← Chapters

နှစ်သက်ဖွယ်ရှဉ့်လေး! ယဉ်ကျေးမှုမရှိသောခရီးသည်များ!

Vol. 8 Ch. 113

နှစ်သက်ဖွယ်ရှဉ့်လေး! ယဉ်ကျေးမှုမရှိသောခရီးသည်များ!

Vol. 8 Ch. 113

ချင်လင်က လူပုလေးအာနီ၏အနစ်နာခံမည့်သူဖြစ်လာသည်ဟု သတ်မှတ်မထား။ ရှဉ့်ကို လူပုလေးအာနီ၏လက်ဆောင်ဟုသာ ဝန်ခံရမည်ဖြစ်သည်။

ထိုအကောင်လေး၏ကျောပိုးအိတ်ပြာလေးနှင့် အမွေးဖွားပြီး သပ်သပ်ရပ်ရပ်ရှိသောအမြီးလေးကိုကြည့်လျှင် အတော်ပင်လက်ရာမြောက်၏။

ချင်လင်က ထိုအကောင်လေး၏အမြီးကိုကစားလိုက်ရင်း_ ''မင်းရဲ့အမြီးဖွားဖွားအနီရောင်လေးကိုကြည့်ပါဦး... မင်းကိုမွေးနီလို့ခေါ်မယ်!''

ချင်လင်ပြောသည်ကိုနားလည်သလိုလိုနှင့် ရှဉ့်လေးက တကျွိကျွိအော်လိုက်သည်။

''မင်းနားလည်တယ်လား?'' ချင်လင်ကအံ့သြပြီး နောက်တစ်ခေါက်ခေါ်လိုက်၏_ ''မွေးနီ?''

''ကျွိကျွိ!'' ရှဉ့်လေးက ထပ်အော်လိုက်ပြန်သည်။

အံ့သြစရာပဲ။

ချင်လင်ကအံ့သြနေရင်း အတွေးတစ်ချက်နှင့်ဂိမ်းထဲမှထွက်လိုက်ရာ သန့်စင်ခန်းထဲတွင် မွေးနီရှဉ့်လေးကိုကိုင်လျက်သားပေါ်လာ၏။

ချင်လင်က မွေးနီကိုသန့်စင်ခန်းအပြင်ဘက်ယူလာပြီး ခန်းမဆီဦးတည်သွားလိုက်သည်။ မွေးနီကသူ့လက်ထဲတွင်ငြိမ်ငြိမ်လေးနေပြီး ဘေးပတ်လည်မှခရီးသွားများကို စူးစမ်းကြည့်နေ၏။

ခန်းမထဲဝင်လာလျှင် ကောင်းယောင်ယောင်က သူ့လက်ထဲမှ မွေးနီလေးကိုမြင်သွားပြီး အံ့သြတကြီးပြေးလာကာ_ ''သူဌေး... ဒီရှဉ့်လေးက ချစ်စရာကောင်းလိုက်တာ... အင်္ကျီတောင်ဝတ်ထားသေးတယ်!''

''မွေးနီတဲ့'' ချင်လင်က ကောင်တာထဲဝင်လာပြီး မွေးနီကို ခုံတန်းရှည်ပေါ်တင်လိုက်သည်။

ရှဉ့်ကပတ်ပတ်လည်ကြည့်ပြီး ခုံတန်းပေါ်ရှိသမျှ စတင်စူးစမ်းတော့၏။

ကောင်းယောင်ယောင်က ကောင်တာကိုမှီပြီး စိတ်ဝင်တစားစိုက်ကြည့်နေသည်။

......

