← Chapters

ရှဉ့်က အငြိုးကြီးလိုက်တာ!

Vol. 8 Ch. 114

ရှဉ့်က အငြိုးကြီးလိုက်တာ!

Vol. 8 Ch. 114

ချင်လင်က ခေါင်းဆောင်ဟုန်နှင့်တခြားလူများကိုခန်းမအပြင်ခေါ်သွားပြီး ချန်တပေအား သူနှင့်အတူလုံခြုံရေးတချို့ခေါ်လာခဲ့ရန်ညွှန်ကြားလိုင်သည်။

နောင်တွင် လုံခြုံရေးအစောင့်များက ခေါင်းဆောင်ဟုန်တို့အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်ရပေမည်။

နောက်ပြီး ခေါင်းဆောင်ဟုန်တို့အုပ်စုက ၄ ယောက်သာရှိသည်။ သူတို့အဖို့ အစစအရာရာလိုက်တာဝန်ယူနေရန်မဖြစ်နိုင်ချေ။ အချိန်အတော်များများတွင် နောက်ဆုံးဥပဒေအတည်ပြုရန်နှင့်တရားဝင်ဝါဒဖြန့်ရန်တာဝန်ရှိနေသေးသည်။ တစ်ခါတရံ လုံခြုံရေးအစောင့်များက အထောက်အကူတာဝန်ထမ်းဆောင်ပေးရပေမည်။

မွေးနီက ချင်လင်ပခုံးပေါ်တက်၍ ခန်းမအပြင်လိုက်လာသည်။

ထိုမြင်ကွင်းက ခေါင်းဆောင်ဟုန်နှင့်တခြားသုံးယောက်ကို မျက်ခုံးမြင့်တက်သွားစေ၏။ သူတို့မလာခင် စံအိမ်အကြောင်းအသေးစိတ်အချက်အလက်များမေးမြန်းခဲ့သဖြင့် ရှဉ့်များမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၏အထူးဝိသေသတစ်ခုဖြစ်ကြောင်းသိထားကြသည်။

သူဌေးချင်က စံအိမ်တွင် ရှဉ့်တချို့ထိန်းသိမ်းထားသည်တဲ့။ သူတို့က ခရီးသည်များနှင့်ဆက်သွယ်တတ်ပြီး ပခုံးပေါ်တက်၍ဓာတ်ပုံတောင်အရိုက်ခံတတ်သည်တဲ့။

အင်တာနက်ပေါ်မှလူများက ရှဉ့်လေးတွေကိုလိမ္မာအောင် ချင်းလင်စံအိမ်ကဘယ်လိုမွေးမြူထားသည်ကို သိချင်နေကြသည်။

အခု သူဌေးချင်ပခုံးပေါ်ကအကောင်ကို ကြည့်ပါဦး။ အရမ်းချစ်စရာကောင်းတာပဲ။

ဤသည်မှာ အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်၏ဂေဟစနစ်သဟဇီဝစွမ်းရည်ဖြစ်ကြောင်း မည်သူမှမသိပေ။ ထိုရှဉ့်များက ကပ်ပါးရပ်ပါးနှင့် အလုပ်လာလုပ်ရခြင်းပင်။

''ဝု!'' ဝမ်ချိုင်က ရှဉ့်လေး၏အန္တရာယ်ကိုအာရုံခံမိပုံနှင့် ချင်လင်၏ခြေထောက်နားလှည့်ပတ်ပြီး နောက်ကလိုက်လာသည်။

သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ချင်းလင်စံအိမ်၏အဓိကအကျဆုံးဝိသေသနေရာဖြစ်သောကြောင့် ချင်လင်က ခေါင်းဆောင်ဟုန်နှင့်တခြားလူများကိုလှည့်ပတ်ပြလိုက်၏။

ပန်းပင်လယ်ထဲတွင် ခရီးသည်အများကြီးရှိနေသည်။ ဂိမ်းအရည်အသွေးကြောင့် ခရီးသည်များက သူတို့အသိလူများကိုလာဖို့အကြံပြုကြစမြဲ။ ရိုက်ယူသောဗီဒီယိုများတွင် ကင်မရာပြုပြင်ချက်ပါသဖြင့် ဓာတ်ပုံဝါသနာရှင်များကိုလည်း ပိုမိုဆွဲဆောင်နေသည်။ အင်တာနက်ပေါ်တွင် ချင်းလင်စံအိမ်ပန်းပင်လယ်ဗီဒီယိုများမှာ အမြဲရေပန်းစားနေ၏။

