← Chapters

ပြန်ရောက်လာခြင်း

Vol. 86 Ch. 1189

ပြန်ရောက်လာခြင်း

Vol. 86 Ch. 1189

အဆုံးမဲ့တာအိုနယ်မြေ

မုန်တိုင်းတစ်ခု တိုက်ခတ်နေလေ၏။

အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ရောက်ရှိလာပြီး စည်းမျဉ်းဥပဒေသများ ပြောင်းလဲမှုဖြင့် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးရှိ လူအားလုံးက အန္တရာယ်ကြား ကျရောက်နေကြသည်။

လူမှု့အဖွဲ့အစည်း အသေးလေးများစွာက သူတို့၏ အားအကောင်းဆုံး မန္တန်အစီအရင်များကို အသက်သွင်းထားကြပြီး ရောက်ရှိလာမည့် ဖရိုဖရဲဖြစ်မှုမှ ရှောင်ရှားဖို့ သူတို့၏ ကြယ်စင်စုကို သီးသန့်ပိုင်းခြားထားကြသည်။ အလယ်အလတ် ကြယ်စင်စု လူမှု့အဖွဲ့အစည်းများအတွက်မူ ကွဲပြားသည့် အတွေးများစွာ ရှိနေကြ၏။

တချို့က ကြယ်စင်စုကို အပြင်ဘက်နှင့် သီးသန့်ပိုင်းခြားထားဖို့ ရွေးချယ်ကြသော်လည်း အပြင်ထွက်ကာ သေးငယ်သည့် လူမှု့အဖွဲ့အစည်းများကို လုယက်ယူဖို့ ရွေးချယ်ကြသည့် အရေအတွက်က အတော်လေး များပြား၏။

ကပ်ဘေးကြီးက ရောက်ရှိလာတော့မည် ဖြစ်၏။ ထိုအချိန်တွင် ထိုလူမှု့အဖွဲ့အစည်းများအတွက် ကပ်ဘေးကြီးမှ အသက်ရှင်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကိုယ်သူတို့ ကာကွယ်ပြီး အရင်းအမြစ်များကို လုယက်ထားဖို့ ဖြစ်သည်။

အကြောင်းအရင်းမှာ သူတို့ကိုယ်သူတို့ အင်အားမြင့်တင်ပြီး အရင်းအမြစ် အလုံအလောက်ရှိခြင်းကသာ ကိုယ့်ဘာသာ ကာကွယ်မှုအနေအထားတစ်ခုကို ရရှိစေလိမ့်မည်။ အဆုံးမဲ့မျိုးနွယ်စုနှင့် အမှောင်ဂိုဏ်းကြား မည်သူနိုင်မလဲ အတိအကျ မသိပေ။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ ထိုအင်အားစုကြီးနှစ်ခုကြား သေချာသည့် လုပ်ပိုင်ခွင့်တချို့ ရှိထားသရွေ့ ဘေးထွက်နေပိုင်ခွင့် ရှိလာလိမ့်မည်။

အလယ်ပိုင်းအဆုံးမဲ့နယ်မြေ၊ မဟာဒိဌိနယ်မြေနှင့် မဟာလက်ဝဲတာအိုနယ်မြေအတွက်လည်း အတူတူသာ ဖြစ်၏။

ဤသည်မှာ အထူးသဖြင့် နောက်ဆုံးတစ်ခုအတွက် ဖြစ်၏။ ချန်ရှင်းတစ်ယောက် မိုးကောင်းကင်တာအိုနှင့် မပေါင်းစည်းခင်ကတည်းက သူသည် ထိုနယ်မြေအတွင်း အများဆုံး လှုပ်ရှားခဲ့လေသည်။ ထို့ကြောင့် အမှောင်ဂိုဏ်းနှင့် နီးကပ်သည့် အင်အားစုများစွာ ရှိနေသည်။ ထိုနေရာက ပိုမို ဖရိုဖရဲ ဖြစ်လာလိမ့်မည်။

