စိတ်၏ လျှို့ဝှက်ချက်များ
Vol. 80 Ch. 1118
လက်သီးသူတော်စင်က သူမ ပြောစကား မှန်ကန်နေသည့်အတွက် ရှက်ရွံ့မှုဖြင့် မျက်နှာနီရဲလာသည်။ ကုန်သွယ်ရေးဗဟိုချက်၏ ပင်မထာဝရဧကရာဇ် တစ်ယောက်အနေဖြင့် သူတို့က သူ့ကို ယုံကြည်ကြပြီး အလုံးစုံအားစိုက်ထုတ်၍ လေ့ကျင့်ပေးရမည့် စာရင်းထဲတွင် ပါရှိနေသည်။ အထူးသဖြင့် ဝမ်ဝေ့၏ ခြိမ်းခြောက်နိုင်သည့် အနေအထားကို မြင်တွေ့ပြီးသည့်နောက်တွင် ဖြစ်၏။
ထို့ကြောင့် သူသည် လူတစ်ယောက်၏ အလားအလာကို ဆွဲထုတ်ပေးနိုင်သည့် တစ်ခါသုံးဟွင်သွမ်းရတနာ ဖြစ်သည့် အလားအလာကြေးမုံကို ချီးမြှင့်ခံရသည့် လူနှစ်ယောက်ထဲမှ တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအရာက ရှားပါးလွန်းပြီး ကုန်သွယ်ရေးဗဟိုချက်၏ သမိုင်းကြောင်းတစ်လျှောက်တွင်ပင် ၅ခုသာ ပိုင်ဆိုင်ခဲ့ဖူးသည်။ လက်ကျန်နှစ်ခုကို ဤစစ်ပွဲအတွင်း အသုံးပြုလိုက်ခြင်း ဖြစ်၏။
ကြေးမုံကြောင့်သာ သူက အချိန်တိုလေးအတွင်း ၅ဆတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်လက်သီးအပါအဝင် အားအကောင်းဆုံး တိုက်ကွက်အများစုကို ဖန်တီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
“အဲ့အကြောင်းကို မပြောနဲ့တော့။ ငါတို့တွေ တိုက်တာ ရပ်လိုက်ရင် ဘယ်လိုလဲ။ ဒါက တိုက်ခိုက်နေလို့ အကျိုးမရှိဘူးဆိုတာကိုလည်း နားလည်မှာပါ။ မင်းတို့တွေက ဒီစစ်ပွဲကို သူ မပါဘဲနဲ့ အနိုင်မရနိုင်ဘူး” လက်သီးသူတော်စင်က ချောင်းအသာဟန့်ကာ ပြောလိုက်သည်။
“ရှင် နောက်ဆုတ်ပြီးတော့ အဖမ်းခံလိုက်တယ်ဆိုရင် ဒီတိုက်ပွဲကို ရပ်လို့ရတယ်” ယန်းလီလင်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။
“ဒီကမ္ဘာရဲ့ အစောင့်အရှောက် အမည်နာမနဲ့ ရှင့်ကို အကျဉ်းသားအနေနဲ့ ကောင်းမွန်စွာ ဆက်ဆံပြီးတော့ ရှင့်ရဲ့ ကံကြမ္မာကို အကဲမဖြတ်ခင်အထိ အသက်ရှင်မှုကို အာမခံပေးနိုင်တယ်”
ကမ္ဘာရဲ့ အစောင့်အရှောက်တဲ့လား…
သူက သူမသည် ယခုအချိန်ကား အရေးကြီးနေသည့်အတွက် ထိုထူးဆန်းသည့် စကားကို အသုံးပြုလိုက်ခြင်း ဖြစ်မည်ဟု တွေးလိုက်မိသည်။
“ငါတို့က အရေးသာချက်ရှိနေတဲ့အချိန်မှာ ဘာလို့များ နောက်ဆုတ်ရမှာလဲ”
“အဲဒါကို ရှင်က ဘယ်လိုလုပ် သိမှာလဲ။ ရှင်က ဒီနေရာမှာ ပိတ်မိနေတာလေ။ ပြင်ပလောကကနေ အဆက်အသွယ်ဖြတ်ခံထားရတာ” ယန်းလီလင်းက ပြန်လည်ပြောလိုက်သည်။
