← Chapters

-

Vol. 86 Ch. 1198

-

Vol. 86 Ch. 1198

ခရမ်းရောင်ရွှေက ပြည်ထောင်စုနှင့် ပေါင်းစည်းသွားလေရာ ပြည်ထောင်စု၏ လူမှုအဖွဲ့အစည်း အဆင့်အတန်းက မြင့်တက်လာသည်။

မိုးကောင်းကင်တာအို စည်းမျဉ်းဥပဒေသက အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ကြယ်စင်စုတစ်ခုလုံး ပြည့်နှက်သွားသည်။ ခရမ်းရောင် မိုးကြိုးများက အဘက်ဘက် ပျံ့နှံ့သွားသည့်အတွက် အားလုံးက ကောင်းကင်အထက် ကခုန်နေသည့် ခရမ်းရောင်မြွေများကို ကြည့်ရင်း အံ့အားသင့်သွားကြသည်။

ကျယ်ပြန့်တာအိုနန်းတော် ဖြစ်စေ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း ဖြစ်စေ ကျင့်ကြံသူအားလုံးက ဝိညာဉ်စွမ်းအား တိုးပွားလာပြီး သူတို့ဘဝအနေအထား မြင့်တက်လာသည်ကို တွေ့ကြုံခံစားခဲ့ကြရသည်။ သူတို့ကျင့်ကြံဆင့်က စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားပြီး အဆင့်တက်လှမ်းချိုးဖောက်သည့် အငွေ့အသက်မျိုးက ပြည်ထောင်စုအသစ်ကြီးတစ်လျှောက် ပျံ့နှံ့သွားလေသည်။

နတ်မျက်လုံး လူမှုအဖွဲ့အစည်းရှိ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက စွမ်းအားအပြည့်ဖြင့် ကျင့်ကြံဆင့် ထိုးဖောက်သွားသည်။ နဂိုက သူက ဂြိုဟ်အဆင့် ဖြစ်နေခဲ့သော်လည်း ယခုအခါ ထာဝရကြယ်အဆင့် ရောက်ရှိသွားသည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းရှိ ကျင့်ကြံသူများစွာကလည်း တူညီစွာ အဆင့်တက်လှမ်းသွားကြသည်။ သုံးယောက်က ဂြိုဟ်အဆင့် ရောက်ရှိလာကြ၏။

ကျယ်ပြန့်တာအိုနန်းတော်ကမူ ကျင့်ကြံသူများစွာ တံခါးပိတ်သီးသန့် ကျင့်ကြံနေရာမှ ထွက်လာကြသောကြောင့် ရုတ်ရုတ်သည်းသည်း အသံများပင် ကြားနေရသည်။ ဂြိုဟ်အဆင့် ကျင့်ကြံသူကိုးဦးက ယခင်က ဒဏ်ရာဟောင်းများမှ သက်သာသွားရာ ယခု အပြင်သို့ ထွက်လာကြတော့သည်။

ချင်လင်းကျစ်ကလည်း ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်ကောင်းမွန်နေပြီဖြစ်၍ ယခုအခါ အလယ်အလတ် ထာဝရကြယ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။

ထို့အပြင် ဆရာရှင်းယီကမူ ကျင့်ကြံဆင့် မြင့်မားမှုနှင့် ဒဏ်ရာပြင်းထန်မှုကြောင့် အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်လည်း ယခု အခြေအနေ တိုးတက်လာဟန်ပေါ်သည်။

အတိုးတက်ဆုံးလူများက နေအဖွဲ့အစည်းမှ ပြည်ထောင်စု၏ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံဆင့် ဖောက်ထွက်သွားမှုဖြင့် နတ်မျက်လုံးနှင့် တာအိုနန်းတော်တို့ဖြင့်ပင် ယှဉ်နိုင်လေသည်။

ကျောက်ယမုန့်၊ လီရှင်းဝမ်၊ ဝူမုန့်လင်၊ လင်းယုံ၊ ကျင့်မိသားစု ခေါင်းဆောင်ကြီး၊ ဧရာမသစ်ပင်ကြီး … ယခင်ဂြိုဟ်အဆင့် ကျင့်ကြံသူခြောက်ယောက်သည် ယခုအခိုက်အတန့်တွင် ဝိညာဉ်စွမ်းအား များပြားမှုကြောင့် အဆင့်ချိုးဖောက်သွားကြသည်။

