← Chapters

အပြန် အလှန် လက်ဆောင် ပေးတာက လူ့ ကျင့်ဝတ်ပါ။

Vol. 71 Ch. 993

အပြန် အလှန် လက်ဆောင် ပေးတာက လူ့ ကျင့်ဝတ်ပါ။

Vol. 71 Ch. 993

လင်းယွန် ထံမှ တိုက်ပွဲဝင် ဆန္ဒ များကို မြင်ချိန်တွင်၊ သူ့ ငယ်ဘဝကို ရုတ်တရက် သတိ ရသွားသည်။

ထိုစဉ်က သူ သည်လည်း၊ စီနီယာ များထံ တောင်းဆို ဝံ့သော လင်းယွန် ကဲ့သို့၊ မာနကြီး သူ တစ်ယောက် ဖြစ်သည်။

သူ့ဘေးတွင် အတူ ရပ်နေသော အဖော် များစွာ ရှိခဲ့၏။ သေခြင်း တရားနှင့် စစ်တလင်း ပြင်နေ ရသည့် ခေတ်ဖြစ် သဖြင့်၊ သွေးများ ပွက်ပွက်ဆူ ခဲ့သည်။

ကပ်ဘေး အတွင်း ပါရမီရှင်များ၊ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွန်း လာသည်။

သို့သော် နောက်ဆုံးသော ကပ်ဘေး ကျရောက် လာသော အခါတွင်၊ မည်သူမျှ အသက်ရှင် ကျန်ရစ် နိုင်ခြင်း မရှိ တော့ချေ။

ဂျင်လင်း တစ်ယောက် အတိတ်ကို၊ လွမ်းမော နေရာမှ၊ ပြန်လည် သတိဝင် လာပြီး ပြုံးရယ် လိုက်၏။

“ စိတ်ဝင်စား စရာပဲ၊ ငါ မင်းကို နည်းနည်းတော့ သဘောကျ လာပြီ၊ ဒါပေမယ့် ဒါက မင်းကို သက်သာ စေမှာတော့ မဟုတ်ဘူး၊ ငါ့ ခွန်အားကို သက်သေ ပြမယ် ။ ”

သူ့ စကားဆုံး သည်နှင့်၊ ကျင့်ကြံမှုအား ဒုတိယ ကောင်းကင် ဝိညာဉ်သို့ နှိမ့်ချကာ၊ နဂါး ရောင်ဝါများ ထုတ်လွှတ် လိုက်သည်။

တစ်ဖက် လူမှာ သူ့ ကဲ့သို့ပင်၊ နဂါး ရောင်ဝါကို၊ သန့်စင်ထား သောကြောင့်၊ အံ့သြ သွား၏။

သို့သော် သူ၏ နဂါးဓား ရောင်ဝါနှင့်၊ ဂျင်လင်း နဂါး ရောင်ဝါကြား ကြီးမားသော ကွာဟချက် ရှိပေသည်။

ထို့စဉ် ဂျင်လင်းက လက်ဖဝါးကို တွန်းထုတ် လာပြီး၊

“ ကောင်လေး ... ၊ အရှုံး မပေးနဲ့၊ န ဂါး ထွက် သက် ... ။ ”

-ဟူသော ကြုံးဝါး သံနှင့် အတူ၊ သတိ ပေးလိုက်သည်။

အနက်ရောင် နဂါး ကြီးက လက်သည်း များကို ဖွင့်လျက်၊ လင်းယွန် ထံသို့၊ ဆင်းသက် လာ၏။

နဂါး လက်သည်း ပေါ်လာသော အခါ လင်းယွင် မျက်နှာမှာ၊ သိသိ သာသာ ပြောင်းလဲ သွားသည်။

ပတ်ဝန်း ကျင်ကို မိုးကြိုး များဖြင့်၊ ကန့်သတ်ခံ လိုက်ရပြီး၊ အားကောင်းသော လက်ကြီး တစ်ဖက်က၊ သူ့ အပေါ် ဖုံးအုပ် လာ၏။

