ပညာပေးအတွေ့အကြုံ
Vol. 80 Ch. 1114
ဝမ်ဝေ့က မျောက်ကို ဆွံ့အစွာ ကြည့်လိုက်သည်။ သူက ထိုမျောက်သည် မည်မျှရဲတင်းကြောင်း တွေ့လိုက်ရသည့်အခါ စကားဖြင့် မည်သို့ဖော်ပြရမှန်း မသိတော့ပေ။
“မင်းရဲ့ တိုက်ကွက်အတွက် မြေကမ္ဘာဧကရာဇ် ရာထူးအကြောင်း သိခဲ့တယ် မဟုတ်ဘူးလား”
“ဟုတ်တယ်လေ။ အဲဒါဆိုတော့” ယဲ့တာ့ဖူက ခတ္တရပ်လိုက်ပြီးသည့်နောက် တစ်စုံတစ်ခု သဘောပေါက်သွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်သားပဲ။ ယမမင်းအကြောင်း မေ့သွားတယ်”
ထိုသတင်းအချက်အလက်က သူ့အစီအစဉ်ကို ရပ်တန့်ပစ်သည့်အတွက် မပျော်မရွှင်ဖြစ်သွားလေ၏။
“ယမမင်းတွေကို အနိုင်ယူဖို့ ဘယ်လောက်အားကောင်းဖို့ လိုတယ်ထင်လဲ”
“ဟာ တကယ်ပြောတာလား”
“ဒါပေါ့” ယဲ့တာ့ဖူက တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။
“အဲဒီမျောက်က လုပ်နိုင်မှတော့ ငါလည်း လုပ်နိုင်တယ်”
ဝမ်ဝေ့က သူ့ကို ခြုံငုံကြည့်ကာ ပြောလိုက်သည်။
“မင်းအနေနဲ့ အနည်းဆုံး ထိပ်သီးအဆုံးစွန်မဲ့ စံပြတစ်ယောက်ဖြစ်လာပြီးတော့ စကြဝဠာထဲမှာ အကောင်းဆုံးထဲက တစ်ယောက် ဖြစ်လာဖို့လိုတယ်”
“စံပြလား။ အဲဒါက ဧကရာဇ်အဆင့်ပြီးတော့လား။ မဟုတ်သေးပါဘူး။ အဲဒါက ကောင်းကင်ဘုံအဆင့်လို့ ကြားတယ်”
ယဲ့တာ့ဖူက လက်တစ်ဖက်ပိုက်ကာ လက်တစ်ဖက်ဖြင့် မေးတပွတ်ပွတ်လုပ်နေသည်။
“အဲဒီနောက်ကပဲ”
“သိပြီ။ အခု ငါက ရည်မှန်းချက်အကြီးကြီး ရှိသွားပြီ” သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါ သွားလိုက်ဦးမယ်။ ငါ့ရဲ့ ဇနီးလေးက စောင့်နေပြီ။ မှတ်ထားနော်။ ငါ လက်စားချေဦးမှာ”
မျောက်က ခြေတစ်လှမ်းတည်းဖြင့် ဌာနချုပ်မှ ပျောက်ကွယ်သွားခဲ့ပြီး ဝမ်ဝေ့ကိုသာ ချန်ထားခဲ့သည်။
“မင်းက အတော်လေးကို သရုပ်ဆောင်ကောင်းတာပဲ”
“ဘယ်သူလဲ” ဝမ်ဝေ့က ချက်ချင်းဆိုသလို အလန့်တကြား ဖြစ်သွားလေ၏။ တစ်စုံတစ်ယောက်က သူ့အနီးသို့ ရောက်လာသော်လည်း သူ့အနေဖြင့် မည်သည့်အရာကိုမှ အာရုံမခံမိခဲ့ပေ။ သူ့စိတ်ကို အလုပ်ပေးပြီး ဒိုင်မေးရှင်းအနိမ့်တွင် မည်သူကများ ထိုစွမ်းရည်မျိုးကို ရှိထားတာလဲဟု စဉ်းစားနေမိသည်။ သူက တစ်ချက် ကြည့်လိုက်သည့်အခါ အပြာရောင်ဝတ်ရုံနှင့် ခပ်ချောချော လူငယ်လေးတစ်ဦးကို မြင်လိုက်ရ၏။ ဝမ်ဝေ့က ထိုသူကို အကြမ်းဖျင်း ရိပ်မိသွားသည်။