ဘေးနားမှငွေကိုင်ကလည်း စိတ်ဝင်စားနေ၏။ မိန်းကလေးတွေ ဒီလိုအမွေးဖွားဖွား ချစ်စရာကောင်လေးများကိုသဘောကျတတ်သည်။ အထူးသဖြင့် အင်္ကျီဝတ်ထား အိတ်သေးသေးလေးလွယ်ထားခြင်းကြောင့်ပင်။

သို့သော် မွေးနီကမူ သူ့အလုပ်နှင့်သူရှုပ်နေကာ မိန်းကလေးနှစ်ဦး၏အကြည့်စူးစူးကို လျစ်လျူရှုထားသည်။ ရုတ်တရက်သူက အလင်းရောင်ပင်န်ရှေ့ပြေးသွားကာ လေ့လာစူးစမ်းနေ၏။

သူကဘော့ပင်ခွက်ထဲမွှေပြီး ခေါင်းဖြီးသေးသေးလေးကိုနှိုက်လိုက်ရာ စားပွဲပေါ်ကျသွားသည်။



ငွေကိုင်က သူမပစ္စည်းဖြစ်၍ လန့်သွား၏။ သူမအလိုလိုလက်လှမ်းလိုက်မိသည်။

မွေးနီလည်း စိုးရိမ်သွားပုံပေါ်၏။ သူကငွေကိုင်ကို တကျွိကျွိအော်ပြီး သူ့အမြီးနှင့်ယမ်းလိုက်သည်။

''သူဌေး အဲဒါ...'' ငွေကိုင်က သူမသူဌေးကို ဇဝေဇဝါနှင့်ကြည့်လိုက်၏။

ကောင်းယောင်ယောင်က ရုတ်တရက်ပြောလိုက်သည်_ ''ရှောင်ယွင်... သူက သူ့အမြီးကိုဖြီးပေးခိုင်းနေတာလား?''

''အ..အင်?'' ငွေကိုင်က မရေမရာဖြေလိုက်သည်။ ဒီသေးသေးလေးက ချစ်စရာကောင်းလွန်းတာဖြစ်မည်။ သူမက မွေးနီအမြီးကိုဖြီးပေးရန် ကြိုးစားလိုက်၏။

မွေးနီက သူ့အမြီးကိုအလိုက်သင့်မြှောက်ပေးလိုက်ပြီး ပုတီးလုံးလိုသူ့မျက်လုံးတွေကို ဝမ်းပန်းတသာမှေးစင်းထားသဖြင့် မိန်းကလေးနှစ်ယောက်မှာ အံ့သြကုန်ကြသည်။

ချင်လင်ကထိုမြင်ကွင်းကိုမြင်လျှင် မှတ်ချက်ထဲမှ 'ကောင်းမွန်သောဘဝ' အဓိပ္ပါယ်ကို ပိုသဘောပေါက်သွား၏။

ဒါကသူ့ထက်တောင် သောက်ရမ်းနှစ်သက်စရာကောင်းနေတာပဲ။

''သူဌေး... သူကလူဝင်စားလား?'' ကောင်းယောင်ယောင်က မယုံကြည်နိုင်။

သို့သော် ဒီရက်ပိုင်း Tiktok ပေါ်တွင် ဉာဏ်ကောင်းသော တိရစ္ဆာန်လေးများတွေ့လာရသည်။ သူတို့ကလုံးဝအံ့သြသွားသော်လည်း အရမ်းရေးကြီးခွင်ကျယ်တော့မလုပ်ပေ။

''ချင်လင်... ဒီရှဉ့်လေးက ဘယ်ကလဲ?'' ကျောက်မိုချင်းနှင့် ဝမ်ချိုင်၏လည်ပတ်ကိုဆွဲထားသော လင်းဖန်ကလမ်းလျှောက်ဝင်လာပြီး မွေးနီကိုအံ့သြစွာကြည့်လိုက်သည်။

