← Chapters

ဂိမ်းထုတ်ကုန်ဆွဲသီးနှင့်လက်ကောက်!

Vol. 8 Ch. 116

ဂိမ်းထုတ်ကုန်ဆွဲသီးနှင့်လက်ကောက်!

Vol. 8 Ch. 116

??

(ခရမ်းစွဲကျောက်မျက်သတ္တုကိုရလိုက်သည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)

(ရွှေပြားရရန်ရောင်းနိုင်သော ခရမ်းစွဲကျောက်မျက်သတ္တုစဖြစ်သည်! ပန်းပဲဖို၏ Sebara ထံတွင် ကျောက်မျက်ရတနာပုံသွင်းလုပ်ငန်းဖွင့်ထားပြီဟုကြားသည်။ တစ်ချက်သွားကြည့်နိုင်သည်!)

ဒါသတ္တုတူးတာက ဇာတ်ကွက်ဖော်နိုင်ပြီး လုပ်ငန်းအသစ်ဖွင့်နိုင်တာလား?

စိုက်ပျိုးမွေးမြူရေးပုံပြင်ထဲမှာ သတ္တုများကိုတူးဖော်နိုင်သည်။ ရွှေ၊ ငွေ၊ ကြေးနီနှင့် မဟူရာတောင်တွေ့နိုင်၏။

သို့သော်ပုံစံအဟောင်းထဲတွင် ကျောက်မျက်လိုမျိုးရှိဟန်မတူ။ ပုံစံအသစ်ထဲတွင် အသစ်ထပ်ဖြည့်ထားခြင်းဖြစ်မည်။

ထို့အပြင် ပန်းပဲဖိုဟောင်းမှာ လယ်ယာသုံးကိရိယာများလုပ်နိုင်၊အဆင့်မြှင့်နိုင်ပြီး နောက်ဆုံးအဆင့် လယ်ယာသုံးကိရိယာများ၏သစ်သားအပိုင်းကို သိုင်းပညာရှင်ကဲ့သို့ ပုဆိန်နှင့်ခုတ်ပိုင်းနိုင်သော်လည်း ကျောက်မျက်ရတနာပုံသွင်းပေးခြင်းတော့ မရှိပါချေ။ လုပ်ငန်းအသစ်ဖြစ်ပုံရသည်။

အဓိကအကျဆုံးက ငါးမျှားတံလိုအသုံးအဆောင်မျိုးကို လက်တွေ့လောကထဲ ယူလာနိုင်တယ်ဆိုရင် ကျောက်မျက်တွေရောယူလို့ရမလား?

သူနှင့်ကျောက်မိုချင်း တိတ်တဆိတ်လက်ထပ်စာချုပ်ချုပ်ပြီး ချစ်ကျွမ်းဝင်ကြစဉ်က အသင့်အတင့်ကျောက်မျက်ရတနာလေးတစ်ခုမျှပင် မဆင်ခဲ့ရ။ ပြီးတော့ မနက်ဖြန်ဆို ခရစ်စမတ်ပွဲတော်ချိန်ကျပြီ။ သူမကိုတစ်ခုခုပေးရမည်။

ချင်လင်ကထိုသို့တွေးမိပြီး ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံမှထွက်စေကာ သတ္တုမြို့တော်ပန်းပဲဖိုမှ NPC Sebara ဆီသို့ဦးတည်သွားလိုက်သည်။ သူက ကျောက်မျက်ပုံသွင်းရန်ကိုရွေးလိုက်၏။

(ကျောက်မျက်ကို ဘယ်လိုပုံသွင်းချင်တာလဲ?)

(ဆွဲသီး၊ လက်ကောက်၊ လက်စွပ်...)

ချင်လင်က ရွေးချယ်စရာထဲကြည့်ပြီး ဆွဲသီးကိုရွေးရန်ဆုံးဖြတ်လိုက်သည်။ ကျောက်မိုချင်းက ဆွဲသီးသဘောကျသောကြောင့်ပင်။ အရင် သူမကိုပေးဖူးသောစျေးအကြီးဆုံးဆွဲသီးက ယွမ် ၂၀၀ သာရှိ၏။

(ပုံသွင်းလိုသော ပုံစံကိုရွေးပါ!)