“ခင်ဗျားက ဘယ်သူလဲ”
“မင်းလည်း ခန့်မှန်းမိပြီးသား ဖြစ်မှာပါ” ချန်းထုံက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ကဲ မိတ်ဆက်တာတွေ ကျော်လိုက်တော့။ ငါက ဒီကို ရောက်လာတာက မင်းက အဲဒီမျောက်ကို လှုံ့ဆော်ဖို့ ဘာလို့ ဒီလောက်ထိ လုပ်နေရလဲဆိုတဲ့ အကြောင်းအရင်းကို စိတ်ဝင်စားလို့ပဲ”
“ဘယ်လို”
“မင်းက အဲဒီဇာတ်ကြောင်းကို တမင်ပြောပြပြီးတော့ သူက သံသရာနဲ့ ယမမင်းတွေကို ပစ်မှတ်ထားအောင် လုပ်ခဲ့တာလေ။ မင်း ဘာလို့လုပ်ခဲ့တာလဲဆိုတာကို သိချင်တယ်။”
“ခင်ဗျား ဘာတွေပြောနေမှန်း မသိဘူး” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“မင်းက မြေကမ္ဘာဧကရာဇ် စစ်ဆေးမှုကို ကျော်ဖြတ်တာလည်း မြင်ခဲ့တယ်။ သဘောထား သေးသိမ်တာကြောင့် လုပ်လိုက်တာလား။ မဟုတ်သေးဘူး။ တစ်ခုခုကတော့ မင်းက ကြီးမားတဲ့ ကစားပွဲတစ်ခုကို ကစားနေတယ်လို့ ပြောပြနေတယ်”
“ဟုန်အာ ပြောတာ မှန်နေတာပဲ။ ခင်ဗျားက အတော်လေးကို သတိကြီးလွန်းတယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒါဆိုတော့ နောက်ဆုံးတော့ ဝန်ခံပြီလား”
“ကျုပ်က ဘာမှဝန်ခံမှာ မဟုတ်ဘူး”
“မင်းက ခေါင်းမာသားပဲ” ချန်းထုံက ပြုံးကာ ပြောလိုက်သည်။ သူက အဖန်ရည်စားပွဲကို ပုံဖော်လိုက်ပြီး ဝင်ထိုင်ကာ ရှေ့တွင် ဝမ်ဝေ့ကို ဖိတ်ကြားသည့် ဟန်ပန်လုပ်လိုက်သည်။
“ဒါက အနှစ်သာရစမ်းသပ်ချက် အဖန်ရည်ပဲ။ ဒါကို သောက်ပြီးရင် မင်းက နာကျင်မှု၊ အားစိုက်ထုတ်မှုနဲ့ ဘေးထွက်ဆိုးကျိုးမရှိဘဲ ခန္ဓာကိုယ်စမ်းသပ်ချက် တစ်ရာကို ဖြတ်ကျော်နိုင်လိမ့်မယ်”
“အဲ့လိုအရာမျိုး ရှိတယ်လား။ အဲဒါဆိုရင်တော့ ရှားပါးမှာပဲ” ဝမ်ဝေ့က ထိုင်ကာ ပြောလိုက်သည်။
“ဒါက ပထမဦးဆုံး စမ်းသပ်ချက် တစ်ထောင်အတွက်ပဲ အသုံးဝင်တယ်ဆိုပေမဲ့ ရှားပါးပစ္စည်းပါပဲ” ချန်းထုံက ခေါင်းညိတ်ကာ အဖန်ရည် လောင်းထည့်ပေးလိုက်သည်။
“ကျုပ်တော့ ဂုဏ်ယူမိပါတယ်” ဝမ်ဝေ့က အဖန်ရည်ကို လက်ခံရင်း ပြောလိုက်သည်။ လူမည်မျှက စံပြတစ်ယောက် လောင်းထည့်ပေးသည့် အဖန်ရည်ကို သောက်သုံးခွင့်ရမည်နည်း။
“ဘာမှ အားနာနေဖို့ မလိုဘူး။ ဒါနဲ့ ငါ့မေးခွန်းကို ဖြေမှာလား” ချန်းထုံက လက်ဝှေ့ကာ မေးလိုက်သည်။
