← Chapters

မြေကမ္ဘာ ဧကရာဇ် နည်းစနစ်

Vol. 80 Ch. 1112

မြေကမ္ဘာ ဧကရာဇ် နည်းစနစ်

Vol. 80 Ch. 1112

“ငါတို့ကလေးတွေကိုရော စိတ်ကူးကြည့်လို့ ရလား” ယဲ့တာ့ဖူက ပြုံးကာ ပြောလိုက်သည်။ သူ့စကားများက သက်ရောက်မှု ရှိ၏။ ကွဲပြားသည့် မျိုးစိတ်ဖြစ်သည့် နတ်ဆိုးမျိုးနွယ်များက မျိုးပွားနိုင်ချေ နည်းပါးသော်လည်း သူတို့လုပ်ဆောင်နိုင်သည်နှင့် သူတို့၏ ကလေးက သူတို့၏ သွေးမျိုးဆက်နှစ်ခုလုံး၏ ၉၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားလိမ့်မည်။ ထို့ကြောင့် မြွေနဂါးဧကရီက မျက်လုံးသုံးလုံးမျောက်၊ ကပ်ဘေးမျောက်နှင့် မြွေနဂါးကိုးကောင် အုပ်စိုးသူသွေးမျိုးဆက်တို့ ပေါင်းစည်းလိုက်သည့် ကလေးက မည်သို့ဖြစ်လာမလဲဟု စဉ်းစားနေမိသည်။

စံနှုန်းတွေအရဆိုရင်တော့ ဒီမျောက်က တကယ်ကို အပြီးပြည့်စုံဆုံး လက်တွဲဖော်တစ်ယောက်ပဲ…

မြွေနဂါးဧကရီက တွေးလိုက်သည်။ သူတို့၏ ကမ္ဘာနှစ်ခုနှင့် အင်အားစုများကြား အားကောင်းသည့် မဟာမိတ်ကို ဖန်တီးကာ သူတို့၏ သွေးမျိုးဆက်ကိုလည်း ဆက်လက် မြှင့်တင်နိုင်လိမ့်မည်။ လူသားများက ဒိုင်မေးရှင်းအနိမ့်ရှိ ကောင်းကင်အလိုဆန္ဒအများစုကို ထိန်းချုပ်ထားကြ၍ နတ်ဆိုးအခြေစိုက်ကမ္ဘာများက ကာကွယ်မှုအတွက် အတူတကွ ပေါင်းစည်းကြလေ့ရှိသည်။

“အဓိပ္ပာယ် မရှိတာတွေကို နားမထောင်နဲ့။ သူ့ရဲ့ စကားချိုချိုလေးတွေက သူနဲ့ သူ့အင်အားစု ဒီစစ်ပွဲမှာ အသက်ရှင်မှ ဖြစ်လာမဲ့အရာပဲ။ အဲဒါက ဖြစ်နိုင်မယ်များ ထင်နေလား” သစ်သားစိမ်းဧကရာဇ်က ဝင်ပြောလိုက်သည်။

မြွေနဂါးဧကရီက ရုတ်တရက် ရပ်တန့်သွားကာ “သူပြောတာ ဟုတ်တယ်”

“ငါတို့က နိုင်မှာ” ယဲ့တာ့ဖူက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“ရှင်က ဘယ်လိုလုပ်သိလဲ” သူမက မေးလိုက်သည်။

“မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်”

“ပြော”

“မဟုတ်ဘူး။ မင်းဆီကို တီးတိုးပြောရမှာ” သူက ဖြူဖွေးနေသည့် သွားများကို ပြုံးဖြီးကာ ပြောလိုက်သည်။

မြွေနဂါးဧကရီက မျက်လုံးမှိတ်ကာ ကြည့်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူမက သူ့အနား ရောက်ရှိလာကာ သူက တီးတိုးပြောလိုက်သည်။

“အမှန်အတိုင်း ပြောတာလား”

