← Chapters

အနာဂတ်လမ်းကြောင်း

Vol. 86 Ch. 1190

အနာဂတ်လမ်းကြောင်း

Vol. 86 Ch. 1190

“တာအိုရောင်းရင်းဝမ် …” ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းမှ အားကောင်းသော ကျင့်ကြံသူများ၏ အတွေးများက တစ်ခုပြီးတစ်ခု ပြန်ရုတ်သိမ်းသွားကြသည်။ ခရမ်းရောင်ရွှေ လူမှုအဖွဲအ့စည်း၏ ခေါင်းဆောင်ကြီးက ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ကြိုးစားဖူးသော်လည်း မီးတောက်ခေါင်းဆောင်ကြီးကြောင့် နေအဖွဲ့အစည်းအပြင်ဘက် နောက်ပြန်ဆုတ်ခဲ့ရသည်။

သူက ဝမ်ပေါင်လဲ့ကို စောစောစီးစီး သတိထားမိခဲ့သည်။ သူက နည်းနည်းကြောက်ရွံ့နေသော်လည်း ထိုအကြောက်တရားက ဝမ်ပေါ့င်လဲ့ကြောင့် မဟုတ်ပေ။ ထိုအရာက သူ့နောက်တွင် ရှိနေသည့် မီးတောက်ခေါင်းဆောင်ကြီးကြောင့်သာ ဖြစ်၏။ သို့သော် ယခုတွင် အခြေအနေက ကွဲပြားသွားခဲ့လေပြီ။

သူ့အနေနှင့် ကြယ်နယ်မြေအဆင့် မရောက်သေးသလို သူ့ထက် ကျင့်ကြံဆင့်နိမ့်သည့် ဝမ်ပေါင်လဲ့က မိုးကောင်းကင်တာအိုကို တစ်လုတ်တည်းဖြင့် ဝါးမျိုပစ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤနေရာတွင် ပေါ်ထွက်လာသည့် မိုးကောင်းကင်တာအိုက အမျှင်မျှသာ ဖြစ်သော်လည်း မိုးကောင်းကင် တာအို ဖြစ်နေဆဲ ဖြစ်၏။ သူသာ ဝမ်ပေါင်လဲ့ နေရာတွင် ရှိပါက သူ့အင်အားကုန်ထုတ်သုံးပြီး ဝိညာဉ်ကို လောင်ကျွမ်းစေလျှင်ပင် မိုးကောင်းကင်တာအို စွမ်းအားကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

အကြောင်းအရင်းမှာ သူ ကျင့်ကြံထားသည့် စည်းမျဉ်းနှင့် သူ နားလည်ထားသည့် စည်းမျဉ်းတို့က အဆုံးမဲ့မိုးကောင်းကင်တာအိုဆီမှ ဖြစ်နေ၍ ဖြစ်သည်။ မိုးကောင်းကင်တာအိုကို တိုက်ခိုက်ခြင်းက မဟာတာအိုနှင့် ပဋိပက္ခဖြစ်ခြင်းနှင့် တူလေရာ စည်းမျဉ်းနှင့် ဥပဒေသအားလုံးကို ချက်ချင်း ရှင်းထုတ်သွားနိုင်သည်။ အကယ်၍ အနည်းငယ် လွန်ကဲပါက မိုးကောင်းကင်တာအိုသည် သူ့ကျင့်ကြံဆင့် အားလုံးကို ရုတ်သိမ်းပြီး သေမျိုးတစ်ယောက် ဖြစ်အောင် ပြောင်းလဲလိုက်လိမ့်မည်။

မိုးကောင်းကင်တာအိုကို မလေးမစားပြုမူသူများက ထိုအရာနှင့် ထိပ်တိုက်ရင်ဆိုင်ကြရလိမ့်မည်။

