← Chapters

စစ်မှန်သော မိုးပြာ နဂါး အရိုး။

Vol. 71 Ch. 994

စစ်မှန်သော မိုးပြာ နဂါး အရိုး။

Vol. 71 Ch. 994

နဂါး နန်းတော်တွင်၊ ကံကြမ္မာ အထက် အခွင့် အလမ်း တစ်ခု ရှိသည်ကို လူ အများ သိ ကြသည်။

သို့သော် လောချန်ပင်၊ ရယူနိုင် ခဲ့ခြင်း မရှိသည့် အတွက်၊ မည်သူမျှ အတည် မပြုရဲ ချေ။

ယခုမူ ထိုအခွင့် အရေးကို နဂါး သခင်မှ၊ လင်းယွန်အား ပေးနေပြီ ဖြစ်သည်။ ရိုးရှင်းသော စကားလုံး အချို့မှ၊ ပြောမပြ တက်အောင်၊ စိတ် လှုပ်ရှား စေ၏။

တည်ငြိမ်မှု ရစေရန်၊ အချိန် အတော် ယူလိုက် ရသည်။ နဂါး သခင်က သေတ္တာ တစ်လုံးကို၊ ထုတ်ယူ လိုက်၏။

သေတ္တာအား ဖွင့်ကြည့် မိသည်နှင့်၊ အနက်ရောင် အရိုး တစ်ခုအား မြင်လိုက် ရသည်။ အရိုး အလယ် ဗဟိုတွင်၊ ခရမ်း ရွှေရောင် ရူရ် တစ်လုံး၊ ရေးထွင်း ထား၏။

၎င်း အရိုးမှ ဧကရာဇ် တစ်ပါး၏ ကြမ်းကြုတ်သော နဂါး ရောင်ဝါကို ထုတ်လွှတ် လာသည်။

“ နဂါး အရိုးလား။ ”

ဤမြင်ကွင်းကို ကြည့်ပြီး လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။ ၎င်းသည် နဂါး သွေးကို ပိုင်ဆိုင် ထားသည့်၊ နတ်ဆိုး သားရဲ များ၏ အရိုးမျိုး၊ မဟုတ်ချေ။ ဧကန် စင်စစ် နဂါး အရိုး ဖြစ်ပေမည်။

“ အမှန်ပဲ၊ နဂါး အရိုး အစစ်ပါ၊ အတိ အကျ ပြောရရင်၊ နဂါး ဧကရာဇ်ရဲ့ အရိုးပဲ၊ ဒါကြောင့် အခြား အရိုး တွေနဲ့ မတူဘဲ၊ ... ”

“ ... သူ့မှာ အသက် ရှိနေတယ်၊ ခန္ဓာ ကိုယ်ကို အာဟာရ ဖြည့်တင်းဖို့ အတွက် နဂါး သွေးလည်း၊ ထုတ်ပေးနိုင် ပါတယ်။ ”

ဂျင်လင်းမှ ပြောကြား လိုက်သည်။ ထိုစကားကြောင့် ဤအရာသည် ကံကြမ္မာ အထက်၊ အခွင့် အလမ်း လားဟု တွေးမိ လာ၏။

၎င်းကို တာအို လက်ရာ အဖြစ် သန့်စင် ရမည်လော။ သို့မဟုတ် စွမ်းအင်လော၊ ရူရ် များ ပင်လော။

စိတ်ထဲ၌ အသုံးပြု ရမည့်၊ အတွေး မျိုးစုံ ထွက်ပေါ် လာသည်။ မည်သို့ပင် ဆိုစေ ကာမူ၊ သူ့ အတွက် ကြီးမားသော အကျိုး ကျေးဇူး ရရှိ မည်မှာ သေချာသည်။

လက်နက် အဖြစ် သန့်စင် လိုပါက၊ မိုးကြိုး မီးလျှံ ကြာပွတ်နှင့် ပေါင်းစပ်ကာ၊ တာအို နယ်နိမိတ်ကို ဖြတ်ကျော် နိုင်မည်။

စွမ်းအင် အဖြစ် သန့်စင် လိုက်သော်၊ ကျင့်ကြံမှု ကြီးထွား လာမည်မှာ၊ သေချာ၏။

ရူရ် နှင့် ပတ်သက် ၍မူ၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်၊ တစ်ယောက် အနေဖြင့်၊ နဂါး ဘုရင် တစ်ပါး၏ စွမ်းအားမျိုး၊ သဘာဝ အတိုင်း ထုတ်ဖော် နိုင်ပေမည်။

“ မင်းက ... ၊ မိုးပြာ နဂါး တိုက်ပွဲဝင် ခန္ဓာကိုယ်ကို ကျင့်ကြံ ထားလို့ ကံကောင်း သွားတယ်၊ မဟုတ်ရင် ဒီအရိုးနဲ့ ပေါင်းဖို့ လွယ်မှာ မဟုတ်ဘူး။ ”