“ဝမ်ဝေ့ ပေါ်လာလို့လား”
“ဘယ်သူသိမှာလဲ”
လက်သီးသူတော်စင်က အေးစက်စက် ပြောလိုက်သည်။
“မင်းရဲ့ စိတ်ကစားပွဲက ငါ့အပေါ် အလုပ် မဖြစ်ဘူး။ တကယ်လို့ သူ ပေါ်လာရင် ငါတို့က သတိထားမိမှာပေါ့။ အနည်းဆုံးတော့ ကမ္ဘာရဲ့ အပြောင်းအလဲကို အာရုံခံမိမှာပဲ”
“သူက ဘာကိုမှ အာရုံမခံမိစေချင်ရင် ရှင်တို့လူတွေက ဘာများ တတ်နိုင်မှာလဲ” ယန်းလီလင်းက ပြောလိုက်၍ လက်သီးသူတော်စင်က တိတ်ဆိတ်သွားလေသည်။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရ၏။
“ဆွေးနွေးလို့ မရတော့ဘူးလား”
“မဖြစ်နိုင်ဘူး”
“ကောင်းပြီလေ”
ကောင်းကင်လက်သီး
ယခု သူ စဉ်းစားနိုင်သည်က ဤတိုက်ပွဲကို အလျင်အမြန် အဆုံးသတ်ပစ်ဖို့ ဖြစ်ကာ သူ့အားအကောင်းဆုံး နည်းစနစ်တစ်ခုကို ထုတ်သုံးခဲ့သည်။
ယန်းလီလင်းက တည်ငြိမ်စွာဖြင့် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်။
ပုံရိပ်ယောင်ဆေးလုံး မဟာတာအိုအရင်းအမြစ်ဆေးလုံး - ကောင်းကင်တာအို
သူမခန္ဓာကိုယ်၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ကြီးကျယ်မြင့်မြတ်လာသည်။ သူမ၏ မျက်ဝန်းက အေးစက်စက် ဖြစ်သွားလေ၏။
ဒီခံစားချက်က စွဲမက်စရာပဲ…
ယန်းလီလင်းက တွေးလိုက်မိသည်။ သူမက မိုးမြေကြားရှိ လျှို့ဝှက်ချက်များ၊ အသိပညာများ၊ တားမြစ်ချက်နှင့် အမှန်တရားအားလုံးကို သိထားသလို ခံစားနေရသည်။ ထိုစိတ်ခံစားချက်က သူမ၏ စိတ်ဝိညာဉ်နှင့် အကျင့်စရိုက်ကို လွှမ်းမိုးမသွားအောင် တားဆီးဖို့ အချိန်တစ်ခု ယူခဲ့ရသည်။
ကောင်းကင်လက်သီး
လက်သီးသူတော်စင်က တစ်ဖက်လူသည် တူညီသည့် နည်းစနစ် ထုတ်သုံးလာသည်ကို မြင်သည့်အခါ ထိတ်လန့်သွားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက ထိုတိုက်ပွဲကွင်းပြင်တွင် တိုက်ခိုက်နေသည့် တခြားအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များထိ ရိုက်ခတ်သွားလေ၏။
ယန်းလီလင်းက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
“နောက်တစ်ကြိမ်”
သူမက ကြေညာလိုက်ပြီးသည့်နောက်တွင် သူ့ရှေ့သို့ ရောက်ရှိသွားကာ တူညီသည့် နည်းစနစ်ကို ထပ်မံအသုံးပြုလိုက်သည်။
လက်သီးသူတော်စင်က ချက်ချင်းဆိုသလို လှုပ်ရှားပြီး ကောင်းကင်လက်သီးကို အသုံးပြုလိုက်၏။
