← Chapters

စွမ်းအားပင်ရဲ့အသီး!

Vol. 8 Ch. 110

စွမ်းအားပင်ရဲ့အသီး!

Vol. 8 Ch. 110

ချင်လင်မျက်နှာဝင်းလက်သွားသည်။ နောက်ဆုံးတော့ အဆင့်ထပ်တက်ပြီ။

သူကအဆင့်မြှင့်ပြီးနောက် ပြောင်းလဲမှုများကိုချက်ချင်းကြည့်လိုက်၏။

အဆင့်တက်ပြီးနောက် နောက်ထပ်မြေကွက် ၆ ကွက်ထပ်ဖွင့်နိုင်ပြီး အဆင့် ၃ မြေအဖြစ်မြှင့်တင်နိုင်၏။

ထို့အပြင် လယ်ကွက်ကိုလည်း အဆင့် ၂ သို့မြှင့်နိုင်သည်။

ထ်ုအချိန်အတွင်း ဆန်နှင့်အရည်အသွေး ၁ သီးနှံများကိုဂိမ်းထဲတွင်ရောင်းချနိုင်ရုံသာမက သတ္တုတွင်းမှသတ္တုများကိုလည်းရောင်းနိုင်၏။ ဂိမ်းထဲတွင် ရွှေပြားပြတ်လပ်ခြင်းမရှိပေ။

ချင်လင်က ချက်ချင်းအဆင့် ၃ နှင့် အဆင့် ၂ မြေကွက်အဖြစ်မြှင့်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကို မျိုးစေ့ဆိုင်သွားစေလိုက်၏။

မြေအဆင့်မြှင့်တိုင်း မျိုးစေ့ဆိုင်တွင် သီးနှံအသစ်များပေါ်လိမ့်သည်။ အရင်က အဆင့် ၃ သီးနှံများကိုသိထားပြီးဖြစ်၏။ ဒီတစ်ကြိမ်တွင် အဆင့် ၂ လယ်ကွက်အတွက် စစ်ကြည့်ချင်သည်။ အစေ့လွတ်ဖရဲမျိုးစေ့ကဲ့သို့ အထူးမျိုးစေ့များထပ်ရကောင်းရနိုင်၏။

NPC နှင့်စကားပြောပြီးနောက် မျိုးစေ့စာရင်းကိုနှိပ်လိုက်သည်။

အဆင့် ၂ လယ်ကွက်အတွက် အမှန်ပင်တချို့မျိုးစေ့များဝယ်နိုင်ပြီဖြစ်၏။ ရေထင်းရှူး၊ ပေါ့ပလာပင်၊ စကားဝါပင်နှင့် လယ်ကွက်ထဲစိုက်နိုင်သောတခြားပင်ပျိုများရှိသည်။ ဖြစ်ချင်တော့ ကြယ်ပွင့်ပြထားသော အထူးမျိုးစေ့လုံးဝမရှိ။ သို့သော် အောက်ဆွဲချလိုက်သည့်အခါ ထင်မှတ်မထားသည့်တစ်ခုကို ချင်လင်တွေ့လိုက်ရသည်။

ကမာမျိုး၊ ရေချိုငါးဥ၊ ဖားလောင်းနှင့် မဟာလှေကားပန်းများ။

ထိုအရာများကို လယ်ကွက်အထောက်အပံ့ပစ္စည်းများအဖြစ်အမှတ်အသားပြုထားသည်။ ဆိုလိုသည်မှာ စပါးစိုက်ထားသည့်လယ်ကွင်းက ထိုအရာများကိုအထောက်အပံ့ဖြစ်စေ၏။

ထိုအရာကိုမြင်လျှင် ချင်လင်ကအမှတ်တရများကိုသတိရသွားသည်။

သူကကျေးလက်ကလေးငယ်အဖြစ် ကြီးပြင်းခဲ့ရခြင်းဖြစ်၏။ ခြောက်တန်းမရောက်ခင်အထိ ရွာမူလကျောင်းမှာပဲတက်ခဲ့သည်။