''အရင်ဒီကောင်လေးကိုတွေ့တော့ နည်းနည်းထူးခြားနေတာ... ဒီနေ့ထပ်တွေ့တော့ အစာနည်းနည်းကျွေးလိုက်တာနဲ့ နောက်ကလိုက်လာရော... အဲဒီအင်္ကျီလေးတွေကို အိမ်မွေးတိရစ္ဆာန်ဆိုင်ကဝယ်ပေးတာ... ခွေးသေးသေးလေးတွေအတွက်အင်္ကျီထဲက သူနဲ့တော်မယ့်ဟာကို အတော်ကြာကြာရွေးယူလိုက်ရတယ်... လှတယ်မလား?'' ချင်လင်က ဒီမေးခွန်းကိုတစ်ယောက်ယောက်မေးမယ်မှန်းသိသည်။ သူကဂိမ်းထဲမှာကတည်းက ဆင်ခြေစဉ်းစားပြီးသားဖြစ်၍ ချက်ချင်းလုပ်ကြံပြောလိုက်၏။

''အင်း... အင်္ကျီကအရမ်းလိုက်တယ်... နောက်ကျရင် မွေးစားမလား?'' ကျောက်မိုချင်းက ချင်လင်၏စကားကိုသံသယမထားဆိုသည်ထက် အကြွင်းမဲ့ယုံထားခြင်းဖြစ်ပြီး သိပ်လည်းမတွေးမိချေ။

ချင်လင်ကပြုံး၍ ရှင်းပြလိုက်သည်_ ''မွေးနီလို့တောင် နာမည်ပေးထားပြီ''

ထိုနာမည်ကိုကျောက်မိုချင်းကြားလျှင် စလိုက်သည်_ ''ရှင်ပေးတဲ့နာမည်တွေက ဘာတဲ့? ဝမ်ချိုင်တဲ့ မွေးနီတဲ့လား?''

“…” ချင်လင်စကားရှာမရဖြစ်သွား၏။

သူဒီနာမည်ကို လေးလေးနက်နက်စဉ်းစားပြီးပေးထားတာ ဟုတ်ပြီလား?

ဝမ်ချိုင်နဲ့မွေးနီက နာမည်ကောင်းတွေမဟုတ်လား?

''ဝု!'' ဝမ်ချိုင်က ကျောက်မိုချင်းသူ့နာမည်ကိုခေါ်လိုက်သည်ဟု ကြားသွားဟန်တူသည်။ သူကပတပ်ရပ်၍ ကောင်တာပေါ်သူ့ခြေထောက်များလှမ်းတင်လိုက်၏။

ခွေးကိုရုတ်တရက်မြင်လိုက်ခြင်းကြောင့် မွေးနီလန့်သွားပြီး ချင်လင်လက်ထဲပြေးဝင်လိုက်သည်။ သူ့လှုပ်ရှားမှုများက အလွန်ဖျတ်လတ်နေ၏။

ချင်လင်မြင်သောအခါ မွေးနီခေါင်းကိုလက်နှင့်သပ်၍ နှစ်သိမ့်ပေးလိုက်သည်။



''ဝု!'' ဝမ်ချိုင်က ထိုမြင်ကွင်းကိုမြင်လျှင် ထပ်ဟောင်လိုက်သည်။ သူ့ခေါင်းကိုချင်လင်ဆီထိုးပေးလိုက်ပြီး စိုက်ကြည့်နေ၏။ သူ့သဘောမှာ သိသိသာသာ။

ကျောက်မိုချင်းက မစဘဲမနေနိုင်တော့_ ''ဝမ်ချိုင်က ရှဉ့်လေးကိုမနာလိုနေတာလား?''

''ဝု... ဝု'' ဝမ်ချိုင်က ချင်လင်ကိုထပ်ဟောင်ပြီး တိုက်တွန်းလိုက်သည်။

ချင်လင်လည်းမတတ်သာဘဲ ဝမ်ချိုင်ခေါင်းကိုပွတ်သပ်ပေးလိုက်၏။

သည်တော့မှ ခွေးကကျေနပ်သွားသည်။ သူကပျော်ရွှင်စွာသွားဖြဲ၍ ချင်လင်လက်ထဲမှမွေးနီလေးကို စူးစူးစမ်းစမ်းစိုက်ကြည့်လိုက်၏။

