← Chapters

မင်းနဲ့ မဆိုင်ဘူး။

Vol. 71 Ch. 991

မင်းနဲ့ မဆိုင်ဘူး။

Vol. 71 Ch. 991

အနက်ရောင် သွေးရေကန် ကြမ်းပြင်ရှိ၊ လင်းယွန် ခန္ဓာ ကိုယ်မှာ အရိုးများ ကွဲအက်ပြီး၊ အရေ ပြားများ ခြောက်သွေ့ လာ၏။

အင်္ဂါ အစိတ် အပိုင်းများ လောင်ကျွမ်း နေသဖြင့်၊ နှလုံးခုန်သံ ကြောင့်သာ မဟုတ်သော် လူသေ တစ်ယောက် အဖြစ် မြင်မိ ပေမည်။

“ ဒိတ် ... ဒိတ် ။ ”

သွေးရေကန် ကြမ်းပြင်၌၊ နဂါး တစ်ကောင်၏ နှလုံး ခုန်သံ ကဲ့သို့၊ တာအို တေးသံများ ပဲ့တင်ထပ် နေသည်။

ထိုနှလုံး ခုန်သံကို၊ လျှို့ဝှက် ဆန်းကြယ်သော တာအို တေးသီချင်း တစ်ပုဒ် အလား၊ ထင်မှား လာ စေ၏။

၎င်းစည်းချက် နှင့်အတူ၊ အနက်ရောင် သွေးများက ခန္ဓာကိုယ် အတွင်းမှ နှလုံးသားကို၊ သန့်စင် နေခဲ့သည်။

များမကြာခင် ခန္ဓာကိုယ် အနှံ့၊ သွေးများ စီးဆင်း လာပြီး၊ ပျက်စီး နေသော တစ်သျှူးများ ထံမှ၊ အလင်း အချို့ တောက်ပ သွား၏။

ကွဲအက် နေသော အရိုး များနှင့်၊ အတွင်း အင်္ဂါ များကို ပြန်လည် ပြုပြင် ပေးနေ သဖြင့်၊ ခရမ်းရောင် သမ်းနေ တော့သည်။

နဂါး သွေးကြောင့် ပြာပုံမှ ထလာသော ဖီးနစ် တစ်ကောင် ကဲ့သို့၊ အသွင် ပြောင်းလဲ သွား၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်ပြီး၊ လင်းယွန်မှ ထုတ်လွှတ် ထားသော အလင်းမှာ၊ ပို၍ အားကောင်း လာသည်။

ချွေးပေါက် များမှ အလင်း ရောင်များ ထွက်လာ ချိန်တွင်၊ ပိန်းပိတ်အောင် မှောင်ကျ နေသော ရေကန် ကြမ်းပြင်မှာ၊ လင်းရှင်း သွား၏။

ဆယ်ရက် အကြာတွင် လုံးဝ ကောင်းမွန် နေသော ခန္ဓာကိုယ် အသစ်အား ပြန်လည် ရရှိ လာပြီ ဖြစ်သည်။

လက်သီးကို ဆုပ်လိုက် သည်နှင့် ရုပ်ခွန်အားမှာ၊ အဆင့် အသစ်သို့ ရောက်ရှိ နေကြောင်း၊ ခံစား မိသည်။

မိုးပြာ နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်မှာ၊ မြင့်မားသော နယ်ပယ်သို့ ရောက်ရှိ သွားသည့်၊ အရိပ် အယောင်ပင် ဖြစ်၏။

“ အသက်နဲ့ သေခြင်း … ။ ”

ထိုစကား များ၏ အဓိပ္ပါယ်ကို နားလည် လာမိသည်။ ဤသည်မှာ စမ်းသပ်မှု တစ်ရပ်မျှ ဖြစ်သော်လည်း၊ အထက်ပါ အခြေ အနေကို၊ ဖြတ်ကျော် ရပေမည်။

