← Chapters

ကောလဟာလများ

Vol. 80 Ch. 1120

ကောလဟာလများ

Vol. 80 Ch. 1120

ရှုရှစ်က ကမ္ဘာဦးဟွင်သွမ်းအလွှာကို ထုတ်ပေးနိုင်သည့် ဟွင်သွမ်းအိုးကို ဆင့်ခေါ်ကာ သူမကိုယ်သူမ ကာကွယ်ခဲ့သည်။ ထိုစဉ် သူမက စိတ်ကို တိုက်ခိုက်လာမှုကို ဖြေရှင်းနေရသည်။ သူမက စိတ်၏ ကမ္ဘာအတွင်း ရောက်ရှိနေပြီး မြင်ကွင်းတွင် ဘာမှမတွေ့ရပေ။ သူမက ထွက်သွားဖို့ ကြိုးစားတော့မည့်ဆဲဆဲတွင် ဆွဲဆောင်နေသည့် အသံတစ်သံကို ကြားလိုက်ရ၏။

“သူက မင်းကို တကယ်ချစ်တယ်လို့များ ထင်နေလား”

ရှုရှစ်က အသံသည် ရင်းနှီးနေသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။

“သူက ပြောင်းလဲသွားတယ်လို့ မထင်ဘူးလား”

“သူက ပြောင်းလဲသွားတာပေါ့” ရှုရှစ်က ပြန်ဖြေလိုက်သည်။ သူမက စိတ်နေရာလွတ်ကို ဖျက်စီးပစ်ဖို့ ဟွင်သွမ်းစွမ်းအားကို စုဝေးနေလေ၏။

“သူ မင်းနဲ့ ဝေးနေတုန်းမှာ သူ့အပေါ် ယုံနိုင်ရဲ့လား။ တခြားမိန်းမ မတွေ့ဘူးဆိုတာကို ယုံနိုင်ရဲ့လား” ထိုအသံပိုင်ရှင်က ပြောလာသည်။

“ငါ သူ့ကို မယုံရင် သူနဲ့ နေနေမှာ မဟုတ်ဘူး” ရှုရှစ်က ကြေညာလိုက်သည်။

“အဲဒါဆိုရင်တော့ နင်က ငါ့ထက် ပိုပြီးသာတာပဲ” အသံပိုင်ရှင်က နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

“စိတ်နတ်ဆိုးလား” ထိုသူက ရှုရှစ်နှင့် တစ်ပုံစံတည်း တူနေသည်။

“ဒါက မင်းရဲ့ စိတ်မလုံခြုံမှုတွေကနေ ဖြစ်ပေါ်လာတဲ့ သဏ္ဍာန်ပြမှုတစ်ခုပါပဲ”

“စိတ်မလုံခြုံမှုတဲ့လား။ တကယ်ကို ရဲတင်းတဲ့ အသုံးနှုန်းပဲ” ရှုရှစ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ငါက ဘယ်လို မလုံခြုံမှုမျိုး ရှိလို့လဲ”

“ဒါပေါ့။ ငါတို့ရဲ့ ရှောင်ဖန်နဲ့ ပတ်သက်နေတယ်လေ” နှလုံးသားနတ်ဆိုးရှုရှစ်က ပြောလာခဲ့သည်။

(ရှောင်ဖန် - လင်းဖန် ကို ချစ်စနိုးနဲ့ ခေါ်တာပါ .. ဖန်လေးဆိုပြီးတော့ )

“အဓိပ္ပာယ်မရှိတာတွေ” ရှုရှစ်က ရေရွတ်ပြီးသည့်နောက်တွင် အချိန်ကို ရှင်းထုတ်ပစ်နိုင်သည့် စွမ်းအားဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း ထိုတိုက်ကွက်က စိတ်နတ်ဆိုးကို မတည်ရှိသကဲ့သို့ ထိုးဖောက်သွားလေ၏။

“ငါက အဓိပ္ပာယ်မရှိတာတွေ ပြောတယ်ဆိုရင် နင်က ဘာလို့ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ပြုမူနေရတာလဲ”