ပြည်ထောင်စုကြီး တည်ရှိသည့် နေအဖွဲ့အစည်းက မဟာလက်ဝဲတာအိုနယ်မြေအတွင်း မပြောပလောက်ပေ။ သေးငယ်သည့် လူမှု့အဖွဲ့အစည်း၌ပင် သာမန်ဟု ယူဆနိုင်သည်။ ထိုအရာက ခေါင်ခိုက်သည့် နေရာတွင် တည်ရှိသော်လည်း ပတ်ဝန်းကျင် အင်အားစုများဆီမှ စောင့်ကြည့်ခံရခြင်းကို မရှောင်လွဲနိုင်ပေ။

သို့သော်လည်း ရှေးဟောင်း အစိမ်းရောင် ကြေးဓားကြီးနှင့် ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းတို့အပါအဝင် မီးတောက်ခေါင်းဆောင်ကြီး၏ ကာကွယ်မှုနှင့် ဖိအားတို့ကြောင့် တခြားသော လူမှု့အဖွဲ့အစည်းများက သူတို့၏ မကောင်းအကြံအစည်များကို ရုတ်သိမ်းရုံမှအပ ရွေးချယ်စရာ မရှိကြပေ။

ထို့ကြောင့် ပြည်ထောင်စုကြီးက ဖရိုဖရဲဖြစ်တော့မည့်အချိန်တွင် တည်ငြိမ်သည့် အနေအထားတွင် ရှိနေသည်ဟု ဆိုရပေမည်။

ပြည်ထောင်စုကြီး၏ ပတ်ဝန်းကျင်ကလည်း ကျင့်ကြံရေးအတွက် ပိုမို သင့်တော်လာသည်။ လူမှု့အဖွဲ့အစည်း အဆင့်မြင့်တင်မှုနှင့် နတ်မျက်လုံးဂြိုဟ်ဖြင့် ပေါင်းစည်းမှုတို့က ပြည်ထောင်စုကြီးအတွင်း လူဦးရေနှင့် ကျင့်ကြံသူအရေအတွက်ကို မြင့်တင်ပေးနိုင်ခဲ့သည်။

ယခု … ယွမ်ယင်အဆင့် ကျင့်ကြံသူများကို အားကောင်းသည်ဟု မသတ်မှတ်ကြတော့ပေ။ သူတို့က ပြည်ထောင်စုကြီးအတွင်း အဆင့်မြင့်ရာထူးများကို ရယူနိုင်ဖို့ အနည်းဆုံး ဝိညာဉ်ကြားခံနယ်အဆင့် ရောက်ဖို့ လိုအပ်၏။

အားကောင်းသည့် ကျင့်ကြံသူများအတွက်မူ ထာဝရဝိညာဉ်အဆင့် ရောက်ရှိသွားကြသည်။ အင်္ဂါဂြိုဟ်၏ ဘုရင်ခံဖြစ်ခဲ့ပြီး လက်ရှိ ပြည်ထောင်စု ဥက္ကဋ္ဌကြီးက လွန်ခဲ့သည့် နှစ်ပိုင်းခန့်က အဆင့်တက်လှမ်းသွားခဲ့ပြီး ဂြိုဟ်အဆင့် ရောက်ရှိသွားလေပြီ။ ကောင်းကင်တာအိုကျောင်း၏ မဟာအကြီးအကဲကလည်း ဂြိုဟ်အဆင့် ရောက်ရှိသွားပြီ ဖြစ်၏။ သူ့ပါရမီနှင့် အရင်းအမြစ်တို့ဖြင့် သူသည် ယခုအခါ ကျောက်ယမုန့်လိုမျိုး အလယ်အလတ် ဂြိုဟ်အဆင့် ရောက်ရှိနေလေပြီ။

