လူပုလေးအာနီထပ်ရောက်လာပြီ!
Vol. 8 Ch. 112
အနောက်ဘက်တောင်တန်းထဲ တဖြည်းဖြည်းနေဝင်သွားသည်နှင့် စံအိမ်မှသီးသန့်ဆောက်ထားသောဝန်ထမ်းစားသောက်ရုံလည်း အသက်ဝင်လာ၏။
စံအိမ်အစားအစာမှာ အရမ်းကောင်းသည်။ ချင်လင်က ထိုအတွက်တွန့်တိုမနေ။ အရင်ကဝန်ထမ်းနည်းနည်းပဲရှိ၍ ဟင်းပွဲတိုက်ရိုက်တည်ခင်းပြီး အားလုံးအတူတူစားကြသည်။
ယခုဝန်ထမ်းများလာပြီဖြစ်၍ ဘူဖေးပုံစံမျိုးဖြစ်လာ၏။ ဟင်းပွဲများကိုလည်း ဝန်ထမ်းများရွေးချယ်စားသုံးနိုင်သည်။
ယနေ့ဝန်ထမ်းဟင်းပွဲထဲတွင် ခရုအိုးလည်းပါ၏။
''ဒီခရုတွေက အကြီးကြီးတွေပဲ'' ကောင်းယောင်ယောင်က အံ့သြပြီးပြောလိုက်သည်။
တခြားစားပွဲထိုးများလည်း စုရုံးလာ၏။ တောင်ပိုင်းသားကျားကျားမမ ခရုမှာသူတို့ပျော့ကွက်ဖြစ်၏။
သူဌေးအနေနှင့် ဘာမှမပြောသော်လည်း ဆရာလင်းက သူဌေး၊ ကျောက်မိုချင်းနှင့် လင်းဖန်အတွက် စားပွဲတစ်လုံးပြင်၍ သီးသန့်တည်ခင်းပေးလိုက်သည်။
လင်းဖန်ကထိုင်လိုက်ပြီး စားပွဲပေါ်မှခရုပန်းကန်ကို အံ့သြတကြီးကြည့်ကာ_ ''ဒီနေ့ခရုတွေရတယ်... ဒီလောက်ကြီးတဲ့ခရုမျိုးမမြင်ဖူးတာကြာပြီ''
ကျောက်မိုချင်းလည်း တစ်ကောင်ကောက်၍ ပါးစပ်ထဲထည့်လိုက်သည်။ ခရုအသားကိုဝါးမိလျှင် မချီးကျူးဘဲမနေနိုင်တော့_ ''ဒီခရုရဲ့အသားနဲ့အရသာက တကယ်ကောင်းတာပဲ''
''အင်း!'' လင်းဖန်ကထောက်ခံလိုက်၏။
တောင်သူဖြစ်သည့်အလျောက် ဒီလိုခရုမျိုးရဖို့အချိန်အတော်ယူရမည်မှန်း ကောင်းကောင်းသိသည်။ နှစ်စဉ်သူမယောက်ျားနှင့်ကောက်စိုက်တိုင်း လယ်ကွက်ဟောင်းထဲတွင် နည်းနည်းသာတွေ့ရ၏။
ယနေ့ခေတ်တွင် မွေးမြူရေးခရုများမှာ အကျိုးအမြတ်ကိုကြည့်၍ မြန်မြန်ထုတ်ကြ၏။ သည်လောက်မကြီး။ တချို့အကောင်ကြီးများကိုဓာတ်ကူထားပြီး အရသာနှင့်ခွန်အားဖြစ်စေခြင်းမှာ အပုံကြီးလျော့ကျသွားသည်။
ဒီခရုပန်းကန်က လယ်ကွက်ဟောင်းထဲကတွေ့တဲ့ခရုတွေထက် ပိုအရသာရှိမှာအသေအချာ။
ချင်လင်လည်း အားရပါးရတွယ်လိုက်၏။ ကလေးဘဝအမှတ်တရဖြစ်သည်ကတစ်ကြောင်း စားကောင်းသောက်ဖွယ်ဖြစ်နေသည်ကတစ်ကြောင်းကြောင့်ပင်။
