ဒီလူကအောင်မြင်မှုနဲ့ထိုက်တန်တယ်! အဆင့်ထပ်တက်ပြန်ပြီ!
Vol. 8 Ch. 109
ကျောက်မိုချင်းက ချင်လင်၏မှတ်ချက်ကိုမြင်လျှင် မနေနိုင်ဘဲစလိုက်သည်_ ''ဒီပညာရှင်က ရှင့်ထက်ပိုပြီး ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့အခြေအနေကိုသိတဲ့ပုံပဲ''
ဘဝမှာ ထူးဆန်းတာအမျိုးမျိုးကြုံရစမြဲဖြစ်၍ ထိုပညာရှင်အတွက်နှင့် စိတ်အနှောင့်အယှက်ဖြစ်မခံ။
ဒီကိစ္စကိုရေးကြီးခွင်ကျယ်လုပ်နေမယ့်အစား စက်ရုံထုတ်လုပ်နိုင်စွမ်းပြဿနာကိုပဲ မြန်မြန်ဆန်ဆန်ဖြေရှင်းလိုက်မည်။
ချင်လင်က_ ''မိုချင်း... ဝန်ထမ်းတွေရဲ့ဘဏ်အချက်အလက်တွေကိုစာရင်းသွင်းပြီးပြီလား? နေ့လယ်ကျရင် ဘဏ်သွားမှာ... သူတို့ကိုလစာပေးရမယ်''
''အကုန်သွင်းပြီးပြီ'' ကျောက်မိုချင်းက မှတ်စုဖွင့်၍ လျှို့ဝှက်နံပါတ်နှင့်ဝင်လိုက်သည်။ သူမကအချက်အလက်စာဖိုင်တစ်ခုကိုဖွင့်လိုက်၏။
စာဖိုင်မှာ နာမည်များနှင့်ပြည့်နေသည်။ ထိပ်ဆုံးတွင် ကောင်းယောင်ယောင်၊ ဆရာလင်း၊ ချန်တပေ၊ အစ်မဟုန်၊ တန့်ကွမ်း၊ ယွီရွှေ့နှင့်တခြားဝန်ထမ်းများဖြစ်သည်။
အရင်က စံအိမ်ဝန်ထမ်းအနည်းငယ်မျှသာဖြစ်၍ လစာကိုသူကိုယ်တိုင်လွှဲပေး၏။
ယခုမူ လူတွေများလာပြီး စံအိမ်ဥယျာဉ်မှူးများလည်းထပ်ခေါ်ထားသဖြင့် ဝန်ထမ်း ၅၅ ဦးရှိနေပြီဖြစ်သည်။ စက်ရုံတွင်လည်းထုတ်လုပ်ရေးလိုင်း ၇ ခုနှင့်ထုတ်နေသည်။ အလှည့်ဆိုင်းနှစ်ခုခွဲဆင်းရန် ဝန်ထမ်းများတစ်ယောက်ပြီးတစ်ယောက်ခန့်ပြီးနောက် ဝန်ထမ်းအရေအတွက်မှာ ၉၅ ယောက်ရှိလာပြီး နောင်လည်းပိုများလာဖွယ်ရှိ၏။
တစ်နည်းဆိုရလျှင် သူ့တွင်ဝန်ထမ်း ၁၅၀ ရှိနေပြီဖြစ်သည်။ ရုံချန်းစီရင်စုတွင် သူ့ကိုသူဌေးကြီးဟုသတ်မှတ်နိုင်၏။
ထို့ကြောင့် နောင်ဝန်ထမ်းလစာရှင်းလျှင် အာမခံကြေးနှင့်ရံပုံငွေတို့ကို တစ်ယောက်ချင်းလွှဲရန်မဖြစ်နိုင်တော့ချေ။ သူ့ကိုယ်စား ဘဏ်မှလွှဲခိုင်းရမည်။
အရင်ဆုံးဝန်ထမ်းအချက်အလက်များကို ဘဏ်သို့ပေးရ၏။ ထို့နောက် ဝန်ထမ်းများက သူတို့ ID ကတ်များကိုမိတ္တူဆွဲ၍ လစာစာရင်းကိုအတည်ပြုရသည်။