“နင့်ရဲ့စကားတွေနဲ့ တည်ရှိမှုက ငါ့အတွက် စော်ကားတာပဲ” ရှုရှစ်က ပြောလိုက်သည်။

“ငါနဲ့ သူနဲ့ ဆက်ဆံရေးက ငါ့ကို အဓိပ္ပာယ် ဖွင့်နိုင်တယ်လို့များ ထင်နေလား။ ငါ့ယောက်ျားအကြောင်းကိုပဲ နာရီတိုင်း စဉ်းစားရင်းနဲ့ ကုန်ဆုံးတယ်လို့များ ထင်နေလား။ ငါ့ဘဝမှာ သူ မရှိတော့ရင် အဓိပ္ပာယ်မရှိဘူးလို့များ ထင်နေလား”

“မဟုတ်ဘူးလား” နှလုံးသားနတ်ဆိုးက နတ်ဆိုးဆန်ဆန်အပြုံးဖြင့် မေးလာခဲ့သည်။ သူမ၏ စကားတွင် စိတ်အပေါ် သက်ရောက်မှုရှိသည့် စွမ်းအားမျိုး ကိန်းအောင်းနေ၏။

“အတိတ်တုန်းကတော့ ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အခုတော့ ဖြစ်မှာ မဟုတ်ဘူး” ရှုရှစ်က ပြောလိုက်သည်။

“ငါက အရွယ်ရောက်လာပြီ။ သူလည်း အရွယ်ရောက်လာတာပဲ။ ငါတို့ရဲ့ဘဝတွေက ယခင်ကထက် ပိုပြီးကောင်းလာခဲ့ပြီ။ ကိစ္စတွေအများကြီးလည်း ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆက်ဆံရေးအတွက်ကလည်း အတူတူပါပဲ”

နှလုံးသားနတ်ဆိုးက သူမကို ကြည့်ကာ ပျောက်ကွယ်သွားခဲ့သည်။

တကယ့်ရှုရှစ်က ထိုအရာသည် အဆုံးသတ်သည်ဟု တွေးမိလိုက်စဉ် မှားယွင်းသွားခဲ့၏။ ဒုတိယမြောက် စိတ်နတ်ဆိုးထွက်ပေါ်လာခဲ့သည်။

“ဒီတစ်ခါက ဘာလဲ” ဤတစ်ကြိမ် အချိန်က စိတ်နေရာလွတ်က အပြင်ဘက်ထက် နှေးကွေးစွာ ကုန်ဆုံးနေကြောင်း ပြောနိုင်သော်လည်း အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည့်အချက်ကို မပြောင်းလဲနိုင်ပေ။ အကယ်၍ သူမသာ မြန်မြန်ဆန်ဆန် ထွက်မသွားပါက ချူးလော့သည် သူမ၏ ခုခံမှုကို ထိုးဖောက်ကာ ဒဏ်ရာအပြင်းအထန် ပေးလာလိမ့်မည်။

“နင်က ဝမ်ဝေ့နဲ့ လျှို့ဝှက်ဆက်ဆံရေးတစ်ခု ရှိနေတယ်လို့ ကောလဟာလတွေ ထွက်နေတယ်” ဒုတိယ စိတ်နတ်ဆိုးက ပြောလာခဲ့သည်။

“အဲဒါက အမှန်ပဲလား။ တကယ်လို့ မဟုတ်ရင်တော့ ဒီအချက်ကို သေချာစဉ်းစားကြည့်သင့်တယ်”

ရှုရှစ်က ရှုံ့မဲ့သွားလေ၏။ သူမက ထိုကောလဟာလများကို ကြားခဲ့ဖူးသည်။ ထိုကောလဟာလများက အိပ်မက်လောကထဲတွင် အပြောအများဆုံး စကားဝိုင်းတစ်ခု ဖြစ်၏။ သို့သော်လည်း ထိုကောလဟာလများက မည်မျှပင် ယုတ္တိ မရှိကြောင်း သိထားလေသည်။ ပထမဦးစွာ သူမသည် ထိုသို့သော အမျိုးသမီးမျိုး မဟုတ်ပေ။ ဒုတိယအနေဖြင့် ထိုအမျိုးသားသည် သူ့ဇနီးကိုသာ ချစ်မြတ်နိုးသူ ဖြစ်၏။

