မွေးရပ်မြေကျူးကျော်ခံရခြင်း
Vol. 80 Ch. 1116
ဝမ်ဝေ့က ကြယ်တာရာသားရဲ တိုက်ပွဲကွင်းပြင်ကို ပထမဦးဆုံး စစ်ဆေးကြည့်လိုက်သည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေလေ၏။ သူတို့၏ တပ်ဖွဲ့များက အဆုံးသတ်ကပ်ဘေးနှင့် ရင်ဆိုင်နေရသော်လည်း ထိပ်သီးအင်အားစုကြားရှိ တိုက်ပွဲက သူတို့ဘက်တွင် အရေးသာနေသည်။ အထူးသဖြင့် ထာဝရတန်းစားပုဂ္ဂိုလ်များကြားမှ တိုက်ပွဲ ဖြစ်၏။
သူက တိုက်ပွဲကွင်းပြင်အတွင်း ထူးထူးဆန်းဆန်း အဖွဲ့ကို ကြည့်လိုက်သည်။ ဝမ်ဝေ့၏ အမြင်မှလွဲ၍ သူတို့ကို မည်သူကမှ မြင်နိုင်ဟန်မပေါ်ပေ။ သို့သော် သူတို့က တိုက်ခိုက်နေခြင်း မဟုတ်သလို လူတွေကို လုပ်ကြံနေခြင်းလည်း မဟုတ်ပေ။ သူတို့၏ ရည်ရွယ်ချက်က တစ်ခုသာရှိပြီး အလောင်းများကို စုစည်းဖို့ ဖြစ်၏။
ဝမ်ဝေ့က အကြည့်မလွှဲခင် ပြုံးလိုက်မိသည်။
ကုန်သွယ်ရေးဗဟိုချက်၏ စစ်မက်အကြံပေး တန့်ချင်းက တိုက်ပွဲကွင်းပြင်ကို ကြည့်ကာ အံကြိတ်လိုက်သည်။ ကိစ္စများက သူမ ထင်ထားသလိုမျိုး ချောမွေ့မနေကြောင်း သိသာလှသည်။ ထို့ကြောင့် ဒေါသထွက်လာမိ၏။ သို့သော်လည်း ဝမ်ဝေ့၏ အကြည့်က သူမအပေါ်မရှိဘဲ သူမ တိတ်တဆိတ် ဆက်သွယ်နေသည့်လူများထံ ကျရောက်သွားသည်။
သူက မျောက်ကို ပြောခဲ့သလို လူတချို့က သူ ပျောက်ကွယ်သွားမှုအကြောင်း သံသယဖြစ်နေကြသည်။ ကုန်သွယ်ရေးဗဟိုချက်၏ အစစ်အမှန်အုပ်ချုပ်သူများက ထိုဖြစ်နိုင်ချေကို စတင်တွေးမိကာ နောက်ဆုတ်ဖို့ ကြံစည်နေကြသည်။ ကံဆိုးစွာဖြင့် ဤဆုံးဖြတ်ချက်ကို ချဖို့ရာ နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်၏။ တပ်ဖွဲ့များကို ရုတ်ချည်း နောက်ဆုတ်ပါက ကပ်ဘေး ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ဥက္ကဌက အားလုံးကို ဝမ်ဝေ့သာ ပေါ်ထွက်လာပါက ဒိုင်မေးရှင်းအမြင့်ဆီ အမှန်တကယ် နှင်ထုတ်နိုင်ဖို့ အစီအရင်ဆရာလျှို့ဝှက်အဖွဲ့ ကို ပြင်ဆင်ဖို့ အကြံပြုခဲ့သည်။ လူများစွာအနေဖြင့် ဝမ်ဝေ့သာ ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေပါက ထိုအရာပင် အသုံးမဝင်မှန်း သိထားသော်လည်း လူများစွာကို စိတ်အေးသွားစေလေသည်။