ထိုအချိန်က စပါးစိုက်ချိန်ကျလျှင် သူ့အဖေနောက် ဘောလုံးလေးနှင့်လိုက်သွား၏။ လယ်ကွင်းထဲရောက်လျှင် ကမာ၊ ရေချိုငါး၊ ငါးရှဉ့်များဖမ်းလေ့ရှိသည်။

ထိုအချိန်မှာ ကလေးဘဝတွင်အပျော်ဆုံးအချိန်လည်းဖြစ်၏။ သူပိုစားနိုင်သည့်အပြင် ရွှံ့ထဲတွင်အရိုက်ခံရမည်မကြောက်ဘဲ ကစားနိုင်သည်။

ယခုရွာသားများမှာ စီရင်စုမြို့တော်ဆီပြောင်းရွှေ့လာကြပြီး လယ်လုပ်သူလည်းရှိပုံမပေါ်တော့ချေ။

အတိတ်ကို ပြန်မရနိုင်တော့ပြီ။

မွေးမြူရေးကမာများမှာလည်း အရင်လိုအရသာမရှိတော့ပြီ။

ချင်လင်က ချက်ချင်းကမာတစ်သုတ်ဝယ်လိုက်၏။

သူ့အဖေလုပ်ကျွေးသောကမာမှာ သူအကြိုက်ဆုံးအစားအစာတစ်ခုပင်။

(ကမာမျိုး: အရည်အသွေး ၁)

(အထူးမွေးမြူရေးကမာဖြစ်ပြီး ရေလုပ်ငန်းမွေးမြူရေးနှင့်တွဲထားနိုင်သည်။ အကောင်ကြီးထွားချိန်: တစ်ရက်)



ချင်လင်က ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံထဲပြန်စေလိုက်သည်။ အဆင့် ၂ လယ်ကွက်ထဲရောက်သောအခါ စိုက်ပျိုးထားသောစပါးနှင့်တွဲစိုက်နိုင်သောအသိပေးစာလည်းပေါ်နေကြောင်း သတိထားမိလိုက်သည်။

(ကမာထည့်လိုပါသလား?)

ချင်လင်က ထည့်မည်ကိုတန်းရွေးလိုက်ရာ အဆင့် ၂ လယ်ကွက်ထဲတွင် အသိပေးစာချက်ချင်းပေါ်လာသည်။

ထို့နောက် ဂိမ်းဇာတ်ကောင်အား အသစ်ဖွင့်နိုင်သောမြေကွက် ၆ ကွက်ကိုဖွင့်စေလိုက်၏။

ထိုမြေကွက် ၆ ကွက်မှသီးနှံများကို ဂိမ်းထဲတွင်သာဆက်လက်ရောင်းချမည်။

သူက ဂိမ်း၏အရည်အသွေး ၁ သီးနှံကိုမတိုးချင်။

စံအိမ်လုပ်ငန်းချဲ့ထွင်ပြီးလျှင် တဖြည်းဖြည်းသီးနှံလျှော့ချရန် (သို့) ၄င်း၏လုပ်ဆောင်ချက်အသုံးပြုမှုများလျှော့ချရန်စီစဉ်ထားသည်။ တစ်သုတ်ချင်းပုံမှန်ထုတ်ပြီး ခရီးသွားသူတချို့သာဝယ်ယူနိုင်မည်။

ဂိမ်းမှအရည်အသွေး ၁ ပစ္စည်းပင် တန်ဖိုးရှိလာပေမည်။

သူကဂိမ်းဇာတ်ကောင်အား ထိုမြေကွက် ၆ ကွက်ကိုသွားစေပြီး မြေပေါ်တွင်ပေါင်းသင်၊ ကျောက်ခွဲ၊ သစ်ပင်ခုတ်လုပ်စေ၏။ ထို့နောက် ပေါက်ပြားပြောင်း၍ မြေကွက် ၆ ကွက်ကိုဖွံ့ဖြိုးစေလိုက်သည်။

ပထမ ၅ ကွက်မှာပုံမှန်ဖြစ်၏။ ၆ ကွက်မြောက်ကိုဖွံ့ဖြိုးစေသည့်အခါတွင်မူ သူ့စိတ်ထဲတွင်နောက်ထပ်အသိပေးစာပေါ်လာ၏:

(စွမ်းအားပင်အသီးကိုရရှိသည့်အတွက် ဂုဏ်ယူပါတယ်!)

