အရယူခြင်း
Vol. 80 Ch. 1113
ယဲ့တာ့ဖူက သစ်သားစိမ်းကို သူ့တုတ်ဖြင့် ရိုက်နှက်နေစဉ် တစ်ကမ္ဘာလုံးက အနက်ရောင်နှင့် အဖြူရောင် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် အချိန်တိုအတွင်း သစ်သားစိမ်း၏ ထာဝရခန္ဓာက သူ ထာဝရဟု ရေရွတ်မှုကို အတည်ပြုဖို့ သေခြင်းရှင်ခြင်း အကြိမ်သန်းပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်။ သူက ခုခံခဲ့ပြီး သူ့ အဖြူရောင် သစ်ခေါက်အရေပြားမှ သံသရာစွမ်းအားကို တိုက်ခိုက်ဖို့ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။ သို့သော် သူ ကျရှုံးသွားခဲ့၏။
သူတို့၏ အစစ်အမှန်ကိုယ်ကို နားလည်ထားသည့် ထာဝရကောင်းကင်ဘုံအဆင့်ကသာ သေခြင်းတရား အနှောင်အဖွဲ့ သို့မဟုတ် သံသရာမှ လွတ်မြောက်သည်ဟု ရဲရဲတင်းတင်း ပြောရဲကြသည်။ ထိုသို့ဆိုလျှင် မည်သူကမှ ထိုစကားကို ပေါ့ပေါ့တန်တန် မပြောရဲကြပေ။ ဟွင်သွမ်းစကြဝဠာ၏ ဝါစဉ်အနေအထားအရ ထာဝရသစ်သားချီသည် ထာဝရ အဆင့်အတန်းထဲ အဆင့်နိမ့်ဟုသာ ယူဆနိုင်၏။
ဝုန်း
သစ်သားစိမ်း၏ ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာ ကွဲအက်လာပြီး မလိုလားမှုကို ပြသဖို့ အော်ဟစ်လိုက်သည်။ သူက သူ့ကံကြမ္မာကို အလွယ်တကူ လက်ခံမည့်သူ မဟုတ်ပေ။ ထို့ကြောင့် သူက ပြန်လည်ရင်ဆိုင်ဖို့ ကြိုးစားလိုက်၏။ ဤကမ္ဘာတွင် မည်သည့်အရာက အစစ်အမှန် ထာဝရ တည်ရှိသနည်း။
အနည်းဆုံးတော့ ထိုအရာနှင့် နီးကပ်ရမည်။
သိသာသည့် အဖြေက မဟာတာအို ဖြစ်သော်လည်း သစ်သားစိမ်းက ထိုအရာအား သွားရောက်မစွက်ဖက်ရဲပေ။ ထို့ကြောင့် သူက ဒုတိယအကောင်းဆုံးရွေးချယ်မှုဖြစ်သည့် စကြဝဠာ၏ ဖွဲ့စည်းပုံတစ်ခုကို ရွေးချယ်လိုက်သည်။
သူက ကံကြမ္မာမြစ်ကြောင်း၊ အချိန်မြစ်ကြောင်းနှင့် အရင်းအမြစ် ချီနေရာလွတ်တို့၏ ထာဝရဂုဏ်သတ္တိကို သူ့ကိုယ်ပိုင်အဖြစ် ပေါင်းစည်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သစ်မြစ်အများစုက လေဟာနယ်ထဲ ဝင်ရောက်သွားကာ ထိုဂုဏ်သတ္တိများဆီ ကပ်တွယ်ပြီး သူတို့စွမ်းအားကို ငှားယူနေကြသည်။ ထို့ကြောင့် စက္ကန့်ပိုင်းလေးအတွင်း သစ်သာစိမ်း၏ ခန္ဓာကိုယ်ပြိုလဲမှုက ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့ကာ သစ်မြစ်သုံးခုက သူ့တွင် ထာဝရဂုဏ်သတ္တိကြောင့် မဖျက်ဆီးနိုင်သည့် သစ်မြစ်သုံးခု ရှိနေရုံသာမက အချိန်၊ ကံကြမ္မာနှင့် အဆုံးမဲ့စွမ်းအား ထိန်းချုပ်မှုလည်း ရှိလာခဲ့သည်။
“အရူး” ယဲ့တာ့ဖူက သရော်ကာ ပြောလိုက်သည်။
တန်ပြန်သက်ရောက်မှု ကပ်ဘေး
