← Chapters

ကံဆိုးလိုက်တဲ့လူ!

Vol. 8 Ch. 107

ကံဆိုးလိုက်တဲ့လူ!

Vol. 8 Ch. 107

ချင်လင်က လုကျန်းရှန်၏စကားကြားလျှင် ကြောင်သွားသည်။

ဒါသူ့ဆေးဖက်ဝင်ဝိုင်ကိုမလိုချင်တဲ့သူအား ပထမဆုံးတွေ့ရခြင်းပင်။

ပိုဆိုးတာက တစ်ဖက်သားမှာ အလွန်အထင်အမြင်သေးနေပုံရသည်ကိုလည်း မရေမရာခံစားနေရသည်။

ဒီလိုဆိုရင်လည်း သူမတိုက်တွန်းတော့။

နောင်တွင် လူတိုင်းဒီဆေးဖက်ဝင်ဝိုင်ကိုဝယ်နိုင်မည်မဟုတ်ပေ။ ဒီတစ်ကြိမ်မှာ ချန်ရှန်းဖေကြောင့်ဖြစ်၏။ နောက်မှသူထပ်ဝယ်ချင်သည်ဆိုပါက သူ့စိတ်အခြေအနေပေါ်တွင်သာမူတည်ပေသည်။

လုကျန်းရှန်က ထိုအကြောင်းကိုမသိ။ ဣန္ဒြေရရကြည့်မြဲကြည့်နေသည်။

ချန်ရှန်းဖေက အသိမပေး။

လုကျန်းရှန်က လူကြီးမင်းချင်ရဲ့စေတနာကိုငြင်းပယ်မှတော့ သူထပ်ပြောရင်ရုပ်ပျက်နေမည်။ ပုံမှန်အတိုင်းဆို လုကျန်းရှန်က ဒါမျိုးတွေနဲ့ပတ်သက်ရင် တကယ်ဘောင်မဝင်ပေ။

သူနှင့်မာလဲ့ဝမ်က တရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုမှလက်ဆင့်ကမ်းဆေးဖက်ဝင်ဝိုင်တချို့ကို လက်လှမ်းနိုင်သေးသည်။ လုကျန်းရှန်က အခွင့်အရေးတောင်မရခဲ့။

ချန်ရှန်းဖေလည်းစကားလမ်းကြောင်းလွှဲ၍ ချင်းလင်ဆော့အကြောင်းမေးလိုက်၏_ ''သူဌေးချင်... မင်းရဲ့ဆော့ကိုစိတ်ဝင်စားနေတာ... အခုအရမ်းနာမည်ကျော်နေပေမဲ့ မင်းရဲ့ကြော်ငြာနဲ့အရောင်းက လိုက်နိုင်ပုံမရဘူး''

''ရံပုံငွေပြဿနာတက်နေတာ... ထုတ်လုပ်တဲ့အပိုင်းကအကန့်အသတ်ရှိတယ်ဆိုပေမဲ့ နှစ်ဆိုင်းခွဲဆင်းနေတယ်... နောက်ရက်ပိုင်းဆို ထုတ်လုပ်အားက ပုလင်း ၁၄၀၀၀၀ အထိရတော့မှာ'' ချင်လင်ကဖုံးကွယ်မထား။ စက်ရုံအသစ်ထုတ်ကုန်နာမည်ကျော်လာသည်နှင့်အမျှ သူတို့ဒီပြဿနာကိုရင်ဆိုင်ရပေမည်။

ဒီထုတ်လုပ်ရေးလမ်းကြောင်းကိုချဲ့ထွင်ဖို့အတွက် စံအိမ်ရဲ့နေ့စဉ်ဝင်ငွေအများစုကိုသူသုံးခဲ့ပြီးပြီ။

ချေးငွေအကြောင်းစဉ်းစားမိသော်လည်း ဘဏ်ချေးငွေမှာ စက်ရုံတန်ဖိုးအပေါ်မူတည်သေးသည်။ ထိုအစီအစဉ်မှာ များများစားစားထောက်ပံ့မပေးသည့်အတွက် သူ့လက်ရှိလိုအပ်ချက်နှင့်မကိုက်ညီပေ။

......

