မဟာတာအို၏ရည်ရွယ်ချက်
Vol. 80 Ch. 1115
ချန်းထုံ၏ စကားက ဝမ်ဝေ့အား ဟွင်သွမ်းစကြဝဠာ၏ သမိုင်းကြောင်းနှင့် ပတ်သက်ပြီး သုံးသပ်ချက်အများစုကို အတည်ပြုလိုက်နိုင်သည်။ သူက တချို့အရာများကိုပင် သင်ယူခဲ့ရ၏။ သို့သော်လည်း သူက အရေးကြီးသည့် သတင်းအချက်အလက် လိုအပ်နေဆဲ ဖြစ်၏။ ကံကောင်းစွာဖြင့် သူ့ရှေ့တွင် စံပြတစ်ယောက် ရှိနေသည် မဟုတ်ပါလော။
“ကောင်းကင်အလိုဆန္ဒစနစ် မတိုင်ခင် စံပြခေတ်ရဲ့ အစောပိုင်းအနေအထားမှာ ယခင်ခေတ်ဟောင်းစံပြတွေက ထာဝရ(အင်မော်တယ်)နဲ့ တာအိုလမ်းစဉ် ပေါင်းစည်းထားတယ်ဆိုပြီး ကောက်ချက်ချခဲ့ဖူးတယ်။ သူတို့က လောကရဲ့ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ပင်ကို၊ ကမ္ဘာဦးနဲ့ မဟာတာအိုအရင်းအမြစ်တွေကို နားလည်ရမယ် ဟုတ်တယ်မလား”
“ဟုတ်တယ်။ မင်း ပြောတာ မှန်တယ်။ အဲဒီခေတ်ဟောင်းစံပြတွေက မဟာတာအိုအရင်းအမြစ်ရဲ့ စွမ်းအားတွေကို ငှားယူနိုင်တယ်ဆိုပေမဲ့လည်း အတော်လေးကို ကြောက်ဖို့ကောင်းတဲ့သူတွေ။ ဒါပေမဲ့ သူတို့ခန္ဓာကိုယ်ထဲက ကြီးမားတဲ့ စွမ်းအားက တကယ့်ကို အံ့မခန်းပဲ”
“သူတို့နဲ့ တွေ့ဖူးတာလား”
“ဒါပေါ့။ သူတို့တွေက အသက်ရှင်လျက် ရှိနေတုန်းပဲလေ” ချန်းထုံက ရှင်းပြလိုက်သည်။
“သူတို့က ခေါင်းမာပြီးတော့ ဒီလွယ်ကူတဲ့ လမ်းစဉ်အသစ်ကို လက်ခံဖို့ ငြင်းဆန်ကြတယ်။ ငါတို့ကိုတောင် အားပျော့တယ်လို့ မကြာခဏ ခေါ်လေ့ရှိတယ်။”
“ကျုပ် အံ့ဩမိသား။ သူတို့တွေကို မဟာတာအိုရဲ့ သုတ်သင်မှု ဒါမှမဟုတ်ဘူးဆိုရင် သဘာဝဖြစ်စဉ်ကနေ မျိုးတုန်းသွားပြီလို့ ထင်နေတာ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး။ သူတို့ ရှိနေတုန်းပဲ။ အဲဒီစနစ်ကိုပဲ ကျင့်ကြံတဲ့ ရှေးဦးချီကမ္ဘာလို့ခေါ်တဲ့ သာမန်အရင်းအမြစ်ဟွင်သွမ်းကမ္ဘာမှာ မူလတာအိုဂိုဏ်းလို့ခေါ်တဲ့ အားကောင်းတဲ့ ဂိုဏ်းတစ်ခု ရှိတယ်။ သူတို့က တစ်ကမ္ဘာလုံးကို ထိန်းချုပ်ထားပြီးတော့ ကမ္ဘာဦးဟွင်သွမ်းအတွင်းမှာလည်း နာမည်ကျော်ကြားတယ်” ချန်းထုံက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။
“မှတ်ဉာဏ်ဆိုးလား” ဝမ်ဝေ့က မေးလိုက်၏။
“အဲဒီလူတွေက ရင်ဆိုင်ဖို့ ခက်တယ်။ အထူးသဖြင့် စံပြခေတ်အစောပိုင်းကတည်းက တည်ရှိလာတဲ့ ရှေးကျတဲ့ လူအိုကြီးတွေပေါ့” ချန်းထုံက ရှင်းပြလိုက်ပြီး သူ့အတွေ့အကြုံအပေါ် စိတ်ပျက်နေခြင်းအား ဖုံးကွယ်ထားခြင်း မရှိပေ။
ဝမ်ဝေ့က သူတို့၏ အကျင့်စရိုက်ကို သဘောပေါက်ဖို့ ကိုယ်တိုင်တွေ့နေစရာ မလိုအပ်ပေ။
