ထွက်ခွာသွားမှု
Vol. 86 Ch. 1188
လွတ်လပ်မှုက ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ကိုယ်စားပြုတယ် …
ဝမ်ပေါင်လဲ့က လက်ရှိအနေအထားသည် သူ နားလည်ထားသည့် တာအိုအဆင့် မရောက်သေးကြောင်း ခံစားမိလိုက်သော်လည်း နီးကပ်နေပြီ ဖြစ်၏။ သူက သူ့မျက်နှာပေါ်ရှိ အပြုံးသည် အတော်လေး ကြည့်ကောင်းကြောင်း တွေ့လိုက်ရ၍ အရမ်းသဘောကျနေမိသည်။
ထိုအပြုံးဖြင့် သူက အမှောင်မြစ်အတွင်း မြှပ်နှံထားသည့် အပြိုအပျက်နယ်မြေများကြား လျှောက်လှမ်းလာသည်။ အပြိုအပျက်များ၏ ပုံစံများက ကွဲပြားနေပြီး ဝမ်ပေါင်လဲ့ ယခင်ဘဝမှ တွေ့ကြုံခဲ့ရသည့် ကွဲပြားသော ကမ္ဘာများဆီမှ ဖြစ်ကြသည်။
အများစုတွင် ကြမ်းကြုတ်ဝိညာဉ်များ ရှိနေလေ၏။ ထိုဝိညာဉ်များက အမှောင်မြစ် မျက်နှာပြင်အထက် ရှိနေသည့် ဝိညာဉ်များနှင့် မတူကြပေ။ သူတို့က ကြမ်းကြုတ်ကြစဉ် ရိုးရှင်းသည့် အသိစိတ်လည်း ပိုင်ဆိုင်ထားကြသည်။
သူတို့က တည်ရှိမှုကို ထိန်းထားဖို့အတွက် အာဟာရနှင့် အစားအစာအနေနှင့် တခြားဝိညာဉ်များကို ဝါးမျိုပစ်ကြလိမ့်မည်။ ထို့အပြင် သာမန်အခြေအနေအောက်တွင် သူတို့က အစားအစာ လိုက်ရှာမနေသရွေ့ သူတို့ရှိနေသည့် အပြိုအပျက်နယ်မြေများကြားမှ ထွက်သွားကြမည် မဟုတ်ပေ။ သူတို့က ရောက်ရှိလာသည့် ဝိညာဉ်များအပေါ် အတော်လေး ရန်လိုကြ၏။
ဝမ်ပေါင်လဲ့၏ အငွေ့အသက်က ထိုကြမ်းကြုတ်ဝိညာဉ်များအတွက် စွဲမက်ဖို့ ကောင်းနေသည်။ သူက ဖြတ်သွားဖြတ်လာ တစ်ယောက်မျှ ဖြစ်နေလျှင်ပင် ထိုဝိညာဉ်များ၏ လောဘကို စွဲဆောင်မိဆဲ ဖြစ်၏။ သူတို့၏ ရိုးရှင်းလှသော အသိစိတ်များက အကျိုးအကြောင့်သင့်သင့် မစဉ်းစားစေနိုင်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် အတွင်းပိုင်း ရောက်လာလေလေ အမှောင်မြစ်အောက်ခြေနားတွင် သတ်ဖြတ်မှုအမြောက်အများ ဖြစ်လာတော့သည်။
သူ ပထမဆုံး ရှာဖွေသည့်နေရာက အမှောင်မြစ်၏ အစစ်အမှန် အောက်ခြေ မဟုတ်ပေ။ ထိုအရာက အောက်ခြေအနားဟု ဆိုရပေမည်။ အပြိုအပျက်များက ထိုနေရာတွင် ပေါ်လောဖြစ်နေကြ၏။ ပုံစံအရ နတ်ဘုရားခေတ်ကာလ ဖြစ်လိမ့်မည်။