ဝမ်ဝေ့က သိုင်းပညာအုပ်စိုးသူကမ္ဘာ တိုက်ပွဲကွင်းပြင်ကို လှမ်းကြည့်လိုက်သည်။ အောင်းရှန်၊ ဟို့ဖုန်းဟွမ်၊ သူ့အမေနှင့် တာအိုအခွင့်အလမ်းဂိုဏ်းမှ ထာဝရတန်းစားအဆင့် လူများက တိုက်ပွဲကွင်းပြင်တွင် ရှိနေကြ၏။ လူများက သူတို့ကို စစ်ဆေးကြည့်လိုက်စဉ် သူတို့က ထာဝရဧကရာဇ်တချို့ကို သတ်ထားသော်လည်း တစ်ဖက်၏ အရေအတွက်က ပိုများနေဆဲသာဖြစ်၏။
သူတို့က တောင့်ခံထားဖို့တော့ ပြဿနာမရှိဘူး…
ဝမ်ဝေ့က သူ့အဘိုးကို ကြည့်ကာ တွေးလိုက်မိသည်။ ထိုလူအိုကြီးက ထာဝရတန်းစားအဆင့် လူတစ်ယောက်နှင့် ရင်ဆိုင်နေရင်း သူ့မျက်နှာအထက် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။ သူက တိုက်ပွဲကို သဘောကျနေရုံသာမက ထိုအရာမှ သင်ယူနေကြောင်း ပြောနိုင်လေသည်။ သူ့မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၇၄ခွန်အားဖြင့် သူက အတော်လေးအားနည်းသည့် ထာဝရဧကရာဇ်ဖြင့် တိုက်ခိုက်နေသော်လည်း မည်သို့ပင်ဆိုစေကာမူ ထာဝရဧကရာဇ်ဖြစ်နေဆဲသာ ဖြစ်၏။
သူ့အနေနဲ့ နေမင်းကိုးစင်းနဲ့ တိုက်ပွဲမတိုင်ခင် ကမ္ဘာဦးစည်းမျဉ်းကို ဖွဲ့စည်းဖို့ ကြိုးစားကြည့်တာကလည်း အစီအစဉ်ဆိုးတော့ မဟုတ်ပါဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုလူအိုကြီးကို အကြံပြုဖို့ ဆုံးဖြတ်လိုက်၏။ သူက နေမင်းကိုးစင်းဧကရာဇ်နှင့် လက်စားချေမည့် တိုက်ပွဲကို နှောင့်နှေးသည့်အတွက် ပျော်ရွှင်မည် မဟုတ်ကြောင်း သိထားသော်လည်း ဆိုးရွားတာ ဖြစ်ပျက်သွားသည်ထက် ပြင်ဆင်ထားသည်က ပို၍ကောင်းပေသည်။
ဝမ်ဝေ့က ရှုရှစ်နှင့် ယန်းလီလင်းတို့ကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူက ချင်ရတနာသိုက်မှ ရယူထားသည့် ထာဝရအဆင့် ရုပ်သေးရုပ်များကို ထုတ်ဖော်ရမည်လားဟု စဉ်းစားလိုက်သည်။ သို့သော်လည်း သူက သေချာစဉ်းစားပြီးသည့်နောက်တွင် တခြားတစ်ခုကိုသာ ရွေးချယ်လိုက်၏။ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဝှက်ဖဲအားလုံးကို ထုတ်ပြဖို့ရာ မကောင်းလှပေ။
……………………………………………………….