“သူတို့ရဲ့ စနစ်က ဘယ်လိုအလုပ်လုပ်တာလဲ။ အဆင့်(၁၀)မှာ ထာဝရအရှင် ဒါမှမဟုတ်ဘူးဆိုရင် တာအိုဘိုးဘေးတွေ ဖြစ်လာတာလား။ ဒါပေမဲ့ ရွေးချယ်မှုတစ်ခုချင်းစီက ပြဿနာ ရှိတဲ့ပုံပဲ”
“သူတို့က ထာဝရအရှင်နဲ့ ယွမ်ထီ ဖြစ်လာကြတာလေ”
“သူတို့က ပင်ကိုစည်းမျဉ်းကို ကျင့်ကြံတာလား”
ချန်းထုံက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်။ သူတို့က အင်မော်တယ်ချီကို စုဆောင်းရင်းနဲ့ ပင်ကိုစည်းမျဉ်းကို နားလည်အောင် လုပ်ကြတာ။ အဲဒီနောက်ကြတော့ ကမ္ဘာဦးစည်းမျဉ်းပေါ့။ ပြီးသွားရင် မဟာတာအိုအရင်းအမြစ်ပဲ”
“ရှေးဦးချီကမ္ဘာက အတော်လေးကို ထူးကဲမှာပဲ”
“ဟုတ်တယ်။ ငါ သိထားသလောက်တော့ သူတို့တွေက စံပြခေတ် အစောပိုင်းအနေအထားတုန်းက အစီအစဉ်ကျမှု၊ မကျမှုတွေကို လိုက်နာနေတုန်းပဲ။ ကျန်ဟွင်သွမ်းစကြဝဠာရဲ့ အပြောင်းအလဲတွေကြောင့် သက်ရောက်မှု မရှိဘူး”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
“မဟာတာအိုက ဒါကို ခွင့်ပြုထားတယ်လား။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့က မဟာတာအိုကိုတောင် သူတို့ဆီ ခွင့်ပြုချက်ပေးအောင် ဖိအားပေးတဲ့ အင်အားကြီးပုဂ္ဂိုလ်မျိုးကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာလား”
“ရှေ့တစ်ခု ဖြစ်ဖို့များတယ်။ ဒါပေမဲ့ သူတို့ဆက်လက် တည်ရှိနေရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တချို့ရှိမယ်လို့လည်း ကောလဟာလတွေ ကြားဖူးတယ်” ချန်းထုံက ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက မဟာတာအိုသည် သူတို့၏ တည်ရှိမှုကို ခွင့်ပြုထားသည်မှာ ခေတ်ဟောင်းနှင့် ခေတ်သစ်ကာလအတွင်း ထိပ်တိုက်တွေ့ဆုံမှုကို မြင်တွေ့လို၍ ဖြစ်မည်ဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် ယခင်ကျင့်ကြံရေး လမ်းစဉ်ဟောင်းက ဟွင်သွမ်းစကြဝဠာ၏ တိုးတက်မှုအားလုံးအတွက် အဖိုးတန်သည့် အပြောင်းအလဲနှင့် အခွင့်အရေးများကို ဆောင်ကြဉ်းပေးလာနိုင်သည်။
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူ တကယ် သိချင်သည့် မေးခွန်းများကို ထုတ်မေးလိုက်၏။
“မဟာတာအိုက ကောင်းကင်အလိုဆန္ဒကို ဖန်တီးပြီးတော့ စံပြတွေကို မဟာတာအိုအရင်းအမြစ် အပြည့်အဝထိန်းချုပ်ခွင့် ဘာလို့ပေးရတာလဲ။ ဒါက စံပြတွေက ဟွင်သွမ်းစကြဝဠာထဲမှာ အင်အားသစ်ဖြစ်လာပြီးတော့ တခြားအရာတွေကို လုပ်ဆောင်ဖို့ ပိုမိုစွမ်းအား ရှိလာအောင်လို့လား။ ဒါပေမဲ့ မဟာတာအိုရဲ့ စွမ်းအားအဆင့်ကို ထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင် ဒီကောက်ချက်ချမှုက သိပ်တော့ အဓိပ္ပာယ်မရှိဘူး”