ထိုအရာအပြင် ဂြိုဟ်အဆင့် တက်လှမ်းထားသည့် လူများစွာရှိသေး၏။ ပထမတစ်ယောက်က လက်ရှိ အင်္ဂါဂြိုဟ်၏ ဘုရင်ခံ ဖြစ်သည့် လင်းယုံ ဖြစ်ကာ နောက်တစ်ယောက်ကမူ ဧရာမသစ်ပင်ကြီး ဖြစ်၏။ နောက်တစ်ယောက်က ကျယ်ပြန့်တာအိုနန်းတော်မှ ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့ဖူးသည့် ပါရမီရှင် ဖြစ်သည်။ နောက်ဆုံးလူ၏ ကျင့်ကြံဆင့် တက်လှမ်းသွားမှုက လူအများအပြားကို အံ့အားသင့်သွားစေသည်။ သူက လသုံးစင်းမဟာမိတ်အဖွဲံမှ ကျင့်မိသားစု၏ ခေါင်းဆောင်ကြီး ဖြစ်၏။

နတ်မျက်လုံး လူမှု့အဖွဲ့အစည်းမှ ဂြိုဟ်အဆင့် ကျင့်ကြံသူနှစ်ယောက်ပါ ထည့်ပေါင်းလိုက်လျှင် စုစုပေါင်း ကိုးယောက် ရှိသွားသည်။ သူတို့က အပေါ်ယံ၌ ပြည်ထောင်စုထဲ အားအကောင်းဆုံး ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်ရည်ဖြင့် ဆုံးဖြတ်ပါက နတ်မျက်လုံးလူမှု့အဖွဲ့အစည်းမှ ဝမ်ပေါင်လဲ့ကို ယခင်က အကောက်ကြံခဲ့သည့် လူကြီးက အားအကောင်းဆုံး ဖြစ်၏။ သို့သော်လည်း နတ်မျက်လုံးဂြိုဟ်ဖြင့် ပေါင်းစည်းသွားမှုကြောင့် သူက ပြည်ထောင်စုအတွင်း ပိတ်မိနေတော့သည်။

တကယ်တော့ ရှေးဟောင်း အစိမ်းရောင်ကြေးဓားထဲ ပြန်လည်အားဖြည့်နေကြဆဲ ဖြစ်သည့် ကျယ်ပြန့်တာအိုနန်းတော်၏ ယခင်မျိုးဆက်ဟောင်းမှ ကျင့်ကြံသူများကိုလည်း လျော့တွက်၍ မရပေ။ အထူးသဖြင့် ထာဝရကြယ်အဆင့် အကြီးအကဲ ဖြစ်၏။

ပြည်ထောင်စု၏ လူမှု့အဖွဲ့အစည်းအဆင့်က သိပ်မမြင့်မားသော်လည်း ယေဘုယျအင်အားက အတော်လေး အားကောင်းနေဆဲ ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အတန်းဖော်များ၊ ယခင်မျိုးဆက်ဟောင်းနှင့် ကျယ်ပြန့်တာအိုနန်းတော်မှ အပြင်ဂိုဏ်းအကြီးအကဲများကမူ အများဆုံးက ထာဝရဝိညာဉ်အဆင့်တွင် ရှိကြသည်။ သူတို့က ဂြိုဟ်အဆင့်နှင့် မနီးကပ်သေးသော်လည်း သိပ်မဝေးကွာတော့ပေ။

တစ်ချိန်တည်းဆိုသလို ပြည်ထောင်စု၏ တာအိုကျောင်းများကလည်း နှစ်စဉ်နှစ်တိုင်း ပျိုးပင်များစွာကို ဆက်တိုက် စေလွှတ်ပေးနေသည်။ ရလဒ်အနေနှင့် ပြည်ထောင်စု၏ လက်ရှိ ပတ်ဝန်းကျင်အနေအထားအရ ဘွဲ့ရသွားကြသည့် ကျောင်းသားများ တစ်သုတ်ပြီးတစ်သုတ်က ဝမ်ပေါင်လဲ့တို့ အခေါက်ကထက်စာလျှင် ကျင့်ကြံဆင့် ပိုမို မြင့်မားကြသည်။