ဥပမာ အားဖြင့်၊ နောက်ဆုံး အခိုက် အတန့်တွင်၊ တည်ငြိမ်မှုကို မထိန်းသိမ်း နိုင်ခဲ့ ပါက၊ နဂါး နှလုံး ခုန်သံနှင့် ထပ်တူ ကျမည် မဟုတ်ပေ။

ထို့ကြောင့် နှလုံး ပေါက်ကွဲ သွားနိုင်သည်။ ဆိုလို သည်မှာ နဂါး နှလုံး ခုန်နှုန်းနှင့်၊ သူ နှလုံး ခုန်နှုန်းကို၊ ညှိယူ ရခြင်း ဖြစ်သည်။

“ ဒါ က …”

ရုတ်တရက် သွေးပင်လယ် ကမ်းခြေရှိ၊ ထိတ်လန့် တုန်လှုပ် ဖွယ်ရာ မြင်ကွင်း များကို၊ သတိထား မိလာသည်။

နှလုံး ပေါက်ကွဲ နေသည့် အလောင်းများ မျောပါ နေကာ၊ မျက်ဝန်း များ၌ ကြောက်ရွံ့ခြင်း သို့မဟုတ်၊ နာကျင် ခြင်းများ ပြည့်နှက် နေခဲ့၏။

ယင်းမှာ ကြက်သီး ထဖွယ်၊ မြင်ကွင်း တစ်ရပ် ဖြစ်လေသည်။ အကြည့်အား ရုတ်ကာ၊ လက်ဖဝါးကို ဖြန့်လျက်၊ တံဆိပ် တစ်ခု ဖွဲ့တည် မိသည်။

“ နေနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်။ ”

လက်သီးအား ထိုးချ လိုက်သည်နှင့်၊ သွေးရေကန် ကြမ်းပြင်၌၊ ရွှေရောင် အလင်း များ ပေါက်ကွဲ လင်းထိန် သွား၏။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ၊ လှိုင်း တံပိုးများ ကောင်းကင် သို့တိုင် လွင့်တက် လာကာ၊ သူ့အား သယ်ဆောင် သွား၏။

သွေးရေကန် အပေါ်ရှိ မြင်ကွင်းသည်၊ ရေကန် ကြမ်းပြင်အောက်၊ မြင်ကွင်း များထက် ပို၍ သာယာ၏။

“ ဟူး ... ၊ ဆက်သွား ရမယ်။ ”

လေးကန်သော သက်မော တစ်ချက် မှုတ်ထုတ် လိုက်ပြီး၊ ရှေ့သို့ မျှော်ကြည့် လိုက် မိသည်။

အသက်နှင့် သေခြင်းကို ဖြတ်ကျော် ပြီးနောက်၊ သွေးရေကန် မျက်နှာ ပြင်ထက်၊ အေးဆေးစွာ လျှောက်လှမ်း လာနိုင်သည်။ လေထု ထဲမှ မှုန်မှိုင်းသော နဂါး အငွေ့ အသက် အချို့ပင်၊ လေျာ့နည်း နေ၏။

ခုနစ်ရက်ခန့် ခရီးနှင် ပြီးနောက်တွင်၊ ထိတ်လန့်ဖွယ် ကောင်းသော လှိုင်း လုံးကြီး တစ်လုံးနှင့်၊ ရင်ဆိုင် ရပြန်သည်။

ရုတ်တရက် ရွှေရောင် ပုံရိပ် အဖြစ် ပြောင်းလဲပြီး၊ လှိုင်းလုံးကို ဖြတ်ကျော် လိုက်၏။ ယခင် ကဲ့သို့ လျှပ်စီး များက၊ ခန္ဓာကိုယ်ပေါ် ထိမှန် လာသည်။

သို့သော် ဤတစ်ကြိမ်တွင် နာကျင်မှုများ မခံစား ရတော့ဘဲ၊ ခန္ဓာ ကိုယ်မှ စုပ်ယူသွား တော့သည်။