ချန်းထုံက ရယ်မောလိုက်၏။
“မင်းက မကောင်းတာတစ်ခုခု တွေးနေတာမလား”
“ခင်ဗျားလည်း အဲ့လိုတွေးမိတယ်မလား” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
သို့သော်လည်း ချန်းထုံက ခေါင်းယမ်းလိုက်သည်။
“မင်း မေးခွန်းအတွက် အဖြေက ရိုးရှင်းတယ်။ စကြဝဠာကြီးကို အားကောင်းစေဖို့ပေါ့။ မဟာတာအိုက အားကောင်းတဲ့ ကျင့်ကြံသူတွေကို လိုချင်လို့ ပိုမိုအားကောင်းတဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ဖန်တီးပြီးတော့ သက်ရှိတွေအားလုံးကို အသုံးပြုခွင့်ပေးထားတာ”
“အဲဒီအဖြေကိုတော့ သိပ်ကြီး သဘောမကျဘူး” ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။
“အဲဒါက လူတွေ သူ့ထက် အားကောင်းလာတာကို ကြောက်ပြီးတော့ စွမ်းအားတွေကို ဖိနှိပ်ထားတယ် မှတ်နေတာ”
“အဲလို လိုချင်တာလည်း ဖြစ်နေနိုင်ပါတယ်”
“သံသယတောင် ရှိမိတယ်။ ခဏ တစ်ခုခုတော့ တစ်ခုခုပဲ” ဝမ်ဝေ့က ရုတ်တရက် ထပြောလိုက်သည်။
“အဲဒါက ကျင့်ကြံသူတွေကို ထူးကဲသာလွန်မှုလမ်းစဉ်ကို ရယူစေချင်ပေမဲ့ စည်းမျဉ်းတွေနဲ့ တားမြစ်ချက်တွေအတွင်းမှာ ရှိနေစေချင်တယ်ဆိုရင်ရော။ မဟာတာအိုက လူတွေကို သူ့ကို ဖိနှိပ်စေချင်ပေမဲ့ ဟွင်သွမ်းစကြဝဠာ ဒါမှမဟုတ် သူ့ကို ယိုယွင်းသွားတဲ့ နည်းလမ်းမျိုးနဲ့ လုပ်စေချင်တာ မဟုတ်ဘူးဆိုရင်ရော။ ဒီသဘောတရားနဲ့ဆိုရင်တော့ ကိစ္စအများကြီးက ပိုပြီး အဓိပ္ပာယ်ရှိလာပြီ”
“အင်း ငါ ဒါကို တစ်ခါမှတော့ တွေးမကြည့်ဖူးဘူး” ချန်းထုံက ပြောလိုက်သည်။ ထိုစကားက သူ့အမြင်ကို ဖွင့်ပေးနိုင်ခဲ့ပြီး စိတ်ထဲမှ ပဟေဠိများစွာကို ဆက်သွယ်နိုင်ခဲ့သည်။
“မဟာတာအိုက အကြွင်းမဲ့တားမြစ်ချက်ကို ဝင်ရောက်စွက်ဖက်တယ်။ အဲဒါက လက်သင့်မခံနိုင်တဲ့ ထူးကဲသာလွန်မှုလမ်းစဉ် ရောက်စေတဲ့ နည်းလမ်းတွေကို ရှင်းထုတ်ပစ်ချင်တဲ့ပုံပဲ”
ဝမ်ဝေ့နှင့် ချန်းထုံတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ထိုစကားဝိုင်းကို ရပ်သင့်ကြောင်း အမူအရာ ပြနေကြသည်။ အကယ်၍ သူတို့ဆက်ပြောနေပါက မဟာတာအိုသည် သူတို့ကို သတိထားမိသွားမည်ဖြစ်ကာ ဝမ်ဝေ့က ဧကရာဇ်ငယ်လေးတစ်ပါးသာ ဖြစ်သေးသည့်အတွက် သတင်းအချက်အလက် သို့မဟုတ် ဗဟုသုတများက များစွာ မသိသင့်သေးပေ။
“အဆီအနှစ်ခေတ်ကာလနဲ့ ချီခေတ်လို့ခေါ်တဲ့ စံပြခေတ်လည်း ရှိတယ်ဆိုတော့ စိတ်ဝိညာဉ်ခေတ်ကိုရော ရှိမယ်ထင်လား” ဝမ်ဝေ့က မေးလိုက်သည်။