“ဒါပေါ့။ မယုံရင် မှတ်ဉာဏ်ထဲ ဝင်ကြည့်လို့ရတယ်”

“ကောင်းပြီလေ” သူမက ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ယဲ့တာ့ဖူက သူမအား သူ့အသိစိတ်ပင်လယ်နှင့် မှတ်ဉာဏ်များကို ဝင်ရောက်ခွင့်ပေးခဲ့သည်။

သူမကို ပြောပြီးသည့်နောက်တွင် တောက်တောက်ပပ အပြုံးမျိုး ရှိနေလေ၏။

မြွေနဂါးဧကရီက ထိုအပြုံး၏ အဓိပ္ပာယ်ကို သဘောပေါက်သွားပြီးသည့်နောက်တွင် ရှက်သွေးဖြာသွားမိသည်။ သို့သော် အလျင်အမြန် ပျောက်ကွယ်သွား၏။

“ရှင်က အမှန်အတိုင်းပြောနေတာပဲ”

“ဒါက ဘာအဓိပ္ပာယ်လဲ။ သူက ဘာပြောလိုက်တာလဲ” သစ်သားစိမ်းက မေးလာသည်။

“ငါ တောင်းပန်တယ်။ ဒီတိုက်ပွဲကနေ ထွက်တော့မယ်။”

“ဘာ။ တကယ်ပြောနေတာလား”

“ဟုတ်တယ်။ သူတို့ဘက်ကနေလည်း ဝင်ကူညီမှာတော့ မဟုတ်ဘူး” မြွေနဂါးဧကရီက ရှင်းပြလိုက်သည်။

“ကုန်သွယ်ရေးဗဟိုချက်ကို သစ္စာဖောက်ပြီးနောက် မင်းနဲ့ မင်းမွေးရပ်မြေကို ဘယ်လိုကံကြမ္မာမျိုး ဖြစ်လာမလဲဆိုတာ သိတယ်မလား” သစ်သားစိမ်းဧကရာဇ်က အလေးအနက် မေးလိုက်သည်။

“အဲဒီလူတွေရဲ့ ရက်စက်မှုကို နားလည်သင့်တယ်။ မင်း ဂရုမစိုက်ဘူးလား”

မြွေနဂါးဧကရီက တုန်ယင်သွား၏။ ယခု သူမက ဝမ်ဝေ့သည် အသက်ရှင်လျက်ရှိနေဆဲ ဖြစ်ကြောင်း ဤစစ်ပွဲတစ်ခုလုံးက သူ့ကစားပွဲတစ်ခုသာ ဖြစ်နေကြောင်း သိလိုက်ရလေသည်။ သူမအနေဖြင့် ကုန်သွယ်ရေးဗဟိုချက်က ရှုံးနိမ့်ဖို့ရာ ကံကြမ္မာဖန်လာပြီး ဒိုင်မေးရှင်းအနိမ့်ရှိ အုပ်ချုပ်သူအနေဖြင့် အဆင့်အတန်းမှာ ကျဆင်းသွားရတော့မည် ဖြစ်ကြောင်း သိထားသည်။

သစ်သားစိမ်းက ရုတ်ချည်း ရပ်တန့်သွား၏။ ထိုသူက မတုံးအကြောင်း သူ သိထား၍ မည်သို့သော သတင်းမျိုးက သူမ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားစေတာလဲဟု စဉ်းစားနေမိသည်။ ရုတ်တရက် သူက အတွေးတစ်ခု တွေးမိသွား၏။

မဖြစ်နိုင်တာ …

သူက ကုန်သွယ်ရေးဗဟိုချက်တစ်ခုလုံးကို ကြောင်ပေါက်လေးလိုမျိုး ကြောက်ရွံ့သွားအောင် လုပ်နိုင်သည့် လူက အသက်ရှင်လျက် ရှိနေသေးသည့် အချက်ကို လက်မခံနိုင်ပေ။