''???'' ချင်လင်က ဂိမ်းဇာတ်ကောင်လက်ထဲမှ ဖရဲသီးအနီလိုအသီးကိုကြည့်ရင်း အံ့သြသွားသည်။

အားလုံးသိတဲ့အတိုင်း စိုက်ပျိုးမွေးမြူရေးပုံပြင်မှာ ကျေးလက်မြို့ပြထဲမှစိတ်ကူးယဉ်တောင်ယာစိုက်ပျိုးသည့်ဂိမ်းဖြစ်သည်။ မြေအောက်သတ္တုတွင်းအထပ် ၂၀၀ ကျော်ရှိရုံသာမက နတ်ဘုရားများ၊ ဂရိအက္ခရာများ၊ မှော်ကျောက်တုံးများ လျှပ်တပြတ်မြေပုံပေါ်ရောက်လာ၏။

ဒီစွမ်းအားပင်သစ်သီးမှာ သေချာပေါက်စိတ်ကူးယဉ်အရိပ်အမြွက်တစ်ခုဖြစ်မည်။

စိုက်ပျိုးမွေးမြူရေးခြံထဲတွင် စုစုပေါင်း ၁၅ လုံးရှိ၏။ သူ့ကိုအသုံးချပြီးလျှင် ကိုယ်လုံးကိုယ်ပေါက်ဖွံ့ထားလာသည်။

အရင်ဆုံးဂိမ်းဇာတ်ကောင်မှာ ခဏတဖြုတ်လုပ်ပြီးနောက် ပင်ပန်းလာပုံရသည်။ ဆက်လုပ်ခိုင်းလျှင် အပူရှပ်ပြီးပြာနှမ်း၍ မြေပေါ်လဲကျတော့မည်။ ထို့ကြောင့် ခဏနားရင်နား မနားရင် အစားစား၍အားပြန်ဖြည့်ရပေမည်။

သို့သော် စွမ်းအားပင်အသီးကိုစားလိုက်လျှင် အလုပ်ဆက်လုပ်နိုင်၏။

တစ်ဆက်တည်း ၁၅ လုံးစားလိုက်လျှင် လက်ကိုင်ပဝါထုတ်၍ချွေးသုတ်ရုံသာလိုပြီး လဝက်လောက်မစားမသောက် အလုပ်လုပ်နိုင်လေသည်။

စွမ်းအားပင်အသီး ၁၅ လုံးထဲမှ သုံးလုံးကို စိုက်ပျိုးမွေးမြူရေးခြံထဲမှ ကျပန်းတူးထုတ်နိုင်၏။

ချင်လင်က မြေကွက် ၆ ကွက်ကိုဖွံ့ဖြိုးစေပြီးနောက် စွမ်းအားပင်အသီးတစ်လုံးကိုတွေ့မည်ဟု မထင်ထားပေ။

သူကလူပြတ်သောနေရာမြန်မြန်ရှာလိုက်ပြီး ဂိမ်းထဲဝင်ကာ ဂိမ်းဇာတ်ကောင်နေရာယူလိုက်သည်။ သူလည်း သူလက်ထဲတွင် ကန်စွန်းဥအနီလိုလိုအသီးမျိုးပိုက်လျက်သားဖြစ်သွား၏။

သူကအာရုံစိုက်လိုက်ရာ စာကိုတွေ့ရသည်။

(စွမ်းအားပင်အသီး: ဂမ္ဘီရ!)