လက်ရှိဒါက တကယ်အထက်တန်းကျသည်။
ချင်လင်တို့သုံးယောက်သာမက ကောင်းယောင်ယောင်တို့အုပ်စုပါ ခရုကိုကြိုက်ကြ၏။ ဒီခရုတွေကမတူကြောင်းလည်း သတိပြုမိကြသည်။ အရည်အသွေး ၁ ပဲရှိသည်ဆိုလျှင်တောင် သူတို့အရင်စားဖူးသောခရုထက်အရသာရှိလေသည်။

အစာစားပြီးနောက် ချင်လင်ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်ထပ်သွားစေလိုက်၏။ ဒီတစ်ကြိမ်တွင် အဝါရောင်နှံစားပြောင်းကိုတန်းဝယ်ပြီး စိုက်ပျိုးမွေးမြူရေးခြံပြန်လာခဲ့သည်။ သူက အဆင့် ၂ လယ်ကွက်ထဲတွင် အဝါရောင်နှံစားပြောင်းကိုအစားထိုးစိုက်လိုက်၏။
ခရုအပြင် ငါးရှဉ့်မှာလည်း လယ်ကွင်းထွက်စားကောင်းသောက်ဖွယ်များတွင်တစ်ခုအပါအဝင်ဖြစ်သည်။ နွေရာသီတွင် တောင်ပိုင်းသားများအတွက် တင်စားဖွယ်ရာပင်ဖြစ်၏။ ငါးရှဉ့်မှာ အာဟာရအတွက်အဓိကဟူသော ဆိုးရိုးစကားလည်းရှိသည်။
အရည်အသွေး ၂ ခရု (သို့) အရည်အသွေး ၂ ငါးရှဉ့်သာ ဂိမ်းထဲမှာနေ့စဉ်ရမည်ဆိုလျှင် သူသေချာပေါက်ထုတ်ပြီး မွေးမြူမှာပင်။ ထိုအချိန်ကျလျှင် တောင်ပိုင်းတစ်ခုလုံး လုံးဝနာမည်ကျော်သွားလိမ့်မည်။
သို့သော် ငါးရှဉ့်သားပေါက်နှုန်းမှာ ခရုထက်အချိန်ပိုယူရသည်။
နောက်တစ်နေ့တွင်_
ချင်လင်ကစောစောနိုးလာပြီး ဂိမ်းထဲမှသီးနှံမှည့်များခူးလိုက်၏။ ထို့နောက် မျိုးစေ့အသစ်များချထားလိုက်ကာ ဂိုဒေါင်သွားပြီး ဂိမ်းထဲမှသီးနှံများထုတ်၍ စံအိမ်ပို့လိုက်သည်။
စံအိမ်ရောက်ရောက်ချင်း သူ့စိတ်ထဲမှဂိမ်းထဲတွင် လှုပ်ရှားမှုရှိသွား၏။ သူကချန်တပေအား လူခေါ်၍ ပစ္စည်းများသယ်ခိုင်းလိုက်သည်။ သူကခန်းမထဲရှိကောင်တာတွင်ထိုင်လိုက်ပြီး သူ့စိတ်ထဲမှဂိမ်းကိုအာရုံစိုက်လိုက်၏။
ဂိမ်းဖန်သားပြင်တွင် ချင်လင်က သူတွေ့ဖူးသောနောက်ထပ်တစ်ယောက်ကိုတွေ့လိုက်ရသည်။ လူပုလေး အာနီ။
(Hi! ထပ်တွေ့ပြန်ပြီနော်... တစ်ခုလောက်တောင်းဆိုလို့ရမလား? ငါ့သူငယ်ချင်း ၇ ယောက်က သတ္တုမြို့တော်အစွန်အဖျားကိုပြောင်းလာပြီဆိုပေမဲ့ မြို့နဲ့အသားမကျသေးဘူး... သူတို့အတွက် ဂျုံမှုန့်နည်းနည်းဝယ်ပေးနိုင်မလား?)