သို့သော်လည်း ဝမ်ပေါင်လဲ့က ခုခံခဲ့ရုံသာမက မိုးကောင်းကင်တာအိုကိုပါ ဝါးမျိုပစ်ခဲ့သည်။ အရာအားလုံးက သေသေသပ်သပ်နှင့် ချောမွေ့နေ၏။ ထိုအရာ၏ နောက်ကွယ်က အဓိပ္ပါယ်မှာ ကြောက်ဖို့ကောင်းလွန်းလှသည်။

ထို့ကြောင့် ကြယ်နယ်မြေတစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်သည့် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးပင် နှလုံးခုန်မြန်လာသလို ခံစားလိုက်ရပြီး တုန်ယင်နေမိသည်။ သူ့အနေနှင့် စကားကောင်းကောင်းပြောရုံမှအပ ရွေးစရာ မရှိပေ။

“တာအိုရောင်းရင်းကို အတိတ်တုန်းက ရန်စခဲ့မိပေဲ့ ဒါတွေအားလုံး နားလည်မှုလွဲတာပါ။ မီးတောက်ခေါင်းဆောင်ကြီးက တပည့်အဖြစ် လက်ခံလိုက်ကတည်းက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းက ထပ်ပြီး ရန်မစခဲ့မိပါဘူး”

“အတိတ်အကြောင်း ထုတ်ပြောတော့မှ ကံကြမ္မာလို့ပဲ မှတ်ယူကြတာပေါ့။ ဒီလိုဆိုရင် ခင်ဗျားတို့ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကို စည်ပင်ကြွယ်ဝပြီး ပြည်ထောင်စုထဲ ဝင်ပေါင်းစည်းဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ဘယ်လိုထင်လဲ”

ဝမ်ပေါင်လဲ့က တစ်ဖက်လူကို မျက်ခုံးပင့်ကာ ကြည့်ရင်း မေးလိုက်သည်။ သူက တခြားသူ့ကို တစ်ခါမှ မမြင်ဖူးသော်လည်း မီးတောက်ခေါင်းဆောင်ကြီးကြောင့်သာ မဟုတ်လျှင် ပြည်ထောင်စုက ထိုလူ့လက်ထဲ အသားတခြား၊ အရိုးတခြား ဖြစ်သွားပြီးလောက်လေပြီ။

ဝမ်ပေါင်လဲ့၏ စကားကို ကြားကာ ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းမှ ကျင့်ကြံသူများက ဒေါသထွက်လာသလို ခံစားလိုက်ကြရသည်။ သူတို့က ဒေါသကို ချိုးနှိမ်ဖို့ အကောင်းဆုံး ချုပ်တည်းထားကြရ၏။ မည်သည့်လူမှုအဖွဲ့အစည်းကမှ တခြားလူမှုအဖွဲ့အစည်းအတွက် လက်အောက်ခံ မဖြစ်လိုကြပေ။ သူတို့အတွက် ဝမ်ပေါင်လဲ့က အားကောင်းသော်လည်း အထွတ်အထိပ်တွင် မရှိနေသေးပေ။ သူ့နောက်တွင် မီးတောက်ခေါင်းဆောင်ကြီး ရှိနေခြင်းသာ ဖြစ်၏။

ယခု အခြေအနေများက ဖရိုဖရဲဖြစ်ကာ အမှောင်ဂိုဏ်းက ပေါ်ထွက်လာတော့မည့် အခိုက်အတန့်မျိုးတွင် ဖြစ်၏။ ဤသို့အရေးကြီးသည့် အချိန်အခါမျိုးတွင် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းက ရွေးချယ်စရာအများကြီး ရှိနေသည်။ ပုံမှန်အားဖြင့် သူတို့က အလွယ်တကူ လက်မလျော့လိုကြပေ။

“တာအိုရောင်းရင်း ” လူအုပ်ကြီး၏ ဒေါသအောက်တွင် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းက စူးရှနေပြီး ဝမ်ပေါင်လဲ့ကို ကြည့်လာ၏။