အသင်္ချေအင်ပါယာ၊ လေဟာနယ်ထဲ
လက်သီးသူတော်စင်ဧကရာဇ်က သူ့ရှေ့တွင်ရှိနေသည့် ကမ္ဘာကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့နောက်တွင် ရှိနေသည့်အဖွဲ့က တိတ်ဆိတ်နေပြီး သူ့ကို တွေးခွင့်ပေးထားလေ၏။ ဤသည်က သူ့အနေဖြင့် ဤနေရာကို ရောက်လာသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။
သူ့တုံ့ဆိုင်းမှုက မည်သည့်အရာမှ ထွက်ပေါ်လာသနည်း။ သူက တခြားသူများ မခံစားမိသည့် တစ်စုံတစ်ခုကို ခံစားမိလို့လား။
လွယ်လွန်းနေတယ်…
လက်သီးသူတော်စင်ဧကရာဇ်က တွေးလိုက်မိသည်။ သူ ဤကမ္ဘာ့အသိုက်အဝန်းဆီ လာခဲ့သည့် ခရီးလမ်းက အတော်လေးကို ချောမွေ့နေပြီး သူတို့က ဤကမ္ဘာကို တိုက်ခိုက်သည်ကို မည်သူကမှ အလေးထားဟန်မပေါ်ပေ။ ပြောရလျှင် ကျူးကျော်ဖို့အတွက်ပင် ဖိတ်ခေါ်နေသည့်အလား ဖြစ်၏။
ဒီလူတွေက ဘာလို့ အဲ့လောက်တောင် ယုံကြည်ချက် ရှိနေရတာလဲ…
ပထမ ကောင်းကင်ဧကရာဇ်က နှင်ထုတ်ခံလိုက်ရပြီဆိုတာက အလိမ်အညာလား…
လက်သီးသူတော်စင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝမ်ဝေ့၏ တည်ရှိမှုကို အာရုံခံမိနိုင်သည့် အဆောင်တစ်ခုနှင့်အတူ အဖွဲ့ကို စေလွှတ်လိုက်သည်။ ဥက္ကဌက သတင်းမှန်ရဲ့လား သေချာစေဖို့ရာအတွက် သူ့ဆီ အဆောင်ကို ပေးထားခြင်းဖြစ်ကာ ယခုအခါ အဖွဲ့က သတင်းကောင်းကို ယူဆောင်လျက် ပြန်ရောက်လာခဲ့သည်။
အရိပ်အမြွက်တွေ အကုန်လုံးကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ သာမန်အနေအထားဖြစ်လေလေ ပိုပြီးတော့ သံသယဖြစ်ဖို့ ကောင်းလေလေပဲ…
လက်သီးသူတော်စင်ဧကရာဇ်က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
“ခေါင်းဆောင် ဘယ်လိုလုပ်မှာလဲ”
ထိုစကားများက သူ့အတွေးမှ နိုးထစေသည်။
“ယင်”
“ဟုတ်ကဲ့”
ခေါင်းဆောင်းပုံရိပ်က သူ့နားတွင် ပေါ်ထွက်လာ၏။
“မင်း စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကရော”
“ဘာမှ မရှိပါဘူး” ယင်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်ရဲ့ တာဝန်အရ အထဲဝင်ပြီးတော့ အဆောင်ကို သုံးခဲ့တယ်။ ပြီးတော့ ရလဒ်နဲ့အတူတူ ပြန်ထွက်ခဲ့တာ”
လက်သီးသူတော်စင်ဧကရာဇ်က တိတ်ဆိတ်သွားလေသည်။ သူက သူတို့တာဝန်ကို အထက်ပိုင်းမှ တိုက်ရိုက်အမိန့်ပေးထားသည့်အတွက် ထိုသူကို အပြစ်မတင်နိုင်ပေ။
“ထပ်ပြီး ကြိုးစားကြည့်ချင်လား”
“အဲဒါက မဖြစ်နိုင်လောက်ဘူး” ယင်က ပြောလိုက်သည်။
“ဘာလို့လဲ”
“ကျွန်တော် အဲဒီကို ခဏလေးပဲ ရောက်ခဲ့ပေမဲ့ ခြိမ်းခြောက်မှုကို ခံစားမိလိုက်တယ်”
