← Chapters

အကြီးမားဆုံး လက်နက်

Vol. 80 Ch. 1119

အကြီးမားဆုံး လက်နက်

Vol. 80 Ch. 1119

ဝမ်ဝေ့က အာရုံများနေသည့် ယန်းလီလင်းကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။ အနှောင့်အယှက် သင်္ကေတက သူမကို လှုံ့ဆော်ပေးနိုင်သည့်အတွက် သူမက ထိုအရာဖြင့် ဘာလုပ်နိုင်မလဲ စောင့်မျှော်နေမိသည်။ သူက ယန်းလီလင်း အာရုံထွေပြားနေစဉ်အတွင်း သေမျိုးအဖွဲ့အစည်းနှင့် သေမျိုးတာအိုပညာရပ် လေ့ကျင့်ထားသူများအား မမျှော်လင့်ထားသည့်အရာ ဖြစ်ပျက်မသွားအောင် သေချာစောင့်ကြည့်ခဲ့သည်။ သူက ကမ္ဘာကို စောင့်ကြည့်ဖို့ ရုပ်သေးရုပ်တစ်ရုပ်ကိုပင် အမိန့်ပေးလိုက်သည်။

နောက်ဆုံးတွင် ဝမ်ဝေ့က ငရဲကမ္ဘာ၏ စည်းတံဆိပ်ကို စစ်ဆေးကြည့်ပြီးသည့်နောက် တခြားတစ်ယောက်ကို အာရုံစိုက်လိုက်၏။ အတိအကျပြောရလျှင် နောက်ထပ်အဖွဲ့ဖြစ်သည့် ပင်ကိုနတ်ဆိုးနတ်ဘုရားများ ဖြစ်၏။

တချို့သူများက ထိုသူများ၏ ဇစ်မြစ်ကို သဘောပေါက်ကာ သူတို့၏ ခန္ဓာကိုယ်နှင့် သွေးမျိုးဆက်များကို တပ်မက်နေကြသည်။ သူတို့တစ်ယောက်ချင်းစီကို ထိပ်သီးအင်အားကြီး ပုဂ္ဂိုလ်များစွာက ဝိုင်းထားသည့်အတွက် အခြေအနေက အနည်းငယ် အဆိုးဘက်သို့ ကျရောက်နေသည်။

ဝမ်ဝေ့က အလောင်းရောင်းဝယ်ရေးဂိုဏ်းမှ လူများသည်လည်း ထိုသူများကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း အာရုံခံမိလိုက်သည်။ ကြည့်ရသည်မှာ သူတို့၏ အလောင်းများကို စိတ်ဝင်စားနေဟန်ပေါ်၏။

ဒါက သူတို့ကို ကူညီပြီး အသင်္ချေအင်ပါယာကမ္ဘာနဲ့ ပူးပေါင်းမှုကို တိုးမြှင့်ဖို့ အခွင့်ကောင်းပဲ…

သူက တိုက်ပွဲကွင်းပြင်ကို ကြည့်ကာ တပ်ကူလွတ်ပေးဖို့ တွေးလိုက်မိသည်။ သို့သော်လည်း အားလုံးက အလုပ်ရှုပ်နေသည့်အတွက် သူတို့၏ ကိုယ်ပိုင်နေရာမှ ထွက်မသွားနိုင်ကြပေ။

အကောင်းဆုံးရွေးချယ်မှုက ကျိလန်ဖန်းကို လွှတ်ပေးဖို့ ဖြစ်သော်လည်း သူ့ကို လွှတ်ပေးလိုက်ခြင်းက ထိုလူများ၏ သံသရာကို နှိုးဆွပေးနိုင်လိမ့်မည်။

ထို့ကြောင့် သူ့နောက်ထပ် ရွေးချယ်မှုက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်မှ လူတချို့ကို စေလွှတ်ဖို့ ဖြစ်၏။