လီရှင်းဝမ်က အမှန်ပင် ပါရမီရှင်တစ်ဦး ဖြစ်၏။ သူက ထာဝရကြယ်အဆင့်သို့ ပထမဆုံး အဆင့်တက်လှမ်းခဲ့သူ ဖြစ်နေသည်။ ထို့နောက် ကျောက်ယမုန့်နှင့် လင်းယုံ ဖြစ်ကြ၏။

ဝူမုန့်လင်၊ ကျင့်မိသားစု ခေါင်းဆောင်ကြီးနှင့် ဧရာမသစ်ပင်ကြီးတို့အတွက်မူ နှောင်းပိုင်း ဂြိုဟ်အဆင့်တွင် ရပ်တန့်သွားကြသည်။

အဆင့်တက်လှမ်းသွားသည့် လူအများအပြား ရှိလေသည်။ ထိုအခွင့်အရေးကို အသုံးပြုကာ ထာဝရဝိညာဉ်အဆင့်မှ ဂြိုဟ်အဆင့် တက်လှမ်းသွားသည့် ကျင့်ကြံသူ ၁၃ ဦး ရှိခဲ့သည်။

အင်အားစု သုံးခု မြင့်တက်လာမှု၊ ဂြိုဟ်များ ပေါ်ထွက်လာမှုနှင့် ကြယ်များစွာ၏ အလင်းရောင်များက ပြည်ထောင်စုအသစ်၏ ကြယ်တာရာကောင်းကင်အား ပိုမို မျက်စိကျိန်းစေသည်။

ပြည်ထောင်စုရှိ ဒေသခံ ကျင့်ကြံသူများ အဆင့်တက်လှမ်းသွားကြသည့် အကြောင်းအရင်းကမူ သူတို့သည် အတိတ်နှင့် ပစ္စုပ္ပန်ကိုပါ တာဝန်ယူထားကြရ၍ ဖြစ်သည်။ သူတို့က ကြယ်စင်စု၏ သခင်အစစ် ဖြစ်ကြ၏။ ထို့ကြောင့် သူတို့ ကျင့်ကြံဆင့် တက်လှမ်းသွားမှုက နားလည်၍ ရပေသည်။

သို့သော်လည်း အကျိုးမြတ်အများဆုံး ရရှိခဲ့သူက ဝမ်ပေါင်လဲ့သာ ဖြစ်သည်။

အကယ်၍ ပြည်ထောင်စုရှိ ကျင့်ကြံသူများက ခေါင်းဆောင်ဆိုလျှင် ဝမ်ပေါင်လဲ့က ခေါင်းဆောင်များ၏ သခင် ဖြစ်ပေသည်။

သူ့ဝိညာဉ်က ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ပူးပေါင်းမှုကို အသုံးချကာ တိုးတက်လာခဲ့သည်။ ဖောက်ထွက်မှုအကူအညီဖြင့် သူက ထာဝရကြယ်အဆင့်၏ အဆင့် ၉၀ သို့ ရောက်ရှိနေလေပြီ။ သူက ဆက်လက် တက်လှမ်းနေဆဲ ဖြစ်၏။

သူက အဆင့် ၉၃ … ၉၆ .. ၉၉ … ရောက်လာသည်။

နောက်တစ်ဆင့်ဖြင့် သူက အဆင့်တစ်ရာသို့ ရောက်လာလေပြီ။ သူ့ဝိညာဉ်က အပြင်းအထန် တုန်ခါသွားပြီး ချက်ချင်းဆိုသလို ကြယ်နယ်မြေအဆင့်သို့ ချိုးဖောက်တက်လှမ်းသွားတော့သည်။

ထိုစဉ် ဝမ်ပေါင်လဲ့က ဝိညာဉ်က ကြယ်နယ်မြေအဆင့် ရောက်ရှိသွားပြီ ဖြစ်၏။ သူ့အုတ်မြစ်က နက်နဲလွန်းကာ အားကောင်းလွန်းနေသည်။ ထို့ကြောင့် ခရမ်းရောင်ရွှေ ပေါင်းစည်းမှုက သူ့တိုးတက်မှုကို မထောက်ပံ့ပေးနိုင်ပေ။ သူက ပြီးပြည့်စုံသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူ ဖြစ်၏။ သူ့နတ်ဘုရားဝိညာဉ် အဆင့်တက်သွားမှုကြောင့် သူ့တိုက်ခိုက်စွမ်းရည် သိသိသာသာ တိုးတက်လာသည်။

