝေဒနာ မျိုးလည်း ခံစား လာရသည်။ သက်ပြင်း တစ်ချက် ချကာ၊ လှိုင်းလုံး ဖြတ်သွား သည်နှင့်၊ ရှေ့ဆက် လိုက်သည်။

အများ အားဖြင့်၊ လှိုင်းလုံး များနှင့် ကြုံတိုင်း၊ ခန္ဓာ ကိုယ်ကြီး ခံနိုင်ရည် ရှိလာအောင်၊ အတတ် နိုင်ဆုံး ကြိုးစား လာတက်သည်။

တိုက်တက်မှု အားနည်း သော်လည်း၊ လွန်ခဲ့သော သုံးရက် အတွင်း၊ ယခင်ထက် (၅၀%) ခန့် ပိုသန်မာ လာ၏။

စမ်းသပ်မှု မအောင်မြင် လျှင်ပင်၊ ဤရလာဒ်မှာ ကြိုးစား ရကျိုး နပ်ပေသည်။ ရုတ်တရက် လျှပ်စီးများ လက်လာပြီး၊ မိုးကုပ် စက်ဝိုင်း အစပ်၌၊ အနက်ရောင် အလင်းတိုင် တစ်တိုင်ကို လှမ်းမြင် လိုက်ရသည်။

“ သေစမ်း ... ၊ လျှပ်စီး လေဆင် နှာမောင်း။ ”

လေဆင် နှာမောင်းက ရေလှိုင်း များကို ဖြိုဖျက်ပြီး၊ သူ့ ပတ်ဝန်းကျင် လေဟာ နယ်တွင်၊ အနက်ရောင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာစေ၏။

မြင်ရုံဖြင့် ထိုအနက်ရောင် လေဆင် နှာမောင်းမှာ၊ ဒဏ်ရာ ကြီးကြီး မားမား ပေးနိုင် ကြောင်း၊ သူ သိသည်။

“ ဟိတ် ... ။ ”

ထို့ကြောင့် အဆိုပါ မုန်တိုင်းအား အရှိန်အဟုန်နှင့်၊ မြန်မြန် ဖြတ်ကျော်ရန် ရှေ့သို့ ပြေးလွှား လိုက်သည်။

အမြန် နှုန်းအား ကန့်သတ် ချက်သို့ တွန်းပို့ကာ၊ ရွှကျီးကန်း အသွင် ရွေ့လျား မိ၏။ မြှား တစ်စင်း အသွင် လျင်မြန်စွာ ဖြတ်ကျော် လာခဲ့သည်။ သို့သော် ၎င်းဖြင့်ပင် မသက်သာ လှချေ။

“ ဝှစ် ... ။ ”

သွေး ပင်လယ်ပေါ် ခြေချ လိုက်သည်နှင့်၊ လေဆင် နှာမောင်းအား လည်ပြန် လှည့်ကြည့် ကာ၊ သက်ပြင်း ချလိုက် မိသည်။

ရှေ့ ပြန်လှည့် လိုက်သော အခါ၊ မှိန်ပျပျ မီးရောင်ဖြင့်၊ နီးစပ်လာ ပြီကို၊ မြင်လိုက် ရ၏။

“ မကြာခင် ရောက်နိုင်တယ်။ ”

အကွာ အဝေးအား၊ မှန်းမျှော် တွက်ချက် နေစဉ် မှာပင်၊ သွေးရေကန် အတွင်းမှ စုပ်ဝဲကြီး တစ်စင်း၊ ဖြစ်ပေါ် လာသည်။

လေဆင် နှာမောင်း တိုက်ခတ် သွားခြင်းကြောင့်၊ ဤရေဝဲများ ထွက်ပေါ် လာခြင်း ဖြစ်၏။

“ သေ စမ်း ... နောက် တစ်မျိုးလား။ ”

ကျိန်ဆဲလျက် ထွက်ပြေးရန် ကြိုးစားမိ သော်လည်း၊ စုပ်ဝဲ ဧရိယာမှာ၊ ပို၍ ကျယ်ပြန့် လာပြီး၊ အဟုန် ပြင်းလာ တော့၏။၏

“ ဝူး ... ။ ”

ကြီးမား လှသော လက် တစ်စုံဖြင့်၊ သူ့အား ရေဝဲ အတွင်း၊ ဆွဲသွင်း လိုက်သကဲ့သို့ ခံစားလာ ရသည်။