ဤနည်းဖြင့် သီးသန့်လစာပေးအကောင့်ဖွင့်နိုင်ပြီး ဘဏ်တွင်သဘောတူလက်မှတ်ထိုးနိုင်မည်။ နောင်တွင် လစဉ်စုပေါင်းငွေပမာဏကို ထိုအကောင့်ထဲလွှဲလိုက်တိုင်း ဘဏ်က ဝန်ထမ်းလစာကတ်ထဲပို့ပေးမည်ဖြစ်သည်။
သပ်သပ်ရပ်ရပ်အချက်အလက်များကိုကြည့်လိုက်လျှင် ကျောက်မိုချင်းအားစိုက်လုပ်ထားမှန်းသိသာ၏။
ချင်လင်က_ ''မင်းအလုပ်ကြိုးစားခါးတာပဲ''
ကျောက်မိုချင်းက ထေ့ငေါ့ပြီး_ ''သိရင်ပြီးတာပဲ''
ချင်လင်က နည်းနည်းမာန်တက်နေသောကျောက်မိုချင်းကိုကြည့်၍ သူမနားနားကပ်ကာ_ ''ဒီတော့ ဒီည မင်းကျောကိုချေးတွန်းပေးပြီး ဆုချရမလား?''
''လူကြားထဲမှာ...'' ကျောက်မိုချင်းက ချင်လင်ကိုချက်ချင်းစိုက်ကြည့်ပြီး သတိလက်လွတ်သူ့ခါးကိုထုလိုက်သည်။
ကျောတိုက်ပေးမယ်တဲ့... ဘာသဘောလဲ?
သူနဲ့ရေချိုးချင်နေတာများ။
နေ့လယ်ပိုင်း၌_
ချင်လင်က ချန်လီဆီမှဖုန်းရ၍ စက်ရုံဘက်ထွက်လာခဲ့သည်။
တန့်ကွမ်းက စာဖိုင်တစ်ခုနှင့်စောင့်နေ၏။

တန့်ကွမ်းကားထဲဝင်ပြီးနောက် သူကကားစက်နှိုးလိုက်ပြီး_ ''အချက်အလက်မှားတာရှိလို့လား?''
တန့်ကွမ်းက_ ''စိတ်မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော်ခဏခဏစစ်ကြည့်ပြီးပါပြီ... ဘာမှအမှားအယွင်းမရှိပါဘူး''
''ကောင်းပြီ!'' ချင်လင်ကခေါင်းညိမ့်ပြီး ရုံချန်းစီရင်စုရုံးခွဲဘက်မောင်းလိုက်သည်။
စီရင်စုက သူ့အတွက်အထူးတည်ထောင်ပေးသော အဖွဲ့အစည်းကြီးကြပ်ရံပုံငွေ၊ ထိုရံပုံငွေ၏စက်ရုံမှာ ရုံချန်းစီရင်စုအတွင်းရှိရမည်။ ရုံချန်းစီရင်စုသားများကို ဦးစားပေးအလုပ်ခန့်ရမည်... စသည့်အခြေအနေတချို့ပါသည်။
သူမငြင်း။
ရုံချန်းစီရင်စုကားလမ်း၊ ဘူတာရုံ၊ သယ်ယူပို့ဆောင်ရေးဝင်း... သယ်ယူပို့ဆောင်ရေးအထောက်အပံ့အားလုံးရနိုင်သည်။ တကယ်တော့ ဒီမှာစက်ရုံဖွင့်လည်းမဆိုး။
ဒီတစ်ကြိမ်အထူးအဖွဲ့အစည်းကြီးကြပ်ရံပုံငွေမှာ အရင်တစ်ခေါက်ထောက်ပံ့ငွေလျှောက်ထားခြင်းနှင့်မတူပေ။