“ မကောင်း တော့ဘူး။ ”

သူ့ခန္ဓာ ကိုယ်မှာ၊ ထိန်းချုပ် နိုင်စွမ်း မရှိ တော့ဘဲ၊ နဂါး လက်သည်း ထံသို့၊ မြောက်တက် သွားသည်။

လျှပ်စီးများ ပြည့်နှက် နေသည့်၊ စုပ်ဝဲ ကြီးအား သူ မြင်နိုင်သည်။ မည်မျှပင် ရုန်းကန် စေကာမူ၊ လွတ်မြောက်ခြင်း မရှိချေ။

“ ဒီ ကို လာ ပါ ... ။ ”

နားထဲတွင် ခေါ်သံ တစ်သံ ပဲ့တင်ထပ် လာ၏။ ယင်းက လင်းယွန် ခန္ဓာ ကိုယ်အား တုန်လှုပ် သွားစေသည်။ မူလ စွမ်းအင်များ ပြတ်တောက် ကုန်ကာ၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။

လက်သည်း ဆီသို့ အထိန်း အကွပ် မဲ့စွာ ပျံသန်း နေစဉ်၊ အရိုးများ အက်ကွဲ လာသည်။ ယင်းက နဂါး လက်သည်း ကြောင့်သာ၊ ခံစား ရသော ဝေဒနာ ဖြစ်၏။

ဤအတိုင်း ဆိုပါက ဒွာရ ခုနစ်ပါးမှ သွေးယိုကာ၊ အရိုးများ ကြေမွသွား နိုင်ပေမည်။ ဤသည်မှာ ဒုတိယ ကောင်းကင် ဝိညာဉ်၏ စွမ်းအား ပင်လော။ ယင်းက မူရှို့ဟန် ထက်ပင် အားကောင်း လှချေပြီ။

သို့သော် ထိုအကြောင်း အရာ များထက် အရေးကြီး သည်မှာ၊ အမြင် အာရုံများ အမှောင် ကျ သွားခြင်း ဖြစ်သည်။

ရုတ်တရက် ဂျင်လင်း၏ ရယ်မောဖွယ် အကြည့်များကို သတိရ လာပြီး၊ နှလုံး သွေးများ ပွက်ပွက်ဆူ လာ၏။

၎င်းက သူ့အား သတ်မည် မဟုတ် သော်လည်း၊ အထင်သေး ခြင်းမှာ ထာဝရ တည်သွား ပေမည်။

ထို့ကြောင့် အံကြိတ်လျက်၊ ကောင်းကင် ဓားနှင့်၊ ရွှေကျီးကန်း တံဆိပ်အား ဆင့်ခေါ်မိ လေသည်။ ဓားဆွဲချိန် မရှိသည့် အတွက် လက်သီး ကိုသာ အားကိုးမည် ဖြစ်၏။

“ ဓားနဲ့ လက်သီး ပေါင်းစပ်- နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်။ ”

လင်းယွန်ထံမှ အကန့် အသတ်မဲ့ ဓားရောင်ဝါ များက၊ နဂါး တစ်ကောင် အဖြစ် ပေါ်လွင် လာသည်။

ချက်ချင်းပင် ကောင်းကင် ဓား၊ ထာဝရ နဂါး ရောင်ဝါနှင့်၊ နေနတ်ဘုရား တံဆိပ်ကို ပေါင်းစပ် လိုက်သည်။

“ ခ ရစ် ... ။ ”

ထို့စဉ် မှာပင် နဂါး လက်သည်း၌ အက်ကွဲ ကြောင်းများ ထွက်ပေါ် လာပြီး၊ ဓားမြည် သံများ ကျယ်လောင် လာ၏။

“ ကောင်းကင်ဓား ရည်ရွယ်ချက်။ ”

ဂျင်လင်း တစ်ယောက် အံ့သြ သွားသည်။ တစ်ချိန် တည်း မှာပင် ဓား မဟုတ်ဘဲ၊ လက်သီး တစ်လုံး ဖြစ်ကြောင်း၊ သိရှိ လိုက်သည်။

