← Chapters

နဂါး သခင်။

Vol. 71 Ch. 992

နဂါး သခင်။

Vol. 71 Ch. 992

နဂါး ဝိညာဉ်၏ စကားကြောင့်၊ ယုဟိုရှင်း တစ်ယောက် မျက်နှာ မည်းမှောင် သွားသည်။ နှုတ်ခမ်းများ တဖြည်းဖြည်း တုန်ယင် လာပြီး၊ နာမည် တစ်ခုအား သတိရ လာ၏။

ရင်ပြင်တွင် ပြသ ထားသော ခွန်အား အရ၊ ဤနေရာရှိ လူများ အနက် လင်းယွန်မှာ၊ အသန် မာဆုံး ဖြစ်သည်။ ထိုစဉ် ကတည်းက သတ်ချင် ခဲ့၏။

ကောင်းကင် ဓားကို ကိုင်ဆွဲထား သောကြောင့်၊ အထွတ် အထိပ် အခြေ အနေဖြင့် ဆိုပါက၊ အနိုင် ယူရန် နည်းလမ်း မရှိ နိုင်ချေ။

ထို့ကြောင့် သူ့ထက် သန်မာ သူမှာ၊ လင်းယွန်မှ လွဲ၍ အခြားသူ မရှိကြောင်း သူ မှန်းဆ နိုင်သည်။

ခံစားချက် များကို ထိန်းချုပ်ရန် ကြိုးစား နေရ သဖြင့်၊ တွန့်ဆုတ်မှု များနှင့်၊ ပြည့်နှက် လာသည်။

နတ်ဆိုး ဝိညာဉ်ကြောင့်၊ ယုံကြည်မှု အပြည့်ရှိ လာပြီး၊ ညွှန်ကြား ချက်တိုင်း လိုက်နာ ကာ၊ ခွန်အားကို နှစ်ဆ တိုးနိုင် ခဲ့၏။

ထို့ကြောင့် ကျင့်ကြံမှုမှာ အထွတ် အထိပ် တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ် သို့ပင်၊ ရောက်ရှိ လာသည်။

အစွမ်း ထက်သော၊ ရှေးဟောင်း ပစ္စည်း တစ်ခု ကိုလည်း ရရှိ ထားသည်။ ထိုအရာများ အားလုံး၊ ယခု မြောင်းထဲ ရောက်သွား ပေ၏။

“ သေစမ်း ... ၊ ငါ ဒီအထိ ရောက်လာ ပြီးမှ။ ”

ဒေါသကြောင့် ရူးသွပ်မတက် ရယ်မော လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ပထမ သွေးစွန်းသော ဧည့်ခံပွဲနှင့်၊ ပယင်း နယ်မြေ ကြီး၏ ကံကြမ္မာများ အားလုံး လုယူခံ ရသည်။ ယခုမူ နဂါး နန်းတော်မှ၊ အမွေ ဖြစ်၏။

“ စိတ် မပူနဲ့၊ ကံကြမ္မာ ကိုယ်ခံ ပညာ အထက် ရတနာကို ရခဲ့ရင် တောင်မှ၊ ချက်ချင်း အသုံးပြု နိုင်ဦးမှာ မဟုတ် ပါဘူး၊ ... ”

“ ... ပြီးတော့ ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ ပညာ ရပ်ကို ရဖို့ ဆိုတာက၊ လွယ်တာ မှ မဟုတ်တာ၊ အသက် ရှင်လျက် ထွက်လာ နိုင်မယ်လို့၊ ဘယ်သူ အာမခံ နိုင်လဲ၊ ... ”

“ ... မင်းရဲ့ ရိတ်သိမ်းမှု အားလုံးကို ချေဖျက်ဖို့ အခုပဲ ကျင့်ကြံပါ၊ ဒါဆို သူက မင်း အတွက် ဖြစ်လာ လိမ့်မယ်။ ”

နတ်ဆိုး ဝိဉာဉ်က သတိ ထား၍ တိုးညှင်းစွာ ပြောဆို လာသည်။

“ အရင်က မင်းကို ငါ ပြောဖူး ပါတယ်၊ မင်းကို သူ သုံးကြိမ် တိုင်တိုင် မသတ် နိုင်ခဲ့တဲ့ အတွက်၊ ခြေနင်းတုံး ဖြစ်ဖို့ ကံပါ လာပြီလို့ ... ။ ”

