စိတ်ဓာတ်ကျစရာ အခြေအနေ
Vol. 80 Ch. 1110
အပြာရောင်ဇာမဏီ အနည်းငယ် အကြပ်ရိုက်နေသည်။ ဟုန်ဝါ၏ နည်းစနစ်ကို ပြန်လည်ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက သန့်စင်ယင် နည်းစနစ် ထုတ်သုံးဖို့ဖြစ်သော်လည်း ထိုနည်းစနစ်အပေါ် သူမ၏ နားလည်နိုင်စွမ်းနှင့် အသုံးပြုမှုတို့က တစ်ဖက်သူနှင့် မယှဉ်နိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူမနှင့် အသင့်တော်ဆုံး နည်းစနစ်ကို အသုံးပြုသည်က ပို၍ ကောင်းလိမ့်မည်။
ရေခဲဇာမဏီ အသွင်ပြောင်းခြင်း
အပြာရောင်ဇာမဏီ၏ ခန္ဓာကိုယ်မှ ထူးထူးခြားခြား အပြာရောင် အလင်းတန်း ထွက်ပေါ်လာပြီး အပြာရောင်မီးတောက် လွှမ်းခြုံထားပြီး အေးစက်စက်မြူခိုးများ ထုတ်လွှတ်နေသည့် ဧရာမအပြာရောင်ဇာမဏီအသွင် ပြောင်းလဲသွားခဲ့သည်။ သူမက မြင့်မြတ်ပြီး တော်ဝင်ဆန်မှု၏ ပြယုဂ် ဖြစ်၏။
အပြာရောင်ဇာမဏီက အော်ညည်းလိုက်စဉ် သူမ၏ အသံက လေဟာနယ်ထဲရှိ လူများစွာ၏ စိတ်ထဲ ပဲ့တင်ထွက်သွားကာ သူတို့၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။
အပြာရောင်ဇာမဏီက ဟုန်ဝါကိုကြည့်ပြီး သူမ၏ စိတ်ထဲ တုံ့ဆိုင်းသည့် အခိုက်အတန့် ပေါ်ထွက်လာခဲ့၏။
တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူမက သွေးမျိုးဆက်ကို သန့်စင်ဇာမဏီအဖြစ် ရောက်အောင် သန့်စင်နိုင်ခဲ့သည်။ သူမ ရယူထားနိုင်သည့် စွမ်းအင်တစ်ခုက အန္တရာယ်ခံစားနှုန်း ဖြစ်၏။ ယခု သူမက ဟုန်ဝါဆီမှ အန္တရာယ်ကို ခံစားနေမိသည်။
ဘာပဲဖြစ်ဖြစ် ငါ နောက်ပြန်ဆုတ်လို့ မရဘူး။
သူမက တွေးလိုက်သည်။
အေးခဲကမ္ဘာ
ကမ္ဘာ၏ အစောပိုင်းတွင် ယင်နှင့်ယန်ကွဲပြားသည့် အချိန်ကာလ ရှိခဲ့ဖူးသည်။ ထိုအချိန်ကာလတွင် ယင်နှင့်ယန် ကမ္ဘာများက သီးသန့်စီ တည်ရှိကြ၏။ ယန် သို့မဟုတ် မီးတောက်ကမ္ဘာက ပြင်းထန်သည့်အပူဓာတ်ရှိစဉ် ယင် သို့မဟုတ် ရေခဲကမ္ဘာက အေးစက်မှုနှင့် ရေခဲများဖြင့်သာ ဖုံးလွှမ်းနေသည်။ အပြာရောင်ဇာမဏီက ဤတိုက်ကွက်ဖြင့် ထိုခေတ်ကာလကို ပြန်လည်ဖန်တီးထားခြင်း ဖြစ်၏။
ဟုန်ဝါက အရာအားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေသည်။ သူမက တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်၏။ အေးစက်မှုက သူမ၏ ခန္ဓာကိုယ်ကို ထိတွေ့လာသည့်အချိန်တိုင်း မိုးမြေကြားရှိ အသန့်စင်ဆုံးစွမ်းအားအဖြစ် သန့်စင်ခံလိုက်ရသည်။