“အဲဒါဆိုတော့ ကမ္ဘာကို ကာကွယ်ဖို့ အင်အားကြီး ပုဂ္ဂိုလ် ကျန်ခဲ့တယ်ဆိုတဲ့ သဘောပေါ့” လက်သီးသူတော်စင်က သုံးသပ်လိုက်သည်။
“အဲ့လိုဖြစ်ပုံပါပဲ”
“အဲ့လိုဆိုရင် သူတို့ကမ္ဘာဝန်းကျင်မှာ ကာကွယ်ဖို့ ဘာလို့ ဘာမှ မထားထားရတာလဲ။” သူက အသင်္ချေအင်ပါယာကမ္ဘာကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“သူတို့က ငါတို့ကို ဖိတ်ခေါ်နေသလိုပဲ”
“ရန်သူက သူတို့ရဲ့ အင်အားမှာ ယုံကြည်ချက် ရှိတာလား။ ဒါမှမဟုတ်ဘူးဆိုရင် အားကောင်းတဲ့ ဝှက်ဖဲတစ်ခု ရှိနေလို့လား မသိဘူး”
“ သောက်ခွေးတဲ့မှ တာအိုနယ်ရှင်တွေ” လက်သီးသူတော်စင်က ရေရွတ်လိုက်သည်။
ယင်က ခေါင်းငုံ့ထားပြီး ဘာမှမပြောတော့ပေ။ လက်သီးသူတော်စင်ဧကရာဇ်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ သူက ကျရှုံးမှုကို သဘောမကျသည့်အတွက် ဤကမ္ဘာတွင် ယခင်အတွေ့အကြုံက သူ့လက်ရှိတာဝန်အပေါ် သက်ရောက်မှု ရှိနေစေသည်။
ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်လာအောင်အထိ သတိကြီးကြီးထားနေလို့ မဖြစ်ဘူး…
သူက တွေးလိုက်မိ၏။
အခုက တိုက်ခိုက်ဖို့ သင့်တော်တယ်။ မထင်မှတ်ထားတဲ့အရာ ဖြစ်မလာခင် ကြိုတင်လက်ဦးမှု ရယူရမယ်
“တပ်ဖွဲ့တွေကို ဝင်ရောက်ဖို့ ပြောလိုက်။ ပြီးတော့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ပြင်ဆင်ထား” သူက အမိန့်ပေးလိုက်သည်။ လက်သီးသူတော်စင်ဧကရာဇ်က အသင်္ချေအင်ပါယာကမ္ဘာဆီ ဦးဆောင်ဖို့ ပထမဦးဆုံးအနေနှင့် ဝင်ရောက်ခဲ့သည်။ သူက အာရုံကို အဆုံးစွန်ထိ နှိုးဆွထားခဲ့ပြီး ဖြစ်နိုင်ချေရှိသည့် အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ထားလေ၏။
ပထမဦးစွာ သူ့တပ်ဖွဲ့အများစုက ချက်ချင်းဆိုသလို အဝေးတစ်နေရာသို့ ပြောင်းရွှေ့ခံလိုက်ရကြောင်း သတိပြုမိခဲ့သည်။ လက်သီးသူတော်စင်ဧကရာဇ်က သူ့အံ့ဖွယ်အသိစိတ်မှ ပထမနေရာရှိ မူမမှန်မှုကို သတိပြုမိသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
ထိုနေရာတွင်ရှိသည့် သေမျိုးကျင့်ကြံသူအားလုံး၏ အရှိန်အဝါက သိသိသာသာ လျော့ကျသွားပြီး မြန်ဆန်လွန်းလှသည်။ သူတို့၏ တိုက်ကွက်၏ ပြင်းအားက အဆင့်(၄)တွင် ရပ်တန့်သွားပြီး မည်သူကမှ ခြွင်းချက် မဟုတ်ပေ။ အသင်္ချေ အာကာပြင်မုခ်ပေါက်များစွာ ဖွင့်လှစ်လာပြီး ရုပ်သေးရုပ်နှင့် ယာဉ်များစွာ ဝင်ရောက်လာကြသည်။
သေမျိုးတွေလား။ ဒါက သေမျိုးလူမှုအဖွဲ့အစည်းရဲ့ စွမ်းအားလား…