သစ်သားစိမ်းက ကုန်သွယ်ရေးဗဟိုချက်ဖြင့် တင်းကြပ်သည့် ဆက်နွယ်မှုရှိထားသည့်အတွက် သူ့ကံကြမ္မာက သူတို့နှင့်ချုပ်နှောင်ထားလေသည်။

ထာဝရသစ်သား

ဧရာမအဖြူရောင် သစ်ပင်ကြီးတစ်ခုက သစ်သားစိမ်းနောက်တွင် ပေါ်ထွက်လာခဲ့သည်။ သူက ကုန်သွယ်ရေးဗဟိုချက်၏ အကူအညီကို မသုံးဘဲ ထာဝရဧကရာဇ်တစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု အလောင်းအစား ထပ်ထားခဲ့သည်။ သို့သော်လည်း အခြေအနေက သူ့အနေဖြင့် အားလုံးကို ထုတ်သုံးရုံမှအပ ရွေးချယ်စရာ မရှိတော့သည့်အနေအထားတစ်ခုသို့ ရောက်လာခဲ့သည်။ အဖြူရောင်သစ်မြစ်တို့က ရုတ်ချည်းဆိုသလို ယဲ့တာ့ဖူနှင့် မြွေနဂါးဧကရီတို့ကို တိုက်ခိုက်လာခဲ့သည်။

“ဒါက ဘာအဓိပ္ပာယ်လဲ”

“မင်းက သစ္စာဖောက်ဆိုတော့ မင်းရဲ့ ခေါင်းကလည်း အဖိုးတန်မှာပဲ”

“မိန်းမ ငါ ထိန်းထားလိုက်မယ်။ ငါဒီအရာကို ဖြေရှင်းနေတုန်း ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဝင်နေပါ့လား”

“ဘယ်သူက နေမှာလဲ။ ငါ အခုထိ လက်မခံရသေးဘူး”

ယဲ့တာ့ဖူက ပြုံးလိုက်သည်။ သူမက ထိုသို့ ပြောနေသော်လည်း မြွေနဂါးဧကရီက တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ယဲ့တာ့ဖူက ပြိုင်ဘက်ကို အာရုံစိုက်လိုက်၏။ သူ့ချပ်ဝတ်က အလင်းများ တောက်ပနေပြီး မိုးမြေကြားမှ အလိုအလျောက် ကာကွယ်မှုကို ချပ်ဝတ်ဖြင့် ပေါင်းစည်းပြီး ခုခံမှုကို မြှင့်တင်ခဲ့သည်။ ထို့နောက် သူက တိုက်ခိုက်လိုက်၏။

ကမ္ဘာ့အဆုံးသတ် ကပ်ဘေး

သူ့လက်တစ်ချက်အဝှေ့တွင် အလင်းနှစ်သန်းချီ ပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့သည်။ ထိုနည်းစနစ် သက်ရောက်လာသည့် နေရာတစ်ခုလုံးက ကာလံဒေသံအမျှင်များ စုတ်ပြဲသွားပြီး ပြန်လည်ဝင်စားခြင်း စက်ဝန်းကလည်း ရပ်တန့်သွားကာ သက်ရှိလောကထံ ယင်စွမ်းအားနှင့် တစ္ဆေအမြောက်အများ ထုတ်လွှတ်လာပြီး ကမ္ဘာ့အဆုံးသတ် ရောက်ရှိသွားဟန်ပေါ်သည်။

ကောင်းကင်တာအိုက ကမ္ဘာအပေါ် သူ့လုပ်ဆောင်ချက်ကို လက်လျှော့လိုက်ရ၍ မိုးမြေကြားရှိ စည်းမျဉ်းများ သို့မဟုတ် တာအိုအားလုံးက ထိန်းချုပ်မှု ပျောက်ဆုံးသွားကာ နောက်ဆုံးတွင် ကမ္ဘာကြီးကို ဝါးမျိုသွားမည့် ဖရိုဖရဲအချိန်စွမ်းအားအဖြစ်သာ ပြောင်းလဲသွားသည်။