''နည်းသေးတာပဲ'' ချန်ရှန်းဖေကခေါင်းခါရင်း_ ''အထူးအဖွဲ့အစည်းကြီးကြပ်ရံပုံငွေ ဘာလို့မလျှောက်တာလဲ? အခုမင်းစံအိမ်ရဲ့ကျော်ကြားမှုက ရုံချန်းစီရင်စုအတွက် အကျိုးအများကြီးဖြစ်တယ်မဟုတ်လား?''

''အခု ဒီခရမ်းချဉ်သီးဆော့ကနာမည်ရနေတာ... မြန်မြန်ချဲ့ထွင်လိုက်ရင် စျေးကွက်ပိုရလာလိမ့်မယ်... အချိန်တန်ရင် အလုပ်လည်းပိုများလာမယ်... ရုံချန်းစီရင်စုရဲ့ဂုဏ်သတင်း အခွန်ငွေ... ကောင်းကျိုးတွေဆက်တိုက်ပဲ... ရုံချန်းစီရင်စုမှာ ကြီးကြီးမားမား အထူးအဖွဲ့အစည်းကြီးကြပ်ရံပုံငွေရှိမရှိသိချင်တာ... မင်းစုံစမ်းကြည့်လို့ရတယ်''

လုကျန်းရှန်ကအရင်ထောက်ခံလိုက်သည်_ ''အမှန်ပဲ... အစိုးရငွေကိုမသုံးလိုက်ရရင် နှမြောဖို့ကောင်းတယ်''

ချန်ရှန်းဖေက ထပ်အသိပေး၏_ ''အထူးရံပုံငွေရှိရင် ကိုယ့်အရင်းအနှီးကိုမသုံးနဲ့... အရာရှိတွေက မြှုပ်နှံဖို့လူလွှတ်ပေးလိမ့်မယ်... ဒါအဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ပြီး အတိုးနဲ့အကြွေးကိုအသုံးချပြီးသားလည်းဖြစ်တယ်... ထုတ်ကုန်က ငွေပြန်မရှာပေးနိုင်တာလည်း မဟုတ်ဘူး... မင်းငွေရင်းနှီးချင်တယ်ဆိုရင်တော့ လောင်မာနဲ့ငါ့ကိုရှာနေရလိမ့်မယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

တကယ်တော့သူလည်း ဒီအကြောင်းစဉ်းစားကြည့်ပြီးပြီ။ တစ်နေ့ဆော့ပုလင်း ၁၄၀၀၀၀ က စံအိမ်နဲ့အင်တာနက်အမှာတွေကိုဖယ်ကြည့်လိုက်ရင် လက်ကျန်နဲ့စျေးကွက်ဖြန့်ဖို့လောက်မည်မဟုတ်ပေ။

စီရင်စုထဲမှာ ဒီလိုအထူးထောက်ပံ့ရံပုံငွေမျိုးရှိမရှိရှာကြည့်ရပေမည်။

အရင်စံအိမ်က ထောက်ပံ့ငွေ ယွမ် ၂၃ သန်းလျှောက်ခဲ့ဖူးပြီ။ အစိုးရငွေသုံးစွဲခြင်းက အမှန်စိတ်ကျေနပ်စရာကောင်းသည်ဟု သူခံစားရ၏။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုငွေကြေးမတည်စေဖို့အတွက်တော့ နောင်လိုအပ်လာလျှင်လုပ်နိုင်သည်။ လောလောဆယ်တော့ စိတ်ကူးမရှိသေး။

သူတို့စကားပြောနေစဉ် စားပွဲထိုးက သူတို့မိလာသောငါးကြင်းနက်နှင့် တခြားဟင်းပွဲများယူလာ၏။ အရည်အသွေး ၂ ရုံးပတီနှင့်ကန်စွန်းဥတို့ကိုအထူးမပြင်ဆင်ထားခဲ့ရ၍ ထိုဟင်းပွဲများမှာ အရည်အသွေး ၁ သာရှိသည်။

ချင်လင်က လက်တွေ့ဘဝက သဘာဝထွက်ကုန်အရသာနှင့် ဂိမ်းထဲကအရသာကွာခြားချက်ကိုသိချင်နေ၍ ချက်ချင်းတူကောက်ကိုင်လိုက်၏။