ကုန်သွယ်ရေးဗဟိုချက်က ထိုသတင်းကို ကြားမိသော်လည်း သေမျိုးများသည် မဟာဧကရာဇ်များ ပါဝင်သည့် တိုက်ပွဲကြီးမျိုးတွင် ဝင်ရောက်ဆင်နွှဲလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
လက်သီးသူတော်စင်ဧကရာဇ်က တခြားနယ်မြေတစ်ခုကို လှမ်းကြည့်လိုက်၏။ သူက တခြားတပ်ဖွဲ့များသည်လည်း ဤကမ္ဘာ၏ ဓမ္မခန္ဓာကိုယ်နှင့် တူညီသည့် တစ်စုံတစ်ခုကို အသုံးပြုထားသည့် သေမျိုးအုပ်စု၏ ဝိုင်းထားခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသည်။
ထိုသေမျိုးများက သူ ဤနေရာကို ရောက်လာစဉ်အခါက သီချင်းကို သီဆိုနေကြပြီး သူတို့၏ စွမ်းအားနှင့် စွမ်းဆောင်ရည်တို့ကို တိုးပွားလာစေသည်။ ထို့နောက် သူတို့က တပ်ဖွဲ့များကို ပန်းချီ၊ ကဗျာ၊ လက်ရေးလှနှင့် တီးမှုတ်တူရိယာတပစ္စည်းများဖြင့် သတ်ဖြတ်နေကြသည်။
လက်သီးသူတော်စင်ဧကရာဇ် တတိယတစ်ခု သတိထားမိသည်မှာ သူ့အင်မော်တယ်အဆင့် အားနည်းသည့် တပ်သားများက အစီအရင်ဖြင့် ပိုင်းခြားခံထားရသည့် နေရာတစ်ခုအတွင်း ရှိနေသည်ကို မြင်လိုက်ရသည်။ သို့သော် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များက ပျောက်ကွယ်သွားကြ၏။ သူက ထိုသူတို့သည် လေဟာနယ်တိုက်ပွဲကွင်းပြင်ထဲ ပြောင်းရွှေ့ခံလိုက်ရကြောင်း ကောက်ချက်ချမိသည်။ ယခင်က သူကိုယ်တိုင်လည်း ထိုသို့သာ ဖြစ်ခဲ့သည် မဟုတ်ပါလော။
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး အံ့ဖွယ်အသိစိတ်မှတဆင့် သတင်းအချက်အလက်များစွာကို ရယူလိုက်သည်။ ထိုအရာကို ဖြေရှင်းပြီးသည့်နောက် လက်သီးသူတော်စင်ဧကရာဇ်က စတင်လှုပ်ရှားလိုက်၏။ သူက သေမျိုးများကို ဤတိုက်ပွဲအတွင်း ပါဝင်ဆင်နွှဲခွင့်ပြုထားသည့် အစီအစဉ်ကျမှု၊ မကျမှု အစီအရင် သို့မဟုတ် နည်းစနစ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။
ငါတို့တွေက အရေအတွက်အားသာချက် ရှိတယ်။ သူတို့တွေသာ စွမ်းအား ပြန်ရလာတာနဲ့ အဲဒီသေမျိုးတွေက အားနည်းပြီး အသုံးမဝင်ဖြစ်သွားမှာပဲ။
သူက တွေးလိုက်မိစဉ် သူ မလှုပ်ရှားခင် လေဟာနယ်ထဲ အသံတစ်သံထွက်ပေါ်လာ၏။
“ကျွန်မက ရှင့်ပြိုင်ဘက်ပဲ”
လက်သီးသူတော်စင် ဧကရာဇ်က ချိုမြိန်လှသည့် အသံတစ်သံကို ကြားလိုက်ရသည်။ သူက မတုံ့ပြန်နိုင်ခင် ပတ်ဝန်းကျင် ပြောင်းလဲသွားခဲ့၏။ သူက ယခုအခါ ဗလာနတ္ထိ ဖြစ်နေသောလည်း အန္တရာယ်များလွန်းသည့် စွမ်းအားဖြင့် လွှမ်းခြုံထားသည့် နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ သူက သူ့ရှေ့မှ လူကို ကြည့်ကာ နှလုံးခုန်တစ်ချက်မြန်သွားမိ၏။