ကြီးမားသည့် ရုပ်တုများနှင့် ယိုယွင်းပျက်စီးနေသည့် အဆောက်အဦးများကို မြင်နိုင်သည်။ ထိုနေရာတွင် ရှိနေသည့် အကြမ်းကြုတ်ဆုံး ဝိညာဉ်များက နတ်ဘုရားဂုဏ်သတ္တိကို ပိုင်ဆိုင်ထားကြသည်။
ဝမ်ပေါ်လဲ့က ပြန်လည်တွေးတောရင်း ခြေလှမ်းကို မရပ်တန့်လိုက်ပေ။ သူက ပိုမို သတ်လေလေ သူ့အပြုံးက ပိုမို စစ်မှန်လာလေလေ ဖြစ်၏။ ကြမ်းကြုတ်ဝိညာဉ် တစ်ကောင်ချင်းစီ၏ သေဆုံးမှုမှ ဆောင်ကျဉ်းပေးလာသည့် မရဏချီများကို စုပ်ယူနေသည့်အတွက် သူ့ဝိညာဉ်က ကြယ်နယ်မြေအဆင့်နှင့် နီးကပ်လာလေသည်။ သူ့ကျင့်ကြံဆင့်ကလည်း နှောင်းပိုင်း ထာဝရကြယ်အဆင့်မှ ထိပ်သီးအဆင့်သို့ ရောက်ရှိလာသည်။
သူ့ကြယ်အချုပ်အနှောင် ပညာရပ်ကလည်း ပိုမို တောက်ပလာသည်။ နတ်နွားကြီး၏ ပုံရိပ်က ထွက်ပေါ်မလာသေးသော်လည်း ထိုအရာ၏ ခန္ဓာကိုယ်မှ ထွက်နေသည့် သိပ်သည်းလှသည့် တာအိုစည်းချက်များကို ခံစားနိုင်သည်။
ဒီတာအိုစည်းချက်က သာမန်ကြယ်နယ်မြေတွေကို ဖိနှိပ်ထားဖို့ လုံလောက်တယ် …
ကြယ်မြေပုံထဲရှိ ထူးကဲဂြိုဟ်တစ်သောင်းက အလျှင်အမြန် ပြောင်းလဲလာသည်။ ၇၀ ရာခိုင်နှုန်းက ကြယ်အဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ကို စွမ်းအားများ လျှံကျနေသလိုမျိုး ဖြစ်စေသည့် အားပြင်းပြင်းလှိုင်းလုံးများ ထုတ်လွှင့်ထားသည်။
ကျန်ရှိနေသည့် သုံးဆယ်ရာခိုင်နှုန်းကမူ အမြန်အဆန် နှုန်းဖြင့် တိုးမြင့်လာကြ၏။
ဝမ်ပေါင်လဲ့၏ ပုံရိပ်က အရှိန်မြင့်လာသည်။ သူက အပြိုအပျက်များကို မြင်လိုက်သည်နှင့် သူတို့ထဲ ဝင်ရောက်လိုက်၏။ သူ့ဝိညာဉ်က နေရာတစ်ခုလုံးအထိ ပျံ့နှံ့သွားပြီး ကြမ်းကြုတ်ဝိညာဉ်များကို ဖိနှိပ်ထားလေသည်။ သူက လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ တည်ရှိမှုကို နားလည်လာပြီ ဖြစ်၏။
ထို့နောက် သူ့ဝိညာဉ်က ရွေ့လျားကာ အပြင်ရုပ်ခန္ဓာကို ချန်ထားခဲ့သည်။ သူ့ဝိညာဉ်၏ ဖိနှိပ်မှုကို ခံလိုက်ရသည့် ကြမ်းကြုတ်ဝိညာဉ်များက ချက်ချင်းဆိုသလို ပြိုလဲသွားကြ၏။
သို့သော်လည်း ကြမ်းကြုတ်ဝိညာဉ်အားလုံးကို ဝမ်ပေါင်လဲ့၏ ဝိညာဉ်က ဖိနှိပ်ထားခြင်း မဟုတ်ပေ။ သူက အမှောင်မြစ်ထဲ နတ်ဘုရားနယ်မြေတစ်ဝက်ကျော်ကို ရှာဖွေပြီးသည့်အခါ အားကောင်းသည့် ဝိညာဉ်များနှင့် တွေ့ကြုံလာ၏။