ကမ္ဘာကြီး တစ်ခုလုံး ချာလပတ်လည် သွားပြီး၊ စုပ်ယူမှု စွမ်းအား အောက်တွင် ခုခံရ ခက်ခဲ လာသည်။

တစ်ချိန်တည်း မှာပင် ခန္ဓာကိုယ် အတွင်း၊ သွေးမည်းများ စိမ့်ဝင် လာပြီး၊ မူလ စွမ်းအင်ကို၊ လောင်ကျွမ်း တော့၏။

ဤအရာ အားလုံးမှာ၊ မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပွား လာသောကြောင့်၊ တုန့်ပြန်ရန် အချိန် မရှိ လိုက်ချေ။

သွေး ရေကန်၏ မီတာ တစ်ထောင် အနက်သို့၊ စုပ်ယူခံ လိုက်ရသော ခန္ဓာ ကိုယ်ကို ကြည့်ကာ၊ ကြောက်ရွံ့ လာမိသည်။

“ ငါ သေတော့ မှာလား ။ ”

ကြောက်ရွံ့မှုကြောင့် နာကျင်မှု ကိုပင်၊ ပထမဆုံး အကြိမ် အဖြစ် မေ့လျော့ သွားသည်။ အရှုံး ပေးသော်၊ နဂါး ဝိညာဉ်မှ သူ့အား၊ ကယ်တင်မည် ဖြစ်သည်။

သို့သော် ကံကြမ္မာ ကိုယ်ခံ ပညာထက် မြင့်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို ရရှိ နိုင်မည် မဟုတ်ချေ။

အခြေ အနေ အပေါ်၊ သုံးသပ် နေစဉ်၊ ခန္ဓာ ကိုယ်မှာ သွေးရေကန် အောက်သို့၊ နက်ရှိုင်းစွာ ဆက်လက် ကျဆင်း သွားခဲ့သည်။

အနက်ရောင် သွေး များက၊ မွေးညှင်း ပေါက်များမှ၊ စိမ့်ဝင် လာပြီး၊ အတွင်း အင်္ဂါနှင့် အပ်စိုက်မှတ် များကို၊ လောင်မြိုက် နေ၏။

နာကျင်မှုမှာ ပြောမပြ တတ်အောင် ဖြစ်လာသည်။ ဤအရာသည် စမ်းသပ်ခြင်း မျှသာ ဖြစ်သည်ကို သူ သိ၏။

“ ဒိတ် ... ဒိတ် ။ ”

ထိုကြောင့် ရှင်သန်ရန် နည်းလမ်း ရှိရ ပေမည်။ စိတ်တည် ငြိမ်အောင်၊ ကြိုးစားယူ နေစဉ်၊ ဗုံသံများ ကဲ့သို့ တိုးညှင်းသော အသံ အချို့ကို ကြားလိုက် ရသည်။

“ ဒိတ် ... ဒိတ် ။ ”

ယင်းမှာ မိုးပြာ နဂါး၏ နှလုံး ခုန်သံနှင့်၊ တူညီသော သူ၏ နှလုံး ခုန်နှုန်း ဖြစ်လေသည်။ ကြွက်သား များနှင့် အရိုး များ ကြေမွ ကုန်မှ သာလျှင်၊ ဤအသံ ကြားရခြင်း ဖြစ်၏။

အချိန် ကြာလာ သည်နှင့် အမျှ၊ ခန္ဓာကိုယ် အတွင်းမှ အညစ် အကြေးများ စစ်ထုတ် ပေးပြီး၊ ကြည်လင်သော အဆင်းများ တဖြည်းဖြည်း ထွက်ပေါ် လာသည်။

ထိုအချိန်တွင် အနက်ရောင် သွေး အတွင်းရှိ၊ ကျန်ရှိ နေသော စွမ်းအင် အချို့က၊ သူ့ နှလုံးထံ တိုးဝင် လာ၏။

တစ်ချိန် တည်းမှာပင်၊ စမ်းသပ်မှု ပြင်ပ၌၊ ကြောက်ရွံ့ မှုများ စွန်းထင်း နေသော၊ လူအများ အပြား ပြန်၍ ထွက်ပေါ် လာကုန်သည်။

၎င်းတို့မှာ အရှုံးပေး လိုက်သူများ ဖြစ်၏။ စမ်းသပ်မှု တစ်ခု မျှသာ ဖြစ်မှန်း သိသော်လည်း၊ သူတို့ နှလုံးသားမှာ၊ သည်းမခံနိုင် ခဲ့ချေ။

***

All Chapters