← Chapters

လူစကားဘယ်လိုပြောရတယ်ဆိုတာ ဘယ်သူမသိတာလဲ?

Vol. 8 Ch. 108

လူစကားဘယ်လိုပြောရတယ်ဆိုတာ ဘယ်သူမသိတာလဲ?

Vol. 8 Ch. 108

မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်သွားသည်။

ချင်လင်လျှောက်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ထောက်ခံချက်ရလာ၏။ ဤသည်ကသူ့ကို ထူးထူးခြားခြားစိတ်သက်သာရာရစေသည်။ ဒီအမှတ်တံဆိပ်နှင့်ပတ်သက်၍ သူ့ကိုမည်သူကမှတရားစွဲသည်ကိုစိုးရိမ်စရာမလိုတော့ချေ။

ရော့ကျားမိုနှင့်ငရုတ်ကောင်းစွပ်ပြုတ်ဖြစ်ရပ်မှာ အခုထိမပြီးသေး။ ဒီမနက်က ငရုတ်ကောင်းစိမ်းသတင်းများတက်လာသည်။

တစ်ခုခုစလိုက်ပြီဆိုတာနှင့် အငွေ့အသက်ကတကယ်မကောင်းတော့ပေ။

လူလိမ်တွေရဲ့ပုံစံက ဝမရှိဘဲဝိလုပ်ချင်သော လူကြီးအတော်များများကို သူခိုးလမ်းပြလုပ်လိုက်သလိုပင်။ ယခုအမှတ်တံဆိပ်မှတ်ပုံတင်ခြင်းက ထိုအမြင်နှင့်ပတ်သက်၍ တိုးတက်လာပုံရသည်။

အမှတ်တံဆိပ်ကိစ္စအပြင် သူ့ကိုဝမ်းသာစေတာတစ်ခုရှိသေးသည်။ လွန်ခဲ့သောရက်ပိုင်းက ချန်လီသတင်းပေးသည်မှာ စီရင်စုက ချင်းလင်အစားအသောက်ကုမ္ပဏီအတွက် သီးသန့်တည်ထောင်လိုက်သော အဖွဲ့အစည်းကြီးကြပ်ရံပုံငွေကို ခွင့်ပြုလိုက်ပြီတဲ့။

ဆင်ခြေဖုံးအရပ်မှဂိုဒေါင်ထဲတွင် ချင်လင်ကဂိမ်းထဲဝင်လိုက်သည်။

သူ့စိတ်ထဲတွင် အဆင့် ၃ သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပင်မှာ ထပ်ကြီးထွားလာပြီဖြစ်သည်။ ဤသည်မှာ ဒုတိယအသုတ်ဖြစ်၏။ လွန်ခဲ့သော ၃ ရက်ကအသုတ်နှင့်ပေါင်းလျှင် နှစ်သုတ်ရှိပြီ။

ဤအပင်များကို သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်လုပ်ရန်အသုံးပြုသည်။

ချင်လင်က သုံးပွင့်ဆိုင်ဇီးပန်းပင်များထားသောခြံဝင်းထဲသွားလိုက်၏။ ထိုအထဲတွင် ၂.၅ မီတာရှည်သော သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပင် ၅၀ နှင့် ၃.၅ မီတာရှည်သောအပင် နှစ်ပင်ရှိသည်။

ချင်လင်ကအချိန်ယူ၍ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို ဂိမ်းထဲမှအပြင်ဘက်ဂိုဒေါင်ထုတ်ကာ သယ်ယူပို့ဆောင်ရေးကြီးကြပ်သူကျောက်လီယွမ်ကိုဖုန်းခေါ်လိုက်၏။

မကြာမီ ကျောက်လီယွမ်က ကားတန်းနှင့်အတူရောက်လာသည်။ ချင်လင်ကိုမြင်သောအခါ သူ့ဆီလျှောက်လာပြီး_ ''ဥက္ကဌချင်... ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေလား?''

ကျောက်လီယွမ်၏သဘောထားမှာ လုံးဝရိုရိုသေသေဖြစ်နေသည်။ အကြောင်းမှာ ဥက္ကဌချင်က သူ့ဖခင်ဖြစ်နေပြီလေ။ ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းက သူ့ကိုလက်လွှဲထားပြီဖြစ်၏။

......