ထိုစကားကြောင့်၊ ယုဟိုရှင်း တစ်ယောက် ငြိမ်သက် သွားသည်။ ကစားပွဲ မပြီး သေးခေျ။ မည်သူ မဆို အောင်နိုင်သူ ဖြစ်နိုင်၏။

တစ်စုံ တစ်ယောက်သည် ကောင်းကင် လမ်း၌ ကြီးစွာသော ကံကောင်းခြင်း ရှိလျှင်ပင်၊ လမ်း အဆုံး အထိ၊ ရောက်ဖို့ လိုသည်။

ထိုအချိန်တွင် နှလုံးသား အမွေကို ယူရန် နန်းတော်ထဲ ဝင်ခါ နီးတွင်၊ ရုတ်တရက် အရိပ် တစ်ရိပ် အုပ်မိုး လာသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ရွှေကျီးကန်း အသွင် ပြောင်လဲခြင်း ကိုးမျိုးဖြင့်၊ ချက်ချင်း ပြန်ဆုတ် လိုက်သည်။

ထို့စဉ် မိုးကုပ် စက်ဝိုင်း အစပ် ထံမှ ကြီးမားသော အသွင် သဏ္ဍာန်နှင့်၊ လျှပ်စီးများ လက်လာ၏။

ယင်းက အကြေးခွံ များဖြင့်၊ ဖုံးအုပ် နေပြီး ကြောက်မက်ဖွယ် ကောင်းသော၊ အပြာရောင် နဂါး တစ်ကောင် ပျံသန်း လာသည်။

“ မိုးပြာ နဂါးလား။ ”

ခေတ္တမျှ အံ့အားသင့် သွားပြီး ဤသတ္တဝါသည်၊ ဒဏ္ဍာရီလာ မိုးပြာ နဂါးဖြစ် နိုင်မည် လောဟု၊ တွေးတော လာမိသည်။

သို့သော် ဖြစ်နိုင်ခြေ နည်းသည်။ မိုးပြာ နဂါးသာ ဆိုပါက၊ ၎င်းရောင်ဝါမှာ သူ့ ခန္ဓာဖြင့်၊ တွန်းလှန် နိုင်သော အရာ မဟုတ်ချေ။ ဖြစ်နိုင် သည်မှာ ပုံရိပ် ယောင်သာ ဖြစ်နိုင်သည်။

မည်သို့ပင် ဆိုစေကာမူ၊ ဤနဂါး ဝိညာဉ်မှ သူ့အား အန္တရာယ် ပြုခံမည် မဟုတ်ကြောင်း၊ ယုံကြည် သည်။

ကောင်းကင်ရှိ သတ္တဝါ ကြီးက၊ လင်းယွန်ကို ဖြတ်၍ ကြည့်ရန် ကြိုးစား လိုက်သည်။ သို့သော် မမြင် နိုင်ခဲ့ချေ။

“ ကျွင့်ဝူ ... ၊ သူက ရိုးသား ပါတယ်၊ ငါတို့ရဲ့ မိတ်ဆွေလေးကို မချောက်ပါနဲ့။ ”

အပြုံး တစ်ပွင့်နှင့်အတူ၊ နှစ်လိုဖွယ် ကောင်းသော ခံစား ချက်ကို ပေးစွမ်းသည့်၊ သတ်လတ်ပိုင်း အရွယ်၊ လူမည်း တစ်ဦး ထွက်ပေါ် လာသည်။

“ သူက ထူးဆန်းတယ်၊ သူ့မှာ ငါတောင် မမြင် နိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိပုံ ရတယ်။ ”

လင်းယွန်အား စူးစူး စိုက်စိုက် ကြည့်နေသည့်၊ မိုးပြာ နဂါး ဝိညာဉ်မှ တုန့်ပြန် လိုက်၏။ လူမည်း အမျိုး သားက ပြုံးပြီး၊

“ ငါ သိပါတယ်၊ ဆင်းလာ ခဲ့ပါ၊ သူရဲ့ လျှို့ဝှက်ချက်က အခြားသူ တွေလို မဟုတ် ပါဘူး၊ ဒါကြောင့် မင်း အဲဒါကို စိတ်ပူ မနေ ပါနဲ့။ ”

လူလတ်ပိုင်း အရွယ် လူမည်း အမျိုးသား စကား ကြောင့်၊ မိုးပြာ နဂါး ဝိညာဉ်မှာ အဝေး သို့၊ ပျံသန်း ထက်ခွာ သွားသည်။