“ဘာမှဖြေစရာမရှိဘူး” ဝမ်ဝေ့က အေးစက်စက် ပြန်လည်ပြောလိုက်သည်။
သူက ယဲ့တာ့ဖူကို ကြိုးကိုင်ခဲ့တာလား။
ဟုတ်ပေသည်။ သို့သော်လည်း သူ့ပစ်မှတ်က သံသရာနှင့် ယမမင်းထံ မဟုတ်ပေ။ သူက ထိုမျောက်ကို တခြားလူမှုအဖွဲ့အစည်းမှ လှုံ့ဆော်မှု သို့မဟုတ် ဗဟုသုတကို ပေးလိုက်ခြင်းဖြင့် အမည်မသိအပြောင်းအလဲ ထပ်ထည့်နိုင်မည်လားဟု သိချင်၍ ဖြစ်သည်။ တခြားနည်းဖြင့် ပြောရလျှင် ယဲ့တာ့ဖူက သံသရာကို စိတ်ဝင်စားလာစေသည်မှာ သူ့အပြုအမူ၏ တန်ဖိုး အစစ်အမှန် မဟုတ်သေးပေ။ တကယ့်လှုပ်ရှားမှုက သမိုင်းမတိုင်မီကမ္ဘာအကြောင်း သတင်းအချက်အလက်ကို ထောက်ပံ့ပေးခြင်းဖြင့် သူ့စိတ်ကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်၏။
ဝမ်ဝေ့က ထိုလှုပ်ရှားမှု၏ ရလဒ်ကို မသိပေ။ အသီးအပွင့် ခံစားရနိုင်ချေလည်း ရှိသလို ယဲ့တာ့ဖူက မဟာတာအို၏ အမြင်ကို ဆွဲဆောင်ပြီး သုတ်သင်ပစ်ခံလိုက်ရနိုင်ချေလည်း ရှိသည်။
နောက်ထပ် ဇာတ်ကြောင်းတစ်ခုက မျောက်သည် ဇာတ်ကြောင်း၏ တန်ဖိုးကို သဘောမပေါက်ဘဲ အလားအလာအပြည့် ထုတ်မသုံးနိုင်ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ဝမ်ဝေ့က ဂရုမစိုက်ပေ။ သူက ဤလှုပ်ရှားမှု အသုံးမဝင်ဖြစ်သွားလျှင်ပင် အဆင်ပြေသည်။
“အဲ့လိုလား။” ချန်းထုံက ရေရွတ်လိုက်သည်။
“ကောင်းပြီလေ။ ဒါဆို တခြားတစ်ခု ပြောရအောင်။ မင်းက စိတ်အခြေအနေ ဆိုးနေတဲ့ပုံပဲ။ တစ်ခုခုများ ဖြစ်လို့လား”
“ခင်ဗျားက ကျုပ်ကို အမှောင်ထဲကနေ စောင့်ကြည့်နေတာလား”
“ဒါပေါ့။ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးက ဒီလောက် အသက်ဝင်နေတာဆိုတော့ ဘယ်လိုလုပ် အာရုံမစိုက်ဘဲ နေပါ့မလဲ။ ငါ သေပြီးကတည်းက ဒီလိုမျိုး ဖျော်ဖြေမှု မတွေ့ခဲ့ရဘူးလေ”
ဝမ်ဝေ့က ဆွံ့အမိသွားသည်။
“ခင်ဗျားက ကိုယ့်ဘာသာ အသက်ပြန်သွင်းဖို့ အာရုံစိုက်ထားသင့်တာ မဟုတ်ဘူးလား”
“အဲဒီလူတွေရဲ့ ပထမဦးဆုံး ပစ်မှတ် ဖြစ်အောင်လို့လား။ ငါက မတုံးဘူး” ချန်းထုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက အားလုံး အသက်ပြန်ရှင်လာသည့်အခါမှသာ ပြန်လည်ရှင်သန်မည် ဖြစ်၏။