ယင်းမှာ မရိုး ရှင်းချေ။ ထို့ကြောင့် နှုတ်ခမ်း ထောင့်စွန်း၌၊ အပြုံး တစ်ပွင့် ထွက်ပေါ်လာ တော့ သည်။

“ လက်သီးနဲ့ ဓား ပေါင်းစပ် ထားတာလား၊ မဆိုးဘူး … ။ ”

-ဟု ချီးကျူး စကားဆို လိုက်တော့၏။

“ ငါ လက်ဆောင် ပြန်မပေး မိရင်၊ ရိုင်းရာကျ လိမ့်မယ်၊ စီနီယာ ဒီဓားကို ယူ ... ။ ”

နဂါး လက်သည်း ပြိုကျသွား သဖြင့် စမ်းသပ်မှု အောင်မြင်ကြောင်း၊ ဂုဏ်ပြုရန် ပြင်နေ ချိန်တွင်၊ ထက်ရှသော ဓား တစ်လက် ကောင်းကင်ပေါ် ပျံတက် လာသည်။

ထို့နောက် နှုတ်ခမ်းမှ သွေးကို သုတ်ပြီး၊ ပန်းသင်္ချိုင်း ဓားကို ဆွဲကာ၊ လင်းယွန်မှ ပြော လိုက်၏။

ဒုတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ရှိနေ ပါက၊ မည်သူ့ကို မဆို မတုန့်ပြန် ဝံ့စရာ မရှိချေ။

“ ကောင်းကင်ဘုံ သုံးပါး - ကောင်းကင် ကြာပန်း။ ”

ဓားကို လွှဲလိုက် သည်နှင့်၊ ခရမ်းရောင် ပန်းများ ပွင့်နေသော အပြာရောင် သစ်ပင်ကြီး ထွက်ပေါ် လာသည်။

“ ဝှစ် ... ။ ”

၎င်းအောက် ခြေ၌ ကြာပန်းများ ပြည့်နေသော လျှပ်စီး ရေကန်ကြီး တစ်ကန် ဖြစ်တည် လာကာ၊ ကြာပန်း တစ်ပွင့် ပျံတက် လာ၏။

အစောပိုင်း အချိန်၌ လင်းယွန်၏ ပေါက်ကွဲမှုကို၊ ဂျင်လင်းမှ စိတ် မဝင်စား ခဲ့ချေ။ သို့သော် ကြာပန်းအား မြင်ပြီး နောက်တွင်၊ သူ့ ကျင့်ကြံမှုကို စတုတ္ထ ကောင်းကင် ဝိညာဉ်သို့၊ ချက်ချင်း မြှင့်တင် လိုက်ရသည်။

သို့တိုင်အောင် သူ့ကိုယ်သူ တည်ငြိမ်မှု ရစေရန် အတွက်၊ ခြေတစ်လှမ်း ဆုတ်လျက် ဟန်ချက် ထိန်းယူ လိုက်ရ၏။

သည်မြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ကျေနပ် သွားသည်။ ဒဏ်ရာ မပေး နိုင် သော်လည်း၊ ဂျင်လင်းကို ဖိအား ပေးနိုင် ခဲ့၏။

“ စီနီယာ တောင်းပန် ပါတယ်။ ”

ပန်းသင်္ချိုင်း ဓားအား၊ ဓားသေတ္တာ အတွင်း နောက်ပြန် သိမ်းလိုက်ကာ၊ ပြုံးလျက် လက်ဝှေ့ ယမ်း လိုက်သည်။

“ ကောင်လေး ... ၊ မင်းက ငါ့မှာ ရုပ်ခန္ဓာ မရှိမှန်း သိရက်နဲ့၊ အခွင့်ကောင်း ယူလိုက် တာပဲ။ ”