သူမက ထိုအခွင့်အရေးကို အရယူကာ သူမ၏ စိတ်ရောင်ပြန်နည်းစနစ်ကို အသုံးပြုပြီး သူ့စိတ်ကို ဖတ်ရှုကာ ထိုနည်းစနစ်၏ သတင်းအချက်အလက်များကို ရယူခဲ့သည်။
ဘန်း
ယန်းလီလင်းက မီတာဒါဇင်ချီ နောက်ဆုတ်လိုက်ရသော်လည်း တတိယအကြိမ် တိုက်ခိုက်လာခဲ့သည်။
လက်သီးသူတော်စင်က မတုံးအဘဲ သူမကို ထိုတိုက်ကွက် ပုံတူပွားခြင်းမှ ကာကွယ်ဖို့ တခြားနည်းစနစ်ကို အသုံးပြုလိုသော်လည်း သူမ၏ တတိယမြောက် လက်သီးချက်က သူနှင့် ယှဉ်နိုင်နေ၏။
သူ့ဝန်းကျင်တွင် ရွှေရောင်အလွှာ တစ်ခု လွှမ်းခြုံသွားပြီး တိုက်ကွက်ကို အပြည့်အဝ ပိတ်ဆို့လိုက်သည်။
“ဟမ် ခုခံကာကွယ်ရေး နည်းစနစ်လား။ ကျွန်မ သိပြီ။ ရှင်က ကောင်းကင်ဘုံ တာအိုနဲ့ သဟဇာတဖြစ်တာကို သုံးပြီး ရှင့်ရဲ့ ကောင်းကင်လက်သီး နည်းစနစ်ရဲ့ ခုခံရေး နည်းလမ်းကို ကောက်ချက်ချနိုင်ခဲ့တာပဲ။ ဒါပေမဲ့ ဒါက ရှင့်ရဲ့ ကန့်သတ်ချက်မလား”
သူမ ပြောသည်က မှန်ကန်နေခဲ့သည်။ အလားအလာကြေးမုံက လူတစ်ယောက်၏ ပါရမီနှင့် အလားအလာအပေါ် မူတည်နေသည့်အတွက် သူက ပြောင်မြောက်သည့် နည်းစနစ်နှစ်ခုကိုသာ ဖန်တီးနိုင်ခဲ့သည်။
“ကောင်းပြီ။ ဒီအကျိုး မရှိတဲ့ တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရအောင်”
ယန်းလီလင်းက ကြေညာလိုက်ပြီးသည့်နောက်တွင် ကောင်းကင်လက်သီးကို စတုတ္ထအကြိမ် ထုတ်သုံးလာခဲ့သည်။
ဝုန်း
လက်သီးသူတော်စင်ဧကရာဇ်၏ ကာကွယ်ရေးက ချိုးဖောက်သွားသည့်အတွက် ထိတ်လန့်သွားလေသည်။ သူက သူမ၏ တိုက်ကွက်သည် စက္ကန့်ပိုင်းလေးအတွင်း မည်သို့ကျော်တက်သွားလဲဟု စဉ်းစားမရဘဲ ဖြစ်နေမိ၏။
“ရှင့် မေးခွန်းရဲ့ အဖြေက အရမ်းကို ရှုပ်ထွေးတယ်။ အဲဒါဆိုတော့ ပြောပြလို့ မရဘူး” ယန်းလီလင်းက ညင်ညင်သာသာ ပြုံးကာ ပြောလိုက်သည်။ သူမက ကောင်းကင်တာအို၊ ယခင်သတင်းအချက်အလက်နှင့် သူမ၏ အနာဂတ်ဗုဒ္ဓကိုယ်ကို အသုံးပြုကာ ထိုနည်းစနစ်၏ မြင့်မားသည့်ပုံစံကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ သို့သော် သူမ ပြောသည့်အတိုင်း ထိုသတင်းအချက်အလက်များကို မထုတ်ဖော်နိုင်ပေ။
လက်သီးသူတော်စင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူမ၏ အသံက အပြင်ပိုင်းတွင် ချိုသာနေသော်လည်း သူ့အတွက်မူ လူများ၏ စိတ်ကို နှိပ်စက်ရတာကို သဘောကျသည့် နတ်ဆိုးတစ်ကောင်လိုမျိုး ဖြစ်နေ၏။