နမူနာအနေနှင့် ဝမ်ပေါင်လဲ့တို့အသုတ်တွင် အခြေတည်အဆင့်ဖြင့် ဘွဲ့ရသည်ဟု ယူဆရမည်။ သို့သော်လည်း ယခုအခါ အမြုတေအဆင့် ရောက်ရှိသွားကြ၏။ ထို့အပြင် သူတို့ကို သင်ကြားပေးသည့် ဆရာများကလည်း ယွမ်ယင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ပြည်ထောင်စုကြီးက အချိန်လိုအပ်နေသည်ဟု ဆိုရပေမည်။ ပြည်ထောင်စုက နှစ်ထောင်ချီ ဖွံ့ဖြိုးတိုးတက်လာပါက ယေဘုယျအင်အားသည် ပိုမို မြင့်မားသည့် အနေအထားသို့ ရောက်လာလိမ့်မည်။ ဂြိုဟ်များ ပိုမိုစုဝေးပြိး လူမှု့အဖွဲ့အစည်းများကို ပေါင်းစည်းနိုင်သည်နှင့် သူတို့ဂြိုဟ်က အလယ်အလတ် သာမန်လူမှု့အဖွဲ့အစည်းများကို ကျော်လွန်သွားလိမ့်မည်။

ထိုအရာအားလုံးက ဝမ်ပေါင်လဲ့ဆီမှ အစပြုလာခြင်း ဖြစ်၏။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းရှိ ထာဝရကြယ်ဖြင့် ပေါင်းစည်းလိုက်ခြင်းနှင့် များစွာ သက်ဆိုင်နေသည်။

ထိုစဉ် ပြည်ထောင်စု၏ အင်အားက ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။

မဟာလက်ဝဲတာအိုနယ်မြေထဲ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းနှင့် သိပ်မဝေးကွာသည့် ကြယ်တာရာကောင်းကင်၌ ဧရာမအက်ကြောင်းတစ်ခုက တိတ်တဆိတ် ပေါ်ထွက်လာလေသည်။

အက်ကြောင်းပေါ်ထွက်လာသည်နှင့် မရဏချီ အမြောက်အများလည်း ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ထံ ပြိုလဲကာ ခြောက်သွေ့တော့မည့် အရိပ်အယောင်များ ချက်ချင်း ပြသလာသည်။

ထို့နောက် အက်ကြောင်းထဲမှ ပုံရိပ်တစ်ခု အလျှင်အမြန် ထွက်ပေါ်လာ၏။ သူ ထွက်လာသည့်အခါ သွင်ပြင်ကို သေချာမြင်လိုက်ရသည်။

သူက ဆံပင်ရှည်ရှည်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ့တစ်ကိုယ်လုံးက တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသည်။ သူ့မျက်ဝန်းက ကြယ်စင်များလို ဖြစ်ပြီး မျက်နှာအထက် အပြုံးတစ်ပွင့် ရှိနေသည်။ ထိုသူက ငရဲကိုးထပ်မှ ပြန်ရောက်လာသည့် ဝမ်ပေါင်လဲ့ ဖြစ်၏။

ငါ့ကို ငြင်းပယ်နေတာလား …

သူ အက်ကြောင်းထဲမှ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ဆီမှ ဖိနှိပ်ချုပ်တည်းမှုကို ခံစားမိလိုက်သည်။ ထိုအရာက အားနည်းရာမှ အားကောင်းလာဟန်ပေါ်၏။