ဆုပ်ကိုင် ထားသော၊ ဂျင်လင်း၏ ညာ လက်သီးမှ ဓား အလင်းများ ဖြာထွက် လာပြီး၊ လင်းယွန်ကို စိုက်ကြည့်လျက် ဆိုလေသည်။

ထိုအမူ အရာကြောင့် လင်းယွန် ခမျာ ပြောစရာ စကားမဲ့ သွား၏။ သူလွန် သွားမှန်း သိလာ မိသည်။

ထို့စဉ် ဂျင်လင်းက၊ အဆိုပါ လက်သီးကို မြှောက်လာပြီ ဖြစ်သဖြင့်၊ ဒေါသကြောင့် ထပ်မံ တိုက်ခိုက် လာမည်အား၊ စိုးရိမ် သွားသည်။

ယင်းကြောင့် ချက်ချင်း ဦးညွှတ်ကာ၊

“ စီနီယာ ... ၊ ငါ မင်းကို အခွင့်ရေး ယူဖို့ သတ္တိ မရှိ ပါဘူး၊ စီနီယာ မှာသာ ရုပ်ခန္ဓာ ရှိခဲ့ရင် အခုလို ဘယ်တိုက်ရဲ ပါ့မလဲ။ ”

-ဟု အလျင် အမြန် တောင်းပန် လိုက်မိသည်။

“ မဆိုးဘူး၊ မင်း လိမ္မာတယ်။ ”

ဂျင်လင်း အမူ အရာမှာ၊ ပြေလျော့ သွားပြီးနောက်၊ လက်သီးကို ဖျစ်ညှစ် လိုက်ရာ၊ ဓားအလင်း များက၊ လျှပ်စီး များကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် သွားလေသည်။

“ ဒါက ဘာလဲ။ ”

ကောင်းကင် ကြာပန်းအား ဖမ်းယူကာ၊ လျှပ်စီး အဖြစ် ခွဲထုတ် ပစ်လိုက်ခြင်း ဖြစ်၏။ အစော ပိုင်း၌ ၎င်းကို သူ့ထံ ပြန်ပေးရန် ရည်ရွယ်ထား ပုံရသည်။

“ လောကမှာ ... ၊ မင်း မသိနိုင် သေးတဲ့ အရာတွေ အများကြီး ရှိတယ်။ ”

ဂျင်လင်းက ပြုံးကာ ဆိုသည်။ လင်းယွန် လုပ်ရပ်ကြောင့်၊ သူ တကယ် ဒေါသ ထွက်သွား ခြင်း ဖြစ်သော်လည်း၊ ဂျူနီယာ တစ်ယောက် အား၊ အရှက် ခွဲရန် ဆန္ဒ မရှိချေ။

သူသည် အကြွင်း အကျန် ဝိညာဉ် မျှသာ ဖြစ်ပြီး၊ ဂျူနီယာ တစ်ယောက် လက်၌ ဤမျှ အထိ မရှုံးနိမ့် ဖူးသည်မှာ အမှန် ပေပင်။

ဤလင်းယွန်၏ စွမ်းဆောင်ရည် အရ၊ သူ့အတွက် သင့်လျော်သော ဆက်ခံသူ တစ်ဦး ဖြစ်ကြောင်း၊ ထင်ရှားသည်။

“ ကောင်လေး အရူး တစ်ယောက်လို ကြည့်နေ တာတွေ ရပ်တော့ ... ။ ”

ဂျင်လင်းက လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ ဖြစ်စဉ် များကို ပျောက်ကွယ်စေ လိုက်သည်။

ထို့နောက် လင်းယွန်အား ပြုံးကြည့်ကာ၊

“ မင်းကို ... ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ သာလွန်တဲ့ အရာကို ပေးဖို့ အချိန် တန်ပြီ။ ”

-ဟု အသိပေး လိုက်သည်။

ထိုစကားကြောင့် လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား လာ၏။ အဆုံးတွင် ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ သာလွန်သော အရာကို၊ ရရှိပြီ ဖြစ်လေသည်။

***

All Chapters