သစ်သားစိမ်းက ထိုတိုက်ကွက်ကို ကြည့်နေရင်း ချွေးပြန်လာမိသည်။ သူက ထွက်ပြေးချင်သော်လည်း ကံကောင်းစွာဖြင့် ထာဝရသစ်သားချီက သူ့ကို စိတ်မပျက်စေဘဲ ကာကွယ်ပေးခဲ့သည်။ သူက မဖျက်ဆီးနိုင်ဖွယ်ကမ္ဘာတစ်ခုဖြင့် ကာကွယ်ပေးခံထားရ၍ စိတ်သက်သာရာရနေမိ၏။

ထိုစဉ် ယဲ့တာ့ဖူက မျက်မှောင်ကြုတ်လိုက်သည်။

ကမ္ဘာ့အဆုံးသတ် ကပ်ဘေးက ဝမ်ဝေ့နှင့် ရင်ဆိုင်ဖို့ရာအတွက် ပြင်ဆင်ထားသည့် တိုက်ကွက်တစ်ခု ဖြစ်သည်။ သို့သော် ထိုအားနည်းသည့် ဧကရာဇ်က ပိတ်ဆို့နိုင်ခဲ့သည်။

“မင်းက ငါ့ကို စိတ်တိုအောင် လုပ်နေတာပဲ” မျောက်က ကြေညာလိုက်သည်။

“အဲဒါဆိုတော့ ဘာဖြစ်လဲ” သစ်သားစိမ်းက လှောင်ပြောင်ပြောလိုက်၏။ သူက သူ ခံစားနေရသည့် ဘဝင်ခိုက်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

ယဲ့တာ့ဖူက ခေါင်းအသာယမ်းလိုက်ပြီး ဒီလူက ဘယ်လိုတာအိုသက်သေပြခဲ့တာလဲဟု စဉ်းစားနေမိသည်။ သူသည် ဟာကွက်များ ရှိနေသော်လည်း မိုးမြေ၏ ချစ်ခြင်းမေတ္တာဖြင့် မွေးဖွားလာရသည့်သူ သို့မဟုတ် အစစ်အမှန်ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်၏ မျှခြေညီစက်ယန္တရားကို ပြင်ဆင်ပြီးသည့်နောက် ထွက်ပေါ်လာသည့် ဧကရာဇ်တစ်ဦးဟုသာ ကောက်ချက်ချလိုက်သည်။

စိတ်ကပ်ဘေး

သစ်သားစိမ်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး စိတ်ထဲတွင် ဆိုးဆိုးရွားရွား အတွေ့အကြုံများကို တွေ့ကြုံခံစားနေရသည်။ သူက အဆိုးရွားဆုံး အကြောက်တရားကို တွေ့ကြုံခဲ့ရပြီး အကြီးမားဆုံး အိပ်မက်ဆိုးနှင့် ရင်ဆိုင်ကာ အကြီးကျယ်ဆုံး ဆုံးရှုံးမှုများဖြင့် တိုက်ရိုက်တွေ့ဆုံခဲ့ရသည်။ အဆင့်မြင့်သက်ရှိတစ်ယောက်အနေဖြင့်ပင် သူက မတောင့်ခံနိင်တော့ပေ။

သူ့နှုတ်ခမ်းထောင့်မှ တံတွေးများ စီးကျလာပြီး မေ့မြောသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ယဲ့တာ့ဖူက ထိုအရာသည် မလုံလောက်သေးကြောင်း သိသည့်အတွက် နောက်ဆုံးရိုက်ချက်ကို ထုတ်လွှတ်လိုက်၏။ သူက သခင်ကို ကာကွယ်ပေးဖို့ရာအတွက် အလိုအလျောက် လှုပ်ရှားနေသည့် အဖြူရောင်သစ်မြစ်များကို ရှောင်ရှားခဲ့သည်။ နှမြောစရာကောင်းလှသည်က သူသည် တစ်ဖက်လူဆီ မရောက်ရှိခင် သစ်ပင်က သစ်သားစိမ်းနှင့် ပေါင်းစည်းသွားပြီး သူ့စိတ်နှင့် ဝိညာဉ်ကို ထာဝရဂုဏ်သတ္တိဖြင့် ကောင်းချီးပေးလာကာ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သည်။