ထို့ကြောင့် ခရီးသည်ပြတ်သည်ဟူ၍မရှိပေ။ မြောက်ဖျားကျသောခရီးသည်အတော်များများကိုပင် ဆွဲဆောင်ထားသည်။ ဤသည်မှာ စံအိမ် ID မှတ်ပုံတင်အချက်အလက်က ၂၁၊ ၂၂ နှင့် ၂၃ အစတချို့ကိုပြနေသောကြောင့်ပင်။

အစွန်အဖျားပိုင်းကိုကျော်လာပြီးနောက် ခေါင်းဆောင်ဟုန်နှင့်လူများလည်း ဂိမ်းထုတ်ကုန်သုံးပွင့်ဆိုင်ဇီးပန်းပင်၏ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။

သူတို့မလာခင် ချင်းလင်စံအိမ်၏သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဗီဒီယိုတချို့လည်းကြည့်ခဲ့သေး၏။ သို့သော် ကိုယ်တိုင်မြင်ရသည့်အခါ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က ဗီဒီယိုထဲမှာထက် အဆများစွာ ပိုလှပြီးပိုဆွဲဆောင်မှုရှိကြောင်းသိလိုက်ရသည်။

ခေါင်းဆောင်ဟုန်က မချီးကျူးဘဲမနေနိုင်တော့_ ''ဒီပန်းပင်လယ်က တကယ်လှတာပဲ... သူဌေးချင်က ဒီနေရာကိုအရမ်းနာမည်ကျော်အောင်လုပ်နိုင်တာ တကယ်အံ့သြဖို့ကောင်းတယ်''

ချင်လင်ကခေါင်းခါ၍_ ''ဒါစီရင်စုကထောက်ပံ့ပေးတာကို ကျေးဇူးတင်ရမှာပါ... နောင်လည်း ခေါင်းဆောင်ဟုန် ကျွန်တော်တို့ကိုဂရုစိုက်ပေးဖို့ လိုအပ်နေပါတယ်... အရင်တစ်ခေါက်က ခင်ဗျားတို့သာရှိခဲ့ရင် ဟိုယုတ္တိမရှိတဲ့အမျိုးသမီး ကျွန်တော်တို့ကို လိုင်းပေါ်မှာနာမည်ဖျက်ခွင့်ရမှာမဟုတ်ဘူး''



ရည်းစားလုဘက်မှမဟုတ်တာ။ တစ်ဖက်သားကို နည်းနည်းပါးပါးမြှောက်ပြောပေးရတာ ဘာမှအပန်းမကြီးဘူး။

''နောင်ကိုဒါမျိုးမဖြစ်အောင် ကျွန်တော်တို့ကြိုးစားပေးမယ်'' ခေါင်းဆောင်ဟုန်လည်း ချင်းလင်စံအိမ်ဖြစ်ရပ်အကြောင်းသိထားသည်။ အကြောင်းမှာ ချင်းလင်စံအိမ်က ဖြေရှင်းချက်မပေးခဲ့ခြင်းကြောင့်ပင်။ အချိန်ကြာမှ ရုံးတော်ကအမှုဝင်စစ်ဆေးခဲ့၏။ ထိုအမျိုးသမီးက အချိန်တစ်ခုအထိ ထောင်ထဲနေရလိမ့်မည်။

ခေါင်းဆောင်ဟုန်လည်း ချင်လင်နောက်လိုက်၍ သုံးပွငိ့ဆိုင်ဇီးပန်းပင်များကိုရှုစားနေလိုက်သည်။

ပန်းပင်လယ်တွင် နာမည်အကျော်ဆုံးအပင်များမှာ အလယ်နေရာရှိ ၃ မီတာကျော်ရှည်သောအပင်သုံးပင်ဖြစ်၏။ ခေါင်းဆောင်ဟုန်က ဒီမလာခင် အစီအစဉ်ဆွဲထားသည်။ ဒါက အဓိကတာဝန်များထဲမှ တစ်ချက်ဖြစ်လိမ့်မည်။