ဥက္ကဌချင်ညွှန်ကြားချက်မှန်သမျှ သူသေချာပေါက်ကောင်းကောင်းလုပ်ရမည်။

ချင်းလင်ဆော့နာမည်ရလာပြီဆိုတာ အားလုံးလည်းအသိ။ နောင်မှာ စက်ရုံကကျယ်ပြန့်လာဦးမည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ လုံးဝတွင်ကျယ်လာဦးမည်။

''အင်း... ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေကို စံအိမ်ပို့ပေးပါ'' ချင်လင်ကခေါင်းညိမ့်ပြီး ညွှန်ကြားလိုက်သည်။

စက်ရုံများမှသယ်ယူပို့ဆောင်ရေးအများစုကိုလက်လွှဲပေးကြပြီး ချင်းလင်အစားအသောက်စက်ရုံလည်းခြွင်းချက်မရှိပေ။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုရွှေ့ပြောင်းစိုက်သည့်လအတွင်း ချင်လင်က ကျောက်လီယွမ်ကိုမဆိုးဟုခံစားမိသည်။ သူ့အလုပ်သူကောင်းကောင်းလုပ်ပြီး သိပ်အမေးအမြန်းမရှိ၊ အစူးအစမ်းမရှိ၊ သိပ်စပ်စုခြင်းလည်းမရှိ။

သူကပုံစံကောင်းပြနိုင်ခဲ့သဖြင့် သူ့ကိုချက်ချင်းဆက်သွယ်ကာ အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။



ကျောက်လီယွမ်ကချက်ချင်း သူငယ်သားအားလှမ်းခေါ်ကာ_ ''အလုပ်စတော့''

ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကိုမကြာမီကားပေါ်တင်ပြီး၍ စံအိမ်သို့ပို့လိုက်သည်။

ယွီရွှေ့က ချင်လင်ဆီမှဖုန်းရပြီးနောက် လူဆယ်ယောက်ခေါ်ကာ ရောက်လာ၏။

ထိုဆယ်ယောက်ကျော်လုံးမှာ ဥယျာဉ်မှူးများဖြစ်ကြသည်။ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်စိုက်ပျိုးအောင်မြင်ပြီးနောက် ဥယျာဉ်မှူးများတစ်ယောက်ပြီးတစ်ယောက်ခေါ်ခဲ့၏။ စံအိမ်ဝန်ထမ်းများတိုးလာပြီဖြစ်၏။

ထို့နောက် ရွက်လွင့်ခြင်း၊ ပန်းပင်လယ်၊ သတို့သမီးခန်း၊ စားကျက်မြေ၊ ငါးပြတိုက် အားလုံးကိုအစီအစဉ်အတိုင်းဖန်တီးမည်။ လူသစ်များအုပ်စုခွဲ၍ခေါ်ရမည်။

သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုထိန်းသိမ်းသူများမှလွဲ၍ ကျန်ဥယျာဉ်မှူးများမှာ ယွီရွှေ့နောက်လိုက်၍ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်စိုက်ပျိုးကြရသည်။

သက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထားလျှင် ချင်းလင်စံအိမ်မှာ ပထမဆုံးခရီးသွားလက်ဆောင်အဖြစ်ရောင်းချနိုင်မည်။

ရှုမျှော်ခင်းနေရာတွင် ခရီးသွားလက်ဆောင်များမှာ မရှိမဖြစ်ပင်။ ရှုမျှော်ခင်းနေရာကြီးလေလေ သူတို့ကိုယ်ပိုင်အထင်ကရနေရာကိုကိုယ်စားပြုသော ခရီးသွားလက်ဆောင်များပိုရှိလေလေဖြစ်ရမည်။

ရှုမျှော်ခင်းနေရာများမှခရီးသွားလက်ဆောင်အတော်များများမှာ ခရီးသည်များအခိုက်အတန့်တွင်တင်လျှင် အသိအမှတ်ပြုနိုင်သည်။

''အလုပ်စတော့'' ယွီရွှေ့က ဥယျာဉ်မှူးများကိုညွှန်ကြားလိုက်သည်။ ထို့နောက်သူက ချင်လင်အားပြုံး၍_ ''သူဌေး... ပန်းမွေ့ရာကိုတစ်ချက်လောက်ကြည့်ချင်သေးလား?''