သန့်စင်ယန်က ပစ္စည်းများ၊ တိုက်ကွက်နှင့် အယူအဆသဘောတရားများ အပါအဝင် မသန့်စင်ဘူးဟု သူမ ဆုံးဖြတ်ထားသည့် အရာအားလုံးကို ငြင်းပယ်နိုင်စွမ်းရှိ၏။ ထို့ကြောင့် မိုးမြေကြားရှိ အလွန်ကဲဆုံး အအေးဓာတ်ကပင် သူမအတွက် အာဟာရ ဖြစ်လာနိုင်သည်။
“မဟုတ်ဘူး” အပြာရောင်ဇာမဏီက ပြောလိုက်သော်လည်း ဟုန်ဝါက လျစ်လျူရှုထားသည်။ သူမက သူမရှေ့တွင် ပေါ်ထွက်လာကာ ဓားကို ဝှေ့ယမ်းလိုက်၏။ အပြာရောင်ဇာမဏီက ရေခဲချပ်ဝတ်ကို ဖန်တီးလိုက်သော်လည်း ဓားက ရေခဲကို သန့်စင်ပြီး အပိုင်းပိုင်း အစအစ ပိုင်းခုတ်လိုက်သည်။
အပြာရောင်ဇာမဏီက တိုက်ကွက်ကို ခန္ဓာကိုယ်အစား ဝိညာဉ်တိုက်ကွက် ပြောင်းလိုက်၏။ တခြားနည်းဖြင့် ပြောရလျှင် သူမက ရေခဲအပေါ် အာရုံမစိုက်ဘဲ ယင်ဓာတ်ကို အလေးထားလိုက်သည်။ သို့သော်လည်း ဟုန်ဝါ၏ သန့်စင်ယန်အခြေအနေက သူမခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့်အတွက် ယင်စွမ်းအားကပင် သန့်စင်ခံလိုက်ရသည်။
ဓားချက်က အပြာရောင်ဇာမဏီကို နှစ်ပိုင်း ပြတ်သွားစေ၏။ သို့သော်လည်း သူမ ခန္ဓာကိုယ်ထဲရှိ သန့်စင်စွမ်းအားက ပြန်လည်ရင်ဆိုင်လာသည်။
ဟုန်ဝါက ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လိုက်ပြီး ဤတစ်ကြိမ် ဝိညာဉ်ကို ပစ်မှတ်ထားထားလေ၏။
“မဖြစ်ဘူး” အပြာရောင်ဇာမဏီက အော်ပြောလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း နောက်ဆုံး အခိုက်အတန့်တွင် သူမက ပြောင်မြောက်သည့် နည်းစနစ်တစ်ခုကို အသုံးပြုခဲ့၏။ သူမက သူမကိုယ်သူမ သေခြင်းတရားအယူအဆကို အေးခဲရပ်တန့်စေခဲ့ပြီး သေဆုံးရမည့် အချိန်ကို နှောင့်နှေးခဲ့သည်။
ငါ့ကို လွယ်လွယ်သေမယ်များ ထင်နေလား။ နင့်ကိုပါ ငါနဲ့ အပါခေါ်သွားမှာ…
အပြာရောင်ဇာမဏီက အမုန်းတရားနှင့် စွဲလန်းမှုအားလုံးကို စုစည်းကာ တွေးလိုက်သည်။
ဟုန်ဝါက တစ်စုံတစ်ခုကို ခံစားမိကာ ထွက်ပြေးလိုသော်လည်း နှမြောစရာကောင်းလှစွာဖြင့် နောက်ကျလွန်းသွားခဲ့သည်။ အပြာရောင်ဇာမဏီက သူမ၏ အမုန်းတရား၊ စွဲလမ်းမှုနှင့် သန့်စင်ယင်တာအိုတို့ကို ပေါင်းစည်းကာ ကျိန်စာတစ်ခုကို ချမှတ်ခဲ့၏။
အကယ်၍ သန့်စင်ယန်က အသန့်စင်ဆုံး ပြယုဂ်ဖြစ်လျှင် သန့်စင်ယင်ကမူ ဆန့်ကျင်ဘက် ဖြစ်၏။ သူတို့က ဆန့်ကျင်ဘက်ဖြစ်နေရင်း တစ်ဦးနှင့် တစ်ဦး လိုက်ဖက်ညီကြသည်။