ကံကြမ္မာမြစ်ကြောင်း၊ အချိန်မြစ်ကြောင်း၊ အရင်းအမြစ်ချီ နေရာလွတ် တို့ရဲ့ ကိစ္စများကို မည်သူက ဝင်ရောက်စွက်ဖက်ရဲမည်နည်း။
ထိုသဘောတရားများက ကမ္ဘာရှိ သူတို့၏ စွမ်းအား သို့မဟုတ် အဆင့်အတန်းကြောင့် မောက်မာကြပြီး မည်သူကများ ဝင်ရောက်စွက်ဖက်ခွင့်ရမည်နည်း။ ယဲ့တာ့ဖူက ထိုအချက်ကို အသုံးပြုကာ တစ်ဖက်လူဆီ တန်ပြန်သက်ရောက်မှုကို ဖန်တီးလိုက်သည်။
သစ်သားစိမ်းက သူ့ဘဝတွင် ဤမျှကြောက်ဖို့ကောင်းသည့်အရာကို မတွေ့ကြုံဖူးပေ။ သူက စကားဖြင့် ဖော်ပြလို့မရသည့် သက်ရှိများဖြင့် ရင်ဆိုင်နေရသလို ခံစားနေရ၏။
“အား” သူက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပြိုလဲလာပြီး အယူအဆသဘောတရားအရ အလျင်အမြန် သေဆုံးလာသည်။ ဆိုလိုသည်မှာ သူက ထာဝရဧကရာဇ် တစ်ယောက် ဖြစ်နေသော်လည်း သူ့မှတ်ဉာဏ်များ သို့မဟုတ် အောင်မြင်မှုများကို ဖြတ်ထုတ်ပစ်စရာ လိုတော့မည် မဟုတ်ပေ။
သူက သေဆုံးသွားမည်သာ ဖြစ်၏။ ဘယ်သူ ဘယ်အရာကမှ သူ့ကို အသက်ပြန်သွင်းနိုင်မည် မဟုတ်ပေ။
သို့သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် သစ်သားစိမ်းက ဆုံးဖြတ်ချက်ပြတ်သားစွာ ပြုမူခဲ့သည်။ သူက ထိုသက်ရှိများနှင့် ဆက်နွယ်မှုကို အတင်းအကြပ် ဖြတ်တောက်ကာ သူ့ခန္ဓာကိုယ်အများစုကို စွန့်ပယ်ခဲ့သည်။ ထို့နောက် သူက လေဟာနယ်ထဲရှိ ဖရိုဖရဲအာကာပြင်စွမ်းအားတချို့ကို ထိန်းချုပ်ကာ ကူးပြောင်းသွားပြီး သူ့ကိုယ်သူ ကာကွယ်နိုင်လိုက်သည်။
“အင်း ဒီကောင်စုတ်က ထွက်ပြေးတဲ့နေရာမှာ ဘာလို့ တော်နေရတာလဲ” ယဲ့တာ့ဖူက ရေရွတ်လိုက်သည်။ သူက တစ်ဖက်လူဆီ ဤတန်ပြန်သက်ရောက်မှုအတွင်း အသက်ရှင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ယဲ့တာ့ဖူက ခေါင်းအသာယမ်းကာ တခြားသူများကို အာရုံစိုက်လိုက်၏။
…………………………………………………………………
ကုန်သွယ်ရေးဗဟိုချက် ဌာနချုပ်
ဝမ်ဝေ့က သစ်သားစိမ်း၏ ခန္ဓာကိုယ်တစ်ဝက်ကို ကြည့်လိုက်သည်။
“တုံးလိုက်တဲ့သူ”
သူက ခေါင်းအသာယမ်းရင်း ရေရွတ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့၏။
“ဒါက ပြဿနာတက်နိုင်တယ်”
သူက နောက်ဆုံးအခိုက်အတန့်တွင် ဝင်ရောက်စွက်ဖက်ပြီး မျောက်အား ထာဝရသစ်သားချီ မရစေဖို့ တားဆီးနိုင်ခဲ့သည်။ ထိုသို့သော စွမ်းအားမျိုးက သူ့ကံကြမ္မာ(၁) သို့မဟုတ် သုံ့လီဖန်း၏ ဆရာအတွက် အသင့်တော်ဆုံးဖြစ်သည့်အတွက် တခြားသူလက်ထဲကို ကျရောက်ခံမည် မဟုတ်ပေ။
ဒီလူတွေက သောက်ရမ်းကို ချမ်းသာတာပဲ
ဝမ်ဝေ့က တွေးလိုက်မိသည်။ ကုန်သွယ်ရေးဗဟိုချက်က သူ မြင့်မားသည့် ကျင့်ကြံဆင့်ရောက်ဖို့ လိုအပ်သည့် အရင်းအမြစ်များကို ရယူထားနိုင်လေသည်။