(ကိုယ်လိုချင်သောပုံစံရှိလျှင်လည်း ပေးနိုင်သည်!)

ဂိမ်းထဲတွင် ရွေးချယ်စရာနှစ်ခုထပ်ပေါ်လာ၏။

ချင်လင်က မည်သည့်ပုံစံမှစဉ်းစားထားခြင်းမရှိသဖြင့် ဂိမ်းထဲကဆွဲသီးပုံစံကိုသာ ရွေးလိုက်သည်။ ဂိမ်းထဲတွင် တွဲဖက်ပစ္စည်းအမျိုးအစားသိပ်မရှိ။ သုံးမျိုးတည်းသာပါသည်။

ချင်လင်က ထိုသုံးခုထဲမှအလှဆုံးဖြစ်သော အိတ်ဘေးနားမှဆွဲသီးကိုရွေးလိုက်၏။

(ပုံသွင်းပစ္စည်းများကိုရွေးပါ!)

ချင်လင်က ခရမ်းစွဲကျောက်မျက်သတ္တုကိုတန်းရွေးလိုက်သည်။

(ပစ္စည်းလိုနေသည်။ ပုံသွင်းရန်အနားကွပ်ပစ္စည်းလိုသည်!)

ဂိမ်းအသိပေးစာကိုကြည့်ရင်း ချင်လင်သဘောပေါက်သွား၏။ ပစ္စည်းနှစ်မျိုးလိုအပ်သည်။ ခရမ်းစွဲက အဓိကကိုယ်ထည်ဖြစ်ပြီး နောက်ပစ္စည်းနှင့်အနားကွပ်ရမည်။



ချင်လင်ကချက်ချင်း သူ့အိတ်ထဲမှရွှေသတ္တုကိုရွေးလိုက်၏။ ရွှေနှင့်ကျောက်က အလိုက်ဖက်ဆုံးဖြစ်သော်လည်း ရွှေသတ္တုတစ်ခုတည်းနှင့်မရ။ သူက ရွှေ ၁၀ စ တန်းရွေးလိုက်ပြီး 'ပုံသွင်းမည်'ကိုနှိပ်လိုက်သည်။

ခဏအကြာ ခရမ်းစွဲသတ္တုနှင့်ရွှေ ၅ စမှာ တလက်လက်တောက်ပလာ၏။ ထို့နောက် အပူဂဟေဆက်လိုက်ရာ တဖြည်းဖြည်းဆွဲသီးပုံပေါ်လာသည်။

(ခရမ်းစွဲကျောက်မျက်ဆွဲသီးပုံသွင်းခြင်း အောင်မြင်သည့်အတွက် ဂုဏ်ယူပါတယ်!)

ထိုစာမြင်လျှင် ချင်လင်ကဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံသို့ အမြန်ဆုံးပြန်သွားစေလိုက်သည်။ ထို့နောက် စံအိမ်ထဲနေရာလွတ်ရှာကာ ဂိမ်းထဲဝင်လိုက်၏။

ဂိမ်းဇာတ်ကောင်နေရာယူပြီးနောက် ခရမ်းစွဲကျောက်မျက်ဆွဲသီးကိုထုတ်လိုက်ရာ မှတ်ချက်ကိုတွေ့ရသည်:

(ခရမ်းစွဲကျောက်မျက်ဆွဲသီး: အရည်အသွေး ၁)

(ခရမ်းစွဲကျောက်မျက်နှင့်လုပ်ထားသောဆွဲသီးဖြစ်သည်။ လှပသောပုံစံကြောင့် အမျိုးသမီးများကြား ရေပန်းစားသည်။ အလှအပ +၁၊ အနုပညာ +၁၊ အရည်လဲ့ခြင်း +၁)

အလွန်ရိုးရှင်းသော အရည်အသွေးဖြစ်သည်။ အလှအပနှင့်အနုပညာမှာ နားလည်ရလွယ်၏။ ဘာပဲဖြစ်ဖြစ် ဘယ်ကျောက်မျက်ရတနာမဆို ဒီနှစ်ခုနှင့်ဆက်စပ်နေသည်။ ကျောက်မျက်ရတနာတွေကို အလှအပ၊ အနုပညာနဲ့တန်ဖိုးကြည့်တာ မဟုတ်လား?