''သွားကြည့်တာပေါ့!'' ယွီရွှေ့ရဲ့အတွေးကို ချင်လင်နားမလည်ဘဲနေမလား? သူကရာထူးတက်ခါစဖြစ်၍ လုပ်ဆောင်ချက်အမိအရယူကာ သူ့အားရလဒ်ကြည့်စေချင်ခြင်းဖြစ်သည်။

သူဌေးတစ်ယောက်အနေနဲ့ သူဒီအခွင့်အရေးပေးရမည်။

သုံးပွင့်ဆိုင်ဇီးပန်းမွေ့ရာမှာ စံအိမ်အရှေ့ဘက် သစ်တောအနီးတွင်ရှိသည်။ ယခုပန်းမွေ့ရာမှာ သစ်သားလက်ရန်းများကာထားပြီဖြစ်၏။

ယွီရွှေ့က ချင်လင်ကိုအထဲခေါ်သွားရာ ထိုနေရာရောက်သွားသည်။ ထိုနေရာတွင်အိုးစိုက်ပင်များသပ်သပ်ရပ်ရပ်ထားထား၏။ ပျိုးပင်အားလုံးကို ပန်းပင်ကိုင်းများမှ ကိုင်းကူးစိုက်ပျိုးထားခြင်းဖြစ်သည်။

ယွီရွှေ့ကလည်း စိတ်အားတက်ကြွစွာမိတ်ဆက်ပေး၏_ ''သူဌေး... နောက်ကျရင်ပျိုးပင်အားလုံးကို အဲဒီမှာစိုက်မယ်... ပတ်ပတ်လည်မှာပျိုးပင်တွေထားပြီး အလယ်မှာရေလှောင်ကန်တည်ဆောက်မယ်... ဆည်မြောင်းစနစ်လိုမျိုးဖန်တီးမယ်''

''ရံပုံငွေလောက်လို့လား?'' ချင်လင်ကမေးလိုက်သည်။

ယွီရွှေ့ကချက်ချင်းခေါင်းညိမ့်ပြီး_ ''အင်း... သူဌေးကတော်က လုံလုံလောက်လောက်ပေးထားတယ်... ကျန်တာကို သစ်သားလက်ရန်းဝယ်ပြီးအလှဆင်လို့ရသေးတယ်''

''အင်း'' ချင်လင်ကခေါင်းညိမ့်ပြီး ချီးကျူးဖို့လည်းပါးစပ်မနှေး_ ''ကောင်းလိုက်တာ... နောက်ကျရင် ပျိုးပင်တွေကိုင်းကူးစိုက်ပြီး သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ပထမအသုတ်ကို အမြန်ဆုံးပျိုးထောင်ပါ''

''စိတ်မပူပါနဲ့ သူဌေး'' ယွီရွှေ့ကပြုံးပြီး အားတက်သရောခေါင်းညိမ့်ပြလိုက်၏။

သူ့သူဌေးကိုလာကြည့်ရှုရန်ဖိတ်ခေါ်ခဲ့ခြင်းမှာ သူ့သူဌေး၏ထောက်ခံချက်ကိုလိုချင်သောကြောင့်ဖြစ်လေသည်။

…

ချင်လင်ခန်းမထဲပန်ရောက်သောအခါ ကျောက်မိုချင်းကအွန်လိုင်းအခြေအနေကိုအာရုံစိုက်နေကြောင်းတွေ့ရ၏။



''စီရင်စုအော်ဒါတွေပို့ပေးပြီးပြီ... ဒီတစ်ခါတော့ ဘယ်သူမှနာမည်မဖျက်တော့ဘူး'' ကျောက်မိုချင်းက ချင်လင်ဝင်လာသည်ကိုမြင်လျှင် ပြောလိုက်သည်။

ဒီရက်ပိုင်းထဲ ချင်းလင်ဆော့ထပ်ပြီးနာမည်ကျော်လာ၏။

ချင်းလင်အစားအသောက်ကုမ္ပဏီမှာ တဖြည်းဖြည်းလုပ်အားနှစ်ဆတိုးလာသည်။ ချန်လီ live ထဲမှ ပုလင်း ၂၀၀၀၀၀ ကိုပြီးစီးသွားပြီဖြစ်၏။ မှာယူထားသောပြည်သူများလည်း ထုတ်ကုန်ရရှိပြီဖြစ်၍ မြည်းကြည့်ကြသည်။