“ဟမ်။ ဒီကံကြမ္မာကြိုးမျှင်အရ မျောက်က ဘာလို့ ငါ့အလုပ်ကို ခက်ခဲအောင် လုပ်နေရတာလဲ” ဝမ်ဝေ့က ညည်းတွားပြီး အလျင်အမြန် တုံ့ပြန်ကာ သူ့ကို ဌာနချုပ်ဆီ လှမ်းခေါ်လိုက်သည်။
ယဲ့တာ့ဖူက ဝမ်ဝေ့၏ အကြည့်ကို မြင်သည့်အခါ မျက်နှာပူမိသွား၏။
“ငါ့အမှားပါ” သူက ပြောလိုက်သည်။ သူက တိုက်ပွဲကို အနိုင်ရရှိပြီးသည့်နောက်တွင် သတိလက်လွတ်ဖြစ်သွားပြီး ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။
ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“အိမ်ပြန်ပြီးတော့ ထပ်ထွက်မလာနဲ့တော့။”
“အာ မဖြစ်တာ။ တိုက်ပွဲက အခုမှ စိတ်ဝင်စားစရာကောင်းတုန်းပဲ ရှိသေးတာလေ”
“လူတွေက မင်း နှင်ထုတ်ခံရမဲ့ ကိစ္စမှာ ဘယ်လိုပြန်ရောက်လာလဲလို့ မေးရင် ဘယ်လိုပြန်ဖြေမှာလဲ”
“ငါ့ဘာသာငါ လုပ်တယ်လို့ ပြောလိုက်မယ်”
“သူတို့က ယုံမယ်များ ထင်နေလား။ တချို့လူတွေက သံသယ ရှိနေကြပြီ။ ငါ မပျောက်သွားသေးတဲ့ အကြောင်းကို သက်သေ မဖြစ်သွားစေချင်ဘူး”ဝမ်ဝေ့က ပြောလိုက်၏။
ယဲ့တာ့ဖူက တည်ငြိမ်စွာဖြင့် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“ကောင်းပြီ။ ငါ မထွက်သွားခင် ငါနဲ့တိုက်”
“မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကိုလည်း သိရဲ့သားနဲ့”
“သိတယ်။ ဒါပေမဲ့ မင်းကိုတော့ ချွေးထွက်အောင် လုပ်နိုင်တယ်ဆိုတာကိုတော့ သိတယ်။” မျောက်က ခက်ထန်စွာ ကြည့်ရင်း ပြောလိုက်သည်။
“မင်းက မင်းဘာသာမင်း အထင်ကြီးနေတာပဲ” ဝမ်ဝေ့က မျက်လုံးဝှေ့ကာ ကြည့်ရင်း ပြန်ဖြေလိုက်၏။
“ငါ့ရဲ့ ကမ္ဘာ့အဆုံးသတ်ကပ်ဘေး တိုက်ကွက်ကတောင် အသုံးမဝင်ဘူးလို့ ပြောနေတာလား။ အခု မင်းက ငါ့ကို အရှက်ခွဲနေတာပဲ” မျောက်က စိတ်ခံစားချက်များကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ငါက မင်းထက် ပိုကောင်းအောင် လုပ်နိုင်နေတာပဲလေ”
“သောက်ရေးမပါတာတွေ”
ဝမ်ဝေ့က လက်မြှောက်လိုက်ပြီးသည့်နောက်တွင် ကမ္ဘာ့အဆုံးသတ် အရိပ်အမြွက်ကို ပြသလိုက်သည်။ ထိုနည်းစနစ်က ယဲ့တာ့ဖူနှင့် တူညီသော်လည်း ပိုမိုအသေးစိတ်ကျ၏။ ကံကြမ္မာ ပျောက်ကွယ်သွားမှုက ကိစ္စများနှင့် လူများကို ဖရိုဖရဲ ဖြစ်သွားစေရုံသာမကဘဲ သူ့နည်းစနစ်တွင် ကံကြမ္မာက တည်ရှိမှုတိုင်းကို ဆုပ်ကိုင်ထားသည့် ကြိုးမျှင်အဖြစ် မှတ်ယူထားသည်။ ထိုအရာအပြင် ယဲ့တာ့ဖူက ယင်နှင့်ယန် ကွဲကွာမှု၊ လွတ်လပ်ခွင့် ဖျက်စီးခံလိုက်ရမှု၊ အစီအစဉ်ကျမှုနှင့် မကျမှုကြား ချိုးဖျက်ခံလိုက်ရမှု၊ ကံအကြောင်းတရား ဆက်နွယ်မှုအားလုံးမှ တန်ပြန်သက်ရောက်မှု၊ နောက်ဆုံးတွင် ကမ္ဘာက မူလအခြေအနေ ဟွင်သွမ်းသို့ ပြန်လည်ပြောင်းသွားသည့် အရာများကိုပင် မြင်တွေ့လိုက်ရသည်။