ဝမ်ဝေ့က ခန္ဓာကိုယ်လေ့ကျင့်ရေးလမ်းစဉ်က သက်ရှိအားလုံးတွေ့ရှိခဲ့သည့် ပထမဦးဆုံး ကျင့်ကြံရေးစနစ်ဖြစ်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိနေသည်။
ဟော်သဲ့သက်ရှိများက ပျောက်ဆုံးခေတ်ကာလအပြီး စကြဝဠာအတွင်း ပေါ်ထွက်လာသည့်အချက်ကို ထည့်သွင်းစဉ်းစားရမည်။ အထူးသဖြင့် မကောင်းဆိုးဝါးနတ်ဘုရားများက အုပ်စိုးထားသည် မဟုတ်ပါလော။ သူတို့က သူတို့၏ ကျင့်ကြံရေးစနစ်ကို အတုခိုးပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ကြသော်လည်း ခန္ဓာကိုယ်တွင် ကန့်သတ်ချက်ရှိနေပြီး ထိုမြင့်မြတ်သည့် သက်ရှိများဖြင့် တူညီသည့်အနေအထားတစ်ခုသို့ မရောက်ရှိနိုင်ကြောင်း ယုံကြည်ထားနိုင်ချေလည်း ရှိသည်။ ထိုအစောပိုင်းသက်ရှိများက ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့သာ အာရုံစိုက်ထားကြ၏။ တခြားနည်းဖြင့် ပြောရလျှင် အဆီအနှစ်ခေတ်မတိုင်ခင် စိတ်ဝိညာဉ်ခေတ်ရှိနိုင်ချေများသည်။
“အဲဒါတော့ ငါလည်း မသိဘူး။ အဲ့လိုခေတ်ကာလမျိုး ရှိတယ်လို့တော့ ကြားဖူးတယ်။ လူတချို့ကတော့ တည်ရှိတယ်လို့ ပြောပေမဲ့ ဝိညာဉ်လမ်းစဉ်မှာ လျှို့ဝှက်ချက်တွေအများကြီး ပါဝင်နေတယ်။ တားမြစ်ချက်တစ်ခုတောင် ပါဝင်နေနိုင်တယ်”
“အင်း အဲဒါက ဟုတ်တော့ဟုတ်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
စိတ်ဝိညာဉ်ခေတ်ရှိတယ်ဆိုရင်တောင် ကျင့်ကြံရေးက ဝိညာဉ်ကနေ အစပြုရမှာ။ အဆီအနှစ်ခေတ်ကာလမှာ ခန္ဓာကိုယ်ကနေ အစပြုတယ်။ အဲဒါကလည်း အတွင်းပိုင်းလို့ပဲ ပြောရမယ်။ ပြီးတော့ ချီခေတ်ကာမှာ အပြင်ပိုင်းနဲ့ အဆုံးသတ်သွားခဲ့တယ်။ ငါ အထွတ်အထိပ်စံပြအဆင့်ရောက်တာနဲ့ ငါ့ရဲ့ ဇစ်မြစ်ကို ပြန်သွားတာက အကောင်းဆုံးပဲ…
ဝမ်ဝေ့၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ပိုမို တည်ငြိမ်သိမ်မွေ့သွားသည်။ သူ့မျက်ဝန်းအထက် ဉာဏ်ပညာအလင်းရောင်က တောက်ပနေ၍ ချန်းထုံက အံ့အားသင့်သွားလေ၏။
ဉာဏ်အလင်းပွင့်တာလား။ အားကျစရာကောင်းလိုက်တာ…
ဝမ်ဝေ့၏ မဟာတာအိုအပေါ် စကားက အဖိုးတန်သည့် သတင်းအချက်အလက်ဖြစ်ခဲ့သော်လည်း ချန်းထုံက ဉာဏ်အလင်းပွင့်လိုမိသည်။
“တာအိုရောင်းရင်း ဂုဏ်ပြုပါတယ်”
“တာအိုရောင်းရင်းဆိုတဲ့ ဂုဏ်ပုဒ်ကို မခံယူနိုင်သေးပါဘူး” ဝမ်ဝေ့က ခေါင်းယမ်းလိုက်၏။
“ဒါပေမဲ့ ခင်ဗျားရဲ့ စကားတွေကိုတော့ ကျေးဇူးတင်ပါတယ်”
နှစ်ဦးသားက မိနစ်ပိုင်းကြာ ပြောဆိုပြီးသည့်နောက်တွင် ချန်းထုံက ပျောက်ကွယ်သွားခဲ့သည်။