စီရင်စုမှာ ပူးပေါင်းအထူးအဖွဲ့အစည်းကြီးကြပ်ရံပုံငွေအတွက်လှုပ်ရှားရန် ရက်ပိုင်းခန့်အချိန်ယူရမည်။
ယခုစီရင်စုလုပ်ငန်းစဉ်လည်ပတ်နေပြီဖြစ်ရာ ဘဏ်မှငွေဖြတ်ရန် စက်ရုံအသေးစိတ်အချက်အလက်လိုသည်။ ထိုအချက်ရလျှင် မြန်ဆန်လာမည်။ ငွေလည်းမကြာခင်ပေါ်မည်။
ချင်လင်က တန့်ကွမ်းနှင့် ဘဏ်ကားပါကင်ထဲမောင်းဝင်လိုက်ရာ ချန်လီက သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးနှင့်အတူ ဧည့်ခန်းထဲတွင် အသင့်စောင့်နေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက မနေနိုင်ဘဲမေးလိုက်၏_ ''အကြီးအကဲချန်... ချင်းလင်အစားအသောက်ကုမ္ပဏီက ဒီလိုမျှော်လင့်ချက်မျိုးတကယ်ရမယ်ထင်လား?''
ချန်လီကပြုံး၍_ ''မျှော်လင့်ထားတဲ့အတိုင်းမဖြစ်ဘူးဆိုရင်တောင် ရလဒ်ကမဆိုးလောက်ဘူး... မဟုတ်ရင် စီရင်စုအစည်းအဝေးက ဒီလောက်လွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး''
စီရင်စုက သူဌေးချင်အပေါ် ပိုပြီးအာရုံစိုက်လာသည်။
အစက ချင်းလင်စံအိမ်ကိုပဲ မျှော်လင့်ထား၏။ အကြောင်းမှာ စံအိမ်ခရီးသွားများက စီရင်စု၏ကမ္ဘာလုံးဆိုင်ရာခရီးသွားအစီအစဉ်ကို အထောက်အပံ့ဖြစ်စေသောကြောင့်ပင်။
ဖွင့်လိုက်သည်နှင့် ချင်းလင်စံအိမ်တိုးတက်မှုမှာ ထင်သည်ထက်ပိုကောင်းနေသည်။ ခရီးသည်ဦးရေပင်ကန့်သတ်ထားရ၏။ ထို့အပြင် စံအိမ်မှာ စီရင်စုနှင့်ကပ်နေသည်။ လွှမ်းမိုးနိုင်စွမ်းကလည်း ရုံချန်းစီရင်စုအတွင်း တခြားရှုမျှော်ခင်းနေရာများထက် ပိုအားကောင်းသည်ဟုဆိုင်နိုင်၏။
ချင်းလင်စံအိမ်လုပ်ငန်းများပြီးစီးသွားလျှင် စီရင်စုမှာ ချင်းလင်စံအိမ်ကိုလူသိများအောင် အတတ်နိုင်ဆုံးကူညီပေးမည်ဟု ဆုံးဖြတ်ထားသည်။ နှစ်စဉ်ချင်းလင်စံအိမ်ကိုခရီးသွားသန်းချီရအောင်ကူညီပေးနိုင်လျှင် ရုံချန်းစီရင်စုပုံရိပ်လည်း ပိုကြီးမားလာမည်။
သို့သော် ချင်းလင်စံအိမ်မှ ချင်းလင်ဆော့ဘရန်းထပ်ထုတ်မည်ဟု စီရင်စုကမထင်ထားပေ။ အဓိကမှာ ဆော့ကနာမည်ကျော်နေပြီး တခြားဘရန်းများထက်တောင် အရသာရှိနေသေး၏။