ကျိန်စာ ထိမှန်လာသည်နှင့် ဟုန်ဝါ၏ ခန္ဓာကိုယ်က ဖြူဖျော့သွားကာ သူမ၏ အဖြူစွတ်စွတ် ချပ်ဝတ်ကလည်း မဲမှောင်သွားသည်။ တိုက်စားမှုကို ခုခံဖို့အတွက် သူမက ပိုမိုပြင်းထန်သည့် အလင်းတန်းများကို ထုတ်လွှတ်လာ၏။
“ဟား ဟား ဟား ငါ သေရရင် နင့်ကိုပါ ဆွဲခေါ်သွားမှာ” အပြာရောင်ဇာမဏီက သရော်ကာ ပြောလိုက်သည်။
ဟုန်ဝါက အဖြူရောင်အလင်းတန်းဖြင့် ပစ်ခတ်လိုက်ပြီး တိုက်စားမှုကို ရပ်တန့်ဖို့သာ အာရုံစိုက်ထားခဲ့သည်။
သူမက သူမ၏ ချပ်ဝတ် လေးပုံတစ်ပုံ အဖြူပြန်ပြောင်းလာပြီးသည့်နောက်တွင် ယာယီစည်းတံဆိပ်ကို ထားရှိနိုင်ခဲ့၏။ သို့သော် ဟုန်ဝါက သူမသည် ချပ်ဝတ်ကို ဖယ်ရှားလိုက်သည်နှင့် ဒုက္ခတွေ့မည်ဖြစ်ကြောင်း သိနေသည်။
ဟုန်ဝါက အသက်ပြင်းပြင်းရှူကာ ထိုအခွင့်အရေးကို အရယူကာ တိုက်ပွဲကို သုံးသပ်ကြည့်လိုက်သည်။ သူမက နတ်ဆိုးဖိနှိပ်ရေးဓားကို ကြည့်လိုက်၏။
အားလုံးပြောတာ မှန်တယ်။ ငါက ဒီပစ္စည်းတွေကို အားကိုးလွန်းတယ်…
နတ်ဆိုးအထွတ်အထိပ်ကမ္ဘာတွင် သောင်းကျန်းခဲ့စဉ်အခါက သူမက ထိုဓားများကို အားထားခဲ့သည်။
သူမက ထိုအရာများ မရှိဘဲ အသက်မရှင်နိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူမက သူတို့ကို စွဲလမ်းလာပြီး ခြေလက်သဖွယ် မှတ်ယူထားခဲ့သည်။
ဤတိုက်ပွဲအတွင်း ပြင်ဆင်ဖို့ လေ့ကျင့်စဉ်အချိန်က ငါးဆ တိုက်ခိုက်ရေးအဆင့်နှင့် ယှဉ်နိုင်သည့် အနေအထားရောက်အောင် လက်နက်များအပေါ် များစွာ အားစိုက်ထုတ်ထားခဲ့သည်။
သို့သော်လည်း အပြာရောင်ဇာမဏီ၏ နည်းလမ်းက ထိုအရာများကို အသုံးမဝင်ဖြစ်သွားစေသောကြောင့် သူမ၏ တကယ့်စွမ်းအားအစစ်အမှန် ထိပ်သီး သုံးဆအဆင့်ကိုသာ မှီခိုနိုင်လေသည်။
ဒါတင်မကသေးဘူး။
ဟုန်ဝါက ဆက်တွေးလိုက်သည်။
လူသားမျိုးနွယ်က ငါ့ရဲ့ အတားအဆီး ဖြစ်နေတာပဲ…
ဝမ်ဝေ့က သူ့မကို သတိပေးဖူးပြီး လူသားဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ် တစ်ယောက်အနေဖြင့် သူမသည် အလားအလာမြောက်များစွာ ရှိသော်လည်း လူသားမျိုးနွယ်က သူမအတွက် အားဖြစ်စေသလို အဟန့်အတားလည်း ဖြစ်လာခဲ့သည်။
သူမက ထိုစကားများကို သဘောမတူခဲ့ပေ။ သို့သော် ယနေ့တိုက်ပွဲအတွင်း သူမက သက်သေအခိုင်အမာကို မြင်တွေ့လိုက်ရပြီဖြစ်၏။
ဟမ်
သူမက လူတွေလာနေတာကို အာရုံခံစားမိသောကြောင့် ရောက်ရှိလာမည့် ရန်သူကိုသာ အာရုံစိုက်ထားလိုက်သည်။
………………………………………………..