(နိုထရီဒိန်းတောင်ပေါ်မှ ထူးဆန်းသောသစ်ပင်၏အသီးဟုဆိုကြသည်။ နတ်ဘုရားများချန်ထားခဲ့သောမျိုးစေ့ဖြစ်ပြီး လူပုလေးများမှသေချာပျိုးထောင်ထားသည်။ အကြောင်းတချို့ကြောင့် အပင်မှာပျောက်ကွယ်သွားပြီး အသီးမှာ နိုထရီဒိန်းတောင်တဝိုက်ကျကျန်ရစ်သည်။ အသီးကိုရသူသည် အသီးစားခြင်းဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးလာစေသည်။)

ချင်လင်က စွမ်းအားပင်အသီးပေါ်မှမှတ်ချက်ကိုတွေ့သွား၏။ ဂိမ်းထဲမှာဒီလိုနောက်ခံမျိုးရှိပုံလည်းမပေါ်။ သို့သော် ဒီအသီးစားလိုက်လျှင် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတကယ်တိုးမတိုး သိချင်နေသည်။



စွမ်းအားပင်အသီးအရသာမှာ ဘာမှမထူးခြား၊ နည်းနည်းချိုသည်ဆိုရုံမျှသာ။ သို့သော်လည်း စွမ်းအားပင်အသီးဗိုက်ထဲရောက်သွားသည်နှင့် ထူးဆန်းသောပူနွေးမှုတစ်ခု သူ့ခန္ဓာကိုယ်တွင်ပေါ်လာသည်။

ထိုပူနွေးမှုမှာ အရင်အရည်အသွေး ၂ ထုတ်ကုန်များစားတုန်းကနှင့်မတူ။ အမှန်တကယ်စွမ်းအားထွက်လာပြီး သူ့ခန္ဓာကိုယ်ကိုပြုပြင်နေသလိုပင်။ သက်သောင့်ရှိစေပြီး အသံတောင်ပြုမိတော့မတတ်။

ခံစားချက်က သူနှင့်ကျောက်မိုချင်းလေ့ကျင့်ခန်းလုပ်တာထက်တောင် သက်သောင့်သက်သာရှိသေးသည်။

ထိုခံစားချက်ကကြာကြာမခံ။ မကြာမီလွင့်ပျယ်သွား၏။

ချင်လင်က ကျောဆန့်ဖို့ကြိုးစားကြည့်သည်။ သက်သောင့်သက်သာခံစားချက်ပျောက်သွားပြီး ပျင်းစရာကောင်းသွားပြန်၏။

သူ့ခန္ဓာကိုယ်တွင် အထွေအထူးခံစားရခြင်းမရှိတော့။

သို့သော် ဒီပစ္စည်းက သေချာပေါက်တစ်ခုခုတော့ ထူးရပေမည်။ နောက်ပြီး သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးမတိုး ဒိုက်ထိုးကြည့်ရင်သိနိုင်မည်။

ချင်လင်ကချက်ချင်းကုန်းလိုက်ပြီး ဂိမ်းထဲတွင်ဒိုက်ထိုးလိုက်၏။

စံဒိုက်ထိုးနည်းများမှာ တကယ်တော့အလွန်ခက်သည်။ ကောလိပ် PE တက်တုန်းက စံဒိုက်ထိုးနည်းကို အကြိမ် ၄၀ ဆက်တိုက်သာလုပ်နိုင်၏။ထိုအရေအတွက်မှာ သာမန်လူအများစုရနိုင်သောပမာဏဖြစ်သည်။

သို့သော် ဒီတစ်ခေါက် တစ်ကြိမ်ပြီးတစ်ကြိမ် လျင်လျင်မြန်မြန် ၄၀ ရသွား၏။ ပြီးတော့ သူကသက်သောင့်သက်သာရှိနေသည်။

ချင်လင်အသံတိတ်ရေထားလိုက်၏။ နောက်ဆုံးမောလာသလိုလိုခံစားရသည့်အချိန်တွင် ဆက်တိုက်အကြိမ် ၁၅၀ ရပြီးဖြစ်သည်။

တက္ကသိုလ်တက်တုန်းကထက် ၄ ဆနီးပါးမျှရှိလေသည်။

တစ်ထိုင်တည်း ဒိုက်အကြိမ် ၁၅၀ ထိုးနိုင်ခြင်းမှာ အားကစားသမားစံချိန်ဖြစ်ပုံရ၏။ သို့သော်အားကစားသမားများမှာ အချိန်အကြာကြီးလေ့ကျင့်ယူထားခြင်းဖြစ်သည်။ သူကဂိမ်းထဲကအသီးတစ်လုံးတည်းသာ စားရသေး၏။