သူက ရေရွတ်လိုက်ရင်း သူ့ခန္ဓာကိုယ်မှ ဓားအိမ်လေးက စတင်လှည့်ပတ်လာကာ အမှောင်မီးတောက် စွမ်းအားကို ရုတ်သိမ်းလိုက်၏။ အမှောင်ဂိုဏ်း စည်းမျဉ်းများနှင့် ဥပဒေများကို သူ့ခန္ဓာကိုယ်အတွင်း ဖုံးကွယ်ထားလိုက်သည်။ ထို့နောက်တွင် လိုက်ပါလာသည်ကား ဓားအိမ်လေး၏ လှည့်ပတ်မှုမှ ထွက်ပေါ်လာသည့် အဆုံးမဲ့မိုးကောင်းကင်တာအို စွမ်းအား ဖြစ်၏။

ထိုစွမ်းအားက ဝမ်ပေါင်လဲ့၏ တစ်ကိုယ်လုံးကို ဖြည့်ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အား အဆုံးမဲ့မိုးကောင်းကင်တာအိုဖြင့် နေသားကျသွားစေသည်။ သူ ခံားနေရသည့် တွန်းကန်အားက ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

သို့သော်လည်း စုဝေးလာသည့် ဖိအားက ချက်ချင်း ပျောက်ကွယ်မသွားသေးပေ။ ထို့အစား ထိုအရာက ဝမ်ပေါင်လဲ့ ဝန်းကျင် အလျှင်အမြန် စုဝေးလာပြီး ရွှေရောင်မြူသဖွယ် ပြောင်းလဲသွားသည်။ ထိုအရာမှ ထုတ်လွှင့်နေသည့် ဖိအားက စိတ်ခံစားချက် ကင်းမဲ့သည့် မျက်ဝန်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လာသည်။

ဤသည်မှာ အဆုံးမဲ့မိုးကောင်းကင်တာအို ဖြစ်၏။

မိုးကောင်းကင်တာအိုက အန္တတန်ခိုးရှင်သဖွယ် ဖြစ်ကာ ကိုယ်ပွားများစွာ ရှိလေသည်။ ယခု ဝမ်ပေါင်လဲ့ရှေ့တွင် ပေါ်ထွက်လာသည်ကား အသိစိတ်တစ်မျှင်မျှသာ ဖြစ်၏။ သို့သော်လည်း ဖိအားက အားပြင်းနေဆဲ ဖြစ်၏။ အကယ်၍ တခြားကျင့်ကြံသူဆိုပါက သူတို့သည် တုန်လှုပ်ကာ ထိတ်လန့်နေကြလိမ့်မည်။

ဤသို့သာ ဖြစ်သင့်သည်။ မိုးကောင်းကင်တာအို၏ စွမ်းအား စုဝေးနေမှုက အနီးရှိ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကိုပင် ခံစားမိသွားစေသည်။ ဤနေရာက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းနှင့် နီးကပ်နေသည် မဟုတ်ပါလော။ နောက်အခိုက်အတန့်လေးတွင် နတ်ဘုရားအသိစိတ်အမျှင်များက ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံသန်းလာပြီး ဤနေရာတွင် စုဝေးလာကြ၏။ သူတို့က ပုံရိပ်ယောင်မျက်နှာများသဖွယ် ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့ကို အဝေးမှ ကြည့်လာကြသည်။

ထိုအသိစိတ်များထဲ အင်မတန် အားကောင်းသည့်အရာတစ်ခု ပါဝင်နေသည်။ ထိုအရာက ကြယ်နယ်မြေ တစ်ပိုင်း အဆင့် ဖြစ်၏။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ပုံရိပ်ယောင်မျက်နှာများက ကြီးမားလာကြသည်။

မိုးကောင်းကင်တာအို ပေါ်ထွက်လာသည့် နေရာမှလွဲ၍ ပတ်ဝန်းကျင် အာကာပြင်တစ်ခုလုံးက ပုံပျက်သွားကာ ထိုလူ၏ အသိစိတ်က နေရာတစ်ဝိုက်ရှိ စည်းမျဉ်းများကို လွှမ်းမိုးထားနိုင်ဟန်ပေါ်နေသည်။