အင်တာနက်ပေါ်ရှိပရိသတ်များနှင့်ကျွမ်းကျင်ပညာရှင်များက ထိုဇီးပန်းပင်သုံးပင်ကို ရှေးဟောင်းပြတိုက်အဆင့်ဝင်အပင်များဟုဆိုကြ၏။ သက်တန့်ရောင်၏အဖိုးတန်မှုနှင့် ချင်းလင်စံအိမ်၏လက်ရှိဂုဏ်သတင်းကြောင့် တစ်ပင်ကို ယွမ် ၂ သန်းဆိုလျှင်တောင် ဝယ်မည့်သူများရှိလိမ့်မည်။

သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်ကို သစ်သားလက်ရန်းကာထားသော်လည်း အထူးမြင်ကွင်းနှင့် ဘေးပတ်လည်တွင်ဓာတ်ပုံရိုက်နိုင်သောပလက်ဖောင်းရှိသဖြင့် ခရီးသည်များကြည့်ရှုနိုင်၊ သစ်ပင်အောက်ဓာတ်ပုံရိုက်နိုင်သည်။

ခရီးသည်များရောက်လာလျှင် သတိပေးဆိုင်းဘုတ်ကိုမြင်နိုင်သည်_ ''မဖျက်ဆီးရ။ ဖျက်ဆီးလျှင် လျော်ကြေးပေးရမည်။'' ဆိုထားသဖြင့် လွယ်လင့်တကူမထိရဲ။ သူတို့မလျော်နိုင်မှန်းသိကြ၏။

သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်အပြင် သစ်ပင်ပေါ်တွင်ခုန်ပေါက်နေသောရှဉ့်လေးများက ထူးခြားမှုကိုအများကြီးထပ်ဆောင်းပေးလိုက်သည်။

ယခုခရီးသည်အတော်များများက အထူးပလက်ဖောင်းမှာမတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်လျှင်၊ သူတို့ပခုံးပေါ်ထင်းရှူးသီးစေ့ တစ်စေ့နှစ်စေ့တင်ထားလျှင် ရှဉ့်လေးတွေပခုံးပေါ်တက်လာအောင်ဆွဲဆောင်နိုင်ပြီး ဓာတ်ပုံရိုက်နိုင်မှန်းသိကြသည်။

ထို့အပြင် ခရီးသည်အတော်များများလည်းဘအောင်မြင်ထားကြ၏။

ခေါင်းဆောင်ဟုန်က သူ့လူများနှင့် ထိုနေရာတွင်ရပ်လိုက်သည်။ ရှဉ့်လေးများကို ထင်းရှူးသီးစေ့နှင့်ဆွဲဆောင်ပြီး ဓာတ်ပုံရိုက်ရန်ကြိုးစားနေသောခရီးသည်များကို သူကကြည့်နေ၏။ ထိုခရီးသည်များကကျွေးသော ထင်းရှူးသီးစေ့များကိုလာယူသောရှဉ့်လေးများကိုလည်း သူကကြည့်လိုက်သည်။

''ကျွိကျွိ!'' မွေးနီက ချင်လင်ပခုံးပေါ်ရပ်ရင်း သူ့ခေါင်းကိုမျှော်ကြည့်လိုက်၏။ သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်ပေါ်မှရှဉ့်လေးများကို သူကစူးစမ်းသလိုကြည့်လိုက်ရင်း သူလည်းလုပ်ကြည့်ချင်ပုံပေါ်နေသည်။

နောက်ဆုံး မွေးနီက သုတ်သီးသုတ်ပျာနှင့် အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်ပေါ်တက်သွား၏။

သုံးပွင့်ဆိုင်ဇီးပန်းပင်ပေါ်မှရှဉ့်များမှာ သူတက်လာသည်ကိုကြောင်ပြီး မမှိတ်မသုန်ကြည့်နေကြသည်။ အပြာရောင်ဝတ်စုံ ကျောပိုးအိတ်နှင့် အနူတောလူချောသဖွယ်ဖြစ်နေ၏။

သို့သော် မွေးနီကမူ ရှဉ့်တစ်ကောင်ကိုင်ထားသောထင်းရှူးသီးစေ့ကို စိုက်ကြည့်နေသည်။ ထို့နောက် အသံလုံးဝမထွက်ဘဲ ပြာပြာပြာပြာနှင့်ရှေ့တိုးသွား၏။