ဝမ်ဝေ့က လက်ကိုမြှောက်ကာ သွေးစက်တစ်စက်ကို ထုတ်လိုက်သည်။ ထိုအရာက မြေပြင်ပေါ်ကျလာသောအခါ အားနည်းသည့် အငွေ့အသက်ရှိသည့် ကိုယ်ပွား၅ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ ထို့နောက် ထိုငါးယောက်က အမျိုးသား၊ အမျိုးသမီး အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုးဖြင့် ကွဲထွက်သွားကြသည်။

“မင်းတို့က အခု ကုန်သွယ်ရေးဗဟိုချက်နဲ့ မဆက်စပ်တဲ့ ကမ္ဘာ့အသိုက်အဝန်းကနေ ခန့်ထားတဲ့ ကြေးစားတွေပဲ။ အခုထိ ထျဲ့ကန်ကို သွားရှာ။ သူက မင်းတို့ကို အဲဒီပင်ကိုသက်ရှိတွေကို ကူညီပေးဖို့ အမိန့်ပေးလိမ့်မယ်”

ကိုယ်ပွားများက ဦးညွှတ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က ဆက်လက် စောင့်ကြည့်နေရင်း ရေရွတ်လိုက်သည်။

“အခု ဒီကိစ္စကို အဆုံးသတ်ရမဲ့အချိန်ပဲ”

သူက ဝမ်ကျူနှင့် ကံကြမ္မာ အရိပ်တပ်ဖွဲ့ဝင်များအား လှုပ်ရှားဖို့ အမိန့်ပေးလိုက်သည်။ ယခုအခါ သူတို့၏ ကဏ္ဍကို ပါဝင်ကစားရတော့မည့် အနေအထားသို့ ကျရောက်လာပြီဖြစ်၏။

လေဟာနယ်ဇုန်

ရှုရှစ်က ပန်းရောင်ဟန်ဖုကို ဝတ်ဆင်ထားပြီး ယခင်ကထက်ပင် ပိုမိုမိန်းမဆန်ကာ လှပနေသည်။ သူမက ရှေ့တွင်ရှိနေသည့် ရုပ်ချောချော အမျိုးသားကို ကြည့်လိုက်မိသည်။ ထိုသူက ဟို့ဖုန်းဟွမ်နှင့် ယှဉ်နိုင်လောက်သည့် သဘာဝဆန်ဆန် မောက်မာမှုနှင့် မြင့်မြတ်မှုတို့ကို ထုတ်ပြနေသည်။

“ကုန်သွယ်ရေးဗဟိုချက်ဆီကနေ အမိန့်တွေကို နာခံမယ်လို့ ထင်မှတ်မထားဆုံးသူက ရှင်ပဲ” ရှုရှစ်က ပြောလိုက်သည်။

“ဝမ်ဝေ့က ဘယ်မှာလဲ” ချူးလော့က မေးလိုက်သည်။

“ရှင် မကြားသေးဘူးလား။ သူက ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်ခံလိုက်ရပြီလေ”

“အဲဒီစကားကို တစ်ခါမှ မယုံဘူး” ထိုအချက်က ချူးလော့ထံ သိသာလှသည်။ ထိုသူက တာအိုနယ်ရှင်ဖြစ်လာဖို့ မည်သို့သော ပါရမီလိုအပ်ကြောင်း သိထားရုံသာမက အသင်္ချေအင်ပါယာကမ္ဘာ၏ ထာဝရဧကရာဇ်များ၏ အပြုအမူကြောင့်လည်း ဖြစ်၏။ ထိုသူအားလုံးက အတူတကွ အလုပ်တွဲလုပ်နေသည်မှာ သူတို့၏ အပြုအမူများကို ထိန်းချုပ်နိုင်သည့် သူတို့အထက် မကောင်းဆိုးဝါးတစ်ကောင်ရှိနေ၍သာ ဖြစ်၏။