ထိုစဉ် ဝမ်ပေါင်လဲ့၏ အပြုံးက ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ သူ့အပြင်ခန္ဓာကိုယ်က သူ့ခန္ဓာ၏ အစိတ်အပိုင်းတိုင်းကို နတ်ဘုရားလက်နက်လို ချွန်ထက်နေသည့် လက်နက် ဖြစ်လာခွင့်ပြုထားသည်။
သူ သွားရာနေရာတိုင်း နောက်ထပ် သတ်ဖြတ်မှုတို့ ဖြစ်လာလေသည်။
အချိန်ကုန်လွန်လာသည်နှင့် ဝမ်ပေါင်လဲ့က နတ်ဘုရားနယ်မြေတစ်လျှောက်လုံး ရှာဖွေခဲ့ပြီး အမှောင်မြစ် အနက်ပိုင်းထဲ ဦးတည်လိုက်သည်။ သူက ဖြည်းဖြည်းချင်းဖြင့် အတိတ်ဘဝက ဖုတ်ကောင်များ အုပ်စိုးသည့် အပြိုအပျက်နယ်မြေများဆီ ရောက်လာသည်။
ဤနေရာတွင် သူ့ပြီးပြည့်စုံနေသည့် ဝိညာဉ်နှင့် အဆင့်ကွာဟနေမှုတို့က သူ့အား မသက်မသာ ဖြစ်လာအောင် မလုပ်ခဲ့ပေ။ အမှောင်မီးတောက် လောင်ကျွမ်းလာသည်နှင့် သူက ပြင်ပလောကနှင့် မကွဲပြားတော့ပေ။ တကယ်တော့ သတ်ဖြတ်မှုတို့က ပိုပြင်းထန်လာ၏။
အပြိုအပျက်များကြား ဝမ်ပေါင်လဲ့က သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသည့် ပုတ်နေသော ဖုတ်ကောင်ကို လည်ပင်းမှ ဆွဲယူကာ ရယ်မောလိုက်သည်။ သူက အားပြင်းပြင်း ညှစ်လိုက်သည့်အခါ ဘန်းခနဲ ဖုတ်ကောင်က ဇိဝိန်ချုပ်သွားလေ၏။ ထို့နောက် သူ့ခန္ဓာကိုယ်က ပုံမှန် ပြန်ဖြစ်သွားကာ ဆက်လက်လျှောက်လှမ်းလာသည်။
ခဏအကြာတွင် သူ့ခြေလှမ်းက ပထမအကြိမ်အနေနှင့် ရပ်တန့်သွားခဲ့၏။
အကြောင်းအရင်းမှာ သူ့ရှေ့တွင် ရှိနေသည့် အပြိုအပျက်နယ်မြေကို မြင်လိုက်ရ၍ ဖြစ်သည်။ ထိုနေရာကား သူ အတိတ်ဘဝမှ မှတ်ဉာဏ်များထဲ အလင်းရောင် ရှာဖွေရင်း တရားထိုင်ခဲ့သည့် နေရာ ဖြစ်၏။
“တိုက်ဆိုင်လိုက်တာ” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။ သူက ခေါင်းယမ်းလိုက်၏။ သူက ပတ်ဝန်းကျင်ကို ဝိညာဉ်ဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် လှည့်ထွက်လာသည်။ သို့သော်လည်း သူက ထွက်သွားတော့မည့်ဆဲဆဲတွင် အော်သံတစ်သံကို ကြားလိုက်ရသည်။
အပြိုအပျက်ကြားမှ တစ်ဝက်တစ်ပျက် ပုတ်သိုးနေသည့် ဖုတ်ကောင်က ထွက်လာပြီး ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာသည်။