သို့သော် ငါးကိုစားလိုက်သည်နှင့် မျက်မှောင်နည်းနည်းကြုတ်သွားသည်။



အတွေ့အထိနှင့်အရသာမှာ လွဲနေသောကြောင့်ပင်။

အရသာမရှိ၍မဟုတ်သော်လည်း သာမန်ငါးအရသာ အတွေ့အထိနှင့်ယှဉ်ကြည့်လျှင် အရမ်းဆိုးနေသည်။

''လောင်လု... လာမြည်းကြည့်... အစားအသောက်ကောင်းတွေချည်းပဲ... သူဌေးချင်ရဲ့သဘာဝငါးက ထိပ်တန်းစားကောင်းသောက်ဖွယ်တွေ... မင်းအိမ်တောင်ပြန်ချင်မှာမဟုတ်ဘူး'' ချန်ရှန်းဖေကလည်း တူကောက်ကိုင်၍ လုကျန်းရှန်ကိုမိတ်ဆက်ပေးလိုက်၏။

လုကျန်းရှန်ကြားလျှင် သူ့တူကိုကိုင်၍ ငါးတစ်တုံးယူကာ ပါးစပ်ထဲထည့်လိုက်သည်။ တစ်လုပ်စားပြီးနောက် သူကချန်ရှန်းဖေအား ထူးဆန်းသောအမူအရာနှင့်ကြည့်လိုက်၏။ ဒါအရမ်းကောင်းတဲ့စားကောင်းသောက်ဖွယ်လား?

ဒီငါးကအရသာရှိတယ်ဆိုပေမဲ့ နံ့သာတစ်ရာပွဲကြည့်စင်မှာ ဒါမျိုးငါးမရှိတာကျနေတာပဲ။ ဘာလို့သူတို့က ဒီစံအိမ်ထိလာစားရတာတဲ့လဲ?

ပိုဆိုးတာက ချန်ရှန်းဖေဒီလောက်ကြွားဖို့လိုလို့လား? သူကစံအိမ်ပိုင်ရှင်ကို မျက်နှာချိုသွေးနေတဲ့ပုံပဲ။

ပိုင်ရှင်နဲ့လီရှင်းကြားဆက်ဆံရေးက အတိုင်းထက်အလွန်ဖြစ်နေလို့လား?

ထိုအကြောင်းတွေးရင်း လုကျန်းရှန်ကပိုသေချာသွားသည်။ မဟုတ်ရင် လီရှင်းကဘာလို့ ဒီလိုစံအိမ်ကိုဆက်လာနေမလဲ? ချန်ရှန်းဖေကရောဘာလို့ စံအိမ်ပိုင်ရှင်ကိုအရမ်းယဉ်ကျေးနေမလဲ?

ချန်ရှန်းဖေကငါးကိုစားကြည့်ပြီးနောက် ချင်လင်ကိုအံ့သြတကြီးကြည့်လိုက်သည်။ ဒီနေ့ငါးကြီးက တစ်ခုခုတော့မှားနေပြီ။ အနံ့လည်းမမွှေးဘူး။

ချန်ရှန်းဖေဇဝေဇဝါဖြစ်နေပုံကိုကြည့်ရင်း ချင်လင်ကလုပ်ကြံဇာတ်ခင်းလိုက်သည်_ ''ရေအရည်အသွေးနဲ့ဆိုင်မယ်ထင်တယ်''

ချန်ရှန်းဖေကခေါင်းညိမ့်ပြီး ဆက်မမေးတော့။ ဒီငါးရဲ့အရသာကိုလွှမ်းမိုးတဲ့အချက်တွေအများကြီးရှိနိုင်ပြီး ရေအရည်အသွေးကလည်း အကြောင်းတစ်ရပ်ပင်။ ဖြစ်ချင်တော့ ဒီတစ်ကြိမ်မှ အရည်အသွေးနိမ့်ငါးကိုရွေးချယ်မိလေခြင်း။

ဒီနေ့လယ်စာက ချန်ရှန်းဖေအတွက် လုံးဝနှမြောစရာ။ အရည်အသွေး ၁ ရုံးပတီနှင့်ကန်စွန်းဥမှာ အာနိသင်တချို့ရှိသော်လည်း အရည်အသွေး ၂ ထက်တော့နိမ့်သေးသည်လေ။