ယန်းလီလင်းက တုံ့ဆိုင်းမနေဘဲ တူညီသည့် နည်းစနစ်ကို သုံး၍ တိုက်ခိုက်လိုက်သည်။ သူမက သူ့ကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ဖျက်စီးပစ်ကာ သူ့ကိုယ်ပိုင်နည်းစနစ်ဖြင့် ပြန်သတ်ပစ်ချင်သည်။
လက်သီးသူတော်စင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားလေ၏။
ယန်းလီလင်းက အရာအားလုံးကို တွေ့ကြုံခဲ့ရပြီး သူမ၏ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ ထာဝရဧကရာဇ်တစ်ယောက် သေဆုံးသွားသည့်အချိန်တိုင်း အစစ်အမှန် သေဆုံးမှု မဟုတ်လျှင်ပင် လေထုထဲတွင် ထူးကဲသည့် အငွေ့အသက်မျိုး ရှိတတ်သည်။
လက်သီးသူတော်စင်ကဲ့သို့ ထာဝရဧကရာဇ်တစ်ယောက်မျိုးကိုမူ ဆိုထားဖွယ် မရှိတော့ပေ။
သူမက ရုတ်ချည်းဆိုသလို လှည့်ကာ သက်ပြင်းချလိုက်၏။ အကောင်းအတိုင်းရှိနေသည့် လက်သီးသူတော်စင်ဧကရာဇ်က သူမအနီးတွင် ပေါ်ထွက်လာခဲ့သည်။
“အသက်ရှည် နည်းစနစ်လား။ မဟုတ်သေးဘူး။ ဒီခံစားချက်က ရင်းနှီးနေတယ်”
ကောင်းကင်တာအို၏ သက်ရောက်မှုက ရှိနေဆဲဖြစ်သည့်အတွက် သူမက ထိုရင်းနှီးမှု၏ ဇစ်မြစ်ကို ကောက်ချက်ချနိုင်ခဲ့သည်။
သူလျှိုထဲက တစ်ယောက် ယွီကျူးလား…
“ရှင်က မသေမျိုးပဲ” သူမက ပြောလိုက်သည်။
“ဟုတ်တယ်။ ငါ့ရဲ့ အသက်ကို ဌာနချုပ်နဲ့ ဆက်နွယ်ထားတာဆိုတော့ အဲဒီအရာကို မဖျက်ဆီးမချင်း ငါက မသေမျိုးပဲ” သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ယန်းလီလင်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ခရမ်းရောင်အဆိပ်တိမ်ကို ထုတ်လွှတ်လိုက်သည်။
လက်သီးသူတော်စင်ဧကရာဇ်က သူ့ကိုယ်သူ ခုခံဖို့ ကြိုးစားခဲ့သော်လည်း တိမ်တိုက်က ရွှေရောင်ဒိုင်းကာကို ဖျက်စီးပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ ကျောက်တုံးအဖြစ် ပြောင်းလဲလိုက်သည်။ သို့သော်လည်း ကျောက်တုံးခန္ဓာကိုယ်က ကြေမွသွားကာ နောက်ထပ် ခန္ဓာကိုယ်အသစ်တစ်ခု ပေါ်ထွက်လာလေ၏။
“ဒီအကျိုးမရှိတဲ့ တိုက်ပွဲကို ရပ်လိုက်ရအောင်။ မင်းက ငါ့ထက် အားကောင်းတယ်ဆိုပေမဲ့ ငါက မင်းထက် အရေးသာနေတုန်းပဲ” လက်သီးသူတော်စင်က ပြောလိုက်သည်။
အစ်ကိုကြီး…
ယန်းလီလင်းက စိတ်ထဲမှ လှမ်းခေါ်လိုက်သည်။