သူက နေမင်းပေါ် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက မျက်လုံးကို ဖွင့်လိုက်သည့်အခါ ပြည်ထောင်စုအသစ်အလယ်တွင် နတ်ဘုရားတစ်ပါးလို ရပ်နေလေပြီ။

ဝေဟင်အထက် အဆင့်တက်လှမ်းချိုးဖောက်သံများ ထွက်ပေါ်လာ၏။ ပြည်ထောင်စုအသစ်၏ ကျယ်ပြန့်မှုသည် ကြယ်တာရာကောင်းကင်ထဲ တုံ့ပြန်မှုတစ်ခု ဖြစ်လာစေသည်။ မဟာလက်ဝဲတာအိုနယ်မြေမှ ဂိုဏ်းအသီးသီးမှ အားကောင်းသည့် ကျင့်ကြံသူများစွာက ကြယ်စင်စုများကို ထိုးဖောက်ကြည့်လိုက်သည့်အချိန် ယခင်ထက် အဆရာချီ ကြီးမားနေသည့် ပြည်ထောင်စုကို မြင်လိုက်ရသည့်အခါ အံ့အားသင့်တုန်လှုပ်သွားကြသည်။

ဤသည်က အစစ်အမှန် မြင်ကွင်း မဟုတ်သလို နတ်ဘုရားဆန္ဒ ရောက်ရှိလာမှုလည်း မဟုတ်ပေ။ ထို့အစား ထိုအရာက ကြယ်တာရာကောင်းကင်ထဲ တာအိုပေါင်းစည်းသွားခြင်းကြောင့် သဘာဝဆန်ဆန် တုံ့ပြန်မှုတစ်ခု ဖြစ်ပေသည်။

သို့သော် ဂိုဏ်းနှင့် မျိုးနွယ် အများစုက မဟာလက်ဝဲတာအိုနယ်မြေထဲ အရှင်သခင်အသစ်တစ်ယောက် ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း သိကာ တုန်ယင်သွားကြသည်။ မဟာလက်ဝဲတာအိုနယ်မြေထဲ ထိပ်တန်းအဖြစ် ရပ်တည်နေသည့် ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် ပထမဂိုဏ်း တာအိုကိုးပါးဂိုဏ်းက နည်းနည်းသာ အံ့အားသင့်သွားလေသည်။ သူတို့က တုံ့ပြန်မှုများများ မရှိကြပေ။ ပြည်ထောင်စုထဲ ဂြိုဟ်အသစ်များစွာ သို့မဟုတ် ထာဝရကြယ်တချို့ ရှိနေလျှင်ပင် ကိစ္စမရှိပေ။ ပြည်ထောင်စု၏ စွမ်းအားက နယ်မြေ(၁၉)၏ အရှင်သခင် ဖြစ်လာဖို့ မြင့်တက်လာရုံသာမက ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း အဆင့်မြင့် တိုက်ခိုက်စွမ်းရည် လိုအပ်နေဆဲ ဖြစ်၏။

တာအိုကိုးပါးဂိုဏ်းက ဝမ်ပေါင်လဲ့၏ စွမ်းအားကို ကိုယ်တိုင် မမြင်ဖူးကြသေး၍ ထာဝရကြယ်အဆင့် ကျင့်ကြံသူအဖြစ်သာ မှတ်ယူထားကြသည်။ သူတို့က ကြယ်စင်စု ချဲ့ထွင်လာမှုကိုသာ ခံစားမိကြသည်။ ထို့ကြောင့် သူတို့ဂရုအစိုက်ဆုံးက မီးတောက်ခေါင်းဆောင်ကြီးနှင့် ကျယ်ပြန်တာအိုနန်းတော်မှ ဆရာရှင်းယီတို့ကို ဖြစ်၏။

တာအိုကိုးပါးဂိုဏ်းအတွက် ထိုနှစ်ယောက်က ပြည်ထောင်စုအသစ်အတွက် တကယ့်အုတ်မြစ် ဖြစ်ကြသည်။ သူတို့က အားကောင်းသော်လည်း ရှေ့တစ်ယောက်က အလွယ်တကူ ကျိန်စာများကို ထုတ်မသုံးနိုင်ပေ။ နောက်လူကမူ ဒဏ်ရာရရှိနေ၏။ တာအိုကိုးပါးဂိုဏ်းနှင့် တခြားထိပ်တန်းဂိုဏ်းများတွင် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများ လစ်ဟာမနေပေ။ သူတို့က ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေနိုင်သော်လည်း ကြီးကြီးမားမား မဟုတ်ချေ။