ချင်းလက်ဆော့ကပိုအရသာရှိမှန်း အားလုံးသိသွား၏။ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပြီးနောက် သူတို့ကိုနှုတ်မြိန်စေကြောင်းမှတ်ချက်များပေးလာကြ၏။

နှုတ်မြိန်စေခြင်းမှာ ခရမ်းချဉ်သီးကိုယ်တိုင်က စစ်ထရစ်အက်စစ်ပါရှိခြင်းကြောင့် ဆော့၏အာနိသင်တစ်ခုဖြစ်သည်။ချင်းလင်ဆော့တွင် နှုတ်မြိန်စေသည့်အရည်အသွေး +၁ ထပ်တိုးပါဝင်ခြင်းကြောင့် အာနိသင်ပိုထက်ခြင်းဖြစ်၏။

မြည်းကြည့်သူတိုင်းက နှုန်မြိန်ကြောင်းသိသွားကြပြီး အထူးသဖြင့် အစားချေးများသည့်ကလေးများက များများစားလာကြ၏။

အချိန်တစ်ခုတွင် ချင်းလင်ဆော့မှာ အစားရွေးသောကလေးမိဘများနှင့် အစားအသောက်ပျက်သူလူနာများအတွက် ဆုလာဘ်တစ်ခုဖြစ်လာသည်။ ဝယ်ယူသူများက ပိုပိုကြိုက်လာကြ၏။

ဖြစ်ချင်တော့ အွန်လိုင်းမှာယူလိုသူတွေက ဒီရေလိုတက်လာပြီး ချင်းလင်အစားအသောက်ကုမ္ပဏီထုတ်လုပ်အားက မလိုက်နိုင်ဖြစ်နေသဖြင့် စီရင်စုအဖွဲ့အစည်းကြီးကြပ်ရံပုံငွေထောက်ခံချက်ကိုစောင့်ရုံသာရှိတော့သည်။

အင်တာနက်ရေပန်းစားခြင်းကြောင့် ကျောက်မိုချင်းလည်း သူမအကောင့်နှင့်လှည့်ပြီး တိတ်တိတ်လေး like ပေးသည်။ စိတ်ဝင်စားစရာမှတ်ချက်များတွေ့လျှင် သူမလည်းတိတ်တဆိတ်ပါဝင်ဆွေးနွေး၏။ သို့သော် တခြားသူများက သူမကို ချင်းလင်ဆော့သူဌေးကတော်မှန်းမသိရှာ။

''ဒီဗီဒီယိုကိုကြည့်ပါဦး'' ကျောက်မိုချင်းက ချင်လင်လက်ထဲဖုန်းထည့်ပေးလိုက်သည်။

သူကဇဝေဇဝါနှင့်ကြည့်လိုက်၏။

ထိုဗီဒီယိုမှာ နည်းနည်းနာမည်ရပညာရှင်တစ်ယောက်ကတင်လိုက်ပုံရသည်။ ရေပန်းစားခေါင်းစဉ်တစ်ခုမှာ စန်းအမျိုးမျိုးထတတ်စမြဲ။ အထူးသဖြင့် တစ်ဖက်သားက ပညာရှင်ဖြစ်နေလျှင် ပိုစိတ်ဝင်စားစရာဖြစ်လာသည်။

''ကျွန်တော် ဒီရက်ပိုင်းထဲ ချင်းလင်ဆော့ကိုလေ့လာကြည့်တာ... ဒီထုတ်ကုန်ရဲ့ပုံစံကနေ နာမည်ရလာတဲ့အထိဖြစ်စဉ်က မယုံနိုင်စရာပဲ... အရသာကိုမပြောနဲ့ဦး... စျေးကွက်မှာပြတ်လပ်အောင်လုပ်နိုင်တာ လုံးဝအထက်တန်းကျတယ်... ဒီသူဌေးက စျေးကွက်ကိုအာသီသရှိအောင် ထိန်းချုပ်ထားတယ်...''