မင်း မေးချင်တာကို သိတယ်။ သူ့ရဲ့ဆက်နွယ်မှုက ရှိနေတုန်းပဲ။ ဌာနချုပ်ကို အပြည့်အဝ မထိန်းချုပ်ခင်အထိ ဘာမှမလုပ်နိုင်သေးဘူး။ အဲဒါဆိုတော့ ပြဿနာ မဖြစ်အောင် သူ့ကို စည်းပိတ်ထားလိုက်တာ အကောင်းဆုံးပဲ…
ဝမ်ဝေ့က ပြန်ဖြေလိုက်၏။
ကောင်းပါပြီ
ယန်းလီလင်းက လက်ဝှေ့လိုက်ပြီး လက်သီးသူတော်စင်ဧကရာဇ်ကို ဝါးမျိုသွားသည့် မီးပြင်းဖိုတစ်ခုကို စိန်ခေါ်လိုက်သည်။
“မသေမျိုးတစ်ယောက်ကို တစ်ခါမှ မသန့်စင်ဖူးသေးဘူး”
ယန်းလီလင်းက မှတ်ချက်ပေးလိုက်၏။ ထိုစဉ် လက်သီးသူတော်စင်က သူ့ကိုယ်သူ သတ်သေပြီး တခြားတစ်နေရာတွင် ပြန်လည်အသက်ရှင်ဖို့ ကြိုးစားနေသည်။ သို့သော် သူ့အစီအစဉ်က ကျရှုံးခဲ့၏။
“ဟမ်” ယန်းလီလင်းက တစ်စုံတစ်ခုကို သတိထားမိ၍ ရေရွတ်လိုက်သည်။
“သူ ထွက်ပြေးသွားတာလား။ သူ့ကိုယ်သူ မွေးရပ်မြေမှာ ပြန်ပြီး အသက်ရှင်ခဲ့တာလား။ ဒီလူက တကယ်ကို ပိုးဟပ်တစ်ကောင်လိုပဲ။” သူမက ညည်းတွားလိုက်သည်။
“အစ်ကိုကြီး သူ ထွက်ပြေးသွားပြီ”
“ငါ သိပြီ။ သူ ပေါ်လာရင် မင်းဆီကို လှမ်းပို့လိုက်မယ်” ဝမ်ဝေ့က ပြောလိုက်၏။
“ဒါနဲ့ အစ်ကိုကြီးရဲ့ ထင်ကြေးက မှန်နေတယ်”
“ဘယ်တစ်ခုလဲ”
“စိတ်ဖတ်ရေးနည်းစနစ်လေ” ယန်းလီလင်းက သူမ၏ ဝိညာဉ်သန္ဓေပြောင်းမှုကြောင့် တာအိုသက်သေပြပြီးသည့်နောက်တွင် စွမ်းရည် နိုးထလာခဲ့သည်။
သူမက တခြားသူများအပေါ် ကြိုးစားကြည့်ခဲ့သော်လည်း ဝမ်ဝေ့အပေါ်ပင် အလုပ်ဖြစ်နေ၏။
တစ်ခုတည်းသော ခြွင်းချက်မှာ သူသည် ပုံရိပ်ယောင် ဆေးလုံးကို သောက်သုံးပြီး တားမြစ်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ရယူထားတဲ့အချိန်တွင် ဖြစ်သည်။
ထို့ကြောင့် ဝမ်ဝေ့က သူ့စိတ်ကို ကာကွယ်ဖို့ ထိုနည်းစနစ်ကို ဖန်တီးခဲ့ခြင်းဖြစ်၏။ ထိုအရာက သာမန်စိတ်ဖတ်ရေးစွမ်းရည်မှ မဟုတ်ဘဲ ယန်းလီလင်းလိုမျိုး ပါရမီထူးကဲသည့်သူများမှ ကာကွယ်ပေးဖို့ ဖြစ်၏။
“သူ့စိတ်ထဲက တစ်ခုခု တွေ့ခဲ့လို့လား”
“ဟုတ်တယ်။ ကုန်သွယ်ရေးဗဟိုချက်က အစ်ကိုကြီးလိုမျိုး သံသယမျိုး ရှိနေတာ အဲဒါကြောင့် သူတို့က အစစ်အမှန်ကောင်းကင်တာအိုက စိတ်ဖတ်ရေးနည်းလမ်းတွေကို အပြင်းအထန် တားမြစ်ထားတယ်လို့ ထင်နေကြတာလေ”
“ကောင်းပြီ”
ဝမ်ဝေ့က ထိုမူမမှန်မှုကို ကျင့်ကြံရေးခရီးလမ်း စတင်ကတည်းက သတိထားမိခဲ့သည်။ သူက လေ့လာတွေ့ရှိချက်မှ အမှန်တရားကို ကောက်ချက်ချနိုင်ခဲ့၏။