ထို့ကြောင့် ထိုမကောင်းဆိုးဝါး ပျောက်ကွယ်သွားသည်နှင့် သူတို့က မည်သို့လုပ်မည်နည်း။

သူတို့က အစွယ်ဖြဲပြလာကာ နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိသွားပြီး လောဘကြီးကာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာလိမ့်မည်။

ချူးလော့က ထိုသုံးသပ်ချက်တွင် ဟာကွက်ရှိကြောင်း သိထားလေ၏။ ထိုထာဝရဧကရာဇ်များက သူတို့၏ မွေးရပ်မြေကို ကာကွယ်ဖို့ အတူတကွ ပေါင်းစည်းလိုက်နိုင်ခြင်း ဖြစ်နေနိုင်သည်။

သို့သော် ထိုအရာက ထိုသို့ဖြစ်ဟန်မပေါ်ပေ။ သူတို့က ထိုမကောင်းဆိုးဝါးသည် သူတို့ကို ဆက်လက် စောင့်ကြည့်နေသလို ပြုမူနေကြပြီး စစ်ပွဲကို တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်လာကြပြီး နောက်ဆုံးအနိုင်ရရှိသူဖြစ်မည့် ယုံကြည်ချက်က ဘယ်သောအခါမှ ဝေဝါးသွားခြင်း မရှိပေ။

ချူးလော့က ဝမ်ဝေ့သည် အဓိကလှည့်ကွက်တစ်ခုကို ကြံစည်နေကြောင်း ကောက်ချက်ချမိ၏။

“ရှင် မယုံဘူးဆိုပြီး ဘာလို့ အဲ့ဘက်ကနေ ဝင်ပြီး တိုက်ခိုက်ပေးနေရတာလဲ” ရှုရှစ်က မေးလိုက်သည်။

“ငါက မျှတတဲ့ လက်စားချေတိုက်ပွဲကို လိုချင်ရုံပဲ”

“လက်စားချေဖို့တဲ့လား။ သူ ပြောသလောက်တော့ သူက ရှင့်ဆီ ရှုံးနိမ့်ခဲ့တာဆို”

“သူက ငါ့ကို အနိုင်ပေးလိုက်တယ်ဆိုတာကို ငါ မသိဘူးလို့များ ထင်နေလား” ချူးလော့က သရော်ကာ ပြောလိုက်သည်။

“သူ ဘာလုပ်ခဲ့တယ်ဆိုတာကို ငါ သိရုံတင် မကဘူး။ သူ ဘာလို့ လုပ်ခဲ့တယ်ဆိုတာကိုလည်း သိတယ်”

သူ့မျက်ဝန်းအထက် လှောင်ပြောင်မှုနှင့် ဒေါသရိပ်တို့ စွက်ဖက်လာသည်။

“သူ့ကို ကျေးဇူးတင်ရမှာပဲ”

“သူနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ နဝမအဆုံးစွန်အုတ်မြစ်ရဲ့ တကယ့်အလားအလာကို သဘောပေါက်သွားပြီးတော့ ပြီးပြည့်စုံရအောင် ကြိုးစားခဲ့တယ်ပေါ့။ ပြီးတော့ အဲဒါကို အောင်မြင်ပြီး တာအိုကို သက်သေပြပြီးတဲ့နောက်မှာ သူနဲ့ယှဉ်ပြီးတော့ တရားမျှတတဲ့ ပြိုင်ပွဲကို ပြင်ဆင်မှာပေါ့။ ရှင့်ရဲ့ အတ္တက နောက်ဆုံးရလဒ်ကို လက်မခံနိုင်ဘူးလေ။