ချင်လင်က ဗီဒီယိုထဲမှထိုပညာရှင်၏ နည်းလမ်းတကျသုံးသပ်ချက်ကိုနားထောင်ရင်း မှင်တက်သွားသည်။

သေစမ်း... စျေးကွက်ကိုပြတ်လပ်အောင် ချုပ်ကိုင်ထားတာတဲ့လား...

သူက ကျောက်မိုချင်းကိုယ်ပိုင်အကောင့်ကိုသုံး၍ ဗီဒီယိုအောက်တွင်မှတ်ချက်ရေးလိုက်သည်: ဆရာ... ချင်းလင်ဆော့ထုတ်လုပ်ရေးက တကယ်မလုံလောက်တာဆိုရင်ရော?

ဒီဗီဒီယိုကအသစ်တင်ထားတာဆိုတော့ လူတွေအများကြီးမမြင်လောက်သေး။ ပညာရှင်ဆရာက ချင်လင်အား_ ''ဒါလုံးဝ ပညာရှင်မဆန်တဲ့အမြင်ပဲ... ဆရာ့အတန်းကိုတက်လိုက်မယ်ဆိုရင် လက်ရှိမင်းရဲ့အမြင်ပြောင်းသွားလိမ့်မယ်... အောက်က link ထဲမှာ ဆရာ့အတန်းအတွက် သင်တန်းကြေးသွင်းလို့ရတယ်''

''...'' ချင်လင်ကမတတ်သာစွာနှင့် ခေါင်းခါလိုက်ပြီး_ ''ဆရာက အတော်ဆုံးပါပဲ''

လူ့အဖွဲ့အစည်းဖွံ့ဖြိုးလာသည်နှင့်အမျှ ပညာရှင်တွေ ပါမောက္ခတွေများလာသော်လည်း ထိုအထောက်အထားကိုယုံကြည်လက်ခံနိုင်စွမ်းလျော့ကျလာသည်မှာ အံ့သြဖွယ်မရှိတော့။

ထိုပညာရှင်ပါမောက္ခတွေလုပ်နိုင်စွမ်းမရှိခြင်းကြောင့်မဟုတ်။ မဖြစ်နိုင်ခြင်းကြောင့်ပင်။ တိုင်းပြည်အတွင်း စက်မှုလုပ်ငန်းများစွာ၏နည်းပညာမြင့်ဆောက်လုပ်ရေးမှာ မရေမတွက်နိုင်သောပညာရှင်များ ပါမောက္ခများ၏ အလုပ်ကြိုးစားမှုရလဒ်ဖြစ်ပေသည်။

သို့သော် အမှန်အကန်အင်အားရှိပညာရှင်ပါမောက္ခများက ထွက်လာပြီး လူထုကိုမလှည့်စား။ သူတို့မှာ ကျွမ်းကျင်မှုပင်လယ်ထဲမြှုပ်နေပြီး ပိုမြင့်မားပြင်းပြသောဆန္ဒများရှိကြသည်။

သို့ရာတွင် အင်တာနက်ပေါ်ရှိ တချို့ထူးဆန်းသော ပညာရှင်ပါမောက္ခများမှာ ရှိရင်းစွဲဂုဏ်မြင့်မြတ်မှုများကို ဖျက်ဆီးနေကြ၏။

မဟုတ်လျှင် 'ဆင်းရဲသားများကျောင်းမသွားနိုင်။ အကြောင်းမှာ သင်ကြားမှုနိမ့်လွန်းသောကြောင့်'၊ 'အိမ်ငှားခတွေစျေးကြီးရခြင်းမှာ နိုင်ငံတကာနှင့်ဆက်သွယ်ထားခြင်းကြောင့်ဖြစ်သော်လည်း အိမ်ခြံမြေစျေးနှုန်းများ ဆက်လက်ကျဆင်းနေခြင်း'ဟူသော ကိစ္စရပ်များရှိနေမည်မဟုတ်ပေ။

ဒီလိုအဆင့်အတန်းရှိ ပညာရှင်ပါမောက္ခတွေက လူစကားမပြောကြလျှင် ချင်လင်လည်း ပညာရှင်လုပ်နိုင်သည်ပင်။

လူငယ်တွေလစာမြင့်လွန်းပြီး လက်ဖွဲ့ငွေမလုံလောက်တာပဲလေ။ လူစကားဘယ်လိုပြောရတယ်ဆိုတာ ဘယ်သူမသိတာလဲ?

All Chapters