မည်သည့် နေရာမှ ထွက်ပေါ် လာမှန်း သိသည့်၊ လူလတ်ပိုင်း အရွယ် လူမည်း အမျိုး သားထံ ပြန်ကြည့်ကာ၊ လင်းယွန်မှ မျက်မှောင် ကြုတ် လိုက်မိ၏။

“ မင်းက ဘယ်သူလဲ ... ။ ”

“ ငါလား ... ၊ ငါ့ နာမည်က ဂျင်လင်းပါ၊ ဒါပေမယ့် အများ စုက၊ နဂါး သခင်လို့ ခေါ်ကြ ပါတယ်၊ သူ့ကိုတော့ ... ”

“ ... ကျွင့်ဝူလို့ ခေါ်နိုင် ပါတယ်၊ သူက ငါ့ ဝိညာဉ် တစ်ပိုင်းပဲ၊ ဒီနေရာရဲ့ ပိုင်ရှင် တစ်ဝက် လို့လည်း၊ ယူဆ နိုင်ပါတယ်၊ နည်းနည်းလေး မောက်မာ တက်ရုံ ကလွဲပြီး၊ ရန်ငြိုး မဖွဲ့တက် ပါဘူး။ ”

လူလတ်ပိုင်း အရွယ် လူမည်း အမျိုးသားက ပြန်ဖြေသည်။

“ နဂါး ဝိညာဉ်၊ နဂါး သခင် ဂျင်လင်း ... ။ ”

လူလတ်ပိုင်း အရွယ် လူမည်း အမျိုးသားကို ကြည့်ကာ၊ လင်းယွန်မှ အလေး အနက် လိုက်ပါ ရေရွတ် မိ၏။

“ နှစ်ပေါင်း များစွာ ကြာပြီး တဲ့နောက် မှာတော့၊ တစ်စုံ တစ်ယောက်က စမ်းသပ်မှုကို၊ အဆုံးထိ အောင်နိုင် ခဲ့ပြီ၊ ... ”

“ ... အခုထိ လူ ဘယ်လောက် သေခဲ့မှန်း မမှတ်မိ နိုင်တော့ဘူး … ၊ မင်း ကတော့ ငါ့ကို မြင်ခွင့် ရတဲ့ ပထမဆုံး လူပဲ။ ”

လင်းယွန်ကို ပြုံးပြပြီး၊ ဂျင်လင်းမှ ဆိုသည်။ စကား အသွား အလာ အရ၊ သွေးကန် အောက်မှ အလောင်း များကို ရည်ညွှန်းမှန်း သိ၏။

“ တွေ့ရတာ ဝမ်းသာ ပါတယ် စီနီယာ၊ ငါ့ရဲ့ ရိုင်းပျမှု အတွက် တောင်းပန် ပါတယ်။ ”

လင်းယွန်က ခါးညွတ်ကာ ဆိုသည်။

“ စိတ်ထဲ မထားနဲ့၊ ငါက အကြွင်း အကျန် ဝိညာဉ် တစ်ခုပါ၊ ငါ့ အမွေကို ပေးဖို့ ဒီမှာ ရှိနေ တာပါ။ ”

ဂျင်လင်းက လက်ဝှေ့ ယမ်းကာ၊ တုန်ပြန် လိုက်၏။ ထိုစကားကြောင့် လင်းယွန် မျက်ဝန်း များ တောက်ပ လာသည်။

“ အခြားလူ တစ်ဦး ဆိုရင်တော့၊ ကျွင့်ဝူရဲ့ စမ်းသပ်မှု နဲ့တင်၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ ပေးပြီး၊ ပြီးသွား လိမ့်မယ်၊ ... ”

ဂျင်လင်း စကား မဆက်မီ ခေတ္တ ရပ်ကာ၊ လင်းယွန်ကို ပြန်လည် အကဲခတ် လိုက်ပြီး၊

“ ... ဒါပေမယ့် မင်းကတော့ မတူဘူး၊ ပထမဆုံး စမ်းသပ်မှုကို ပြီးမြောက်သူ ဖြစ်တဲ့ အတွက်၊ နဂါး နန်းတော်က မင်းနဲ့ ကံစပ်ပုံ ရတယ်၊ ဒီတော့ ... ”