နမူနာအနေဖြင့် ကမ္ဘာတွင် မည်သည့်အရာမှ အကြွင်းမဲ့ မရှိလေရာ ကံကြမ္မာစွမ်းအားကို မည်သို့ကန့်သတ်ထားမည်နည်း။
ထိုအရာ၏ တန်ပြန်ရင်ဆိုင်မှု လွတ်လပ်ခွင့်ဆိုတာ ရှိ၏။
သို့သော် လွတ်လပ်ခွင့်ကို မည်သို့ပုံဖော်နိုင်သနည်း။
အဖြေကမူ ရွေးချယ်မှုများကို လုပ်နိုင်သည့် စွမ်းရည် ဖြစ်သည်။ သို့သော် ထိုအဖြေ၏ အရင်းအမြစ်ကမူ စိတ်ဖြစ်ကာ ရွေးချယ်မှုများကို လုပ်ဆောင်စေနိုင်သည့် အရာတစ်ခုလည်း ဖြစ်ပေသည်။
ဝမ်ဝေ့က သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာကို ဖန်တီးစဉ်အခါက၊ ကံကြမ္မာမြစ်ကြောင်းနှင့် တွေ့ဆုံစဉ်အခါက၊ စွမ်းအားအားလုံးကို ဝါးမျိုခံရလုနီးပါးဖြစ်သွားစဉ် အချိန်က စောစီးစွာ သိခဲ့ရသည်။ သူက အသက်ရှင်ကျန်ခဲ့သည်မှာ ကံကြမ္မာမြစ်ကြောင်းက သူ့စိတ်ကို မဖတ်ရှုနိုင်မှန်း သဘောပေါက်သွား၍ ထိုအချက်ကို အသုံးပြုကာ အသက်ရှင်သန်ခဲ့ခြင်း ဖြစ်၏။
ထိုစဉ်အခါက သူသည် စိတ်သည် တစ်ရက်ကျ အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ရဖို့အတွက် အရေးပါလာလိမ့်မည်ဟု သိနေမိသည်။ သူက အစစ်အမှန် စိတ်ဖတ်ရေးနည်းလမ်းများ၏ အရေးပါပုံကိုလည်း နားလည်ထားမိ၏။
“ကုန်သွယ်ရေးဗဟိုချက်ရဲ့ သတင်းအချက်အလက် အစုအဝေးရဲ့ အရေးပါပုံကို သတိပေးခဲ့တာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ထိုအဖွဲ့အစည်းက တည်ရှိလှသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် ပျောက်ဆုံးနေသော ဗဟုသုတများနှင့် လျှို့ဝှက်ချက်များကိုပင် စုဆောင်းထားနိုင်လောက်သည်။
“သူတို့ရဲ့ ဆေးလုံးဖော်စပ်နည်းနဲ့ သင်္ကေတအကြောင်းတွေကိုပါ ယူခဲ့ဖို့ မမေ့နဲ့နော်”
“ကောင်းပြီ။ ဒါနဲ့ အဲဒီမတိုင်ခင် အခု အနှောင့်အယှက် သင်္ကေတကို လေ့လာကြည့်ပေါ့” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထို့နောက် ယန်းလီလင်းရှေ့တွင် အာကာပြင်မုခ်ဝ တစ်ခုပေါ်ထွက်လာပြီး ဧကရာဇ်ကျား၏ စာအုပ် ထွက်ပေါ်လာသည်။ သူမက အပြုံးဖြင့် ဖမ်းယူလိုက်၏။ သူမက ထိုအရာကို ဖတ်ကာ ချက်ချင်းဆိုသလို အတွေးနစ်သွားကာ ဤပြိုင်ပွဲအပြီး သူ့မယောက်ျားကို သွားတွေ့မည့် အကြောင်းကိုပင် မေ့လျော့သွားခဲ့သည်။
ထိုစဉ် လီကျွင်းက သံသရာခုံရုံးအတွင်း ခေါင်းတခါခါဖြင့် ထိုင်နေလေ၏။