“အရင်ဖြစ်ခဲ့တာတွေက ကျုပ်တို့အမှားပါ။ ကျုပ်တို့ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းဘက်က တန်ကြေးတစ်ခု ပေးပါ့မယ်။ ဒါပေမဲ့ ကျုပ်တို့ဘက်က ဒီလောက်ပဲ တတ်နိုင်တယ် ”

“ပေးဆပ်မယ်တဲ့လား။ အဲတုန်းကရော မပေးခဲ့လို့လား။ အခု မလိုပါဘူး။ ကျုပ်က ခင်ဗျားတို့ကို အနိုင်ကျင့်နေတာမှ မဟုတ်တာ။ ဒါက ခင်ဗျားတို့အားလုံးအတွက် အခွင့်အရေးကောင်းဆိုတာ အမှန်ပဲ။ တကယ်လို့ မလိုချင်ရင်လည်း ထားလိုက်ပေါ့” ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်သည်။ သူက ထိုကိစ္စကို အာရုံမရှိတော့ချေ။

သူက လိမ်ညာနေခြင်း မဟုတ်ပေ။ သူက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ ကြယ်အကြောင်း စဉ်းစားမိထားသော်လည်း ယခု ကြယ်စင်စုထဲ လူမှုအဖွဲ့အစည်းများစွာ ရှိနေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့၏ အစီအစဉ်အရ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းက ပြည်ထောင်စုနှင့် ပေါင်းစည်းသွားလျှင် ခရမ်းရောင်ရွှေဘက်က ဆုံးရှုံးမှုတချို့ ကြုံနိုင်သော်လည်း လက်ရှိပတ်ဝန်းကျင်အနေအထားမျိုးတွင် ထိုအရာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေနိုင်သည်။

အကြောင်းအရင်းမှာ သူက အဆုံးမဲ့တာအိုနယ်မြေထဲ ကြားနေပိုင်ခွင့်ရှိထားသည့် တစ်ဦးတည်းသော လူ ဖြစ်နေနိုင်၍ ဖြစ်သည်။

တခြားသောအင်အားစုများမှ အားကောင်းသော ကျင့်ကြံသူများ ရှိကြသော်လည်း သူတို့က အဆုံးမဲ့မျိုးနွယ်စုနှင့် ဆက်နွယ်မှု နက်ရှိုင်းလွန်းနေသည်။ သူတို့က အမှောင်ဂိုဏ်းအပေါ် မကျေနပ်ချက်တချို့ ရှိထားပြီး ထိုအရာကို လက်လွှတ်လိုက်မည် မဟုတ်ပေ။ အကြောင်းအရင်းမှာ တာအိုက ကွဲပြားနေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့ တစ်ဦးတည်းကိုသာ အမှောင်ဂိုဏ်းက တားဆီးမည် မဟုတ်သလို ထိမည် မဟုတ်ပေ။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးက အဆုံးမဲ့တာအိုနယ်မြေတွင် ရှိနေကာ မိုးကောင်းကင်တာအိုကို ဝါးမျိုနိုင်သည်။ သူ့ဆရာ မီးတောက်ခေါင်းဆောင်ကြီးကလည်း သူ့ကို ကြည့်ရှုပေးနေသည့်အတွက် အဆုံးမဲ့မျိုးနွယ်ဘက်မှ အမှောင်ဂိုဏ်းသည် သူတို့၏ အကြီးမားဆုံး ရန်သူ ဖြစ်နေလျှင်ပင် သူ့ကို အလွယ်တကူ တိုက်ခိုက်ရဲမည် မဟုတ်ပေ။