ဂျင်လင်းက ပြုံးကာ ဆိုသဖြင့်၊ လင်းယွန် တစ်ယောက် နားဝေ တိမ်တောင်နှင့် ခေါင်းညိတ် လိုက် မိသည်။

သို့သော် ချက်ချင်းပင် တစ်စုံ တစ်ရာအား ရုတ်တရက် သတိရ သွားပြီး၊

“ ဟမ့် ... ၊ ဒီအရိုးနဲ့ ပေါင်းရ မှာလား။ ”

-ဟု ပြန်မေး မိတော့သည်။

“ ဒါပေါ့ ... ၊ ဒီနဂါး အရိုးနဲ့ ပေါင်းမှ၊ ခွန်လွန် နယ်မြေမှာ၊ မင်း ရှင်သန် လာနိုင် လိမ့်မယ်၊ အဲဒီ အခါမှာ မင်းဟာ ကောင်းကင်ကို၊ အံတု နိုင်တဲ့ ပါရမီရှင် တွေနဲ့၊ ယှဉ်ပြိုင် နိုင်ပါပြီ။ ”

အရိုးကို အသုံး ပြုရန်၊ နည်းလမ်း များစွာ တွေးတော နေခဲ့ သော်လည်း၊ ဤသို့ ခန္ဓာကိုယ် နှင့် တိုက်ရိုက် ပေါင်းစည်း ရလိမ့် မည်ဟု၊ မထင်ထား မိချေ။

“ ကံကြမ္မာ အထက် ပညာ ရပ်က၊ ဒီထဲမှာ ရှိတယ်၊ မင်း ဘယ်လောက် နားလည် နိုင်မလဲ ဆိုတဲ့ အပေါ်၊ မူတည် တယ်။ ”

အရိုးအား လေးနက်သော အသွင်ဖြင့်၊ ဂျင်လင်းမှ လှမ်းယူ လိုက်သည်။ ထို့နောက် လင်းယွန် ရင်ဘက်ထဲ တိုက်ရိုက် ထိုးထည့် လိုက်၏။

“ ဝေဒနာကို သည်းခံပါ၊ အရိုးတွေ ပေါင်းစပ်မှာ ဖြစ်တဲ့ အတွက်၊ နာကျင်မှုက မင်းရဲ့ စိတ်ကူးထက် ကျော်လွန်သွား လိမ့်မယ်။ ”

“ အား ... ။ ”

စကား မဆုံးခင် မှာပင် အော်သံ နက်ကြီး တစ်ချက်၊ ထွက်ပေါ် လာသည်။ ရင်ဘက်အား ဓားဖြင့် ထိုးခံ လိုက်ရ သကဲ့သို့၊ နာကျင် လာ၏။

ရင်ဘတ်ထဲ ရောက် သည်နှင့် နဂါး အရိုးမှာ၊ အရည်ပျော် သွားပြီး၊ နံရိုး များနှင့် ဖြည်းညှင်းစွာ ပေါင်းစပ် နေလေသည်။

နာကျင်မှုမှာ နှလုံးမှ စိမ့်တက် လာ၏။ ရဲရင့်သော လင်းယွန် ဟူသည့်၊ ပုံရိပ်များ လုံးဝ ပျောက်ကွယ် နေပြီ ဖြစ်သည်။ ထိုဝေဒနာမှာ သွေး ရေကန် ကြမ်းပြင်၌ ခံစားရ သည်ထက်၊ အဆ (၁၀၀) ပို၏။

တစ်ချိန်တည်း မှာပင်၊ နဂါး အရိုးရှိ စွမ်းအင် များက၊ အရိုးများထံ စိမ့်ဝင် သွားကာ၊ အရေပြား အနှံ့ ရူရ်များ စတင် ဖြစ်ပေါ် လာသည်။

“ အား ... ။ ”

ထို့နောက်တွင် ၎င်းကြမ်းရှသော စွမ်းအင် များက၊ အတွင်း အင်္ဂါ များနှင့် ခြေလက်များ တစ်လျှောက် ပျံ့နှံ့ သွား၏။

ဂျင်လင်း၏ အကူ အညီ ဖြင့်ပင်၊ သူ့ခန္ဓာ ကိုယ်မှ၊ ကြမ်းရှသော စွမ်းအင်များ ဖြာထွက် နေပြီး၊ နာကျင်မှုက မူးမေ့လု နီးပါး ပေပင်။

ပေါင်းစပ်မှု အရှိန် မြန်လာသည် နှင့်အမျှ၊ ချွေးပေါက် များမှ ကြောက်စရာ ကောင်းသော လျှပ်စီးများ လင်းလက် လာ၏။