ကျစ်…
ယဲ့တာ့ဖူက တွေးလိုက်သည်။ သူ့မျက်ဝန်းများက အနည်းငယ်နီရဲနေ၏။ ထိုနည်းစနစ်က သူ့ကို လှုံ့ဆော်ပေးနိုင်လောက်အောင် အားကောင်းပြီး လှပလွန်းလှသည်။ သူက သူ့ကိုယ်ပိုင်နည်းစနစ်ကို မည်သို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲ မြင်တွေ့လိုက်ရ၏။ ဤအချက်က သူ့ကို ပိုပြီးတော့ အရှက်ရစေသည်။ မျောက်က ရှုံးနိမ့်မှုကို ဝန်ခံဖို့ ငြင်းဆန်နေရင်း အေးစက်စက်သာ သရော်လိုက်သည်။
“ကောင်းပြီ။ အဲဒီနည်းစနစ်ကို လက်လျှော့လိုက်မယ်” သူတို့က အံကြိတ်ကာ ပြောလိုက်၏။
“အဲဒါဆို ငါ့ရဲ့ မြေကမ္ဘာဧကရာဇ် တိုက်ကွက်ကရော။ အဲဒီတိုက်ကွက်ကတော့ မင်းကို ချွေးထွက်အောင် လုပ်နိုင်မှာ သေချာတယ်”
“ငါက သံသရာတာအိုကို ထိန်းချုပ်တယ်။ ငါက မြေကမ္ဘာဧကရာဇ် တစ်ယောက်ပဲ” ဝမ်ဝေ့က မိမိုက်စွာ ပြန်ဖြေလိုက်သည်။
“ငါ့ကို လာညာနေတာလား” ဝမ်ဝေ့သည် မြေကမ္ဘာဧကရာဇ် ဖြစ်ကြောင်း မကြားဖူးသည့်အတွက် သံသယ ရှိလာမိသည်။
“အဲ့လိုကိစ္စမျိုးကိုလိမ်ညာနေစရာ မလိုဘူး”
မျောက်က အံကြိတ်ကာ အစွယ်ဖြဲပြလာသည်။
“အဲဒါဆို လူသားဧကရာဇ်ကရော”
သူက ကောင်းကင်ဧကရာဇ်အကြောင်း မမေးသည်မှာ ထိုသူသည် ပထမဦးဆုံး ကောင်းကင်ဧကရာဇ်ဖြစ်နေပြီး ခေတ်သစ်ကို ဖန်တီးခဲ့သူဖြစ်နေ၍ ဖြစ်သည်။
“လူသားဧကရာဇ်ရာထူးနဲ့ ဆက်နွယ်မှု မရှိဘူးဆိုတာကိုတော့ ဝန်ခံရမယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“မြင်ပြီမလား။ ငါ ပြောပါတယ်။ ငါ့ရဲ့ နည်းစနစ်တွေက တခြားသူဆီ မရှုံးပါဘူးဆို” ယဲ့တာ့ဖူက ပြောလိုက်သည်။
“ငါ့ရဲ့ လက်ရှိကိုယ်က မင်းကို တိုက်ပွဲတစ်ခုအတွင်းမှာ ချွေးထွက်အောင် လုပ်နိုင်တယ်ဆိုတာကို ဝန်ခံရမယ်”
“ငါက ဆက်နွယ်မှု မရှိဘူးဆိုပေမဲ့ လူသားဧကရာဇ်ရာထူး ကိုင်ဆောင်ထားတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်လေ။ သူမရဲ့ ကံကြမ္မာကြိုးမျှင်ကို ပုံတူပွားနိုင်တယ်။ လိုအပ်လာတယ်ဆိုရင်ပေါ့” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး မျောက်၏ ပျော်ရွှင်နေသည့် လေထုက ချက်ချင်းဆိုသလို လေလျော့သွားသည့် ပူဖောင်းတစ်ခုလို လျော့ရဲသွားသည်ကို ကြည့်နေလိုက်သည်။
“မဖြစ်ဘူး။ ငါ့ရဲ့လက်ရှိစွမ်းအားက မင်းကို ချွေးထွက်အောင် မလုပ်နိုင်ဘူးဆိုတာကို ယုံဖို့ ငြင်းဆန်တယ်”
ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။