“ကျစ်” သစ်သားစိမ်းက အော်ဟစ်ပြောလိုက်သည်။ သူက သေခြင်းတရားနှင့် ဤမျှ မနီးကပ်ခဲ့ဖူးပေ။ ဤသည်က ဆိုးရွားသည့် အတွေ့အကြုံမျိုး ဖြစ်၏။

သူသည် တုံ့ဆိုင်းမနေတော့ဘဲ သစ်ပင်ကို ထိကာ ပေါင်းစည်းလိုက်သည်။ သူ့ခန္ဓာကိုယ်က လူသားပုံစံ သစ်ပင်သက်ရှိအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်သစ်ခေါက်များက ခန္ဓာကိုယ်ဖြစ်လာကာ အစိမ်းရောင်သစ်ရွက်များက သူ့ဆံပင် ဖြစ်လာခဲ့သည်။

ဘန်း

သူ အသွင်ပြောင်းနေစဉ်အတွင်း ယဲ့တာ့ဖူ၏ တုတ်ချောင်းက သူ့ကို အားပြင်းပြင်းဖြင့် ရိုက်နှက်လာခဲ့ပြီး အဝေးတစ်နေရာသို့ လွင့်စင်ထွက်သွားစေသည်။ ထိုသို့သော တိုက်ကွက်မျိုးက အားပြင်းလှ၏။ သစ်ပင်၏ အခေါက်က တိုက်ကွက်များကို ခံနိုင်ရည်ရှိပြီး သစ်သားကလည်း အသက်ဓာတ်ကို ပေးစွမ်းနိုင်လေသည်။

ထို့ကြောင့် ကုစားရေး သို့မဟုတ် ပြန်လည်ကောင်းမွန်ခြင်းက ထိုတာအိုကျင့်ကြံသူအတွက် ပြဿနာမ ဟုတ်ပေ။ သို့သော်လည်း သစ်သားစိမ်းက သူ့ချီ၏ ထာဝရဂုဏ်သတ္တိကို အမွေဆက်ခံထားခြင်းကြောင့် ခြစ်ရာပင် မထင်ခဲ့ပေ။

“ဟား ဟား ဟား ဟား ဒီစွမ်းအားက” သူက ရယ်မောလိုက်သည်။ သူက ဤမျှလောက် အားကောင်းပြီး လွတ်လပ်ကာ ပြိုင်ဘက်ကင်းသည်ဟု မခံစားခဲ့ဖူးပေ။

သူသာ ဤသို့ စွမ်းအားရှိနေလျှင် အလောင်းအစား ရှုံးသွားသည့်အခါ မည်သူကများ အကြွေးကို တောင်းဆိုရဲမည်နည်း။

သူက ဒိုင်မေးရှင်းအနိမ့်အတွင်း စိတ်ကြိုက် လုပ်ဆောင်နိုင်သည်။

သစ်သားစိမ်းက တစ်ဖက်လူဆီ ပြေးဝင်သွားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ သူ့ခန္ဓာကိုယ်က သူ လိုချင်သလောက် မမြန်ဆန်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်လည်း မည်သူကမှ သူ့ကို ဒဏ်ရာ မပေးနိုင်သည့်အတွက် ထိုအရာက အရေးမကြီးလှပေ။