“နင့်ရဲ့ စကားတွေက ပထမတစ်ခုထက်တောင် ပိုပြီးတော့ စော်ကားရာကျတယ်”

“ဟား ဟား လာစမ်းပါ။ နင်တို့နှစ်ယောက်က ဒိုင်မေးရှင်းအနိမ့်မှာ အားအကောင်းဆုံးနဲ့ အလှဆုံးသူတွေလေ” စိတ်နတ်ဆိုးက ရေရွတ်လာသည်။

“အခု နင်တို့က ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်နေပြီဆိုတော့ ပြီးပြည့်စုံတဲ့ စုံတွဲတွေလို့ ထင်တယ်။ ပြီးတော့ မင်းတို့သာ အတူတူရှိသွားမယ်ဆိုရင် အင်အားစုကြားမှာ ဖန်တီးလိုက်တဲ့ မဟာမိတ်အကြောင်းကို ထည့်တောင်မပြောရသေးဘူး”

ရှုရှစ်က အသက်ပြင်းပြင်းရှူကာ သူမ၏ ဒေါသထွက်နေမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ငါ တစ်ခါပဲ ပြောလိုက်မယ်။ တစ်ခါပဲ … ဝမ်ဝေ့က သူ့ဇနီးကို ချစ်တယ်။ သူ့ဘဝမှာ သူမကိုပဲ လိုချင်တာ။ တကယ်လို့ သူတို့ဆက်ဆံရေးတစ်ခုခု ဖြစ်သွားတယ်ဆိုရင်တောင် သူက တစ်ဘဝလုံး တစ်ကိုယ်တည်းအနေနဲ့ပဲ ကျန်ရှိနေလိမ့်မယ်။ ငါ့အတွက်လည်း အတူတူပဲ။ ငါ့မှာ ခင်ပွန်းသည်တစ်ယောက်ပဲ ရှိတယ်။ နောက်ထပ် ထပ်ရှိမှာ မဟုတ်ဘူး”

“ပျင်းစရာကောင်းလိုက်တာ” စိတ်နတ်ဆိုးက ရှုံ့မဲ့ကာ ပြန်ပြောလိုက်သည်။ သူမက ပျောက်ကွယ်သွားခဲ့၏။

ရှုရှစ်က မျက်လုံးဖွင့်လိုက်သည့်အခါ သူမ၏ ကမ္ဘာဦးဟွင်သွမ်းအလွှာက ထိုးဖောက်ခံရလုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကမ္ဘာဦးဟွင်သွမ်း အကြောက်တရား

ကမ္ဘာဦးဟွင်သွမ်းက ကျယ်ပြောကာ အဆုံးမဲ့ပြီး ရှည်ကြာလှသည်။ အချိန်စတင်ကတည်းက တည်ရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ တစ်လျှောက်တွင် ထိုအဆင့်အနေအထားအထိ ကြောက်မက်ဖို့ ကောင်းသည့် သက်ရှိမည်မျှက ဖန်တီးခံခဲ့ရသနည်း။

ရေတွက်ဖို့ရာပင် များပြားလွန်းလှသည်။ ယနေ့ချူး လော့က ထိုသက်ရှိများ၏ အပိုင်းအစများဖြင့် ရင်ဆိုင်နေရသည်။ သူက အနီရင့်ရင့်မြူခိုးအတွင်း ပုန်းအောင်းနေသည့် မျက်လုံးတစ်စုံကို မြင်လိုက်ရသည့်အခါ အကြောက်တရားဖြင့် တုန်ယင်လာမိသည်။

သူက မတုံ့ပြန်နိုင်ခင် စိတ်၊ စိတ်ဝိညာဉ်နှင့် ထူးကဲသည့် ဧကရာဇ်ဝိညာဉ်တို့က အလျင်အမြန် ပြိုလဲလာသည်ကို ခံစားမိလိုက်၏။ ထိုသက်ရှိ၏ တည်ရှိမှုကပင် သူ့ကို အယူအဆသဘောတရားအရ ဖျက်စီးပစ်ဖို့ လုံလောက်နေလေပြီ။