အဲဒီနောက်မှာ သူ့ရဲ့ စွမ်းအားနဲ့ အောင်မြင်မှုတွေကို ကြားလိုက်ပြီးတော့ အဲဒီရလဒ်ကို လက်မခံနိုင်ဘူး။ အဲဒီလူတွေက သူ့စွမ်းအားတွေကို ချဲ့ကားပြောနေတယ်လို့ပဲ ယူဆထားတယ်။ အဲဒီနောက်ကျတော့ ကုန်သွယ်ရေးဗဟိုချက်က ရှင့်ဆီကို ရှင် မငြင်းနိုင်လောက်တဲ့ အပေးအယူမျိုးနဲ့ ရောက်လာတဲ့အခါမှာ ရှင်က လက်ခံလိုက်တယ်။ ဒါက ရှင့်ကိုယ်ရှင် မှန်ကန်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးတစ်ခုပဲလေ။ ကျွန်မ ပြောတာ လွဲသွားလား”

“မဟုတ်ဘူး။ မင်းပြောတာ မှန်တယ်” ချူးလော့က တည်ငြိမ်စွာ ပြောလိုက်၏။ သူ့စိတ်ခံစားချက် သို့မဟုတ် အရှိန်အဝါတို့က အနည်းငယ်ပင် အပြောင်းအလဲ မရှိပေ။

“ရှင့်အတွက် ကံဆိုးတာက ကောလဟာလတွေက အမှန်ပဲ။ သူနဲ့ ယှဉ်လိုက်ရင် ရှင်က လိုအပ်နေတုန်းပဲ”

“အဲဒါက စောင့်ကြည့်ရမှာပဲ”

ရှုရှစ်က ခေါင်းယမ်းလိုက်၏။

“ကျွန်မကို အရင်ဖြတ်ကျော်လိုက်လေ”

“ငါက မင်းကို တစ်ခါ အနိုင်ယူဖူးတယ်။ ထပ်ပြီးတော့လည်း လုပ်နိုင်တယ်” ချူးလော့က ကြေညာလိုက်ပြီး နိုးထအသက်ဝင်ခြင်းကို လှုံ့ဆော်လိုက်သည်။ သူ့အဖြူရောင်ဝတ်ရုံက တိမ်တိုက်သဖွယ် ပြောင်းလဲသွားခဲ့သည်။ သူ့အရှိန်အဝါက ဖန်ဆင်းခြင်းနတ်ဘုရားသဖွယ် ကျယ်ပြောလှပြီး သက်ရှိများဖြင့် ပြည့်နှက်နေသည့် စကြဝဠာအသစ်တစ်ခုအတွင်း ရောက်ရှိသွားသလိုမျိုး ဖြစ်၏။

ထင်ထားတဲ့အတိုင်း သူ့အင်အားက ငါနဲ့ ယှဉ်နိုင်နေတာပဲ…

ရှုရှစ်က တွေးလိုက်မိသည်။ သူမက ထိပ်သီး ၆ဆတိုက်ခိုက်ရေးအဆင့်ကို ရယူထားနိုင်သည်။ သို့သော်လည်း ဤသို့အောင်မြင်နိုင်သည်မှာ ဝမ်ဝေ့က သူမကို ကူညီပေးခဲ့၍ ဖြစ်သည်။ မဟုတ်ပါက သူမအနေဖြင့် မြန်မြန်ဆန်ဆန် အောင်မြင်မည် မဟုတ်ပေ။ သို့သော် ချူးလော့က ဝမ်ဝေ့လိုလူမျိုး၏ အကူအညီ မပါရှိဘဲ လုပ်ဆောင်နိုင်ခဲ့သည်။

ငါ တက်လှမ်းသွားတာနဲ့ ငါ့ရဲ့ အစေခံအုတ်မြစ်ကို ပြန်လည်ထုဆစ်ရမယ်…

သူမက နိုးထအသက်ဝင်ခြင်းကို လှုံ့ဆော်ရင်း တွေးလိုက်သည်။ ရှုရှစ်က သူမသည် လက်ရှိအခြေခံအုတ်မြစ်က မဟာတာအိုအရင်းအမြစ် အားဖြည့်မှုကို ကန့်သတ်ထားကြောင်း ခံစားမိနေသည်။ တခြားနည်းဖြင့် ပြောရလျှင် သူမ၏ တာအိုအမှတ်အသားအပေါ် နားလည်နိုင်စွမ်း တိုးမြှင့်နိုင်လျှင်ပင် သူမ၏ ခန္ဓာကိုယ်က သင့်တော်သည့် တာအိုအုတ်မြစ် မရှိဘဲ ထိုအရာကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ချူးလော့က လက်ကိုမြှောက်ကာ ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။