စနစ်ကအထင်ကြီးစရာကောင်းသည်ကိုတော့ ဝန်ခံရပေမည်။

ချင်လင်က ဂိမ်းထဲမှထွက်ပြီး ခန်းမထဲပြန်လာခဲ့သည်။ ကောင်တာထဲဝင်ဝင်ချင်း ကျောက်မိုချင်းက လက်တော့ပ်နှင့်အလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရ၏။ သူကကောင်တာအထဲဝင်ကြည့်လိုက်ရာ သူမကပြေစာအချက်အလက်များစုစည်းနေသည်ကိုတွေ့ရသည်။

မနက်ဖြန် လင်ဖုန်းနှင့်ဝမ်ဝေတို့လိုကုန်သွင်းသူများနှင့် စာရင်းရှင်းရမည့်နေ့ဖြစ်၏။

အရောင်းစင်တာဖွင့်သည်နှင့် ချင်လင်က RT စျေးမှအရည်အသွေးကောင်းမော်နီတာနှစ်လုံးမလာပြီးနောက် ကုန်သွင်းသူများ၏ထုတ်ကုန်အတော်များများဝင်လာသည်။ တစ်ပတ်တစ်ခါရှင်းစနစ်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ကုန်သွင်းသူအသေးလေးများဖြစ်ကြ၍ ရက်ကြာရှည်လျှင် သူတို့တတ်နိုင်မည်မဟုတ်ချေ။

''အလုပ်ကြိုးစားထားတာပဲ'' ချင်လင်က ကျောက်မိုချင်းအနောက်သွားလိုက်ပြီး ပခုံးကိုနှိပ်ပေးလိုက်သည်။

''ရှင်သိရင်ပြီးတာပဲ'' ကျောက်မိုချင်းက ဂုဏ်ယူစွာပြောလိုက်၏။

ချင်လင်ကပြုံး၍_ ''အဲဒါကြောင့် ဒီနေ့ည မင်းကျောကိုကူတိုက်ပေးသင့်တာပေါ့''

''ဟမ်!'' ကျောက်မိုချင်းက ထိုအကြောင်းထပ်ကြားပြန်သောအခါ နှာခေါင်းရှုံ့လိုက်၏။

သူ့အကြောင်းကောင်းကောင်းသိသည်။ သူဇွဲကောင်းပြီဆိုရင် မရမချင်းလုံးဝအလျှော့မပေးတတ်။ ရှက်စရာကောင်းလောက်အောင် တစ်လလောက်အပူကပ်နိုင်လေသည်။

ချင်လင်က ထိုပုံစံကိုမြင်လျှင်ပြုံးလိုက်၏။ သူ့ကောင်မလေးအကြောင်း ကောင်းကောင်းသိသည်။ နှာခေါင်းသေးသေးလေးပဲရှုံ့လျှင် ထိုကိစ္စကိုသဘောတူခြင်းဖြစ်ကြောင်း မပြောဘဲသိနိုင်သည်။ သူမက သက်သက်ရှက်နေ၊ ကသိကအောက်ဖြစ်နေခြင်းသာ။

သူတို့ညအိမ်ပြန်ရောက်သောအခါ ချင်လင်က ကျောက်မိုချင်းကိုဆွဲပွေ့လိုက်ရာ ခဏတော့ကြောင်သွား၏။

ကျောက်မိုချင်းမှာ အလွန်တရာပေါ့ပါးနေသလိုပင်။

သူမချက်ချင်းကြီးပေါ့ပါးသွားဖို့မဖြစ်နိုင်။ သူကသန်မာလာခြင်းကြောင့်သာဖြစ်ရမည်။

စွမ်းအားပင်အသီးမှခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးလာမှန်းသဘောပေါက်လိုက်၏။ ခန္ဓာကိုယ်အင်အားသက်သက်မဟုတ်ပေ။

ဒီတော့ နည်းတချို့နဲ့...

ချင်လင်ကခြေလှမ်းသွက်လိုက်ပြီး အခန်းထဲဝင်ကာစမ်းသပ်ကြည့်ရန် စိတ်အားထက်သန်သွားလေသည်။

All Chapters