ချူးလော့က အလျင်အမြန် တုံ့ပြန်ကာ သူ့စိတ်ထဲတွင် သက်ရှိများစွာရှိပြီး သူတို့၏ ဝိညာဉ်နှင့် စိတ်စွမ်းအားကို သူ့ကိုယ်ပိုင်အဖြစ် ဆက်နွယ်သည့် စကြဝဠာတစ်ခုကို ဖန်တီးခဲ့ကာ ထိုတိုက်ကွက်ကို တောင့်ခံခဲ့သည်။

ရှုရှစ်က ထိုအခွင့်အရေးကို အရယူကာ တစ်ဖက်လူကို ကန်ချလိုက်၏။ သူမက ရုပ်ပိုင်းဆိုင်ရာ အံ့ဖွယ်စွမ်းရည်ကို အသုံးပြုထားခဲ့သည့်အတွက် တိုက်ခိုက်မှုက ပြင်းထန်လှပြီး ကမ္ဘာများ၊ ကာလံဒေသံအမျှင်နှင့် အယူအဆ သဘောတရားများကိုပင် ပျက်သုဉ်းသွားစေနိုင်သည်။

ချူးလော့က အားအကောင်းဆုံး သတ္တုဖြင့် ပြုလုပ်ထားသည့် ချပ်ဝတ်ကို ဖန်တီးလိုက်သည်။ သူ့လှုပ်ရှားမှုက ပြောင်မြောက်လှ၏။ အကြောင်းအရင်းမှာ သူ့ချပ်ဝတ်က တစ်ဖက်လူဆီမှ ကမ္ဘာဦးဟွင်သွမ်း စွမ်းအားအမြောက်အများကို တားဆီးလိုက်နိုင်သည်။ သို့သော်လည်း ထိုကန်ချက်၏ နောက်ကွယ်က ခွန်အားကြောင့် ကီလိုမီတာထောင်ချီ လွင့်စင်သွားခဲ့သည်။

ငါ စောစောလေးက ခံစားနေရတဲ့ မူမမှန်မှုကို နားလည်သွားပြီ…

ရှုရှစ်က တွေးလိုက်မိသည်။

သူ့ရဲ့ ဖန်ဆင်းခြင်းတာအိုက ကန့်သတ်မခံရတော့ဘူး…

သူက သူ့နည်းစနစ်ဖြင့် ရင်ဆိုင်လာစဉ်အခါ သူမက သူသည် ဖန်ဆင်းခြင်းတာအိုကို အသုံးပြုဖို့ လက်နက်ကို မသုံးဘဲ သူ၏ သဘာဝအစိတ်အပိုင်းလို ကိုင်စွဲကာ အသုံးပြုနေသည်ကို သတိထားမိခဲ့သည်။

ချူးလော့က သူမကို ပြန်မဖြေဘဲ တည်တည်ငြိမ်ငြိမ် ကြည့်လာလေ၏။

“ရှင်က ကုရွှမ်ရဲ့ လှည့်ဖြားရေးတာအိုကို သုံးထားတာပဲ”

သူမ၏ ကောက်ချက်ချမှုက မှန်ကန်နေခဲ့သည်။ အမွေအနှစ်ကို လေ့လာပြီးသည့်နောက်တွင် ချူးလော့က ဖန်ဆင်းခြင်းတာအို၏ စွမ်းအားအပြည့်အဝကို ရရှိဖို့ ကြိုးစားအားထုတ်ထားခဲ့သည်။ ထို့ကြောင့် မဟာတာအိုက သူသည် အစစ်အမှန်တာအိုနယ်ရှင် တစ်ယောက်ဖြစ်ကြောင်း အယုံသွင်းသည့်အစား လှည့်ဖြားရေးဧကရာဇ် ဝိညာဉ်ကို သန့်စင်ခဲ့သည်။