ကုန်သွယ်ရေးဗဟိုချက်ဌာနချုပ်
ဝမ်ဝေ့က ဟုန်ဝါ၏ တိုက်ပွဲကို ကြည့်ရင်း ရီထွေ့ကျစ်အကြောင်း ပြောသည်ကို ကြားလိုက်ရသည်။
သူက သူမနှင့် တစ်ခါမှ မတွေ့ဖူးသည့်အတွက် သူတို့တွင် ဤသို့ ဆက်ဆံရေးမျိုး ရှိလိမ့်မည်ဟု မသိခဲ့ရပေ။ အထူးသဖြင့် သူ့ကံအနှောင်အဖွဲ့ကင်းရုပ်ခန္ဓာကြောင့် ကံဆက်နွယ်မှု မရှိသည့်အခါတွင် ဖြစ်၏။
အရာအားလုံးက ငါ လုပ်ခဲ့တာပဲ။ ရီထွေ့ကျစ်ကို သတ်ပြီးတော့ အဲဒီကမ္ဘာက နတ်ဆိုးအင်အားစုကို အားနည်းသွားစေခဲ့တာ။ ဒါတွေအကုန်လုံးက နတ်ဆိုးဖိနှိပ်ရေး ဓားတွေနဲ့ ဟုန်ဝါရဲ့ တည်ရှိမှုကို ဖြစ်လာစေတာပဲ။ ငါ့ရဲ့ အပြုအမူမပါဘူးဆိုရင် သူမက တည်ရှိမှာ မဟုတ်သလို အပြာရောင်ဇာမဏီနဲ့ ဆက်ဆံရေးလည်း ဖြစ်လာမှာ မဟုတ်ဘူး
အရာအားလုံးက တိုက်ဆိုင်မှု သက်သက်လား။ ဒါမှမဟုတ်ဘူးဆိုရင် ကံကြမ္မာရဲ့ စက်ယန္တရားလား
သူ့အပြုအမူများက ယနေ့တိုက်ပွဲကို ဖြစ်စေသည့်အတွက် တိုက်ဆိုင်လွန်းရာကျသည်။ ထိုအရာက တိုက်ဆိုင်မှုဟု ထင်ရဟန်ပေါ်သည်။ ဤကျယ်ပြောလှသည့် စကြဝဠာအတွင်း အရာအားလုံးက ဖြစ်နိုင်ချေရှိ၏။
ဒါပေမဲ့ ဒါက ကံကြမ္မာဆီက ရိုက်နှက်ချက်လို့ပဲ ခံစားရတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
အဲဒါက ငါ လွတ်မြောက်ဖို့ ကြိုးစားနေပေမဲ့ အဲဒီလက်ဝါးထဲမှာပဲ ရှိနေတုန်းဆိုတာကို သဘောပေါက်သွားစေတယ်။ အမည်မသိဘဲ ခန့်မှန်းမရတဲ့ သံကြိုးတွေနဲ့ ချုပ်နှောင်ထားခံရမယ်။
ဝမ်ဝေ့က မကျေမနပ်ဖြင့် တွေးလိုက်သည်။ တစ်စုံတစ်ယောက်က သူနှင့် ရီထွေ့ကျစ်ကို ကောင်းမွန်စွာ သိနေသရွေ့ ဖြစ်ပျက်လာသည့် အရာအားလုံးကို မှန်းဆကြည့်ဖို့ လွယ်ကူလှသည်။ အစီအစဉ်က သူ့အနေနှင့် သူ့သဘာဝအလိုလိုသိစိတ်အပေါ် မှီခိုနေပြီး တာအိုအခွင့်အလမ်းဂိုဏ်းထံ ရန်သူ သို့မဟုတ် အမည်မသိအပြောင်းအလဲမျိုးကို မဖြစ်စေလိုသည့် ကာကွယ်မှုမျိုးသာ ဖြစ်၏။
ထို့နောက် တာအိုနယ်ရှင် တစ်ယောက်အနေဖြင့် သူက သူတို့စနစ်၏ သိသာသည့်ဟာကွက်အရ နတ်ဆိုးလူမှုအဖွဲ့အစည်းကို ဖျက်စီးဖို့ နည်းလမ်းရှာတွေ့သည်က ပုံမှန်သာ မဟုတ်ပေဘူးလား။