“ ဒီနေရာက ... ငါ့ရဲ့ ခန္ဓာ ကိုယ်ကို သန်မာအောင် လုပ်ဖို့ အကောင်းဆုံး နေရာပဲ၊ ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ် မရခဲ့ ရင်တောင်၊ အကျိုး မယုတ် နိုင်ဘူး။ ”

မှိန်ပျပျ အလင်း ရောင်ထံ လှမ်းကြည့်ကာ၊ ရေရွတ် လိုက်သည်။ ယခု အချိန်၌ ထိုအလင်း မှာ၊ မီးတောက် မဟုတ်ဘဲ၊ နန်းတော် တစ်ခု ဖြစ်လေသည်။

“ တွေ့ ပြီ ... ။ ”

အမွေခံ နန်းတော်ကို မြင်လိုက် ရပြီ ဖြစ်သဖြင့်၊ ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း ကိုးမျိုးကို၊ ကန့်သတ် ချက်သို့ တွန်းပို့ကာ၊ ချက်ချင်း ပြေးတက် လိုက်သည်။

ထိုအချိန်တွင်၊ လောချန်မှာ ဆိတ်ငြိမ်သော ဓားတောင်ကုန်း တစ်ခုသို့ ရောက်ရှိ သွားသည်။ ကြေမွ နေသည့် ကျောက်တုံးကြီး တစ်တုံး၌၊ စိုက်နေသော ဓား တစ်လက် ရှိနေ၏။

“ ရွှမ်း ... ။ ”

မဆိုင်း မတွဘဲ၊ ထိုဓားအား ဆွဲထုတ် လိုက်ရာ၊ အေးစက်သော အလင်းတန်း တစ်ခု တောက်ပ လာသည်။

ဤသည်မှာ ရှေးဟောင်း တာအို လက်ရာ တစ်ခု ဖြစ်၏။ သို့သော် ၎င်းက အပိုင်း အစများ အဖြစ် ပေါက်ကွဲလျက်၊ ကောင်းကင်တွင် ပျံဝဲ သွားသည်။

အပိုင်း အစ တစ်ခု စီတွင်၊ စာလုံးများ ပါရှိ၏။ ယင်းက နဂါး ဦးချိုကို ကိုယ်စား ပြုသော အမွေ ဖြစ် လေသည်။

မြေပြင်ကို ဖြိုခွဲ နိုင်သော အလွန် အစွမ်း ထက်သည့်၊ ဓားရေး တစ်ရပ် ဖြစ်သည်။ ရှားပါး ပြီးပြည့် စုံသော ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်၏။

လင်းယွန်၏ ကောင်းကင်ဓား ရည်ရွယ်ချက်ကို မြင်ပြီးနောက်၊ သည်အမွေဖြင့်၊ မကျေနပ် နိုင်ချေ။

ကောင်းကင်ပေါ် မော့ကြည့်ကာ၊

“ အရှင် နဂါး ဝိညာဉ်၊ ငါ စာမေးပွဲ အောင်မြင်တယ် မဟုတ်လား၊ ကံကြမ္မာ ကိုယ်ခံ ပညာ အထက်က၊ ပညာရပ် ဘယ်မှာလဲ။ ”

“ မင်း ... စမ်းသပ်မှု မအောင် ခဲ့ဘူး။ ”

နဂါး ဝိညာဉ်မှ၊ အညှာ အတာ ကင်းမဲ့စွာ ပြန်ဖြေသည်။ ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ ပညာရပ် အကြောင်း ပြောပြ ရန်ပင်၊ ဆန္ဒရှိပုံ မရချေ။

“ မအောင်မြင် ဖူးလား၊ မဖြစ် နိုင်တာ ... ၊ အကြိမ်ကြိမ် အရှုံးပေး လုနီးပါး ဖြတ်ကျော်လာ ခဲ့တာ၊ ဘယ်လို ဖြစ်ပြီး မအောင်မြင် ရတာလဲ။ ”