ဝုန်း ဝုန်း ဝုန်း

ယဲ့တာ့ဖူက ထိုလူသားပုံစံ သစ်ပင်နှင့် တိုက်ခိုက်ရင်းဖြင့် သူ့တတိယမျက်လုံးကို အပြည့်အဝ အသက်သွင်းလိုက်သည်။ သူက ကုန်ဆုံးသွားသည့် စက္ကန့်တိုင်းကို တစ်ဖက်လူကို အကဲခတ်နေ၏။

အကောင်းဆုံးလှုပ်ရှားမှုက ဘာလဲ။ ထာဝရကပ်ဘေးလား။ မဟုတ်သေးဘူး။ ကပ်ဘေးလိုမျိုး ဒီလိုမျိုးအဆင့်မြင့်ကဏ္ဍအကြောင်း သိတာက နည်းနည်းလေးပဲ ရှိသေးတာဆိုတော့ အချိန်ကြာလိမ့်မယ်။ အဲဒါဆို အားနည်းချက်ကပ်ဘေးရော။ ဒီသစ်ပင်မှာ အားနည်းချက်တော့ ရှိသင့်တယ်…

သူက တခြားတစ်ခုကို ဆုံးဖြတ်လိုက်သည်။ ထိုကပ်ဘေးမျိုးက တစ်ဖက်လူကို အားနည်းသွားစေနိုင်သော်လည်း သူ့၏ မထိုးဖောက်နိုင်သည့် သစ်ခေါက်ကို ထိန်းသိမ်းထားနိုင်ဦးမည် ဖြစ်သည်။

ဒီလိုဆိုရင်တော့ ယင်ယန်ကပ်ဘေးလား။ ဘယ်ဟာကမှ အကျိုးအမြတ် မရှိဘူး။ အတက်ရှိရင် အကျဆိုတာ ရှိမယ်။ ဘယ်ဟာကမှ ထာဝရ တည်ရှိမနေနိုင်ဘူး။ ယင်ယန်သံသရာစက်ဝန်းလိုပေါ့။ ဒါပဲ လုပ်ရအောင်…

မဟုတ်သေးဘူး။ ငါ့ဆီမှာ ထပ်ပြီး ကောင်းတာ ရှိသေးတယ်။

မြေကမ္ဘာဧကရာဇ် နည်းစနစ် - သံသရာစက်ဝန်း

ယမမင်းနှင့် တူညီသည့် ဧရာမပုံရိပ်ကြီးက ယဲ့တာ့ဖူ၏ နောက်တွင် ပေါ်ထွက်လာကာ သူ့ခန္ဓာကိုယ်မှ နောက်ဘဝ သို့မဟုတ် သံသရာဖြင့် ဆက်နွယ်နေသည့် မြင့်မြတ်သည့် အရှိန်အဝါမျိုးကို ထုတ်လွှတ်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်၏ တည်ရှိမှုကို သိရှိပြီးသည့်နောက်တွင် ယဲ့တာ့ဖူက ကျန်ရာထူးနှစ်ခုအကြောင်းကိုလည်း သိရှိခဲ့ရသည်။

ထို့နောက် သူက ထိုရာထူးအပေါ် မူတည်၍ သူ့ကို စွမ်းအား ချီးမြှင့်နိုင်သည့် နည်းစနစ်များကို ဖန်တီးဖို့ ကြိုးစားခဲ့သည်။ သူက ကြိုးစားရင်းဖြင့် မျက်လုံးသုံးလုံး မျောက်သွေးမျိုးဆက်တွင် ကောင်းကင်၊ မြေကြီးနှင့် လူသားအကြောင်း အရာအားလုံး ပါဝင်နေသည့်အတွက် အောင်မြင်ခဲ့လေ၏။

ထို့ကြောင့် သူက မြေကမ္ဘာဧကရာဇ် နည်းစနစ်ကို အသုံးပြုကာ သံသရာကို အပြည့်အဝ ထိန်းချုပ်မှုရယူပြီး သစ်သားစိမ်းဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်။

All Chapters