လုကျန်းရှန်က စားပြီးသောအခါ သူ့ခန့်မှန်းချက်မှန်သည်ဟုခံစားလိုက်ရ၏။ ဒီအရသာက နံ့သာတစ်ရာပွဲကြည့်စင်က သီးသန့်စားဖိုဆောင်လက်ရာနှင့်တူနေသည်။ ချန်ရှန်းဖေအထူးတလည်လာရလောက်အောင်မဟုတ်။ သို့သော်သူကပြုံး၍ ချီးကျူးလိုက်၏_ ''သူဌေးချင်ရဲ့အစားအသောက်က တကယ်ကောင်းတာပဲ... ထိပ်တန်းဝင်တယ် အရသာရှိတယ်... ကျုပ်မမေ့နိုင်ပါဘူး''

၄င်းမှာမြှောက်ပြောခြင်းသာ။ လီရှင်းနဲ့ဒီစံအိမ်ဆက်ဆံရေးကောင်းတယ်ဆိုမှတော့ သူ့အထင်အမြင်နဲ့ဆန့်ကျင်ပြီး မြှောက်ပြောရ၏။

ထိုစကားများကြောင့် ချန်ရှန်းဖေနှင့်ချင်လင်မှာ တစ်ဦးကိုတစ်ဦး အောင့်သက်သက်နှင့်ကြည့်လိုက်ကြသည်။

သူကဘယ်ဟာကိုပြောနေတာလဲ?

ဒီနေ့လယ်စာကသွားပြီလေ။

ထိုအချိန်တွင်_

ကောင်းယောင်ယောင်က ကသိကအောက်အခြေအနေကိုဖြေဖျောက်ပေးရန်ရောက်လာသည်_ ''သူဌေး... လူကြီးမင်းချန်ဟယ်ကတွေ့ချင်လို့ပါတဲ့''

ချင်လင်လည်း ညွှန်ကြားလိုက်၏_ ''ရောက်လာတာမြန်သားပဲ... ဒီလာခိုင်းလိုက်လေ!''

ချန်ဟယ်က ကိုယ်စားလှယ်ကိစ္စကို သူ့ထက်ပင်စိုးရိမ်နေပုံရသည်။

ကောင်းယောင်ယောင်လည်း ခန်းမအဝင်ပေါက်ပြေးသွားလိုက်ပြီး ချန်ဟယ်အား_ ''လူကြီးမင်းချန်... သူဌေးကလာခဲ့ပါတဲ့''

''ကျေးဇူးပါ'' ချန်ဟယ်က ချင်လင်၊ ချန်ရှန်းဖေနှင့် လုကျန်းရှန်ကိုမြင်ပြီး အံ့အားသင့်သွားသည်။

အကြောင်းမှာသူက ချန်ရှန်းဖေနှင့်လူကျန်းရှန်ကိုသိသောကြောင့်ပင်။ မင်မြို့တော်မှာ ချန်ရှန်းဖေကိုမသိတဲ့သူရှိသေးလို့လား?

သူကမင်မြို့တော်တွင် ပိုက်ဆံနည်းနည်းရှိသူဖြစ်သော်လည်း ချန်ရှန်းဖေလိုလူမျိုးကိုတော့ လက်လှမ်းမမီနိုင်။ ချန်ရှန်းဖေမဆိုထားနှင့် သူထက်တစ်ဆင့်နိမ့်သောလုကျန်းရှန်ကိုပင် လက်လှမ်းမမီချေ။

ဒါပေမဲ့အခု သူဘာတွေမြင်နေရတာလဲ? ချန်ရှန်းဖေနဲ့လုကျန်းရှန်က ဥက္ကဌချင်နဲ့တစ်စားပွဲတည်းထိုင်ပြီး ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြသတဲ့။

ဒီအချက်က ချင်းလင်ဆော့နာမည်ဖျက်ခံရတဲ့အချိန်ကိုပြန်သတိရမိစေသည်။ မင်မြို့တော်ရဲ့အင်တာနက်လူထုအလိမ်အညာဖော်ထုတ်ရေးဌာနက ရှေ့ထွက်ရပ်တည်ပေးခဲ့တာ ချန်ရှန်းဖေခေါ်ထားတာများဖြစ်နေမလား?