ထို့ကြောင့် ဂျင်လင်း ခမျာ နောက်ပြန် ဆုတ်မိစဉ်၊ လင်းယွန် ခန္ဓာ အနှံ့ လျှပ်စီးများ လွှမ်းခြုံ သွားတော့သည်။

ဆံပင်များ လွင့်ပျံ လာကာ၊ ရင်ဘတ် ခွဲဖွင့်ခြင်း ခံထား ရသော ဒဏ်ရာများ ပြန်လည် ပျောက်ကင်း သွားသော်လည်း၊ မျက်နှာ ပေါ်၌ နာကျင် ခြင်းများ ကျန်ရှိနေ သေးသည်။

ခန္ဓာကိုယ် အတွင်း၊ အကန့် အသတ်မဲ့ အသက်ဓာတ်များ၊ တဟုန်ထိုး ခုန်တက် လာပြီး၊ နဂါး ရောင်ဝါ သည်လည်း၊ ပို၍ သိပ်သည်း သွားသည်။

နဂါး အရိုးနှင့်၊ သူ့ခန္ဓာကိုယ် ပေါင်းစပ် သွားသော လဏ္ခာ တစ်ရပ် ဖြစ်၏။ ထို့နောက် နဂါး အရိုး ထံမှ၊ မြောက်များ စွာသော၊ အချက် အလက်များ၊ စိတ်ထဲ ရုတ်တရက် စီးဝင် လာသည်။

အဆုံးတွင် ‘သူတော်စင် မိုးပြာ နဂါး ပညာရပ်’ ဟူသော အက္ခရာများ ဖြစ်တည် လာ၏။ ၎င်းထံမှ ယုံနိုင်ဖွယ် မရှိသော နဂါး ရောင်ဝါများ ထုတ်လွှတ် ထားလေသည်။

လျှပ်စီး များက၊ သူ့ခန္ဓာအား အပိုင်းပိုင်း ဖြတ်တောက် ခဲ့သော်လည်း၊ ပြန်လည် ရှင်သန် နိုင်ခဲ့ သဖြင့်၊ ၎င်းအား မြင်ခွင့် ရခြင်း ဖြစ်သည်။

ဆိုလို သည်မှာ သူတော်စင် အဆင့်၊ ခန္ဓာ သန့်စင်ခြင်း ပညာ ရပ်အား၊ ကျင့်ကြံရန် အရည် အချင်း ပြည့်မီပြီ ဖြစ်၏။

ယင်းမှာ လင်းယွန် ကဏ္ဍ ဖြစ်သည်။ ဂျင်လင်း အတွက်မူ၊ သေလောက်အောင် နာကျင်နေ သည်ကို မြင်နေ ရသဖြင့်၊ အနည်းငယ် စိုးရိမ် သွားသည်။

ဤသည်မှာ နဂါး ဧကရာဇ်၏ အရိုးဖြင့် ပေါင်းစည်းခြင်း ဖြစ်သည်။ သတိ မထားသော် ကြမ်းရှသော စွမ်းအင် များက၊ ခန္ဓာ ကိုယ်ကို ဖျက်ဆီး ပစ်ပေ လိမ့်မည်။

မိုးပြာ နဂါး တိုက်ပွဲဝင် ခန္ဓာကို ကျင့်ကြံ ထားခြင်း မရှိ ပါက၊ အင်ပါ ရီယန် နယ်မြေသို့ ရောက်မှသာ၊ ပေါင်းစပ် နိုင်မည် ဖြစ်သည်။

ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့်၊ ကြိုးစား ခြင်းသည်၊ အန္တရာယ် ရှိမှန်း သိသော်လည်း အခြား ရွေးချယ် စရာ မရှိပေ။

အမွေ့ ဆက်ခံမည့် သူအား အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေ ခဲ့ရသည်။ လူပေါင်း များစွာ စပ်သပ်ခံ ခဲ့ကြ သော်လည်း၊ တစ်ဦး တစ်ယောက်မှ မအောင် မြင်ချေ။

သူ့ ရှေ့ရှိ ဤလူငယ် သည်သာ၊ သတ်မှတ်ချက် များနှင့် ကိုက်ညီ သဖြင့်၊ အရဲစွန့် မိခြင်း ဖြစ်သည်။

နေ့ဝက် ကုန်လွန် ပြီးနောက်၊ လင်းယွန် အရေပြား ပေါ်၌ သစ်လွင်သော နဂါး ရူရ် (၉) လုံး ပေါ်လာသည်။

၎င်းတို့မှာ တာအို ရှေးဟောင်း ပစ္စည်း များထက်၊ အား မနည်းသည့် ရောင်ဝါများ ပေးစွမ်း နိုင်၏။ ထို့ပြင် ဧကရာဇ် ဖိအား များလည်း ပေါင်းစပ် ပါရှိ နေသည်။