ထိုအရာပြီးမြောက်သွားသည်နှင့် ချူးလော့က သူ့အစစ်အမှန် ဖန်ဆင်းခြင်းတာအိုကို အသုံးပြုခဲ၏။ သူက ထိုလမ်းစဉ်သည် မဟာတာအို၏ အမျက်သင့်မှုကို ဖြစ်စေနိုင်ပြီး သူ့သေဆုံးမှုကို ဖြစ်နိုင်ကြောင်း သိထားလေသည်။

ထို့ကြောင့် တိုက်ပွဲအများစုတွင် သူက မသေချာသရွေ့ ကန့်သတ်ခံထားရသည့် ဖန်ဆင်းခြင်းတာအိုကို အသုံးပြုလေ့ရှိသည်။

အဆုံးမဲ့တေးသံ

ရှုရှစ်၏ အိုးမှ မြူခိုးများ ထွက်ပေါ်လာကာ ဗျပ်စောင်းသဖွယ်ပြောင်းလဲသွားခဲ့သည်။ အချိန်မြစ်ကြောင်းက သူမ၏ အနောက်ဖက်တွင် ပေါ်ထွက်လာပြီး ထိုအရာမှ လှပသည့် သံစဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှုရှစ်၏ လမ်းညွှန်မှုအောက်တွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့မှ အသံနှင့် တေးဂီတပေါင်းစည်းထားသည့် တုန်ခါမှုက တစ်ဖက်လူဆီ ဝင်ရောက်သွားခဲ့သည်။

တုန်ခါမှု ရောက်ရှိလာသည့်အခါ ချူးလော့က သူ့စိတ်ထဲ ထူးဆန်းသည့် တေးသံကို ကြားလိုက်ရပြီး စိတ်ဝိညာဉ် နာကျင်လာသည်။

သူက အချိန်စတင်ကတည်းက စကြဝဠာ၏ နောက်ဆုံး တေးဂီတပညာရှင်အထိ ဗျပ်စောင်းတီးခတ်သူများစွာကို အသံကို ကြားလိုက်ရသည်။

တေးဂီတနှင့် တုန်ခါခြင်းနတ်ဘုရား

ချူးလော့က လက်ဖျောက်တီးလိုက်သည့်အခါ တေးဂီတနှင့် တုန်ခါခြင်းကို အပြည့်အဝ ကျွမ်းကျင်သည့် စွမ်းအားရှိထားသော နတ်ဘုရားကို ဖန်ဆင်းခဲ့သည်။ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ဗျပ်စောင်းကို ရှေ့တွင်ပိုက်ကာ ရှိနေသည့် ပုံရိပ်ကြီးက သူ့နောက်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုနတ်ဘုရားက ကြိုးမျှင်တစ်ခုကို တီးခတ်ကာ ရှုရှစ်ထံ တုန်ခါနှုန်းကို ထုတ်လွှတ်လာခဲ့၏။

သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက မဟာကမ္ဘာများစွာကိုပင် ပျက်သုဉ်းသွားစေသည်။

သို့သော်လည်း ဤသည်က အစမျှသာ ဖြစ်၏။ ထိုကျွမ်းကျင်သည့် တေးဂီတပညာရှင်နှစ်ယောက်က ထိပ်တိုက်တွေ့ဆုံသည့်အခါ သူတို့ဖန်တီးသည့် တေးသံများက အသင်္ချေအင်ပါယာကမ္ဘာ့အသိုက်အဝန်းနှင့် သိုင်းပညာအုပ်စိုးသူ ကမ္ဘာ့အသိုက်အဝန်းကြား လေဟာနယ်ဇုန်တွင် ပဲ့တင်ထွက်နေသည်။

ထိုအသံကို ကြားသည့်သူများက တုံ့ပြန်မှုအမျိုးမျိုး ရှိကြသည်။ တချို့က မိုးမြေကြားမှ သတ်ဖြတ်ငွေ့ အကောင်းဆုံးသီချင်းကို ကြားလိုက်ရပြီး ရူးသွပ်လုနီးပါး ဖြစ်သွားကြသည်။ တချို့ကမူ စကြဝဠာ၏ အလှအပဆုံး တေးသံကို ကြားလိုက်ရပြီး သူတို့၏ စိတ်နှင့် စိတ်ဝိညာဉ်က ပိုမိုသိမ်မွေ့သွားလေ၏။