ဒီလိုကိစ္စအတွက် ဥက္ကဌချင်ကိုမိတ်ဆက်ပေးနိုင်တယ်ဆိုတော့ သူတို့ဆက်ဆံရေးက သာမန်မဖြစ်နိုင်ဘူး။

''ဥက္ကဌချင်... ထပ်ပြီးလာနှောင့်ယှက်မိတဲ့အတွက် အားနာပါတယ်'' ချန်ဟယ်က ချင်လင်ရှေ့ရောက်သည်နှင့် သူ့အသံကအလွန်ရိုသေသွားသည်။



ဥက္ကဌချင်က ဒီလိုအဆက်အသွယ်အားကောင်းတယ်လို့ ဘယ်သူကထင်မှာလဲ?

အစက သူကကပ်လိုက်ချင်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ချင်းလင်ဆော့က တကယ်နာမည်ကျော်ပြီး အရသာအဆင်ပြေတယ်လေ။ ဒါပေမဲ့ ဒီကားက ရထားတစ်စင်းဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ?

ချန်ရှန်းဖေလိုလူမျိုးကအသိအမှတ်ပြုထားတယ်ဆိုတော့ လုံးဝသာမန်လူမဟုတ်တာ သေချာနေသည်။

ချင်လင်လည်းပြုံး၍ ချန်ရှန်းဖေကိုရှင်းပြလိုက်၏_ ''လူကြီးမင်းချန် ဥက္ကဌလု... ဒါကချင်းလင်ဆော့အတွက်တွေ့ထားတဲ့ကိုယ်စားလှယ်ပါ''

''လူကြီးမင်းချန် လူကြီးမင်းလု'' ချန်ဟယ်က သူတို့နှစ်ဦးကိုတရိုတသေပြောလိုက်သည်။

ချန်ရှန်းဖေက ယဉ်ကျေးစွာခေါင်းညိမ့်လိုက်သော်လည်း လုကျန်းရှန်ကမူ မတုန်မလှုပ်။ ဆော့ကိုယ်စားလှယ်လေးတစ်ယောက်ကို သူလုံးဝအရေးစိုက်စရာမလိုသလို အဆင့်အတန်းချင်းလည်းမတူပေ။

ချန်ဟယ်က လုကျန်းရှန်သူ့ကိုအရေးမလုပ်မှန်းသိသည်။

''ကျွန်တော်တို့နှစ်ယောက်အရင်စကားပြောလိုက်ပါဦးမယ်'' ချင်လင်ကမတ်တပ်ရပ်၍ ချန်ဟယ်ကိုတခြားစားပွဲခေါ်သွားလိုက်၏။ ထို့နောက်သူက လိုရင်းတိုရှင်းပင်_ ''လူကြီးမင်းချန်... အရင်သဘောတူထားတဲ့အတိုင်းပဲ... ခင်ဗျားကို စီရင်စုအတွက် ဒေသဆိုင်ရာကိုယ်စားလှယ်အဖြစ်ပေးမယ်... ကျန်တာတော့ နောက်မှပြောကြမယ်... နောက်ပြီး ကျွန်တော့်ရဲ့ချင်းလင်ဆော့ထုတ်လုပ်မှုက အကန့်အသတ်ရှိနေတယ်... လောလောဆယ်စက်ရုံမှာ တစ်လကို ဆော့ပုလင်း ၄.၂ သန်းပဲရဦးမယ်''

''အဲဒါကြောင့် လတ်တလောတော့ ခင်ဗျားကို ပုလင်း ၃ သန်းပဲပေးနိုင်ဦးမယ်... အဲဒီပမာဏက ခင်ဗျားအတွက် မြို့တစ်မြို့နှစ်မြို့လောက်စာပဲရှိမယ်... ကျွန်တော်တို့ ဒီပြဿနာကိုချက်ချင်းဖြေရှင်းဖို့နည်းလမ်းရှာမယ်... စက်ရုံစျေးက ယာယီ ၁၁ ယွမ်သတ်မှတ်မယ်''

''ကောင်းပါပြီ... ဒါပေမဲ့ ကျုပ်ဒေသဆိုင်ရာအထွေထွေကိုယ်စားလှယ်အနေနဲ့ ဦးစားပေးရချင်တယ်'' ချန်ဟယ်က တွေဝေနေခြင်းမရှိဘဲ လက်ခံလိုက်သည်။