လက်ခံ နိုင်သည့် ရလာဒ်မျိုး မဟုတ် သောကြောင့်၊ လောချန် တစ်ယောက် ဒေါသ ထွက်သွားသည်။

ဓားရေးမှာ အားကောင်း သော်လည်း၊ ကံကြမ္မာ ကိုယ်ခံ ပညာ အဆင့် ၌သာ ရှိချေ၏။ ၎င်းအထက် ပညာရပ်မှာ အောင်မြင်သူ အတွက် ဖြစ်ပုံ ရသည်။

ဤသို့ ဆိုပါက မည်သူမျှ ရယူ နိုင်စရာ အကြောင်း မရှိ နိုင်ချေ။ သူ့ သံသယ များကို နဂါး ဝိညာဉ်မှ၊ ပြန်လည် ဖြေရှင်းခြင်း မရှိဘဲ၊ တိတ်ဆိတ် သွားသည်။

ချင်လင်းနှင့် ကျွင့်မုန်ချန် သည်လည်း၊ အလားတူ ခံစား နေရသည်။ သူတို့ အနေဖြင့်၊ အရှုံး မပေး ခဲ့သော်လည်း၊ အရှုံး သမား အဖြစ် သတ်မှတ်ခံ လိုက်ရသည်။

နဂါး မျက်လုံး နေရာရှိ ဖေးရွယ်မှာ၊ ရှေးကျသော လျှို့ဝှက် နည်းစနစ် တစ်ရပ်အား ရရှိ ခဲ။ သို့သော် သူမ သည်လည်း၊ အရှုံး သမား ဖြစ်နေ သေးသည်။

“ ဒီစမ်းသပ်မှုကို အောင်မြင်တဲ့ သူရှိလား။ ”

ထို့ကြောင့် ဖေးရွယ်မှ အံဩစွာဖြင့်၊ နဂါး ဝိညာဉ်အား ပြန်၍ မေးမြန်း လိုက်တော့သည်။

“ တစ်ယောက် ရှိတယ် ။ ”

သူမ မေးခွန်းကို၊ နတ်နဂါး ဝိညာဉ်က တုံးတိတိ ပြန်ဖြေ၏။ ထိုအဖြေကြောင့် ဖေးရွယ် မျက်နှာ ပြောင်းလဲ သွားပြီး၊ ‘သူလား၊’ ဟု ရေရွတ် လိုက်လေသည်။

နဂါး အမြီးရှိ ယုဟိုရှင်း မှာမူ၊ နတ်ဆိုး ဝိညာဉ်၏ အကူ အညီဖြင့် စမ်းသပ်မှုကို အပြီး သတ် နိုင်ခဲ့သည်။

ခွန်အား အရာ၌ နှစ်ဆတိုး လာသဖြင့်၊ ရွေ့လျားမှု နည်းစနစ် တစ်ရပ်အား ပြုံးရွှင်စွာ လှမ်းယူ လိုက်သည်။

ယင်းက တိုက်ခိုက် ရာတွင်၊ အဟုန်ကို မြှင့်တင် နိုင် သကဲ့သို့၊ ဆုတ်ခွာရာ ၌လည်း၊ များစွာ အထောက် အကူ ပြုချေပြီ။

“ မင်းက ဒီစမ်းသပ်မှုမှာ၊ ပထမဆုံး အောင်နိုင်တဲ့ သူတော့ မဟုတ်ဘူး၊ ဒါကြောင့် တကယ့် ရတနာက မင်းနဲ့ မဆိုင်ဘူး ။ ”

အသွင် အပြင် အရ၊ ယုံကြည်မှု လွန်ကဲ နေသော၊ ယုဟိုရှင်းအား နဂါး ဝိညာဉ်မှ ပြော ကြား လိုက်သည်။

ထို့ကြောင့် ယုဟိုရှင်း မျက်နှာ မှာ၊ ပျက်ယွင်းသွား တော့၏။ သူ့အား အနိုင်ယူ သွားသူ၊ မည်သူ ဖြစ်မည်ကို၊ ထိတ်လန့်စွာ ခန့်မှန်း နေမိ သည်။

***

All Chapters