ထို့အပြင် အကြောင်းအရင်းနှစ်ခုလည်း ရှိနေသေးသည်။ ပထမတစ်ခုက အဆုံးမဲ့တာအိုမျိုးနွယ်အတွင်း စစ်ပွဲ ဖြစ်လာတော့မည် ဖြစ်ရာ ကပ်ဘေးကြီးက ကျရောက်လာလိမ့်မည်။ သူတို့အနေနှင့် အဆုံးသတ်အထိ အသက်ရှင်နိုင်ပါ့မလား မသေချာသေးပေ။

ဒုတိယအချက်ကမူ တာအိုကိုးပါးဂိုဏ်းက တခြားလူမှုအဖွဲ့အစည်းများကို စုပ်ယူခြင်းဖြင့် တိုးတက်သွားမှု အမျိုးအစားသည် မြန်ဆန်သော်လည်း ဆိုးကျိုးများဖြင့် ပြည့်နှက်နေကြောင်း သိထားကြသည်။

ပထမဦးစွာ ထိုအရာက မတည်ငြိမ်ပေ။ အကယ်၍ လူမှုအဖွဲ့အစည်းငယ် တစ်ခု ဖြစ်နေလျှင် အဆင်ပြေလိမ့်မည်။ သို့သော် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းလို ကြီးမားသည့် ကြယ်စင်စု ဖြစ်လာသည့်အခါ မြွေတစ်ကောင်က ဆင်တစ်ကောင်ကို ဝါးမျိုသလိုမျိုး ဖြစ်နေသည်။ ပြိုလဲသွားနိုင်သည့် လျို့ဝှက်အန္တရာယ်မျိုး ရှိနေသည်။ ထိုအရာက အစာခြေဖျက်ဖို့ အချိန်ယူရမည် ဖြစ်သလို တစ်ချိန်တည်းဆိုသလို ကန့်သတ်ချက်ရောက်ရှိသွားပြီး ဤနည်းလမ်းဖြင့် အဆင့်တက်ဖို့ မလွယ်ကူခြင်းမျိုး ဖြစ်လာနိုင်သည်။

အဆုံးသတ်တွင် တာအိုကိုးပါးဂိုဏ်းလိုမျိုး ထိပ်တန်းဂိုဏ်းနေရာကို ရောက်ဖို့အတွက် ခက်ခဲနေဆဲ ဖြစ်သည်။

သူတို့က စမှတ်ကို နည်းနည်း မြင့်မြင့် စထားခြင်းသာ ဖြစ်၏။ သို့သော် သူတို့အုတ်မြစ်က မတည်ငြိမ်သည့်အတွက် လေပြင်းပြင်း တိုက်ခတ်လာသည့်အခါ ပြိုလဲသွားဖို့ ကြာမည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့က သူတို့သိထားသည့်အရာကို ကောင်းကောင်းသိထားသည်။ သူက အစကတည်းက ရည်မှန်းချက်ကြီးမားသူ ဖြစ်ပြီး အချိန်နှင့်လိုက်ကာ ယှဉ်နေမိသည်။ သူက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းပြီးသည့်နောက်တွင်ပင် သူ့ကျင့်ကြံဆင့်ကို ထောက်ပံ့ပေးဖို့ မဖြစ်နိုင်ကြောင်းအချက်ကြောင့် ကျေနပ်မည့်လူ မဟုတ်ကြောင်း သိသာလှသည်။ ပိုအရေးကြီးသည်ကား ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ရောက်လာသည် ဖြစ်စေ၊ မရောက်လာသည် ဖြစ်စေ ဝမ်ပေါင်လဲ့က အများကြီး ဂရုမစိုက်ပေ။

အကြောင်းအရင်းမှာ သူ ပြည်ထောင်စုကြီးကို ပေးမည့် အဆင့်တိုးမြင့်ခြင်းက ခရမ်းရောင်ရွှေ ပေါင်းစည်းခြင်း မဟုတ်ဘဲ လောကအဆင့်မြင့် ချပ်ပြားဝိုင်းသာ ဖြစ်၏။