ချင်းလင်ဆော့နာမည်ကျော်ပုံနဲ့ဆို လူအတော်များများကဝယ်ချင်ကြမှာ။ တကယ်တော့ သိပ်ကြော်ငြာစရာတောင်မလိုချေ။ ပစ္စည်းရောက်တာနဲ့ တဆင့်ခံကိုယ်စားလှယ်တွေနဲ့အရင်စျေးကွက်က သူ့ဆီအပြေးအလွှားလာကြမည်။

၄ ယွမ်အမြတ်နဲ့ဆို အခုပုလင်း ၃ သန်းပဲရတယ်ထားဦး။ တစ်လကို ၁၂ သန်း။ ကုန်ကျစရိတ်နှင့်တဆင့်ခံလျော့ပေးစျေးနှုတ်လိုက်ရင်တောင် အမြတ်များများကျန်သေးသည်။

အဓိကမှာ ဤကဲ့သို့နေ့စဉ်ထုတ်ကုန်များကို အရေအတွက်နှင့်ရောင်းရခြင်းဖြစ်သည်။ ချင်းလင်ထုတ်လုပ်ရေးတိုးမြှင့်ပြီး မင်စီရင်စု ၉ မြို့စလုံးအရောင်းဖွင့်လိုက်လျှင် တစ်လပုလင်း ၁၅ သန်းတာဝန်ယူရမည်ဆိုလည်း ပြဿနာမဟုတ်။တစ်လသန်း ၆၀ ဖြစ်နိုင်သည်။ ကုန်ကျစရိတ်နှင့်တဆင့်ခံလျော့ပေးစျေးနှုတ်လိုက်လျှင် အမြတ်ကြီးစားနိုင်ပြီ။

သူ့ဦးတည်ချက်က စီရင်စုကိုယ်စားလှယ်ထက်ပိုသည်။

''ကောင်းပြီ... ခင်ဗျားကို ဒေသဆိုင်ရာအထွေထွေကိုယ်စားလှယ်အဖြစ်ဦးစားပေးမယ်... စာချုပ်ကတော့ ခင်ဗျားဆီလူလွှတ်ပြီးလက်မှတ်လာထိုးခိုင်းလိုက်မယ်'' ချင်လင်က ချန်ဟယ်၏တောင်းဆိုချက်ကိုမငြင်း။ ဒေသဆိုင်ရာအထွေထွေကိုယ်စားလှယ်က စီရင်စုတစ်ခုမဟုတ်။ စီရင်စုအများကြီးနှင့် ဒေသတစ်ခုဖြစ်သည်။ များသောအားဖြင့် ဒေသ ၈ ပိုင်းခွဲတတ်ကြ၏။

ဆွေးနွေးပြီးနောက် ချင်လင်ကတန့်ကွမ်းကိုဖုန်းခေါ်ပြီး ချန်ဟယ်နှင့်စာချုပ်ကိစ္စအသေးစိတ်လာရောက်ဆွေးနွေးရန်ခေါ်လိုက်သည်။ နောက်ဆုံးမှ သူလက်မှတ်ထိုးမည်။

…

နေ့လယ်ပိုင်းတွင်_

ချန်ရှန်းဖေက ချင်လင်အားနှုတ်ဆက်လိုက်သည်။ သူကလုကျန်းရှန်နှင့်စကားပြောရင်း အလုပ်မှလစ်လာခြင်းဖြစ်၏။ သူပြန်ရောက်လျှင် ဆုံးဖြတ်စရာကိစ္စရှိနေသေးသည်။

ချင်လင်က ချန်ရှန်းဖေကို ကားပါကင်လိုက်ပို့ပေးလိုက်သည်။ ချန်တပေက ဂိမ်းထုတ်ကုန်အရည်အသွေး ၂ သဘာဝငါးသယ်လာသောအစောင့်တစ်ယောက်နှင့် နောက်ကလိုက်လာ၏။

ချင်လင်လည်း ဝိုင်းပုလင်းကို ချန်ရှန်းဖေလက်ထဲထည့်ပေးလိုက်ကာ_ ''လူကြီးမင်းချန်... ဒီမှာ ခင်ဗျားရဲ့ဝိုင်နဲ့ ငါးနှစ်ကောင်... ဒီကောင်ကြီးက အရင်ကောင်နဲ့အတူတူပဲ''