သူတို့က ဝမ်ပေါင်လဲ့ကို မြင်လိုက်သည်နှင့် အသိစိတ်တချို့က ဝမ်ပေါင်လဲ့၏ ဇစ်မြစ်ကို သိလိုက်ကြသည်။ သူတို့၏ အမူအရာက ပြောင်းလဲသွားကြပြီး မျက်ဝန်းအထက် မလိုတမာစိတ်တို့ ပေါ်လာကြသည်။

ဝမ်ပေါင်လဲ့က ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ အသိစိတ်များကို လျစ်လျူရှုထား၏။ သူ့မျက်နှာအထက် အပြုံးက ကျန်ရှိနေလျက်ရှိသည်။ သူက မိုးကောင်းကင်တာအိုကို စိုက်ကြည့်ကာ လက်ဖြန့်လိုက်၏။

“ကြည့်လေ ကျုပ်က ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး။ ကျုပ်က ချိုးဖောက်လာတာ မဟုတ်ဘူး။ အိမ်ပြန်လာတာ”

သူ့ကို တုံ့ပြန်လာသည်ကား မိုးကောင်းကင်တာအို၏ ရွှေရောင်မြူများမှ တကျစ်ကျစ် အသံများသာ ဖြစ်၏။ ထို့နောက် ပိုမိုအားကောင်းသည့် ဖိအား ထုတ်လွှင့်လာသည်။ ရွှေရောင်မြူအတွင်း လျှပ်စီးများ ဖြစ်တည်လာ၏။ သူတို့က ဝမ်ပေါင်လဲ့ကို ဖိနှိပ်ကာ သတ်ပစ်ချင်နေသည့်အလား ဖြစ်သည်။

“ကောင်းကောင်းပြောရအောင်။ ကျုပ်က အိမ်ပြန်လာရုံပဲ” ဝမ်ပေါင်လဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ သူ့စကားအဆုံးတွင် ပတ်ဝန်းကျင်ရှိ ဆူညံသံများက ပိုမို ပြင်းထန်လာသည်။ ထိုအထဲ အော်သံပင် လိုက်ပါလာ၏။ ထိုအရာက ပတ်ဝန်းကျင်ကို တုန်ခါသွားစေပြီး မြူခိုးများက ဧရာမပါးစပ်သဖွယ် ပြောင်းလဲသွားကာ ရွှေရောင်လျှပ်စီးချက်များနှင့်အတူ ဟလာခဲ့သည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို ဝါးမျိုလိုနေ၏။

ဝမ်ပေါင်လဲ့က နှမြောတသစွာဖြင့် ခေါင်းယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးက ထွက်လာ၏။ သူက အသံမပေးဘဲ ပါးစပ်ဟထားလိုက်သည်။ သို့သော်လည်း မိုးကောင်းကင်တာအိုမှ ဖွဲ့စည်းထားသည့် ပါးစပ်ကြီးထက်ပင် ပိုမိုကြီးမားသည့် ပါးစပ်ကြီးက သူ့ရှေ့ ပေါ်ထွက်လာသည်။ ထိုအရာက မိုးကောင်းကင်တာအို မြူခိုးကို တစ်လုတ်တည်းဖြင့် ဝါးမျိုပစ်လိုက်၏။

မိုးကောင်းကင်တာအို မြူခိုးက ယခုအခါ ပေါ်ထွက်လာသည့် ပါးစပ်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ထိုအရာ ပျောက်ကွယ်သွားသည်နှင့် နေရာတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က နှုတ်ခမ်းသပ်လိုက်ပြီး အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

“အဲလို လုပ်ဖို့ မလိုတာကို ”

“ မဟုတ်ဘူးလား ” ဝမ်ပေါင်လဲ့က တုန်တုန်လှုပ်လှုပ်ဖြင့် နောက်ဆုတ်နေကြသည့် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများကို လှမ်းကြည့်ရင်း မေးလိုက်သည်။

All Chapters