အနည်းအပါးကမူ သူတို့သည် တည်ရှိမှုထဲ အလှပဆုံး အမျိုးသား သို့မဟုတ် အမျိုးသမီးတို့ဖြင့် တွေ့ကြုံနေကြခြင်း သို့မဟုတ် သူတို့ဘဝတွင် ချစ်မြတ်နိုးရသည့်သူများနှင့် တွေ့ကြုံနေရသလို ပုံရိပ်ယောင်များ ရှိနေသည်။ ထိုသီချင်းကို ကြားပြီးသည့်နောက်တွင် တုံ့ပြန်မှု အကြီးကြီးသုံးခု ဖြစ်ခဲ့၏။

ရှုရှစ်က သူမ နည်းစနစ်သည် အလွယ်တကူ ဖယ်ရှားခံလိုက်ရကြောင်း မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။

ငါတို့ရဲ့ အင်အားက ညီတူမျှတူ ဖြစ်နေတယ်…

ဒီတိုက်ပွဲက သရေနဲ့ပြီးဆုံးသွားနိုင်တယ်…

သူမက ထိုသတင်းနှင့်ပတ်သက်ပြီး မပျော်ရွှင်ပေ။ ချူးလော့အတွက်လည်း အတူတူသာ ဖြစ်၏။

သူတို့က အချင်းချင်း ကြည့်ကာ သူတို့၏ အရှိန်အဝါများက ထွက်ပေါ်လာပြီး ထိပ်တိုက်တွေ့ဆုံသွားကြသည်။ သူတို့က ယှဉ်ပြိုင်စိတ်ပြင်းထန်နေပြီး မည်သူကမှ လက်မလျှော့လိုကြပေ။ အထူးသဖြင့် သူတို့၏ ပထမဦးဆုံး ပြိုင်ပွဲရလဒ်အရ ဖြစ်၏။

ရှုရှစ်က ဤတိုက်ပွဲကို ပြန်လည်ပေးဆပ်မည့် အခွင့်အရေးတစ်ခုဟု မြင်ကာ ချူးလော့ကမူ သူ လက်တစ်ဖက်ဖြင့် သတ်နိုင်သည့် တစ်စုံတစ်ယောက်က သူနှင့် အဆင့်တူရောက်လာသည်ကို မြင်သည့်အခါ အရှက်ခွဲခံရသလို ခံစားနေမိသည်။

ချူးလော့က မျက်မှောင်ကြုတ်လိုက်၏။ သူ့တွင် မြန်မြန်အဆုံးသတ်နိုင်သည့် နည်းလမ်းတစ်ခု ရှိသည်။ သို့သော် သူ့မာနက ထိုနည်းလမ်းကို သုံးဖို့ ခွင့်မပြုပေ။

ငါ နိုင်နိုင်သေးပါတယ်…

သူက သူ့အမှန်တရားမျက်လုံးမှ ခံစားမိသည့် သတင်းအချက်အလက် တစ်ခုကို အသုံးပြုခဲ့သည်။

သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်ထွက်လာပြီး ထူးဆန်းသည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်လာခဲ့သည်။

သေဆုံးမှုဓားချက်

ချူးလော့က လက်နက်ကို ဝှေ့ယမ်းပြီး ရှုရှစ်၏ အတိတ်ကို ပစ်မှတ်ထားလိုက်သည်။ အတိအကျပြောရလျှင် သူက သူမ ဘဝ၏ ဖြစ်ရပ်ကြီး ဖြစ်သည့် လင်းဖန်က သူမအား တာအိုမျိုးစေ့ ပေးခဲ့ပြီး သူမက သူ့ဆီမှ အရာအားလုံး အမွေဆက်ခံနိုင်ခဲ့သည့် အခိုက်

All Chapters