အကြွင်းမဲ့ ဓားသမားဓား

ဖန်ဆင်းခြင်းစွမ်းအားဖြင့် သူက ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့နှင့် ယှဉ်နိုင်သည့် သန့်စင်ဓားသမားတစ်ယောက်၏ စွမ်းအားဖြင့် လက်နက်ကို ဖန်တီးနိုင်ခဲ့သည်။

ဝှစ်

ချူးလော့က အလျင်အမြန် လှုပ်ရှားလိုက်သည့်အတွက် ပုံရိပ်များသာ ချန်ထားခဲ့ပြီး ဓားချက်တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာခဲ့သည်။ တစ်ခုချင်းစီက ပြိုင်ဘက်ကင်းစွမ်းအားတို့ ကိန်းအောင်းနေသည်။

ရှုရှစ်က ထိုတိုက်ကွက်များ၏ ကြောက်စရာကောင်းမှုကို သဘောပေါက်သွားပြီး အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ကြည်လင်လာကာ ဓားချက်များက သူမကို မတည်ရှိသကဲ့သို့ ထိုးဖောက်သွားကြသည်။

ချူးလော့က ထိုအရာကို ဘာဖြစ်ခဲ့သလဲ သဘောပေါက်သွားကာ မျက်မှောင်ကြုတ်လိုက်၏။ သူမက သူမ၏ ခန္ဓာကိုယ်ကို အပြိုင်အချိန်စက်ဝန်းဆီ ယာယီရွေ့လျားကာ ရှောင်ရှားလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် သူက ကာလံဒေသံကို ပိုင်းဖြတ်နိုင်သည့် ဓားချက်ကို ထုတ်လွှတ်လိုက်သည်။

ရှုရှစ်က ကာလံဒေသံ အပိုင်းအစများဖြင့် ဓားကို ဖန်တီးပြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူမ၏ ဓားချက်များက ရန်သူ၏ ဓားချက်ကို ရှေ့ဆက်တိုးမလာခင် အချိန်ထဲမှ ဖယ်ရှားပစ်ခဲ့သည်။

ချူးလော့ လက်ထဲရှိဓားက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ တစ်ဖက်လူနှင့် တူညီသည့် ကာလံဒေသံအရှိန်အဝါမျိုး ထုတ်လွှတ်လာခဲ့သည်။

သူက တူညီသည့်တိုက်ကွက်ကို အသုံးပြုကာ သူမကို ရင်ဆိုင်လိုက်ခြင်း ဖြစ်၏။

အချိန်သေဆုံးခြင်း

အချိန်က သေဆုံးသွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ချူးလော့၏ ခန္ဓာကိုယ်က လှုပ်ရှားမှု ရပ်တန့်သွားသည်။ အချိန်က မတည်ရှိတော့သည့်အတွက် ထိုအရာက မည်သို့ဖြစ်နိုင်မည်နည်း။

အချိန်က သေခြင်းတရားနှင့် ဆက်နွယ်နေသည့်အတွက် သူ့အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့က သူ့ကံဆက်နွယ်မှုအားလုံး အပါအဝင် ပယ်ဖျက်ခံလိုက်ရသည်။