သူ့အနေဖြင့် သူတို့၏ အဆီအနှစ်ကို ပစ်မှတ်ထားပြီး ပြန်လည်အားဖြည့်မှုကို ကာကွယ်ဖို့ လက်နက်အနေနဲ့ ချန်ထားခဲ့တာ ပုံမှန်သာ မဟုတ်ပေဘူးလား။
“အခု ငါက ဒီမှာ စိတ်အခြေအနေကောင်းနေတယ်” ဝမ်ဝေ့က စစ်ပွဲကို ရုတ်တရက် စိတ်ဝင်စားခြင်း မရှိတော့ပေ။ သူ လုပ်ဖို့လိုအပ်သည်ကား ကံကြမ္မာက သူ့ကို ဘယ်လိုကြိုးဆွဲနေတာလဲအပေါ် စွဲလမ်းလာသည်။
သူ့ဆုံးဖြတ်ချက်တွေက တစ်စုံတစ်ယောက်က သူ့ကို နယ်ရုပ်အဖြစ်နဲ့ သတ်မှတ်နေတာကြောင့် ချမှတ်မိတာတွေလား။
ဒီအခိုက်အတန့်မျိုးမှာ သူမက ဒီနေရာမှာ ရှိနေရင်ကောင်းမှာ
ဝမ်ဝေ့က သက်ပြင်းချကာ တွေးလိုက်မိသည်။ သူက ထိုတိုက်ပွဲများကို ကြည့်ဖို့ အာရုံစိုက်ထားလိုက်၏။ ကံကြမ္မာကို ထိန်းချုပ်မည့် ခရီးလမ်းက ခက်ခဲမည်ဖြစ်ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ယနေ့က ထိုနေ့ရက်များထဲမှ တစ်ခုသာ ဖြစ်၏။ သူက တခြားတိုက်ပွဲများကို ဆက်လက်ကြည့်လိုက်သည်။
ရှစ်ချီအန်း၏ ပြိုင်ဘက်က သန့်စင်စိတ်ဧကရာဇ်ဖြစ်နေ၍ အများကြီး ရုန်းကန်နေရသည်။ သူက သူမ၏ ဖခင်နှင့် ထာဝရဧကရာဇ်သုံးယောက်များကြား မှတ်ဉာဏ်များ အသုံးပြုကာ စိတ်ရှုပ်ထွေးအောင် လုပ်နေလေ၏။ သူမတွင် လေ့ကျင့်ဖို့ အရင်းအမြစ်များ ရထားသော်လည်း စွမ်းအားက ဟုန်ဝါနှင့် တူညီနေသောကြောင့် ဝမ်ဝေ့အတွက် စိတ်ပျက်စရာဖြစ်လာခဲ့သည်။
ယနေ့လိုရလဒ်က သူမ၏ ဓားအပေါ် မှီခိုလွန်းမှုကြောင့် ဖြစ်ခဲ့သည့် ဟုန်ဝါနှင့် မတူညီဘဲ ရှစ်ချီအန်း၏ မိမိဘာသာ တင်းတိမ်ရောင့်ရဲနေမှုကြောင့် ဖြစ်၏။ သူမက သူမ၏ ဘဝကို ကျေနပ်နေပြီး သူမ တာအိုသက်သေပြခြင်းဖြင့် မိဘများ ဂုဏ်ယူနေအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို ကျေနပ်ကာ လေ့ကျင့်ရေးကို လျစ်လျူရှုထားခဲ့သည်။
နောက်ထပ် စိတ်ပျက်စရာကောင်းသည်က ဒေါသ၏ ထိပ်သီးလေးဆ တိုက်ခိုက်ရေးအဆင့် ဖြစ်၏။ သူမက အချိန်အများစုက မိစ္ဆာလက်သစ်မျိုးနွယ်ကို ပြန်လည်ရှင်သန်ဖို့ရာ ခွန်အားစိုက်ထုတ်ထားခဲ့သည့်အတွက် လေ့ကျင့်ရေးကို အလေးနက် မမှတ်ယူခဲ့ပေ။ ထို့ကြောင့် ရှီရှန်းရန်ကပင် သူမထက် ပိုမို အားကောင်းနေသည်။