ဒါက နောက်ထပ်ဇာတ်ကွက်ပဲ။
ချင်လင်က လူပုလေးအာနီတာဝန်ကို အလွန်စိတ်အားထက်သန်နေသည်။
အရင်တစ်ခေါက် သူပေးခဲ့တဲ့ငါးက ယွမ် ၆၅၀၀၀၀ တန်၏။
ဒီတစ်ခါ နောက်ထပ်တန်ဖိုးကြီးအလှမွေးငါးယူရမှာပေါ့။
သူ့ငါးမွေးကန်ထဲတွင် အလှမွေးငါးတချို့ဖမ်းမိထားသော်လည်း အထင်ကြီးလောက်စရာတော့မရှိပါချေ။
နတ်ဘုရားကံကြမ္မာတာဝန်ကို ထမ်းဆောင်ရမည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်ကုန်စုံဆိုင်ကို ချက်ချင်းသွားစေလိုက်ပြီး ဂျုံ ၇ စည်ဝယ်လိုက်သည်။ ထို့နောက် စိုက်ပျိုးမွေးမြူရေးခြံမှသီးနှံတချို့ကို ကျောပိုးအိတ်ထဲထည့်ကာ လူပုလေး ၇ ယောက်နေသော သစ်သားအိမ်လေးဆီထွက်လာခဲ့၏။
ဂိမ်းပုံစံဟောင်းထဲမှာကဲ့သို့ လူပုလေး ၇ ယောက်မှာအရောင်စုံဝတ်စားထားပြီး အိမ်တဝိုက်တွင် ပျင်းခြောက်ခြောက်နေကြသည်။ ချင်လင်ကဂိမ်းဇာတ်ကောင်အား လူပုလေး ၇ ယောက်ကို ဂျုံတစ်ပုံးစီနှင့်သီးနှံတချို့ပေးစေလိုက်၏။ ထို့နောက်သူက လူပုလေးအာနီညွှန်ကြားချက်ကိုပြီးစီးကြောင်း အချက်ပြရလိုက်သည်။
သူကချက်ချင်း ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံပြန်စေပြီး လူပုလေးအာနီနှင့်ထပ်တွေ့စေလိုက်၏။
(ကျေးဇူးအများကြီးတင်ပါတယ်... ငါ့သူငယ်ချင်းတွေကို ဂရုစိုက်ပေးမယ်လို့ထင်ပါတယ်... နောင်မှာသူတို့က မင်းရဲ့အလုပ်တွေကို ကူညီချင်ကြလိမ့်မယ်... အခုတော့ ကျေးဇူးတင်တဲ့အနေနဲ့ ဒီအမြီးဖွားရှဉ့်ကိုလက်ဆောင်ပေးခဲ့မယ်!)

''???'' ချင်လင်က လူပုလေးအာနီထွက်သွားသည်ကိုကြည့်ရင်း ခဏတော့ကြောင်သွားသည်။
သောက်ရေးထဲမှ?
သူပေးတာ အလှမွေးငါးလည်းမဟုတ်ပါလား?
(အမြီးဖွားရှဉ့်ကိုရသည့်အတွက် ဂုဏ်ယူပါတယ်... သူခုန်ပေါက်နေပြီ!)
(အထူးအရိပ်အမြွက်: အိမ်မွေးကုန်သည်ဆီသွားပြီး အိမ်မွေးတိရစ္ဆာန်အစာဝယ်နိုင်သည်။ သုံးရင်သုံးသလောက် အိမ်မွေးကုန်သည်တွင် မိတ်လိုက်ထုတ်ကုန်အသစ်လည်းရှိနိုင်သည်။)
သူ့စိတ်ထဲမှဂိမ်းထဲတွင် လူပုလေးအာနီရှိခဲ့ဖူးသောနေရာ၌ တီရှပ်လေးဝတ်ထားပြီးကျောပိုးအိတ်နှင့် ချစ်စရာကောင်းသော ကာတွန်းရှဉ့်လေးတစ်ကောင်ကို ချင်လင်တွေ့လိုက်ရသည်။ သူကချက်ချင်း ဂိမ်းဇာတ်ကောင်နားပြေးလာပြီး ခဏအကြာ သုတ်သီးသုတ်ပျာနှင့် ဂိမ်းဇာတ်ကောင်ပခုံးပေါ် တက်လိုက်၏။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်တွင် အိမ်မွေးတိရစ္ဆာန်အပိုင်းရှိသည်။ ရှေးအကျဆုံးပုံစံထဲတွင် ခွေး၊မြင်းလောက်သာပါသည်။ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲ၌: သတ္တုမြို့တော်မိတ်ဆုံစားပွဲ၊ နောက်ထပ် NPC အိမ်မွေးကုန်သည်၊ အခမ်းအနား၊ ပင်ဂွင်း၊ ကြောင်နှင့်ရှဉ့်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်များလည်းရောင်းနိုင်သည်။