ဖုတ်ကောင်၏ သွင်ပြင်က ဝမ်ပေါင်လဲ့နှင့် ကွဲပြားနေသည်။ သို့သော်လည်း သူက ထိုဖုတ်ကောင်ကို ကြည့်လိုက်သည်နှင့် ရင်းနှီးမှုကို ခံစားမိလိုက်၏။ သူက နောက်ထပ်သူ့ကိုယ်သူ ပြန်ကြည့်နေရသလို ခံစားနေရသည်။
သူ့အပြုံးများက ပိုမို စစ်မှန်လာ၏။ သူက ခေါင်းမော့လိုက်ပြီး သူ့အကြည့်တို့က အမှောင်မြစ်ကို ထိုးဖောက်သွားဟန်ပေါ်သည်။ သူက အမှောင်မြစ်ကို ကျော်လွန်၍ မြင်လိုက်ရ၏။ သူက ပြုံးကာ ပြောလိုက်သည်။
“ အာရုံမခံနိုင်ဘူး၊ မနှောင့်ယှက်နိုင်ဘူး၊ မချုပ်နှောင်နိုင်ဘူး၊ မတားဆီးနိုင်ဘူး ”
ဝမ်ပေါင်လဲ့က ထိုစကားများကို ရေရွတ်လိုက်သည်နှင့် သူ့ဆီ ခုန်အုပ်လာသည့် ဖုတ်ကောင်က တုန်တုန်ယင်ယင် ဖြစ်သွားသည်။ ထိုအရာက အေးခဲသွားသလိုမျိုး ခုန်အုပ်သည့် အနေအထားတွင် မလှုပ်မယှက် ရပ်တန့်သွားခြင်း ဖြစ်၏။
သူတို့ဘေးဝန်းကျင်ရှိ အမှောင်မြစ်ပင် အတူတူ ဖြစ်၏။ ထိုအရာက စီးဆင်းနိုင်သည့် စွမ်းရည်ကို ဆုံးရှုံးသွားသည့်အလား ဖြစ်၏၊ အရာအားလုံး ရပ်တန့်သွားခဲ့၏။ ဝမ်ပေါင်လဲ့၏ အပြုံးသာ အစစ်အမှန်အတိုင်း ကျန်ရှိနေသည်။
အချိန်အတော်ကြာပြီးသည့်နောက် ဝမ်ပေါင်လဲ့ ဝန်းကျင်တွင် အသံဩဩ တစ်သံ ထွက်ပေါ်လာသည်။
“လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ရှာဖို့ ငါ့အကူအညီ လိုသေးလား”
“ဒါပေါ့” ဝမ်ပေါင်လဲ့က ပုံမှန်အတိုင်း ပြောနေဟန်ဖြင့် အပြုံးက နည်းနည်းလေးမှ အပြောင်းအလဲ မရှိပေ။
နောက်အခိုက်အတန့်တွင် အမှောင်မြစ်ကြောင်းတစ်ခုလုံး လှုပ်ခတ်သွား၏။ အမှောင်မြစ်အောက်ခြေမှ ပြင်းထန်သည့် တုန်ခါမှုမျိုး ထွက်ပေါ်လာကာ လေထဲ ပဲ့တင်သံများလည်း ထွက်လာသည်။ မဟူရာအလင်းတန်းတစ်ချက်က ပျံသန်းထွက်လာ၏။ ထိုအခိုက်အတန့်တွင် ထိုအရာက အရာအားလုံးကို ဖြတ်ကျော်ပြီး ဝမ်ပေါင်လဲ့ရှေ့ ကျရောက်လာသည်။
ထိုအရာက ဖုန်းရွှေသံလိုက်အိမ်မြောင်တစ်ခု ဖြစ်၏။