အချိန်မရှိဘဲ သူက ကြီးထွားအားကောင်းဖို့နှင့် တိုးတက်ဖို့အပါအဝင် အတွေ့အကြုံ၊ စွမ်းရည်အားလုံးကို ဆုံးရှုံးသွားခဲ့ရသည်။ အတိတ်မရှိဘဲ သူ့ အောင်မြင်မှုအားလုံးက အကျိုးမရှိပေ။ ရုပ်ပိုင်းဆိုင်ရာ စည်းမျဉ်း သို့မဟုတ် တည်ရှိမှု သဘောတရားများသည်လည်း ကျိုးပျက်သွားသော်လည်း ထိုအရာက ချူးလော့အတွက် အသေးစားပြဿနာမျှသာ ဖြစ်သည်။

အချိန်မွေးဖွားခြင်း

သူ့လက်ထဲတွင် ရှိနေသည့် ဓားက မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားကာ ရှုရှစ် ဖျက်စီးလိုက်သည့် ကာလံဒေသံကို ပြန်လည်ဖန်တီးလိုက်ပြီး သူတို့ရှိခဲ့ဖူးသည့် အနေအထားအတိုင်း ပြန်လည်ပြောင်းလဲပစ်ခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ။

တစ်ခုခုတော့ မှားသွားပြီ။

သူတို့နှစ်ဦးလုံးက တူညီသည့် အတွေးမျိုး ရှိလာကြသည်။ သို့သော်လည်း ချူးလော့က ပထမဦးဆုံးအကြောင်းအရင်းကို သတိထားမိသူ ဖြစ်၏။

သူမက ငါ ဘယ်လို တိုက်ခိုက်လဲဆိုတာ အရမ်းကို ရင်းနှီးကျွမ်းဝင်လွန်းနေတယ်…

ထိုအရာက ယာယီ ထိပ်တိုက်တွေ့ဆုံမှုမျှသာ ဖြစ်သော်လည်း ထိုမူမမှန်မှုကို သတိထားမိခဲ့သည်။ သူ့အနေဖြင့် ကောက်ချက်ချဖို့ရာ အချိန်သိပ်မကြာလိုက်ပေ။

ဒီအိပ်မက်လောက…

သူက တွေးလိုက်မိသည်။

သူ့တိုက်ခိုက်ရေးဉာဏ်ရည်နဲ့ အတွေ့အကြုံတို့က ငါ့ထက် မနိမ့်ကျဘူး…

ရှုရှစ်ကလည်း ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် သုံးသပ်လိုက်၏။

သူက သူ့ဖန်ဆင်းခြင်းတာအိုကို သုံးပြီးတော့ အိပ်မက်လောကနဲ့ တူညီတဲ့ အရာတစ်ခုကို ဖန်တီးပြီး သူ့ကိုယ်သူ လေ့ကျင့်ခဲ့တာပဲ ဖြစ်ရမယ်။

သူမက ဖန်ဆင်းခြင်းတာအို၏ စွယ်စုံသုံးမှုကို အားကျမိသွားသည်။

ဒါပေမဲ့ ငါ တွေးနေတဲ့ မူမမှန်မှုက ဘာများလဲ…

စိတ်နှလုံးသားရဲ့ တီးတိုးသံ

ချူးလော့က အသံတစ်သံပြုလာစဉ် ရှုရှစ်က အမူအရာက ပြောင်းလဲသွားခဲ့ကာ ခုခံရေးအနေအထားသို့ ဝင်ရောက်သွားခဲ့သည်။

ချူးလော့က လှောင်ပြုံးပြုံးလိုက်၏။ သူက သူ့ကိုယ်တိုင်အတွက် အမှန်တရား တာအိုရှိသည့် မျက်လုံးတစ်စုံကို သန့်စင်ခဲ့သည်။ သူ့မျက်လုံးအသစ်များက အမှန်တရားမျက်လုံးဟု ခေါ်ဆိုသည့် စွမ်းရည် ရှိလေသည်။ သူ့မျက်လုံးအသစ်ဖြင့် သူက တစ်ဖက်သူ၏ ဟာကွက်များကို မြင်တွေ့နိုင်၏။

All Chapters