“ကောင်းပြီလေ။ စကားလမ်းကြောင်း လွှဲမနေနဲ့။ မင်းလိုလူမျိုးမှာ စိတ်အခြေအနေအပြောင်းအလဲ ဖြစ်သွားတယ်ဆိုတော့ ဘယ်ကိစ္စကများက အဲ့လိုဖြစ်စေတာလဲ”
ဒီလူက သူတို့ဘဝထက် အတင်းပြောရတာကို ကြိုက်တဲ့ ကမ္ဘာမြေက လူတစ်ယောက်က ကျင့်ကြံရေးလောကမှာ ဝင်စားပြီးတော့ အတင်းပြောတဲ့ ဗီဇကိုလည်း ထိန်းသိမ်းရင်းနဲ့ ကျင့်ကြံရေးထိပ်ဆုံးကို ရောက်လာတဲ့လူ တစ်ယောက်လိုမျိုးပဲ…
ဝမ်ဝေ့က တွေးလာမိပြီး ပိုမို ဆွံ့အမိသွားသည်။ သူက စိတ်ထဲမှ သက်ပြင်းချကာ ထိုလူနှင့် စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ သူက တာအိုစမ်းသပ်ချက် ၉၀၀ကို ခက်ခဲမှု မရှိဘဲ ရောက်ခွင့်ပြုနိုင်သည်။
ထို့ကြောင့် သူက ဟုန်ဝါ၊ အပြာရောင်ဇာမဏီနှင့် ရီထွေ့ကျစ်တို့ထံ ဖြစ်ပျက်သမျှ အရာအားလုံးကို ပြန်လည်ပြောပြလိုက်သည်။
“ကြည့်ရတာ မင်းက ပညာပေးနဲ့ တွေ့ကြုံနေရတဲ့ပုံပဲ”
“ဘယ်လို”
“ပညာပေးအတွေ့အကြုံဆိုတာက မင်း တွေ့ကြုံခံစားခဲ့ရတဲ့ အရာအတွက် အခေါ်အဝေါ်တစ်ခုပေါ့။ ကျင့်ကြံသူတွေကြားမှာ ပုံမှန်ဖြစ်စဉ်ပါပဲ” ချန်းထုံက ရှင်းပြလိုက်သည်။
“ဆက်ပြီး ပြောပြပါဦး”
“အဲဒါက မဟာတာအိုက ကျင့်ကြံသူတွေကို ဟန့်တားဖို့ ဖန်တီးထားတဲ့ စက်ယန္တရားတစ်ခုပေါ့။ အထူးသဖြင့် စံပြတွေလေ။ ငါတို့ရဲ့ အတ္တတွေကို စစ်ဆေးကြည့်ဖို့ပေါ့” ချန်းထုံက ပြောလိုက်သည်။
“နမူနာအနေနဲ့ဆိုရင် ယမမင်းတွေက သံသရာကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားတဲ့ စံပြတွေအတွက် ပညာပေးအတွေ့အကြုံပဲ။ အချိန်မြစ်ကြောင်းကို ဝင်ရောက်စွက်ဖက်လွန်းတဲ့သူတွေအတွက်ကတော့ အချိန်ဝိညာဉ် ရှိလာလိမ့်မယ်။ အရင်းအမြစ်ချီနေရာလွတ်ကို ဝင်ရောက်စွက်ဖက်တဲ့သူတွေအတွက်ကတော့ အုပ်စိုးသူအရင်းအမြစ် သားရဲတွေ ရှိလာလိမ့်မယ်။”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး “ကံကြမ္မာမြစ်ကြောင်းကိုရော”
“အဲဒီရဲ့ ပညာပေးအတွေ့အကြုံကတော့ တာအိုနယ်ရှင်တွေနဲ့ အတော်လေး ဉာဏ်ကောင်းတဲ့ စံပြတွေကို ပစ်မှတ်ထားလေ့ရှိတယ်။ သူတို့ကို သေးနုတ်ပြီးတော့ တုံးအအ ဖြစ်သွားစေတာပေါ့” ချန်းထုံက အပြုံးဖြင့် ပြောလိုက်သည်။
ဝမ်ဝေ့က ပညာပေးအတွေ့အကြုံကို ခံစားနေရသည်လား။