ဒီလိုအခြေအနေမျိုးကို စီရင်စုကအာရုံစိုက်ရပေမည်။ သူတို့က ဆိုင်ရာဆိုင်ကြောင်းဆော့လုပ်ငန်းများကိုပင်စုံစမ်းခဲ့ပြီး ၄င်းအတွက်စျေးကွက်ဘယ်လောက်ကြီးကြောင်းကိုပါသိခဲ့သည်။
ရသာကောင်းမှာ မနှစ်ကစီရင်စုအတွင်း ယွမ် ၃၇.၇ သန်းရခဲ့ပြီး လောင်ကန်းမာထက် ၇ ဆသာ၏။ အများစုမှာ ဆော့ရောင်းခြင်းမှရခဲ့သည်။
ထိပ်တန်းဘရန်း ၁၀ ခုထဲတွင် အနိမ့်ဆုံးက ဆော့နှင့် ယွမ် ၄ ဘီလီယံကျော်ဝင်ငွေရသည်။
ယခုချင်းလင်ဆော့မှာ စျေးကွက်အတွင်းသို့ အလွန်ရိုးရိုးရှင်းရှင်းနှင့်သဘာဝအတိုင်းဝင်လာခဲ့၏။ ဒီစျေးကွက်ပင်လယ်ရေကို သူလည်းဝင်သောက်ဖို့မျှော်လင့်ချက်ရပြီ။
ထို့ကြောင့် စီရင်စုကမဖြစ်မနေ အလေးအနက်ထားလာရ၏။ စီစဉ်ထားသည့်အတိုင်းဆိုလျှင် ချင်းလင်အစားအသောက်ကုမ္ပဏီမှာ ရုံချန်းစီရင်စုအတွင်း သေချာပေါက်လုပ်ငန်းကြီးတစ်ခုဖြစ်လာပေမည်။
ရုံချန်းစီရင်စုအတွက်အကျိုးအမြတ်များလည်း ကြီးပွားလာမည်။
ဤသည်က မျှော်မှန်းချက်ဖြစ်၏။ အခြေအနေတစ်ခုမရောက်ခင်အထိ ဘာမဆိုဖြစ်သွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် နဂိုအလားအလာကောင်းပြီးသား ကုမ္ပဏီအတော်တော်များများတောင် လျင်လျင်မြန်မြန်ပြိုလဲတတ်ကြ၏။ အကြောင်းမှာ လုပ်ငန်းရှင်များက အောင်မြင်ရန်စိတ်စောနေကြခြင်း (သို့) အမှားလုပ်ကြခြင်းကြောင့်ပင်။
လက်ရှိဤကိစ္စမှာ စီရင်စုအစိုးရိမ်ဆုံးဖြစ်နေသည်။ ဖြစ်ချင်တော့ သူဌေးချင်က စီရင်အပေါ်ပုံရိပ်ကောင်းပြသနိုင်ခဲ့ပြီး အလွန်စနစ်တကျရှိ၏။ ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်သူဟုယူဆနိုင်သော်လည်း လူငယ်ဘာဝ ကြွားဝါခြင်းမျိုးမရှိ။ သူ့အောင်မြင်မှုကိုလူတိုင်းသိစေလိုသော်လည်း ပိုက်ဆံနည်းနည်းရှာနိုင်ရုံနှင့်ဘဝပျက်သွားသောလူငယ်များကဲ့သို့မဟုတ်ပေ။

ဒီလိုလူငယ်မျိုးအောင်မြင်တာ အဆန်းမဟုတ်၍ စီရင်စုက ပြတ်ပြတ်သားသားထောက်ပံ့ငွေထပ်ပေးခြင်းဖြစ်သည်။