ရှဉ့်လေးကနားလည်ပုံနှင့် သုံးပွင့်ဆိုင်ဇီးပန်းပင်ကိုင်းပေါ်ခုန်တက်လိုက်သော်လည်း မွေးနီလောက်မမြန်သဖြင့် ချက်ချင်းအဖိခံလိုက်ရပြီး မယှဉ်နိုင်သည့်ပုံပင်။ နောက်ဆုံး သူ့လက်ထဲကထင်းရှူးသီးစေ့ကို သစ်ကိုင်းပေါ်ချ၍ ထွက်ပြေးသွားရသည်။

မွေးနီက ထင်းရှူးသီးစေ့ကိုကျေကျေနပ်နပ်ကြီးကောက်ကိုင်၍ ပါးစပ်ထဲထည့်ဝါးလိုက်၏။ ထို့နောက် အရသာကိုနှစ်သက်ပုံနှင့် တကျွိကျွိအော်လိုက်သည်။

ချင်လင်ကထိုမြင်ကွင်းကိုကြည့်ရင်း မအံ့သြဘဲမနေနိုင်။

ခေါင်းဆောင်ဟုန်ကပြုံး၍_ ''သူဌေးချင်... ခင်ဗျားလေ့ကျင့်ပေးထားတဲ့ရှဉ့်လေးတွေက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်''

''သူတို့အဆင်ပြေပါတယ်'' ချင်လင်ကချက်ချင်းပြန်ပြောလိုက်သည်။



ဒီကောင်တွေကို သူတကယ်လေ့ကျင့်ပေးထားသည်မဟုတ်သော်လည်း 'မဟုတ်ဘူး၊ ရှဉ့်လေးကသူ့ဘာသာလာတာ'ဟုဖြေလိုက်လျှင် သူ့ကိုယုံပါမည်လား?

အဝတ်အစားနှင့်ကျောပိုးအိတ်နှင့် မွေးနီ၏ပုံစံက သစ်ပင်အောက်ရှိခရီးသည်တချို့ကို စိတ်ဝင်စားသွားစေသည်။ သူတို့က ဖုန်းထုတ်၍ မွေးနီကိုဓာတ်ပုံရိုက်လိုက်ကြ၏။

ဒီရှဉ့်လေးက ထူးထူးခြားခြားပဲ။ ချစ်စရာကောင်းလိုက်တာ။

အရှေ့ပိုင်းနည်းနည်းပိုပွသော အဖြူရောင်ဝမ်းဆက်နှင့် လှပသောအမျိုးသမီးတစ်ဦးက သူမဖုန်းနှင့်ဓာတ်ပုံရိုက်ယူလိုက်သည်။ သူမကထင်းရှူးသီးစေ့တစအစေ့ထုတ်လိုက်ပြီး မွေးနီရှေ့ယမ်းပြကာ သစ်သားလက်ရန်းပေါ်တင်လိုက်၏။

မွေးနီက ဘာဆိုတာမြင်သွားသည်။

သစ်သားလက်ရန်းပေါ်ခရီးသည်ထားသွားသောထင်းရှူးစေ့ကို ဘေးနားရှိသုံးပွင့်ဆိုင်ဇီးပန်းပင်နှစ်ပင်ပေါ်မှရှဉ့်များက လာကောက်မည်ကိုမြင်လျှင် သူကသုတ်သီးသုတ်ပျာဆင်းသွားပြီး ထင်းရှူးစေ့ကိုကောက်လိုက်၏။

ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်ပေါ်မှရှဉ့်များက အသစ်ရောက်လာသောကောင်မှာ အလွန်အားကြီးကြောင်းသိပုံရသဖြင့် လာမလုရဲကြချေ။

ဒီတစ်ကြိမ်တွင်မူ မွေးနီက ထင်းရှူးသီးစေ့ကို သူ့ပါးစပ်ထဲမထည့်ဘဲ ကျောပိုးအိတ်ထဲထည့်ကာ ထိုမိန်းမလှလေးလက်ထဲမှ တခြားထင်းရှူးသီးစေ့များကိုစိုက်ကြည့်နေသည်။