ထိုချပ်ပြားဝိုင်း၏ လုပ်ဆောင်ချက်က နာမည်အတိုင်း မဟုတ်ပေ။ ထိုအရာက လူမှုအဖွဲ့အစည်းကို အဆင့်မြင့်တင်ဖို့ အသုံးပြုနိုင်သလို အဆင့်မြင့်တင်ထားသည့် လူမှုအဖွဲ့အစည်းကို ချုပ်တည်းထားဖို့လည်း အသုံးပြုနိုင်သည်။ ထိုအခါ မတည်မငြိမ် ဖြစ်မည်မဟုတ်သလို ပြီးပြည့်စုံသည့် ပေါင်းစည်းမှုကို ရရှိနိုင်သည်။ ထို့အပြင် ထိုအရာက ကန့်သတ်ချက် မရှိပေ။

တခြားနည်းဖြင့်ပြောရလျှင် လောကအဆင့်မြင့် ချပ်ပြားဝိုင်းဖြင့် ပြည်ထောင်စုအသစ် ပေါင်းစည်းမှုနှင့် ချဲ့ထွင်ရေးတို့ကို သေချာသည့် အနေအထားတစ်ခုအထိ လုပ်နိုင်ပြီး ကန့်သတ်ချက်ကို ချိုးဖောက်ကာ ကန့်သတ်ချက်မဲ့အထိ ဝင်ရောက်နိုင်သည်။

ထို့ကြောင့် နောက်အခိုက်အတန့်လေးတွင် ပြည်ထောင်စုအသစ် ပေါ်ထွက်လာမှုက ဂိုဏ်းနှင့် မျိုးနွယ် အများစုကို တုန်လှုပ်စေခဲ့သော်လည်း တာအိုကိုးပါးဂိုဏ်းလိုမျိုး ထိပ်တန်းဂိုဏ်းများကိုမူ အနည်းငယ်သာ စိတ်ပူပန်စေခဲ့သည်။

နေမင်းပေါ် တင်ပျဉ်ခွေထိုင်လျက် ရှိနေသည့် ဝမ်ပေါင်လဲ့က သူ့ဝိညာဉ်အသိကို ထုတ်လွှင့်လိုက်ပြီး အဆရာချီ ကြီးမားလာသည့် နေအဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီးသည့်နောက်တွင် ညာဘက်လက်ကို ဝှေ့လိုက်သည်။

“သက်ရှိအားလုံးက တာအိုပဲ။ လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို လက်ထဲရှိနေပြီးပြီ။ အခုကစပြီး ဒါက ငါတို့ပြည်ထောင်စုကြီးရဲ့ အရန် ဖြစ်လာပြီး ကြယ်တာရာကောင်းကင်ကို ဖိနှိပ်ထားပြီးတော့ ပြည်ထောင်စုကြီးက ပြိုလဲပျောက်ကွယ်သွားမှာမျိုး ဖြစ်မလာတော့ဘူး ”

ထို့နောက် ချက်ချင်းဆိုသလို သာမန်ပုံစံ ချပ်ပြားဝိုင်း တစ်ခု ပျံသန်းထွက်လာသည်။ ထိုအရာက နေမင်းနှင့် ကြယ်ဆီ ပျံသန်းလာပြီးနောက် အရွယ်အစားက သိသိသာသာ ကြီးမားလာသည်။ အသံကျယ်ကြီးနှင့်အတူ ပိုမို ကြီးမားလာကာ ထိုးဖောက်မြင်ရလုမတတ် ကြည်လင်လာသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း ထိုအရာက နေအဖွဲ့အစည်းအသစ်လောက် ကြီးမားလာခဲ့သည်။ ထိုအရာ၏ ပုံစံက လုံးဝကြည်လင်သွားကာ မျက်စိနှင့် မမြင်ရလောက်အောင် ပျောက်သွားခဲ့ပြီး နေအဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ထိုအရာက အောက်သို့ကျရောက်လာ၏။

အသံကျယ်ကြီးဖြင့် အဆရာချီ ကြီးမားသွားသည့် နေအဖွဲ့အစည်းအသစ်က အစပိုင်း မတည်မငြိမ်ဖြင့် တောင်ခံထားနိုင်ရုံမျှ အခြေအနေမှ ချက်ချင်း တည်ငြိမ်လာသည်။ ထိုအခိုက်အတန့် ဝိညာဉ်ချီများက ယခင်ကထက် စွမ်းအားအပြည့်ဖြင့် ပေါများစွာ ထွက်ပေါ်လာသည်။

သက်ရှိအားလုံး၏ ကျင့်ကြံဆင့်က ထပ်မံ မြင့်တက်သွားခဲ့လေပြီ။

All Chapters