“မင်းက ကောင်းကင်မျက်လုံးနဲ့ မြင်ပြီးသားပဲ။ ငါတို့ကြားက ကွာဟချက်ကို သိမှာပါ”
ယဲ့တာ့ဖူက သိထား၍ သူ့ကို အနိုင်ယူခြင်းအစား ချွေးထွက်အောင်လုပ်ခြင်းအဖြစ် ရည်မှန်းချက်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သူက မျှော်လင့်ချက်နှင့် ရည်မှန်းချက်များကို စီမံခန့်ခွဲသည့် သဘောတရားကို နားလည်ထားလေ၏။
“စောင့်နေလိုက်။ ဒါ မပြီးသေးဘူး။ ငါ မင်းကို ချွေးထွက်အောင် မလုပ်နိုင်မချင်း လေ့ကျင့်မယ်။ အဲဒီနောက်ကျရင် ကောင်းကောင်းလာပြီး တိုက်ခိုက်မယ်။ ငါ မင်းအဆင့် မရောက်ခင်အထိ လေ့ကျင့်ပြီးတော့ မင်းကို အနိုင်ယူမယ်။ ဒါ ငါ့စကားပဲ။ ဒါ အဆုံးသတ် မဟုတ်သေးဘူး”
ယဲ့တာ့ဖူက ဝမ်ဝေ့ကို ရဲရဲတင်းတင်း ပြောလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ရယ်မောလိုက်၏။
“မင်းက တကယ့်ကို စွန်းဝူခုံးနဲ့ တူတာပဲ”
“စွန်းဝူခုံးက ဘယ်သူလဲ။ သူက ငါနဲ့ တူတယ်လို့ ဘာလို့များ ပြောရဲရတာလဲ”
ဝမ်ဝေ့က ဆွံ့အသွားပြီး အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်ကြောင်းကို ပြောပြခဲ့သည်။
ယဲ့တာ့ဖူက အံ့ဖွယ်အသိစိတ်ဖြင့် ထိုအရာကို ဖတ်ရှုလိုက်၏။
“ငတုံးမျောက်ပဲ” သူက ရေရွတ်လိုက်သည်။
“အော်”
“အနောက်ဘက်သို့ ခရီးသွားခြင်းထဲ ဗုဒ္ဓဘာသာက အဲဒီမျောက်ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို သူတို့ကိုယ်ပိုင် အသုံးပြုမှုအတွက် အသုံးချနေမှန်း သိသာတယ်လေ။ ဒါပေမဲ့ အဲဒီအရူးက အဆုံးသတ်အထိကို သဘောမပေါက်ခဲ့ဘူး” ယဲ့တာ့ဖူက လှောင်ပြောင်ကာ ပြောလိုက်သည်။
“အဲဒီငတုံးက ငါနဲ့ တူတာကို မယုံနိုင်ဘူး။ ငါသာ မင်းကို အနိုင်မယူနိုင်မှန်း သိရင် ဒီစကားတွေကြောင့် မင်းကို တိုက်ခိုက်ပြီးလောက်ပြီ”
ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။
“အဲဒီမျောက်က သဘောကျစရာကောင်းတယ်ဆိုတာတော့ ဝန်ခံရလိမ့်မယ်”
“သူက သူ့အချိန်နဲ့သူ အောင်မြင်နေတာပဲ ” ယဲ့တာ့ဖူက မျက်ဝန်းထဲ ကျီစယ်လိုစိတ်ဖြင့် သဘောတူလိုက်သည်။
“မင်းက ဘာတွေ တုံးအအ ကြံစည်နေတာလဲ”
“ပထမဦးဆုံး ငါ ဘုန်းတော်ကြီးတချို့ကို ရိုက်မယ်။” ယဲ့တာ့ဖူကက ပြောလိုက်သည်။ ထိုကောင်းကင်ဘုံနှင့် တူညီသည့် ပညာရှိဝိဇ္ဇာက မည်မျှပင် ရဲတင်းကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် သူ့အနေဖြင့်လည်း ထွက်ပေါက်ရှာဖို့ လိုအပ်သည့် အရာတချို့ ရှိလာသည်။
“အဲဒီနောက်ကျရင် သံသရာဆီ အလည်သွားပြီးတော့ သေခြင်းရှင်ခြင်းစာအုပ်ရှိရင် ငါ့နာမည်ကို ဖျက်ဖို့ ကြိုးစားကြည့်ရမယ်”