“ ... မင်းကို ရွေးချယ် စရာ နှစ်ခု ပေးမယ်၊ ပထမ အခွင့် အရေး အနေနဲ့၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ယူမလား၊ ... ”

“ ... ဒါမှ မဟုတ် ဒုတိယ အခွင့် အရေး ဖြစ်တဲ့၊ ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ ပညာ ရပ် တစ်ခုကို ယူမလား၊ ဒါပေမယ့် ... ”

“ ... မင်း ယူချင်တယ် ဆိုရင်တော့ ... ၊ စမ်းသပ်မှု တစ်ခု ထပ်ဖြေ ရမယ်၊ ကျရှုံးရင် ဘာမှ မရဘူး၊ သေချာ စဉ်းစားပါ။ ”

ဂျင်လင်းမှ မျက်လုံးများ မှေးစင်းလျက်၊ ပြုံးကာ ရှင်းပြ လိုက်သည်။

“ တွေးနေ စရာ မလို ပါဘူး၊ ဒုတိယ အခွင့် အရေးကို ရွေးမယ်၊ စမ်းသပ်မှုက ဘာလဲ။ ”

“ မင်း ငါ့ဆီက၊ လက်ဝါး တစ်ချက် ခံယူ ရုံပါပဲ၊ ဒါပေမယ့် ငါရဲ့ ကျင့်ကြံမှု ကိုတော့ မင်းနဲ့ အတူ၊ ဖိနှိပ် ပေးထားမယ်။ ”

ဂျင်လင်း၏ စကား များကြောင့်၊ လင်းယွန် နှလုံးသား တစ်ခုလုံး တုန်ခါ သွားသည်။ ၎င်းမှာ ဝိညာဉ် အစိတ် အပိုင်း တစ်ခု မျှသာ ဖြစ် သော်လည်း၊ သန်မာဆဲ ဖြစ်၏။

ဤသည်မှာ ခရမ်းရောင် နန်းတော်သို့၊ ဖိနှိမ်ထား လျှင်ပင်၊ လင်းယွန်၏ ခွန်အားကို၊ ခရမ်းရောင် နန်းတော် ကျင့်ကြံသူ တစ်ဦးမှ၊ လက်ခံ နိုင်မည်၊ မဟုတ်သော သဘော တရားမျိုး ပေပင်။

“ ကိုယ်ခံ ပညာကို သုံးပြီး တိုက်မှာလား။ ”

သို့သော် သိလို သည်ကို၊ ပြန်မေး မိ၏။

“ အင်း ... ။ ”

ဂျင်လင်းမှ ပြုံးလျက် ဖြေသည်။ ထို့ကြောင့် အသက် ပြင်းပြင်း ရှူကာ၊ မျက်မှောင်ကြုတ် မိ၏။ ခက် ချေပြီ။

“ သေချာ စဉ်းစားပါ၊ မင်းအတွက် လွယ်မှာ မဟုတ်ဘူး၊ ငါ့ လက်ဖဝါးကို မခံနိုင်ရင် အသက် ဆုံးရှုံး နိုင်တယ်။ ”

-ဟု ဂျင်လင်းမှ ပြုံးစ စဖြင့်၊ သတိ ပေး လာသည်။

“ အဟက် ... ၊ စိတ်မကောင်း စရာပဲ၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ ကလည်း၊ မင်း အတွက် မဆိုး ပါဘူး။ ”

ထိုစကားကြောင့် ဂျင်လင်းအား ခေါင်းမော့ ကြည့် လိုက်ရာ၊ သူ့အပေါ် အထင်သေး ရှုမြင် နေကြောင်း၊ မြင်လိုက် ရသည်။

“ စီနီယာ ... ၊ ငါ့ကို မခံ ချင်အောင်၊ စကားလုံး တွေနဲ့ ထိုးနှက် မနေ ပါနဲ့၊ ဒီ ဂျူနီယာက ဓားသမားပါ၊ ... ”

“ ... နောက်ဆုတ်ဖို့ ... ၊ ရည်ရွယ်ချက် မရှိ ပါဘူး၊ ရှေးဦးခေတ်ရဲ့ ပါရမီရှင် တစ်ယောက်က၊ ဘယ်လောက် အထိ သန်မာပြီး၊ ဂုဏ်သတင်းနဲ့ ထိုက်တန်လဲ ဆိုတာကို၊ ငါ လည်း ခံစားချင် ပါသေးတယ်။ ”

***

All Chapters