ပို၍ အရေးကြီးသည်ကား ဝမ်ပေါင်လဲ့သည် အမှောင်ဂိုဏ်းက အဆုံးမဲ့မိုးကောင်းကင်တာအိုကို ဆက်လက် နှောင့်ယှက်နေလိမ့်မည်ဟု ခံစားမိနေသည်။ ထိုအခါ အမှောင်ဂိုဏ်း မိုးကောင်းကင်တာအို၏ စည်းမျဉ်းဥပဒေသများက အဆုံးမဲ့မိုးကောင်းကင်တာအိုနှင့် ယှဉ်ပြိုင်ကာ အဆုံးမဲ့တာအိုနယ်မြေအတွင်း ပိုမို ပြည့်စုံလာလိမ့်မည်။ အမှောင်ဂိုဏ်းက နောက်ဆုံးအဆင့် ရောက်ပြီး အဆုံးမဲ့တာအိုနယ်မြေအတွင်း ဖရိုဖရဲများ ဖြစ်စေဖို့ သိပ်ကြာမည် မဟုတ်ပေ။

မဟာတာအိုက ဖရိုဖရဲအတွင်း ကျရောက်လာသည့်အခါ အမှောင်ဂိုဏ်းနှင့် အဆုံးမဲံ့မျိုးနွယ်တို့၏ မိုးကောင်းကင်တာအိုများက တစ်ခုနှင့်တစ်ခု ရှုပ်ယှက်ခတ်လာလိမ့်မည်။ သက်ရှိအားလုံးကို ပစ်မှတ်ထားသည့် ဖိနှိပ်ချုပ်တည်းခြင်းမျိုး ဖန်တီးလာနိုင်သည်။ ထိုအရာက အမှောင်ဂိုဏ်း၏ ကျင့်ကြံသူများအပေါ် ဖြစ်စေ သို့မဟုတ် အဆုံးမဲ့တာအိုနယ်မြေ၏ ကျင့်ကြံသူများကို ဖြစ်စေ စည်းမျဉ်းဥပဒေသ အသုံးပြုမှုတို့အပေါ် နှောင့်ယှက်ခံရမည့်အရေးမှ ရှောင်လွဲနိုင်မည် မဟုတ်ချေ။

မူလတိုက်ခိုက်ရည်တို့က အားနည်းသွားလိမ့်မည်။ မည်မျှအားနည်းသွားနိုင်သလဲဆိုသည့် ကိစ္စက လူတစ်ယောက်ချင်းစီပေါ် မူတည်လိမ့်မည်။ ထိုအရာက တိုက်ပွဲကြာချိန်နှင့် အနိုင်ရရှိသူ သို့မဟုတ် ရှုံးနိမ့်သူပေါ် မူတည်နေ၏။

မိုးကောင်းကင်တာအို နှစ်ခုလုံးဆီမှ စည်းမျဉ်းဥပဒေသများကို ဝမ်ပေါင်လဲ့ကသာ ပိုင်ဆိုင်ထားသည်။ သူက စည်းမျဉ်းဖရိုဖရဲဖြစ်ခြင်းမှ သက်ရောက်မခံရသည့် တစ်ဦးတည်းသောလူ ဖြစ်၏။ သူက အမှောင်ဂိုဏ်းနှင့် ပတ်သက်နေသည့်အတွက် တိုက်ခိုက်စွမ်းရည်ကို နောက်ထပ် ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်နိုင်လိမ့်မည်။

ဝမ်ပေါင်လဲ့အနေနှင့် သူ့ဝိညာဉ်၊ အပြင်ပိုင်းခန္ဓာနှင့် ကျင့်ကြံဆင့်တို့က ထာဝရကြယ် အဆင့်တစ်ရာ ပြီးမြောက်ပြီး ကြယ်နယ်မြေအဆင့် တက်လှမ်းလိုက်သည်နှင့် သူ့ကိုယ်သူ စွမ်းအားကြီးပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်ကြောင်း သိထားသည်။