သူတို့ဘေးတွင် ဝတ်စုံပြည့်နှင့်ဧည့်ကြိုက သူတို့စကားပြောနေသည်ကို စိတ်ဝင်တစားနားထောင်နေ၏။
ဥက္ကဌနှင့်အကြီးအကဲချန်ကိုယ်တိုင်ဆင်းပြီး စောင့်နေရသည်။ သူမက သူတို့ဘယ်သူလဲအလွန်သိချင်နေ၏။
သူတို့စကားအရဆိုလျှင် သူတို့နှစ်ဦးစောင့်နေသောသူမှာ ချင်းလင်စံအိမ်သူဌေးမှန်း သူမပြောနိုင်သည်။
ထို့ကြောင့် နည်းနည်းစိတ်ဝင်စားမိ၏။ ချင်းလင်စံအိမ်နှင့် ချင်းလင်ဆော့နာမည်ကျော်လာပြီးနောက် အွန်လိုင်းမှလူအတော်များများက နောက်ကွယ်ကသူဌေးက ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာ သိချင်နေကြသည်။
သို့သော် ချင်းလင်စံအိမ်သူဌေးမှာ သိုသိုသိပ်သိပ်နေတတ်သူဖြစ်၍ သူအကြောင်းသိသူအလွန်နည်း၏။
သူမတွေးနေစဉ် အကြီးအကဲချန်က တံခါးပေါက်မှဝင်လာသောလူငယ်တစ်ဦးအားကြိုဆိုနေသည်ကို တွေ့လိုက်ရသည်။
''သူဌေးချင်!'' ချန်လီက ချင်လင်ကိုတွေ့သောအခါ ချက်ချင်းရှေ့တိုး၍ သူနှင့်ပါလာသော သက်လတ်ပိုင်းအမျိုးသားကိုမိတ်ဆက်ပေးလိုက်သည်_ ''ဒါဥက္ကဌလင်း... လင်းရှစ်ဝေ''
''သူဌေးချင်ကို ဒီလောက်ငယ်မယ်လို့မထင်ထားဘူး'' လင်းရှစ်ဝေမျက်နှာမှာ စိတ်အားတက်ကြွမှု၊ ဝမ်းသာဂုဏ်ယူမှုအပြည့်နှင့်။
သူ့စီရင်စုလေး၏ဌာနခွဲဥက္ကဌအနေနှင့် သူ့မှာအလွန်သောကများရသည်။ အထက်ကချပေးသောတာဝန်များမှာလေးလံပြီး လစာကလည်း စီးပွားဖြစ်မဖြစ်နှင့်ဆက်စပ်နေ၏။
စီရင်စုငယ်လေးမှာ စီးပွားဖြစ်ရန်လည်းအလွန်ခက်သည်။ နေရာကြီးများတွင်မူ လယ်ယာများစွာ၊ အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး၊ လက်လွှဲ၊ ရွာ၊ မြို့နှင့် ကုန်သည်ကြီးများဘဏ်တို့ရှိ၏။
ဥပမာဆိုရလျှင် သူဌေးချင်က ချင်းလင်ဆော့ကိုပိုကြီးအောင်လုပ်နိုင်ပါက သူကသေချာပေါက်အကောင်းဆုံးဖောက်သည်ဖြစ်လာမည်။ နောင်တွင် တစ်ဖက်သားက သူ့ဝန်ထမ်းလစာပေးခဲ့သည်ဆိုလျှင်တောင် စီရင်စုက ဒီငွေပမာဏကိုထောက်ခံလိုက်ရင် လူပေါင်းရာချီရှိလာနိုင်သည်မဟုတ်ပါလား?