ချင်လင်က အရည်လဲ့ခြင်း +၁ ကိုကြည့်လိုက်သည်။

သူကကျောက်မျက်အကြောင်း ဘာမှမသိသော်လည်း သက်ဆိုင်ရာဗီဒီယိုတချို့ကြည့်ဖူးပြီး ကျောက်မျက်အရည်ပိုလဲ့လျှင် တန်ဖိုးပိုမြင့်ကြောင်း အကြမ်းဖျင်းနားလည်ထား၏။

ဆွဲသီးက အမြင်လှသည်။ ခရမ်းစွဲကျောက်မျက်မှာ ဆွဲသီး၏အဓိကကိုယ်ထည်ဖြစ်ပြီး ရွှေနှင့်အနားကွပ်ထား၏။ လက်ရာမြောက်ဖီးနစ်ငှက်နှစ်ကောင်ကဲ့သို့ အနုစိတ်ပုံစံဖန်တီးထားသည်။

ရွှေကလည်း အညစ်အကြေးမရှိ၊ သန့်စင်သည်။

ဂိမ်းပုံသွင်းခြင်းမှာ အတော်လေးအဆင်ပြေ၏။ ရွှေသတ္တုမှာ အပြီးသတ်ရွှေပုံစံမရခင် ရှုပ်ထွေးသောစက်မှုရွှေပြားခတ်ခြင်းများလုပ်ရန်တောင်မလိုချေ။

သို့သော် ရွှေ ၁၀ စကို ပစ္စည်းအဖြစ်သွင်းလိုက်ရသည်။ အဲဒါသူ့မှာရှိသမျှ ရွှေအကုန်မဟုတ်လား?

ဒီပန်းပဲဆိုင်က နည်းနည်းရွှေခိုးသည်။

တော်သေးတာက ဆွဲသီးအရမ်းလှနေခြင်းပင်။ ကျောက်မိုချင်းသေချာပေါက်ကြိုက်လိမ့်မည်။

သို့သော် ဆွဲသီးကိုကြည့်ရင်း ချင်လင်အတွေးထဲနစ်ဝင်သွားသည်။

အရင်ကသူ့အမေကိုလည်း ဘာအတော်အသင့်ကျောက်မျက်ရတနာမှပေးဖို့ မစဉ်းစားခဲ့ဖူး။

သူ့အမေကအသက်ကြီးပြီးဆိုရင်တောင် အမျိုးသမီးတစ်ယောက်ပဲလေ။ ကျောက်မျက်ရတနာ မကြိုက်ဘူးလား?

ကြိုက်မှာပေါ့။

အသက်ကြီးတဲ့အမျိုးသမီးတွေက ကျောက်မျက်ရတနာကို အထိုက်အလျောက်တော့ ကြိုက်တာပဲ။

သူကရွှေလက်ကောက်ဝယ်ပြီး သူ့အမေကိုဆင်နိုင်သည်။ သူ့အမေပြုံးရွှင်နေမည်ဟု အတပ်ပြောနိုင်၏။

ချင်လင်လည်း သူ့အမေတွင် ကျောက်မျက်ရတနာနှင့် မြလက်ကောက်တစ်ကွင်းရှိဖူးသည်ဟု အသေအချာသိထားသည်။ သူ့အဖေကိုဆေးကုသစဉ်က ရောင်းလိုက်ရခြင်းသာ။

အခုကျောက်မိုချင်းကို ခရစ်စမတ်လက်ဆောင်ကျောက်မျက်ပေးမည်ဆိုတော့ သူ့အမေကိုလုံးဝမေ့ထား၍မဖြစ်။