သူက အစောပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ပြီး အလယ်အလတ်အဆင့်များကိုလည်း သတ်နိုင်လိမ့်မည်။ နှောင်းပိုင်းအဆင့်များကမူ သတ်ဖို့ရာ ခက်ခဲမည် ဖြစ်သော်လည်း သူတို့ကို ဖိနှိပ်ကာ နောက်ဆုတ်အောင် ဖိအားပေးနိုင်သည်။ ထိပ်သီး ကြယ်နယ်မြေအဆင့် လူများကသာ သူနှင့် အမှန်တကယ် တိုက်နိုင်လိမ့်မည်။

တစ်ချိန်တည်းဆိုသလို သူက အခွင့်အရေးနှင့် အချိန်တချို့ ရလိုက်ပါက သူ့ဝိညာဉ်၊ ကျင့်ကြံဆင့်နှင့် အပြင်ပိုင်းခန္ဓာတို့က အလယ်အလတ် ကြယ်နယ်မြေအဆင့်အထိ ချိုးဖောက်နိုင်လိမ့်မည်။ ထိုအခါ ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်အဆင့် ကျင့်ကြံသူနှင့်ပင် တိုက်ခိုက်ဖို့ ၈၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိနေပြီ ဖြစ်၏။

ထိုအခါကျ သူ့အနေနှင့် အဆုံးမဲ့တာအိုနယ်မြေထဲ အရှင်သခင်တစ်ယောက် ဖြစ်လာပြီး နေအဖွဲ့အစည်းကလည်း စစ်ပွဲကြီးအတွင်း ပိတ်မိနေကြသည့် လူမှုအဖွဲ့အစည်းမြောက်များစွာအတွက် တော်ဝင်နယ်မြေတစ်ခု ဖြစ်လာလိမ့်မည်။

သူ့ဆရာ မီးတောက်ခေါင်းဆောင်ကြီးကိုပါ ထည့်တွက်လိုက်လျှင် အဆုံးမဲ့မျိုးနွယ်စုနှင့် အမှောင်ဂိုဏ်းတို့က နေအဖွဲ့အစည်းကို အလေးပေးလာကြရလိမ့်မည်။

ဤသည်မှာ ဝမ်ပေါင်လဲ့၏ အစီအစဉ် ဖြစ်၏။ သူက ချင့်ချိန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်ပြီးသည့်နောက် ဘာမှမပြောတော့ပေ။ သူက လှည့်ထွက်တော့မည်ဖြစ်၍ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းမှ လူများ ထင်ထားသလို ဖြစ်မနေပေ။ အားလုံးက ကြောင်အသွားကြ၏။ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးပင် ခတ္တမျှ တုံ့ဆိုင်းသွားမိသည်။ သူက အနာဂတ်၏ မရေရာမှုကို ခံစားမိနေသည်။ သူက ရောက်ရှိလာမည့် စစ်ပွဲနှင့် ပတ်သက်ပြီး အန္တရာယ်ခံစားနေမိသည်။

ပြောရလျှင် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းက သိပ်မကြီးလှသလို သိပ်မသေးပေ။ ထိုအရာက မချင့်မရဲ ဖြစ်စေသည်။ သူသာ သေချာမကိုင်တွယ်ပါက ကပ်ဘေးအတွင်း ပြာမှုန့်သဖွယ် ဖြစ်သွားကြရလိမ့်မည်။

ဝမ်ပေါင်လဲ့က ထွက်သွားတော့မည့်ဆဲဆဲတွင် ခေါင်းဆောင်ကြီးက ရုတ်တရက် ပြောလာလေသည်။

“ ကပ်ဘေးက ရောက်လာပြီ။ မီးတောက်ခေါင်းဆောင်ကြီးက အရာအားလုံးကို ကြည့်ရှုပေးထားတယ်ဆိုရင်တောင် တာအိုရောင်းရင်းရဲ့ လွှမ်းမိုးမှုနဲ့ ကျင့်ကြံဆင့်တို့က ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကို အခွင့်အရေးပေးနိုင်လောက်အောင် မစွမ်းဘူး ”