တစ်နေရာ လစ်ဟာက ယိုယွင်းနေဟန်ပေါ်၏။ ထိုအရာနှင့် ပတ်သက်ပြီး ထူးခြားနေသည့်အရာ မရှိပေ။ နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်စဉ်အခါကပင် အတူတူ ဖြစ်၏။ သို့သော်လည်း မျက်လုံးတွင် အမှောင်မီးတောက်ဖြင့် ပေါင်းစပ်လိုက်မည်ဆိုပါက ဖုန်းရွှေသံလိုက်အိမ်မြောင်သည် ဖော်ပြရခက်သည့် အသက်ဓာတ်စွမ်းအားများ ထုတ်လွှင့်နေသည်ကို မြင်တွေ့နိုင်သည်။ ထိုအသက်ဓာတ်က သက်ရှိအားလုံးအပေါ် သက်ရောက်မှုရှိလောက်အောင် များများစားစား မဟုတ်သော်လည်း ကြယ်များအပေါ် ပြင်းထန်သည့် သက်ရောက်မှုမျိုး ရှိလေသည်။
“ကျေးဇူးပါ” ဝမ်ပေါင်လဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက သံလိုက်အိမ်မြောင်ကို ရှေ့တွင်ထားကာ သူ့ကြယ်မြေပုံထဲ ပေါင်းစည်းဖို့ ကြိုးစားလိုက်သည်။ သူက ထိုသို့လုပ်နိုင်သော်လည်း သူ ထင်ထားသလို ကြယ်များ၏ ဆင့်ကဲပြောင်းလဲလာမှု စွမ်းအားကို တိုးမြင့်မပေးခဲ့ပေ။
ဆိုလိုသည်မှာ သံလိုက်အိမ်မြောင် အသုံးပြုမှုက လူတစ်ယောက်၏ ကျင့်ကြံရေးအပေါ် သက်ရောက်မှု မရှိပေ။ ထိုအရာသည် ထိပ်တန်းရတနာတစ်ခု ဖြစ်နေနိုင်သော်လည်း အမြင်နှင့်တင် လူ့အဖွဲ့အစည်းကို တိုးတက်အောင် လုပ်ဖို့သာ အသုံးပြုနိုင်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့က ထပ်မကြည့်တော့ပေ။ သူက သိုလှောင်အိတ်ထဲ ပစ်ထည့်ထားလိုက်၏။ သူ့ခန္ဓာကိုယ်က ယိမ်းထိုးသွားသော်လည်း ထွက်မသွားသေးပေ။ ထို့အစား သူက ဆက်လက် နစ်မြှပ်သွားစေလိုက်သည်။
သူ ထွက်သွားပြီးသည့်နောက် အသံပိုင်ရှင်ကလည်း ဆက်မပြောတော့ပေ။ ထို့အစား စိတ်အာရုံကို အနီးအနားမှ ဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းလိုက်သလိုမျိုး ဖြစ်၏။ ထိုအရာ ပျောက်ကွယ်သွားသည့်အခါ ဝမ်ပေါင်လဲ့ကို တားဆီးခဲ့ကြသည့် အပြိုအပျက်များက ပုံရိပ်ယောင် ဖြစ်လာသည်။ မလှုပ်မယှက် ရှိနေသည့် ဖုတ်ကောင်ပင် ပုံရိပ်ယောင်သဖွယ် ဖြစ်လာပြီး မှုန်ဝါးလာသည်။
သူက လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ရလာခဲ့သော်လည်း အမှောင်မြစ်ထဲ ဆက်ရှိနေဆဲ ဖြစ်၏။ ဖုတ်ကောင်၏ ယခင်ဘဝမှ အပြိုအပျက်နယ်မြေကြား ဆက်သွားလာပြီးသည့်နောက် နတ်ဆိုးဓားကြီးရှိရာ နေရာကိုလည်း သွားခဲ့သည်။ ထို့နောက် သူက အငြိုးတရားကြီးသည့် ဝိညာဉ်များရှိရာ ကုန်းမြေဆီလည်း သွားခဲ့သည်။ နောက်ဆုံးတွင် သူက သမင်ဖြူလေး၏ အပြိုအပျက်နယ်မြေထဲ ရောက်ရှိလာ၏။