စိတ်ဝင်စားစရာပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤစကားဝိုင်းအတွင်း ချန်းထုံ၏ စရိုက်ကို သုံးသပ်ကြည့်ခဲ့သည်။ အရေးပါဆုံးသတင်းအချက်အလက်က ထိုသူသည် အဆုံးစွန်မဲ့ စံပြတစ်ယောက် မဟုတ်သေးပေ။ တစ်ခါက ဝူဟုန်ထံ အဆုံးစွန်မဲ့စံပြတစ်ယောက်၏ သဘာဝအရှိန်အဝါကို ခံစားကြည့်ဖို့ တောင်းဆိုခဲ့ဖူးသည်။ ထိုအချက်အရ ချန်းထုံသည် သာမန်စံပြတစ်ယောက် မဟုတ်ပေ။
သူက ဟုန်အာ ပြောသလို အဆုံးစွန်မဲ့စံပြတစ်ပိုင်း ဒါမှမဟုတ်ဘူးဆိုရင် ကျရှုံး အဆုံးစွန်မဲ့ စံပြတစ်ယောက် ဖြစ်နေနိုင်တယ်။ တခြားစကားနဲ့ပြောရမယ်ဆိုရင်တော့ ထာဝရဧကရာဇ် တစ်ယောက်လည်း ဖြစ်တဲ့ ထာဝရကောင်းကင်ဘုံအဆင့်လည်း ဖြစ်ရဲ့သားနဲ့ အဆုံးစွန်မဲ့ ဂုဏ်ပုဒ်ကို ရယူဖို့ ကျရှုံးသွားတာ…
ဝမ်ဝေ့က အဝေးတစ်နေရာကိုကြည့်ရင်း စိတ်ထဲတွင် အတွေးနက်နေမိသည်။ ချန်းထုံ၏ ပေါ်ထွက်လာမှုက ကိစ္စတချို့ကို ပြောင်းလဲသွားစေခဲ့၏။ သူက ထိုသူသည် သူ့ကို စောင့်ကြည့်နေမှန်းပင် သတိမထားမိခဲ့ပေ။ သို့သော်လည်း ဤအခြေအနေအတွက် ကောင်းကျိုးများလည်း ရှိ၏။ သူက အရေးပေါ်အခြေအနေအတွက် အကူအညီတောင်းခံနိုင်လောက်သည်။
သူက အတော်လေးကို ဆက်ဆံရေးကောင်းတဲ့သူပဲ။ အဲဒါဆိုတော့ သူ့ဆီကနေ သတင်းအချက်အလက်တွေ ရဖို့က ပိုပြီးတော့ လွယ်ကူတယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ သူ့ဆီကနေ အကူအညီရဖို့ကတော့ လွယ်ပါ့မလား မသိဘူး။
သူက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်
သူ့ရဲ့ သိလိုစိတ်နဲ့ အတင်းပြောလိုတဲ့ သဘာဝကို နှိုးဆွပေးနိုင်တယ်ဆိုရင်တော့ လွယ်ကူလောက်တယ်။ ဒါပေမဲ့ သူက စံပြတစ်ယောက်နဲ့ အချိန်အကြာကြီးနေခဲ့တာဆိုတော့ အတွေ့အကြုံတွေ အများကြီးရှိတာပဲ။ ငါက သိသာလွန်းတယ်ဆိုရင် သူက တစ်စုံတစ်ခုကို အာရုံခံမိသွားလိမ့်မယ်။
ဝမ်ဝေ့က ထိုသို့သော အင်အားကြီး ပုဂ္ဂိုလ်မျိုးသည် တုံးအနေလိမ့်မည်ဟု မမှတ်ယူရဲပေ။ အချိန်အတော်ကြာနေပြီးသည့်နောက်တွင် ဉာဏ်ပညာတိုးပွားလာမည်သာ ဖြစ်၏။
သူ့လိုလူမျိုးကို အကောင်းဆုံး ဖြေရှင်းနိုင်သည့်နည်းလမ်းက တဲ့တိုးပြောဖို့ပဲ … ကြိုးကိုင်ဖို့ မဟုတ်ဘူး။ မဟုတ်ရင် သူက တစ်ခုခုကို သံသယဝင်သွားတာနဲ့ အပြင်းအထန် တုံ့ပြန်လာနိုင်တယ်။
သူက ချန်းထုံ၏ အချက်အလက်များကို မှတ်သားပြီးသည့်နောက်တွင် တိုက်ပွဲကို အာရုံစိုက်လိုက်သည်။ သတင်းကောင်းက သူ့စိတ်အခြေအနေသည် ထိုအဖန်ရည် သောက်သုံးပြီးသည့်နောက်တွင် ယခင်ကလောက် ဆိုးရွားနေခြင်း မရှိတော့ပေ။