မိန်းမလှလေးက အံ့သြသွားပြီး နောက်ထပ်ထင်းရှူးသီးစေ့ကို သစ်သားလက်ရန်းပေါ်တင်လိုက်၏။

မွေးနီကကောက်၍ သူ့အိတ်လေးထဲထည့်ကာ မိန်းမလှလေးကိုကြည့်နေပြန်သည်။

''ဟွေ့ဟွေ့... သူဉာဏ်ကောင်းလိုက်တာ'' ဘေးနားမှမိန်းကလေးက မိန်းမလှလေးကိုအံ့သြစွာပြောလိုက်သည်_ ''နင့်မှာရှိသေးမှန်း သူသိတယ်... ပြီးတော့ သူ့အိတ်ထဲထည့်ရကောင်းမှန်းလည်းသိတယ်နော်''

မိန်းမလှလေးက အံ့အားသင့်သွားကာ ခေါင်းညိမ့်ပြီး နောက်ထပ်ထင်းရှူးသီးစေ့ကို သစ်သားလက်ရန်းပေါ်တင်လိုက်သည်။ မွေးနီကမငြင်းဘဲ ကောက်ကိုင်၍ သူ့အိတ်ထဲထည့်လိုက်၏။

ရှဉ့်နှစ်ကောင်က လင့်စင်ပေါ်မှခုန်ဆင်းလာပြီး သစ်သားလက်ရန်းတစ်ဖက်တချက်ဆီ ပြာပြာသလဲရောက်လာသည်။ သူတို့က မွေးနီကို အမေရိကတိုက်ရှာဖွေတွေ့ရှိသလို စူးစူးစမ်းစမ်းကြည့်လိုက်ကြ၏။

အလှလေးဟွေ့ဟွေ့က ထိုချစ်စရာကောင်းသောရှဉ့်လေးကို အသေချစ်သွားသည်။ သူမလက်ထဲမှနောက်ဆုံးထင်းရှူးသီးစေ့ကိုကြည့်ရင်း ထိုရှဉ့်လေးကိုစရန်ပြင်လိုက်၏။

သူမက မွေးနီကိုထင်းရှူးသီးစေ့ဝှေ့ယမ်းပြလိုက်ပြီးနောက် တမင်သက်သက်သူမပါးစပ်နားကပ်ရန် ကိုက်ဟန်ပြုလိုက်သည်။

မွေးနီက တစ်ဖက်သားကသူ့ကိုကစားနေကြောင်းမြင်ရသဖြင့် မကျေမနပ်ပုံပေါက်နေ၏။

ဟွေ့ဟွေ့က စနောက်ပြီးပျော်ရွှင်သွားပုံနှင့် သူမလက်ထဲမှ တစ်ဝက်ကိုက်ထားသောထင်းရှူးသီးစေ့ကို သစ်သားလက်ရန်းပေါ်ထပ်တင်ပေးလိုက်သည်။

တကယ်လို့ရှဉ့်လေးကလာယူတယ်ဆိုရင် ဒီကောင်လေးနဲ့သွယ်ဝိုက်အနမ်းဖြစ်ပြီဟု တွေးမိလိုက်သည်။

သို့သော် မွေးနီက ထင်းရှူးသီးစေ့တစ်ပိုင်းကိုမြင်လျှင် ရွံ့တွံ့တွံ့နှင့်နောက်နှစ်လှမ်းပြန်ဆုတ်လိုက်၏။ ထို့နောက် သူ့နောက်ခြေနှင့် ထင်းရှူးသီးစေ့တစ်ပိုင်းကို မြေပေါ်ကန်ချလိုက်သည်။

''ဖူး!'' ဘေးနားမှမိန်းကလေးက မနေနိုင်ဘဲလှောင်လိုက်၏_ ''ဟွေ့ဟွေ့... ရှဉ့်လေးက နင့်ကိုရွံတယ်တဲ့... အာပုပ်စော်နံလို့လားပဲ?''

ထိုမြင်ကွင်းကိုမြင်သော အနီးအနားမှခရီးသွားများလည်း မရယ်ဘဲမနေနိုင်တော့။

ဟွေ့ဟွေ့က ကြောင်သွားသည်။

သူမက ရှဉ့်လေးကိုစချင်ရုံလေ။ ဒါပေမဲ့ ရှဉ့်လေးကရွံမယ်လို့ ဘယ်ထင်မှာလဲ?

ရှဉ့်တစ်ကောင်သက်သက်ပဲ။ ဒီလောက်တုံ့ပြန်စရာလိုလို့လား?

All Chapters