ထိုသို့ဖြစ်ဟန်ပေါ်သော်လည်း ကိစ္စများသည် ကိုယ်ပိုင်ဖြစ်လွန်းပြီး စကြဝဠာတစ်ခု၏ သာမန်လုပ်ဆောင်ချက် တစ်ခုမဟုတ်ကြောင်း ခံစားမိသည့်အချက်ကို မဖယ်ရှားနိုင်ပေ။
“မကောင်းဆိုးဝါးနတ်ဘုရားတွေက ကမ္ဘာဦးဟွင်သွမ်းအတွက် ပညာပေးအတွေ့အကြုံလား”
“ဟုတ်လည်းဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး” ချန်းထုံက ပြန်ဖြေလိုက်သည်။
“အဲဒီသက်ရှိတွေက ခန္ဓာကိုယ်လေ့ကျင့်ရေးခေတ်အပြီး စံပြခေတ် စတင်တဲ့အချိန်မှာ ဖန်တီးခဲ့တာ။ ဒါပေမဲ့ မကောင်းဆိုးဝါးနတ်ဘုရားတွေက အဲဒီမတိုင်ခင်ကတည်းက တည်ရှိခဲ့တာ။ အဲဒါဆိုတော့ သူတို့က ကမ္ဘာဦးဟွင်သွမ်းအတွက် တကယ်ကို အဟန့်အတားပဲ။ ဒါပေမဲ့ သူတို့ရဲ့အခြေအနေက နည်းနည်းလေးတော့ ကွဲပြားတယ်”
“ခဏ ခင်ဗျား ပြောတာ ယမမင်းတွေကလည်း ဟွင်သွမ်းစကြဝဠာရဲ့ အစောပိုင်းခေတ်ကာလမှာ မတည်ရှိဘူးလို့ ပြောတာလား”
“မင်း မေးချင်တာကို သိတယ်။ ဟုတ်တယ် သံသရာကို ထိန်းချုပ်တဲ့ ယမတွေရှိပေမဲ့ မင်း(ဘုရင်)ဆိုတဲ့ ဂုဏ်ရာထူးကိုတော့ စံပြခေတ်စတင်ပြီးမှ ဖန်တီးခဲ့တာ။ သံသရာရဲ့ တင်းကြပ်မှုနဲ့ ထိန်းချုပ်မှုက ယမမင်းတွေ ပေါ်ထွက်လာမှုနဲ့ စတင်ခဲ့တာလေ။”
“ကျုပ် သိပြီ။ အဲဒါဆိုတော့ ခင်ဗျားတို့လူတွေက မဟာတာအိုအတွက် ခင်ဗျားတို့အတ္တကို စစ်ဆေးကြည့်ဖို့ လိုတယ်လို့ ထင်အောင် ဘာများ လုပ်ခဲ့လို့လဲ” ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ မေးလိုက်သည်။
“ဒါက မေးခွန်းကောင်းပဲ” ချန်းထုံကလည်း အဖန်ရည်တစ်ငုံသောက်လိုက်၏။
“ငါက အဲ့ခေတ်ကာလမှာတော့ မနေထိုင်ဖူးဘူး။ ဒါပေမဲ့ ကိစ္စတချို့တော့ သိထားတယ်။ ခန္ဓာကိုယ်လေ့ကျင့်ရေး ခေတ်တုန်းက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်က အုပ်စိုးတယ်လေ။ ခန္ဓာကိုယ်လေ့ကျင့်သူတွေက လေးခုမြောက်ဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့နဲ့ ရှာတွေ့ဖို့ကို အာရုံစိုက်ထားကြတယ်။ အဲဒါကြောင့် သူတို့က အချိန်မြစ်ကြောင်း၊ ကံကြမ္မာမြစ်ကြောင်းနဲ့ အရင်းအမြစ်ချီနေရာလွတ်တွေကိုသုံးပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့ကြတာ။ မဟာတာအိုက အဲဒီလူတွေကို လွှတ်ထားပေးခဲ့တာ။ အဲဒါက သူတို့အများစုက အဲဒီကြီးကျယ်တဲ့ တည်ရှိမှုတွေကို သုံးပြီး