ဒီနှုန်းက အလွန်မြင့်သည်။
စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီအကောင့်များပေါင်းလိုက်လျှင် သေချာပေါက် ရုံချန်းစီရင်စုအခွဲအားလုံးကယှဉ်ပြိုင်ချင်သော ဖောက်သည်တစ်ယောက်ဖြစ်လာမည်။
သူဒီအခွင့်အရေးကိုအမိအရဆုပ်ကိုင်ရမည်။
''သူဌေးချင်... ဥက္ကဌလင်းရုံးခန်းထဲသွားရအောင်'' ချန်လီက ချင်လင်ကိုဖိတ်လိုက်သည်။
''ဟုတ်တယ်... လက်ဖက်ရည်သောက်ရင်း စကားပြောရအောင်'' လင်းရှစ်ဝေကလည်း အပြုံးနှင့်ဖိတ်ခေါ်လိုက်၏။
သူ့နံဘေးမှဧည့်ကြိုက ချင်လင်ကိုအံ့အားသင့်စွာကြည့်နေသည်။
ချင်းလင်စံအိမ်သူဌေးက မငယ်လွန်းဘူးလား? ဒါသူဆိုတာ ဘယ်သူမှယုံမှာမဟုတ်။
လင်းရှစ်ဝေနှင့်ချန်လီနောက်လိုက်၍ အပေါ်ထပ်တက်သွားပြီး ချင်လင်အတွက်အထူးအထွေလုပ်စရာမရှိပါချေ။ သူကတန့်ကွမ်းအား စက်ရုံအချက်အလက်များကို လင်းရှစ်ဝေထံပေးစေပြီး လစာပေးဝေသည့်ကိစ္စကိုင်တွယ်ရန် ဝန်ထမ်းအချက်အလက်များပါပေးလိုက်သည်။
လင်းရှစ်ဝေက ချင်လင်အတွက် မတုံ့မဆိုင်းဘဲ ထိုကိစ္စဖြေရှင်းရန် ညွှန်မှူးတစ်ယောက်ချက်ချင်းရှာလိုက်၏။ ချင်လင်က တန့်ကွမ်းအား ထိုညွှန်မှူးဆီလက်လွှဲပေးခိုင်းလိုက်သည်။ ထို့နောက် ချန်လီနှင့်လင်းရှစ်ဝေက လက်ဖက်ရည်သောက်ခေါ်သဖြင့် စောင့်ဆိုင်းရင်းစကားပြောနေလိုက်၏။
ချန်လီကလက်ဖက်ရည်နှပ်ရင်း ချင်လင်အားတစ်ခုခုပြောလိုက်သည်_ ''သူဌေးချင်... မင်းရဲ့စံအိမ်ကိုပတ္တရောင်လှည့်မယ့် ခရီးသွားအရာရှိအဖွဲ့လာလိမ့်မယ်''
...
သက်ဆိုင်ရာလုပ်ငန်းစဉ်များကို နှစ်နာရီအကြာဖြေရှင်းပြီးသွားသည်။ စီရင်စုက ထောက်ခံပေးသည်ကိုစောင့်ရန်သာရှိတော့၏။
ချင်လင်ကဘဏ်မှထွက်လာပြီး တန်ကွမ်းကိုစက်ရုံပြန်ပို့လိုက်သည်။ စံအိမ်ပြန်မောင်းလာသောအခါ ညနေရောက်နေပြီ။ သူ့စိတ်ထဲတွင် ဂိမ်းမှအသိပေးစာဝင်လာသည်။ ညနေပိုင်းသီးနှံတစ်သုတ်မှည့်နေလေပြီ။
သူကဂိမ်းဇာတ်ကောင်အား သီးနှံမှည့်များချက်ချင်းခူးစေပြီး သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ညနေပိုင်းမှည့်သောသီးနှံများကို နောက်နေ့မနက်သီးနှံများနှင့် စံအိမ်ပို့၏။
သီးနှံမှည့်များခူးပြီးသည်နှင့် ချင်လင်က ဂိမ်းဇာတ်ကောင်အား မျိုးစေ့အသစ်များချစေလိုက်သည်။
သူကစိုက်မည်ကြံရုံရှိသေး နောက်ထပ်အသိပေးစာက ရုတ်တရက်သူ့စိတ်ထဲပေါ်လာပြန်သည်:
(ဂိမ်းဇာတ်ကောင်အဆင့်တက်သွားပါပြီ!)