''ကျေးဇူးတင်ပါတယ် သူဌေးချင်'' ချန်ရှန်းဖေက ပြုံးရွှင်စွာနှင့် ဝိုင်ပုလင်းကိုယူလိုက်သည်။ သူမာလဲ့ဝမ်ဆီမှနည်းနည်းသောက်ဖူးသည်။ ပြီးတော့ ဒီဝိုင်က သူဒီကိုလာရခြင်းအကြောင်းရင်းပင်။

သူလည်း ဒရိုင်ဘာကိုငါးယူခိုင်းလိုက်သည်။ ကားထဲဝင်ပြီးနောက် သူကလုကျန်းရှန်အား_ ''ဥက္ကဌလု... ငါးတစ်ကောင်ယူသွားဦးမလား? တို့နေ့လယ်ကစားတာထက် အရသာရှိလောက်တယ်''

''ထားလိုက်ပါတော့... အလုပ်ရှုပ်တယ်'' လုကျန်းရှန်ကခေါင်းခါလိုက်သည်။ အဲဒီအကောင်ကြီးဆိုတာတွေ သူစားခဲ့ဖူးပြီ။ အရသာက အဲလောက်လည်းမဟုတ်။ ငါးစားချင်လာရင် နံ့သာတစ်ရာပွဲကြည့်စင်ပဲသွားတော့မည်။ ငါးတော့အိမ်ပြန်မသယ်ချင်။

ချန်ရှန်းဖေကိုတော့ အဲလိုတုံးတိကြီးမပြောဘူးပေါ့။

''ဒါဆို မင်းတကယ်ကံဆိုးတာပဲ'' ချန်ရှန်းဖေအပျော်လွန်သွားသည်။

''...'' လုကျန်းရှန်က ချန်ရှန်းဖေကို အံ့သြစွာကြည့်လိုက်၏။

သူကစံအိမ်ကထွက်လာပြီး သူဌေးချင်ရှေ့မှာလည်းမဟုတ်တော့ဘူး။ ဆက်ပြီးဟန်ဆောင်နေတုန်းလား?

ချင်လင်လည်း စံအိမ်ထဲပြန်ဝင်လာပြီး ချန်လီကိုဖုန်းဆက်လိုက်သည်။

''သူဌေးချင်... ဘာကိစ္စရှိလို့လဲ?'' ချန်လီ၏ လှိုက်လှိုက်လှဲလှဲရယ်သံထွက်လာသည်။

ချင်လင်က လိုရင်းပြောလိုက်၏_ ''အကြီးအကဲချန်... မေးစရာလေးရှိလို့... စီရင်စုထဲမှာ အဖွဲ့အစည်းကြီးကြပ်ရံပုံငွေရှိလား? ကျွန်တော့်စက်ရုံထုတ်လုပ်နိုင်စွမ်းကမနိုင်လို့ ရံပုံငွေလိုနေတယ်... ကျွန်တော်စုံစမ်းကြည့်ချင်လို့''

''နေပါဦး... မေးပါရစေဦး!'' ချန်လီက စိုးရိမ်တကြီးပြောလိုက်သည်။ ထို့နောက် တစ်ဖက်မှအချိန်အကြာကြီးတိတ်ဆိတ်သွား၏။

အချိန်တစ်ခုကြာမှ ချန်လီ၏အသံကိုထပ်ကြားရသည်_ ''သူဌေးချင်... အရင်ကစီရင်စုမှာ ဒါမျိုးအထူးရံပုံငွေမရှိဘူး... ဒါပေမဲ့ မင်းတို့ချင်းလင်အစားအသောက်ကုမ္ပဏီအတွက် အထူးတလည်ပြင်ဆင်ပေးနိုင်တယ်... သို့ပေမဲ့လည်းပေါ့နော် ငွေချေးသူအခွင့်အရေးအရ သတ်မှတ်ထားတဲ့အတိုးနှုန်းအပြင် လိုအပ်ချက်တချို့လည်းရှိဦးမယ်: ဒီအထူးရံပုံငွေယူတဲ့စက်ရုံက ရုံချန်းစီရင်စုစက်မှုဇုံတွင်းကပဲဖြစ်ရမယ်... ရုံချန်းစီရင်စုထဲကအလုပ်သမားတွေကိုဦးစားပေးခန့်ရမယ်..."

All Chapters