ရှဉ့်လေးက ချင်လင်အားကိုးနှင့် ဝမ်ချိုင်ကိုစိုက်ကြည့်နေသည်ဟုထင်ရသည်။

ထိုအချိန်တွင်_

ချန်တပေမှာ ရဲဝတ်စုံဝတ်ထားသော လူ ၄ ယောက်နှင့်အတူ ခန်းမဝင်ပေါက်မှလျှောက်ဝင်လာ၏။ ရဲအရာရှိ ၄ ယောက်တွင် တုတ်များ၊ ခါးပေါ်တွင်စကားပြောစက်များပါပါသည်။

သူတို့ ၄ ယောက်က အားလုံး၏အာရုံကို ချက်ချင်းဖမ်းစားလိုက်၏။

ချင်လင်လည်း သူတို့ ၄ ယောက်ကိုကြည့်လိုက်သည်။ သူတို့လက်မောင်းပေါ်မှ ခရီးသွားရဲတံဆိပ်ကိုမြင်သောအခါ သူသဘောပေါက်လိုက်၏။

အရင်က ချန်လီသူ့ကို ခရီးသွားပတ္တရောင်လှည့်မည့်အကြောင်းပြောထားဖူးသည်။

လျင်လျင်မြန်မြန်ဖွံ့ဖြိုးလာသော စီးပွားရေးနှင့်လူမှုရေး၊ လူနေမှုအဆင့်အတန်းအဆမတန်မြင့်မားလာမှုအရ ခရီးသွားလုပ်ငန်းမှာ စီးပွားရေးတွင်အပါအဝင်ဖြစ်သဖြင့် ခရီးသွားလုံခြုံမှုစီမံရေးမှာလည်း စိန်ခေါ်မှုအသစ်၊ လိုအပ်ချက်အသစ်များနှင့် ရင်ဆိုင်ရသည်။ ရှုမျှော်ခင်းနေရာမှလုံခြုံရေးနှင့် မလုံလောက်တော့။

အင်တာနက်ပေါ်တွင် ခရီးသည်များဝုန်းဒိုင်းကြဲသောသတင်းများလည်းတွေ့ရသည်။ အရင်ဆုံး ရှုခင်းသာနေရာတွင် အမှိုက်ပုံးများကို အထိန်းအကွပ်မရှိပစ်သော အမျိုးသမီးကြီးများရှိ၏။ ရှုခင်းသာနေရာရှိသတိပေးဆိုင်းဘုတ်တွင် အမှိုက်ပုံးတစ်ခုပြီးတစ်ခုချသော အမျိုးသမီးကြီးများရှိသည်။ နောက်ပြီး သူတို့မြေးမလေးများကို လုံခြုံရေးစည်းကျော်၍ခေါ်ကာ ကျားပေါက်လေးများနှင့်ဓာတ်ပုံရိုက်ချင်သော အမျိုးသမီးကြီးများရှိသည်။ သူတို့မြေးများကို ရှုခင်းသာနေရာမှကျောက်တုံးများယူရန်အားပေးသော အမျိုးသမီးကြီးများလည်းရှိ၏...

ဒီလိုယုတ္တိမတန်တာတွေ ရှုခင်းသာနေရာတွင် တွေ့ရစမြဲပင်။ ပိုဆိုးတာက ထိုခရီးသွားများက အကြောက်အလန့်မရှိဝုန်းဒိုင်းကြဲတတ်ကြ၏။ ရှုခင်းသာနေရာရှိအစောင့်များမှာ ဥပဒေအတိုင်းလုပ်ခွင့်မရှိသဖြင့် သူတို့ကလည်းလုံးဝမကြောက်ပေ။ သူတို့ကိုထိလျှင်ရဲခေါ်မည့်ပုံတောင်ပေါက်နေသည်။

ထိုကိုယ်ရည်ကိုယ်သွေးချို့တဲ့သူတချို့ကြောင့် ရှုခင်းသာနေရာပတ္တရောင်လှည့်ရဲများပေါ်လာ၏။ ရှုခင်းသာနေရာများလုံခြုံရေးတာဝန်ခံအပြင် ခရီးသွားလုံခြုံမှုမြှင့်တင်ရေး၊ ခရီးသွားယာဉ်များလမ်းညွှန်ပေးရေးပါ တာဝန်ခံရသည်။