“အလှလေးပဲ” သူက ရေရွတ်လိုက်မိသည်။ သူက ရှုရှစ်ကို မြင်တွေ့ဖူးသော်လည်း ထိုသူသည် ချဉ်းကပ်လို့မရနိုင်သည့် အလှတရားမျိုး ဖြစ်ကြောင်း ခံစားမိသည်။ သို့သော်လည်း သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးကမူ ကွဲပြား၏။ သူမက ဝိဇ္ဇာပညာရှိလိုမျိုး အငွေ့အသက်ရှိကာ ကြော့ရှင်းလှသည်။ သူမ၏ ခန္ဓာကိုယ်မှ ပန်းပွင့်နှင့် ချိုမြိန်လှသည့် ဆေးရနံ့တို့ ပေါင်းစည်းထားသလိုမျိုး ရနံ့ ထုတ်လွှတ်နေသည်။
ဘယ်လို…
လက်သီးသူတော်စင်ဧကရာဇ်က စိတ်ထဲတွင် ရေရွတ်ပြီး ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာလေ၏။ သူက ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ငွေ့က သူ့ကို ပစ်မှတ်ထားထားကြောင်း ခံစားမိလိုက်စဉ် ထိုအရာက ပြင်းထန်လွန်းသည့်အတွက် သူ့ခြေထောက်များက ထိန်းချုပ်မှု ကင်းလွတ်ပြီး ယိမ်းယိုင်သွားမိသည်။ ထိုအရာက နာနိုစက္ကန့်ပိုင်းလေးမျှသာ ပေါ်ထွက်လာခဲ့သော်လည်း သူ့အနေဖြင့် မမှားနိုင်ကြောင်း သိထား၏။ ထိုသတ်ဖြတ်လိုသည့် စိတ်ဆန္ဒက သူမဆီမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက သတိကြီးကြီးထားထား၏။
လက်သီးသူတော်စင် ဧကရာဇ်က ခန္ဓာကိုယ်ကို စိတ်သက်သာအောင် ထိန်းချုပ်လိုက်သည်။
“မင်းကို ဘယ်လိုခေါ်ရမလဲ”
ယန်းလီလင်းက မျက်မှောင်ကြုတ်လိုက်၏။ သူမက ထိုအမျိုးသား၏ အကြည့်ကို သဘောမကျပေ။ သူမက အမျိုးသားများစွာဆီမှ အကြည့်ခံရသည်ကို အသားကျနေသော်လည်း အများစုက သူမ၏ စွမ်းအားနှင့် အဆင့်အတန်းကြောင့် တပ်မက်မှုတို့ကို ဖုံးကွယ်ထားလေ့ ရှိသည်။ သို့သော် ထိုအမျိုးသားက သူ့လိုအင်ဆန္ဒကို ထိန်းချုပ်ခဲ့သော်ငြား ဖုံးကွယ်ထားခြင်း မရှိပေ။
“ကျွန်မက ဆေးလုံးဝိဇ္ဇာဧကရီ” သူမက ထိုသို့ခံစားနေရသော်လည်း တစ်ဖက်လူက ထာဝရဧကရာဇ်ဖြစ်သည့်အတွက် လေးစားမှုကို ပြသလိုက်ဆဲ ဖြစ်၏။
“ငါက…”
“ရှင် ဘယ်သူလဲဆိုတာကို သိတယ်။ ရှင့်ရဲ့ အဓိပ္ပာယ်မရှိတာတွေနဲ့ ဖြုန်းတီးနေဖို့ အချိန်မရှိဘူး။ ရှင်က ကျူးကျော်သူ။ ကျွန်မက ရှင့်ကို သတ်ဖို့ရောက်လာတာ။ အဲဒါဆိုတော့ တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက်တော့”
ရိုင်းလိုက်တာ…
သူက တွေးလိုက်မိသည်။ သို့သော် ထိုအရာက အဘယ်ကြောင့် သူမကို ပိုမိုဆွဲဆောင်မှု ရှိသွားစေသနည်း။
လက်သီးသူတော်စင်ဧကရာဇ်က အသက်ပြင်းပြင်းရှူကာ နိုးထအသက်ဝင်ခြင်းကို လှုံ့ဆော်လိုက်သည်။ သူက စိတ်ခံစားချက်များကို ဤတာဝန်အပေါ် ဖုံးလွှမ်းခွင့်ပြုမည် မဟုတ်ပေ။