ဝမ်ဝေ့က သစ်သားစိမ်းဧကရာဇ်နှင့် သူ့လူများအပါအဝင် ပြိုင်ဘက်များစွာကို ရင်ဆိုင်နေသည့် ရှီရှန်းရန်ကို အာရုံစိုက်လိုက်သည်။
ကြည့်ရတာ သူမက အထွတ်အထိပ်ချီကို ဖွဲ့စည်းဖို့ မကြိုးစားရသေးတဲ့ပုံပဲ
ဝမ်ဝေ့က တွေးလိုက်ပြီး တိုက်ပွဲကို အသေအချာ စောင့်ကြည့်လိုက်သည်။ သူက ရှစ်ချီအန်းသည် ကြာကြာတောင့်ခံနိုင်မည် မဟုတ်ကြောင်း သိလေ၏။ သို့သော်လည်း သူက တပ်ကူများ လာနေပြီဖြစ်သည့်အတွက် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထင်ထားသည့်အတိုင်း ကိစ္စများက သူ ထင်ထားသလိုဖြစ်လာဖို့ သိပ်မကြာလိုက်ပေ။
တိုက်ပွဲကွင်းပြင်အတွင်း အာကာပြင်မုခ်ဝတစ်ခု ထွက်ပေါ်လာကာ အားလုံးကို အလန့်တကြား ဖြစ်သွားစေ၏။ ထို့နောက် အရိုင်းဆန်ကာ အားပါးတရ ရယ်မောသံကြီးက အားလုံး၏ စိတ်ထဲ ပဲ့တင်ထွက်လာသည်။
“ဟား ဟား ဟား ဒီမျောက်ဘုရင်က မင်းတို့အားလုံးကို ကယ်ဖို့ ရောက်လာပြီ”
ယဲ့တာ့ဖူက ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တုတ်ချောင်းကို ကိုင်ဆောင်လျက် ထွက်ပေါ်လာခဲ့သည်။ သူ့နောက်တွင် တပ်ဖွဲ့လည်း ပါလာ၏။ သူက အားလုံးကို ကြည့်ကာ မောက်မာသည့် သဘောထားကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ဝမ်ဝေ့ မင်းက ငါ ကြောက်နေတယ်လို့ ပြောရဲတယ်ပေါ့။ ငါ့ မင်းကို ပြမယ်” သူက အော်ပြောလိုက်သောကြောင့် အားလုံးက သူ့ကို ကြည့်လိုက်ကြပြီး ထိုမျောက်ရူးက ဘယ်သူလဲဟု စဉ်းစားနေကြသည်။
ယဲ့တာ့ဖူက ထူးထူးဆန်းဆန်း အကြည့်များကို လျစ်လျူရှုထားပြီး တုတ်ကို ဝှေ့ယမ်းလိုက်၏။ သူ့တုတ်က ဂလက်ဆီထက်ပင် ပိုမိုကြီးမားလာပြီး တစ်ချက်တည်းဝှေ့ရုံဖြင့် လူထရီလီယံကို သတ်နိုင်လိုက်သည်။
တန့်ချင်းက တခြားသူများအား ရှစ်ချီအန်းကို ထားခဲ့ပြီး ထိုမျောက်ကို တိုက်ခိုက်ဖို့ အလျင်အမြန် အမိန့်ပေးခဲ့၏။