ရှဉ့်မှာ ယခုပုံစံအသစ်ထဲတွင် ထပ်ဖြည့်ထားခြင်းဖြစ်ပုံရ၏။ နောက်ပြီး ပုံစံအဟောင်းထဲတွင် လူပုလေးအာနီကဲ့သို့ NPC မျိုးလည်းမရှိချေ။
ပုံစံအဟောင်းထဲတွင် အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့ဆက်ဆံခြင်းက အိမ်မွေးတိရစ္ဆာန်များကိုပျော်ရွှင်စေကြောင်း ချင်လင်သတိရသဖြင့် ချက်ချင်းဂိမ်းဇာတ်ကောင်အား ရှဉ့်လေးကိုလက်နှင့်သပ်စေလိုက်သည်။
အမှန်ပင် ရှဉ့်ခေါင်းပေါ်တွင် အသဲပုံအနီရောင်လေးပေါ်လာပြီး စိတ်ကျေနပ်ကြောင်းဖော်ပြနေ၏။ ကာတွန်းဦးနှောက်ကတောင် နာခံမှုနှင့်ချစ်စရာကောင်းသည့်ပုံကိုပြနေသည်။
ငါးကိုဂိမ်းထဲကထုတ်လို့ရတယ်။
ဒီရှဉ့်ကရော?
ထိုအတွေးနှင့် ချင်လင်ကသန့်စင်ခန်းထဲသွား၍ နေရာလွတ်ရှာကာ လော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။
ဂိမ်းထဲဝင်ပြီး ဂိမ်းဇာတ်ကောင်နေရာယူလိုက်သည်နှင့် သူ့ပခုံးပေါ်တွင်လှုပ်ရှားမှုခံစားလိုက်ရသည်။ သူ့မျက်နှာကိုအမွေးနှင့်သပ်လိုက်သလိုပင်။
ချင်လင်က သူ့ပခုံးပေါ်မှရှဉ့်ကိုဖမ်းဆုပ်လိုက်သည်။ ရှဉ့်လေးကသူ့ကို မျက်လုံးအဝိုင်းသားနှင့်ကြည့်နေ၏။ လူလုံးဝမကြောက်။ သူ့ကိုနာကျင်အောင်လုပ်မည်လည်းမကြောက်ပေ။
ဤသည်မှာ အကြွင်းမဲ့ယုံကြည်ထားသည့်လက္ခဏာပင်။ စနစ်နှင့်ဖွဲ့စည်းထားသည့်အကျိုးကြောင့်ဖြစ်ရမည်။
သူ့မျက်စိရှေ့မှရှဉ့်မှာ ဂိမ်းထဲမှကာတွန်းရှဉ့်မျိုးမဟုတ်တော့။ အနောက်ပိုင်းတွင်အမြီးဖွားဖွားနှင့် အမှန်တကယ်အမွေးထူသောကောင်လေးဖြစ်၏။ ထို့အပြင် ပိတ်စပိုင်းလေးနှင့်ချုပ်ထားသော အဝတ်လေးများဝတ်ထားသေးသည်။ သူ့ကျောပိုးအိတ်ထဲတွင် ထင်းရှူးသီးစေ့တချို့ဆံ့ပုံရ၏။
ထို့နောက်ချင်လင်က ရှဉ့်လေးပေါ်မှမှတ်ချက်ကိုလည်းမြင်သွားသည်:
(အမြီးဖွားရှဉ့်: အိမ်မွေးတိရစ္ဆာန် - နာမည်ပေးနိုင်သည်)
(သာမန်ရှဉ့်မျိုးနှင့်တူသော်လည်း အနီရဲရဲအမြီးဖွားရှိသည်။ အလွန်ဉာဏ်ကောင်းပြီး အလွန်တော်သည်။ သို့သော် သက်တမ်းနုပြီး အစားကြီးသဖြင့် လူပုလေးအာနီခေါင်းကိုက်နေရသည်။ သူကပေးရန်စီစဉ်ထားသော်လည်း အနစ်နာခံမည့်သူမတွေ့ဘဲဖြစ်နေခဲ့သည်!)
''???'' ချင်လင်က မှတ်ချက်ကိုမြင်လျှင် ကြောင်သွား၏။
အနစ်နာခံမယ့်သူ?
သူလား?