အရေးအကြီးဆုံးမှာ တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။

ဥပဒေကိုဖျက်လိုဖျက်ဆီးလုပ်သူများအား အခင်းနေရာ၌ပင် ငွေလက်ကောက်တစ်စုံချက်ချင်းစွပ်ပစ်လိုက်နိုင်၏။ ပိုဆိုးသူများကို အချုပ်ထောင်ထဲ ၃ ရက်မှ ၁၅ ရက်အထိ အလည်ပို့ပေးနိုင်သည်။

ထိုပတ္တရောင်လှည့်ရဲအရာရှိ ၄ ဦးမှာ အလွန်ငယ်ရွယ်ပြီး သူရဲကောင်းဆန်နေ၏။

ချန်တပေက သူတို့ ၄ ဦးကို ချင်လင်နားခေါ်လာပြီး_ ''သူဌေး... ဒီရဲအရာရှိတွေက စီရင်စုကပတ္တရောင်လှည့်မယ့်ရဲတွေပါတဲ့''

အရှေ့မှငယ်ငယ်ရွယ်ရွယ်ပတ္တရောင်ရဲလည်း လမ်းလျှောက်လာပြီး_ ''သူဌေးချင်... ကျွန်တော်က စီရင်စုကချပေးတဲ့ပတ္တရောင်အဖွဲ့ရဲ့ခေါင်းဆောင် ဟုန်လင်းဟောက်ပါ... နောင်မှာအချင်းချင်းပူးပေါင်းဆောင်ရွက်သွားဖို့လိုပါတယ်''

ချင်လင်က တစ်ဖက်လူနှင့်လက်ဆွဲနှုတ်ဆက်လိုက်ပြီး အပြုံးနှင့်_ ''ခေါင်းဆောင်ဟုန်... နောင်ရှုခင်းသာနေရာလုံခြုံရေးနဲ့ပတ်သက်ပြီး အားကိုးပါရစေဗျာ''

နှစ်ဦးနှစ်ဖက်အဆက်အစပ်မရှိသော်လည်း အချင်းချင်းရင်းရင်းနှီးနှီးလက်တွဲရသော နေရာများစွာရှိသည်။ တစ်ခါတရံ ခရီးသွားရဲက ရှုခင်းသာနေရာနှင့်ပူးပေါင်းရပြီး တစ်ခါတရံ ရှုခင်းသာနေရာက ဥပဒေအတိုင်းဆောင်ရွက်နိုင်ရန် ခရီးသွားရဲနှင့်ပူးပေါင်းရ၏။

''ခေါင်းဆောင်ဟုန်... ဒီစံအိမ်တဝိုက်ကိုလိုက်ပြပါရစေ'' ချင်လင်က သူ့တောင်တန်းစံအိမ်၏ လက်ရှိအနေအထားမှာ ခရီးသွားရဲကင်းတည်ထောင်ပေးရန်အခြေအနေမရှိကြောင်းသိသည်။ အနည်းဆုံး 4A အဆင့်ရှိမှရှုခင်းသာနေရာတွင် ရဲကင်းတည်ဆောက်နိုင်၏။ 5A အဆင့်ရှိမှသာ အခြေအနေအရကိုင်တွယ်ဖြေရှင်းပေးမည့်ရဲစခန်းတည်ဆောက်နိုင်သည်။

ယခုစီရင်စုထဲတွင် ခရီးသွားပတ္တရောင်လှည့်ရဲအဖွဲ့ရှိလာပြီ။ ဤသည်က ထောက်ပံ့မှုနှင့်လမ်းစဉ်အသွင်တစ်မျိုးဖြစ်သည်။ သူဒါကိုလေးလေးနက်နက်ခံယူရပေမည်။

All Chapters