သူတို့ကိုယ်သူတို့ လေ့ကျင့်ကြလို့ပဲ။ မဟာတာအိုကတော့ သူတို့က အရင်းအမြစ်အများကြီး သုံးလွန်းတယ်လို့ ညည်းတွားတာ ရှိတယ်။ နောက်ပိုင်း စံပြခေတ် ရောက်လာတဲ့အချိန်မှာ ငါတို့တွေက အဲဒီအရာတွေကို စွက်ဖက်လာခဲ့တယ်။ ငါတို့တွေက အချိန်မြစ်ကြောင်း ဒါမှမဟုတ် ကံကြမ္မာမြစ်ကြောင်းကို နားလည်တာမျိုး၊ ထိန်းချုပ်တာမျိုး ဒါမှမဟုတ် ဖျက်စီးပစ်တာမျိုးအထိ လုပ်ချင်လာကြတယ်”
“အဲဒါဆိုတော့ ပညာပေးခံရပြီးတော့ စစ်ဆေးကြည့်ခံရဖို့ လိုတာပေါ့”
“အတိအကျပဲ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဟွင်သွမ်းစကြဝဠာတစ်ခုလုံးရဲ့ သမိုင်းကြောင်းကို ဘယ်လိုပိုင်းခြားထားလဲ သိလား”
“နည်းနည်းပဲ သိတယ်” ချန်းထုံက အဖန်ရည်အစား သေရည်ကို ပြောင်းသောက်ကာ ပြောလိုက်သည်။
“ပထမဦးဆုံး မျိုးရိုးဗီဇခေတ်ရှိတယ်။ အဲဒါက ဟွင်သွမ်းစကြဝဠာ ပထမဦးဆုံး မွေးဖွားလာတာမျိုး ဖန်တီးခံရစဉ်အခါကပေါ့။ မဟာတာအိုက ငယ်ရွယ်ပြီးတော့ အတွေ့အကြုံ မရှိသေးဘူး။ အဲဒီနောက်မှာ ကမ္ဘာဦးဟွင်သွမ်းခေတ်။ အဲဒီအချိန်ကာလမှာ မကောင်းဆိုးဝါးနတ်ဘုရားရဲ့ ဘိုးဘေးဖြစ်တဲ့ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေ မွေးဖွားလာခဲ့ကြတယ်။ အဲဒီနောက်ပိုင်းက ပျောက်ဆုံးခေတ် … ဗလာခေတ်ကာလလိုမျိုးပဲ။ အဲဒီခေတ်မှာ ဘာမှ သိပ်မသိရဘူး။ တားမြစ်ချက်တစ်ခု ဖြစ်ပျက်ခဲ့ပြီးတော့ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေ ပျောက်ကွယ်သွားပြီးတော့ မကောင်းဆိုးဝါးနတ်ဘုရားတွေနဲ့ အစားထိုးခံလိုက်ရတယ်။”
“အဲဒါဆိုတော့ ပျောက်ဆုံးခေတ်က တားမြစ်ချက်(၁၃)ခုထဲမှာ ပါနေတာပေါ့”
“ဟုတ်တယ်”
“စိတ်ဝင်စားစရာပဲ။ နောက်ထပ်ရော”
“အဲဒီနောက်က ခေတ်ကိုတော့ မပြောတော့ဘူး။ ငါ သိထားတာတွေက ခန့်မှန်းချက်သက်သက်ပဲ။ တရားဝင် သမိုင်းကြောင်း မဟုတ်ဘူး” ချန်းထုံက ပြောလိုက်သည်။
“ငါ သိထားတာက အရင်ခေတ်က အဆီအနှစ်ခေတ် ဒါမှမဟုတ် ခန္ဓာကိုယ်လေ့ကျင့်ရေးခေတ်လို့ ခေါ်တယ်။ ငါတို့တွေ လက်ရှိနေတာက စံပြခေတ် … ငါ့အနေနဲ့ အကြွင်းမဲ့ တားမြစ်ချက်တစ်ခုက စံပြခေတ်ကို အဆုံးသတ်ဖို့ မှတ်သားထားတယ်လို့ ခံစားချက်ရှိနေတယ်။ ဒါပေမဲ့ ဒီခေတ်သစ်ကို တရားဝင်နာမည် မပေးရသေးဘူး”