မစွမ်းဘူးတဲ့လား …

ဝမ်ပေါင်လဲ့က ရပ်တန့်သွား၏။ သူက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းရှိ ဂြိုဟ်များကို လှမ်းကြည့်လိုက်ပြီး ဂြိုဟ်အတုများ ရာချီရှိနေလသည်။

သူက ပြုံးကာ ညာဘက်လက်ကို မြောက်လိုက်၏။ သူ့ခန္ဓာကိုယ်မှ ဓားအိမ်လေးက စတင်လည်ပတ်လာသည်။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို စွမ်းအားနှင့် အဆုံးမဲ့မျိုးနွယ်စု၏ မိုးကောင်းကင်တာအို စွမ်းအားတို့က သူ့ခန္ဓာကိုယ်မှ အဖြူနှင့်အနက် အငွေ့အသက်များ ဖြစ်လာစေသည်။ သူတို့က တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားခြင်း မရှိဘဲ တစ်ခုနှင့်တစ်ခု ထိပ်တိုက်ရင်ဆိုင်နေကြသည်။ သို့သော်လည်း တစ်ချိန်တည်းဆိုသလို သူတို့က တစ်ခုနှင့်တစ်ခု ဆန့်ကျင်ရင်းဖြင့် တစ်ခု လိုအပ်နေသည့် တာအိုကို ကာမိအောင် အားဖြည့်ပေးနေကြသည်။

ထို့နောက် ဓားအိမ်လေးက ဓားချီမျှင်တစ်ခု ထုတ်လွှင့်လာသည်။ အနက်နှင့်အဖြူ အငွေ့အသက်တို့က ဓားချီဖြင့် ပေါင်းစည်းသွား၏။ ထိုအရာက ဆယ်ပေမှ မီတာသောင်းချီ၊ သိန်းချီကာ ကျယ်ပြန့်ကြီးမားလာသည်။ ထို့နောက် တစ်သန်းအထိ ရောက်ရှိလာ၏။ သို့သော် အဆုံးမသတ်သေးပေ။

ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းမှ လူများကလည်း အံ့အားသင့်နေကြ၏။

ဓားချီမျှင်က အဆုံးမဲ့စမ်းချောင်းသဖွယ် ပြောင်းလဲသွားပြီး ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကို ထိုးဖောက်သွားခဲ့သည်။ ထိုအရာက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းဆီ တည့်တည့် ကျရောက်သွားခြင်း ဖြစ်၏။

“ဝမ်ပေါင်လဲ့” အားလုံးက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးက ပိုမို ဒေါသထွက်နေ၏။

နောက်အခိုက်အတန့်လေးတွင် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ ကာကွယ်ရေး အစီအရင်က စာရွက်သဖွယ် ကြေမွသွားတော့သည်။ ထိုအရာက ပြိုလဲသွားခြင်း မဟုတ်ဘဲ စည်းမျဉ်းဥပဒေသများ ကွဲပြားမှုကြောင့် အာနိသင် ပျောက်ဆုံးသွားစေခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ဓားချီမျှင်က ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ ဂြိုဟ်အထက် ပေသိန်းချီအကွာသို့ တည့်တည့် ကျရောက်လာသည်။ ဂြိုဟ်အနီးအနား ရောက်သည့်အခါ ရပ်တန့်သွားလေ၏။

ထို့နောက် ချက်ချင်းဆိုသလို နောက်ဆုတ်လာသည်။ အချိန်နောက်ဆုတ်လိုက်သလိုမျိုး ဓားချီက ပြန်လည် ကျုံ့သွားလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည့်အခါ သူက နောက်ပြန်မကြည့်တော့ပေ။

သူက အဝေးတစ်နေရာဆီ ဆက်လက်လျှောက်လှမ်းရင်းဖြင့် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းမှ လူများ အံ့ဩတုန်လှုပ်သွားစေသည့်အရာကို ပြောလိုက်သည်။

“ ခင်ဗျား တားနိုင်လား ”

All Chapters