သူက အမှောင်မြစ်အောက်ခြေ ရောက်ရှိနေပြီ ဖြစ်၏။ သူက အောက်ခြေတွင် ရွံ့နွံ့များစွာကို မြင်တွေ့နေရသည်။
ဝမ်ပေါင်လဲ့က ထိုနေရာတွင် ရပ်တန့်လိုက်သည်။ သူက ဆက်လက် မစူးစမ်းလိုတော့၍ မဟုတ်ဘဲ အမှောင်မီးတောက်၏ စွမ်းအားက ကန့်သတ်ချက်ရှိနေ၍ ဖြစ်သည်။
လမ်းတစ်လျှောက်၌ သူ့ဝိညာဉ်က ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။ သူက ပြိုကွဲသွားဖို့ ဆံချည်မျှင်မျှသာ လိုအပ်တော့သည်။ သို့သော် ဝမ်ပေါင်လဲ့က ချုပ်တည်းထား၏။ သူက ငရဲကိုးထပ်အတွင်း သူ့ဝိညာဉ်အား စကြဝဠာအဆင့် တက်လှမ်းသွားခွင့်မပြုနိုင်ပေ။
သူ့ကျင့်ကြံဆင့်အတွက်မူ ဆက်လက် မြင့်တက်နေဆဲ ဖြစ်၏။ ထူးကဲဂြိုဟ်များ၏ ကိုးဆယ်ရာခိုင်နှုန်းက ကြယ် အဖြစ် ပြောင်းသွားကြသည်။ သူ့ကြယ်မြေပုံက တောက်ပနေပြီး သူ့ကျင့်ကြံဆင့်ကလည်း ထိပ်သီး ထာဝရကြယ်အဆင့် ရောက်လာသည်။
ထိုအခါ အမှောင်မြစ်ထဲရှိ မရဏချီက အသုံးမဝင်တော့ပေ။ သူ လိုအပ်သည်ကား သက်ရှိလောက တာအိုနယ်မြေ၏ စည်းမျဉ်းဥပဒေသများကို ပြုလုပ်ထားသည့် အဆုံးမဲ့ မိုးကောင်းကင်တာအို၏ စွမ်းအား ဖြစ်၏။
“သွားကြစို့” ဝမ်ပေါင်လဲ့က ပြုံးနေဆဲ ဖြစ်၏။ သူက ပြုံးကာ အမှောင်မြစ် မျက်နှာပြင်အထက် တစ်လှမ်းချင်းစီ ဆက်လက် လျှောက်လှမ်းလိုက်သည်။ သူ့အရှိန်က ပိုမြန်လာပြီး အလင်းတန်းအသွင် ပြောင်းလဲကာ မြစ်ကြောင်းမှ ထိုးထွက်လာခဲ့၏။
သူက မရပ်တန့်သလို ပါးစပ်ဟကာ သက်ရှိလောကထံ လမ်းကြောင်းကို ဖွင့်လှစ်ခြင်း မရှိပေ။ လေထဲရှိနေသည့် ဝမ်ပေါင်လဲ့က ဓားအိမ်လေးကို အသုံးပြုလိုက်သည်။ သူ့လက်ထဲမှ ဓားချီတစ်မျှင် ထွက်လာ၏။
ဝမ်ပေါင်လဲ့က ခုတ်ချလိုက်သည့်အခါ ငရဲကိုးထပ်က တုန်ယင်သွားပြီး လေထုပင် တုန်ခါသွားသည်။ ဝမ်ပေါင်လဲ့၏ ဓားချီကြောင့် အက်ကြောင်းတစ်ခု ပေါ်ထွက်လာ၏။ သူက ရှေ့တစ်လှမ်းတိုးကာ အက်ကြောင်းအတွင်း ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့သည်။
သူက တစ်ချိန်လုံး ပြုံးထားလျက် ရှိ၏။
သူက သူ့နောက်ရှိ ဝဲကတော့အတွင်း သူ့ကို စိုက်ကြည့်နေသည့် ပုံရိပ်ကို ဘယ်တော့မှ ပြန်လှည့်မကြည့်လာခဲ့ပေ။
တာအိုက ကွဲပြားခြင်း ဖြစ်သော်လည်း သူက ထိုအရာကို မမြင်ပေ။