အစစ် အမှန် နဂါး (၉) ကောင် ကဲ့သို့၊ ကြောက်စရာ ကောင်းချေပြီ။ ယင်းကို မြင်မှသာ ဂျင်လင်း တစ်ယောက် သက်ပြင်းချ မိ၏။

“ ဝှစ် ... ။ ”

သည့်နောက် ပေါင်းစပ်မှု အောင်မြင် သွားသော လင်းယွန်မှာ၊ ဒူး တစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ကောင်းကင်မှ ပြုတ်ကျ လာသည်။

၎င်းထံမှ ရက်စက် ကြမ်းကြုတ် လွန်းသော သားရဲ တစ်ကောင်ကြီး ကဲ့သို့၊ ခံစား ချက်များ ပေးစွမ်း လေသည်။

လင်းယွန်က မျက်လုံးများ ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး၊ မတ်တပ် ထရပ်ကာ၊ သူ့ကိုယ်သူ ဆန်းစစ် ကြည့်၏။ လက်သီး ဆုပ်လျက် နဂါး အရိုး၏၊ စွမ်းအားကို ခံစား လိုက်သည်။

“ အိုး … ။ ”

လက်မောင်း အတွင်း စီးဝင် လာသော ရုပ်ခွန်အားမှာ၊ လုံး၀ ထိတ်လန့် စရာ ကောင်း ပေ၏။ ယခင်ထက် များစွာ ကြံ့ခိုင် လာပြီး၊ အကန့် အသတ်မဲ့ အလား အလာကို ခံစား မိသည်။

မူလ စွမ်းအင်၌ မိုးပြာ နဂါး၏ အငွေ့ အသက် အချို့ ပါရှိ လာသည်။ သူတော်စင် နဂါး ပညာ ရပ်သည် မိုးပြာ နဂါး မူလ ပုံစံနှင့်၊ သဘော သဘာဝခြင်း တူပုံရ ချေ၏။

အဓိက ကွာခြား ချက်မှာ၊ သူတော်စင် နဂါး ပညာ ရပ်သည်၊ ရုပ်ခန္ဓာကို အားကောင်း စေရုံ သာမက၊ အကန့် အသတ်မဲ့ စေပြီ။

နဂါး အရိုးမှ ရရှိသော အချက် အလက်များ အရ၊ ဤပညာ ရပ်ကို ကျင့်ကြံပြီး သည့်နောက်၊ သူတော်စင် နဂါး တစ်ကောင် ကဲ့သို့ သန်မာလာ နိုင်သည်။ ၎င်းထက်ပင် ပိုနိုင်၏။

အသစ် ဖြစ်တည် လာသော၊ နဂါး ရူရ် (၉) လုံးမှာ၊ ရှိနှင့် ပြီးသား နဂါး ရူရ် များထက် ပို၍ အားကောင်း သဖြင့်၊ ‘သူတော်စင် ရူရ်’ အဖြစ် ယူဆ မိသည်။

“ ဒါက နဂါး နန်းတော်ရဲ့၊ ကံကြမ္မာ အထက် အမွေပဲ။ ”

ဂျင်လင်းက ပြုံးကာ ပြောလာသည်။ လင်းယွန် တစ်ယောက် ခေါင်းညိတ် လိုက်ပြီးမှ၊ တစ်စုံ တစ်ရာကို သတိရ သွားဟန်ဖြင့်၊

“ စီနီယာ ... ၊ မင်း ငါ့ကို ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ သာလွန်တဲ့ အမွေကို ပေးပြီ မှတော့ ဘာလို့ ထပ်ပြီး မပေးချင် ရတာလဲ၊ အဲ့ဒီ နဂါး ထွက်သက် ကရော ... ။ ”

ထိုစဉ်က တိုက်ခိုက်မှုကို ရင်ဆိုင်နိုင် ခဲ့သော်လည်း၊ ယင်းမှာ ကောင်းကင် ဓား ကြောင့် ဖြစ်သည်။

ကောင်းကင် ဓားသာ မရှိသော်၊ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သဘာဝ အတိုင်း စိတ်ဝင်စား ချေ၏။

သူ့ တောင်းဆို မှုကြောင့်၊ ဂျင်လင်း တစ်ယောက် အံ့အားသင့် သွားပြီး၊ ရုတ်တရက် သဘော ကျစွာ ရယ်ချ လိုက်သည်။

“ ဟား ဟား ဟား ... ၊ ဒါကို သင်ပေးလို့ ရတာပေါ့၊ အဲ့ဒီတုန်းက ငါ့ရဲ့ ခွန်အားကို အပြည့် အ၀ အသုံး မပြု ထားလို့၊ ကံကောင်း သွားတယ် မှတ်ပါ၊ မဟုတ်ရင် မင်းရဲ့ ဓားတောင် မဟန့်တား နိုင်ပါဘူး။ ”

***

All Chapters