သူကကျောက်မိုချင်းကိုပဲလက်ဆောင်ပေးရင်တောင် သူ့အမေဘာမှပြောမည်မဟုတ်မှန်းသိသော်လည်း သားတစ်ယောက်အနေနဲ့ ဘက်လိုက်ပြီး အမေကိုမေ့ထားလို့မရပေ။

ဒါပေမဲ့ အခုဆွဲသီးက တစ်ခုပဲရှိသည်။

သူဆက်တူးရုံသာရှိတော့၏။

ချင်လင်က ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းဆီသွားပြီး ဆက်တူးစေလိုက်သည်။



ဤဂိမ်းပုံစံထဲမှ သတ္တုတွင်းဒုတိယအဆင့်မှာ အရင်ထက်များစွာကြီးသည်။ တချို့နေရာမှာတူးပြီးသားဖြစ်သော်လည်း သူ့ကံက ဒီနောက်ပိုင်းသိပ်ကောင်းပုံမပေါ်။ ရွှေ၊ ငွေ၊ ကြေးနီအမြောက်အမြားရပြီး ကျောက်မျက်သတ္တုမှာထပ်ထွက်မလာတော့ချေ။

သူကဂိမ်းဇာတ်ကောင်အား ကြိုးစားပမ်းစားဆက်တူးစေရန်သာရှိတော့သည်။

တကယ်လို့ အလုပ်မဖြစ်ရင်တော့ ရွှေသတ္တုတွေကိုပဲသုံးပြီး ပန်းပဲဆိုင်မှာ သူ့အမေအတွက် ရွှေလက်ကောက်လုပ်ကြည့်ရမည်။ မရလျှင် အပြင်ကလက်ကောက်ဝယ်လိုက်မည်။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်လက်ဆောင်ပေးတဲ့အခါ သူ့အမေကိုချန်ထား၍မဖြစ်။

ဖြစ်ချင်တော့ သူကြိုးစားသမျှ အရာထင်လာသည်။ သတ္တုတွင်းဒုတိယအဆင့်ဟင်းလင်းပြင်တွင် တူးပြီးခါနီး၌ နောက်ထပ်ကျောက်မျက်ကို တူးဖော်ရလိုက်၏:

(ပန်းစိမ်းကျောက်မျက်သတ္တုကိုရသည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)

(ရွှေပြားရရန်ရောင်းနိုင်သော ကျောက်မျက်သတ္တုစဖြစ်သည်! ပန်းပဲဖိုမှ Sebara ထံတွင်လည်း ကျောက်မျက်ရတနာပုံသွင်းနိုင်သည်။)

ပန်းစိမ်းကျောက်မျက်သတ္တု?

ချင်လင်မျက်လုံးများဝင်းလက်သွား၏။ သူ့အဖေကိုဆေးကုသဖို့ သူ့အမေရောင်းခဲ့တဲ့ကျောက်မျက်လက်ကောက်ကလည်း ပန်းစိမ်းလက်ကောက်ပဲ။ ဘောင်ချာမရှိ၍ ထိုလက်ကောက်ကို ယွမ် ၂၀၀၀ နှင့်သာရောင်းခဲ့ရသည်ကိုလည်း မှတ်မိနေသေးသည်။

ဒါကံပဲလား?

ချင်လင်ကတုံ့ဆိုင်းခြင်းမရှိဘဲ ဂိမ်းဇာတ်ကောင်အား ပန်းပဲဖိုထပ်သွားစေကာ လက်ကောက်လုပ်မည်ကိုရွေးလိုက်သည်။

ဒီလက်ကောက်က ကျောက်မျက်တစ်မျိုးတည်းသာလို၏။

(ပန်းစိမ်းကျောက်မျက်လက်ကောက်နှစ်ကွင်းပုံသွင်းအောင်မြင်အောင်မြင်သည့်အတွက် ဂုဏ်ယူပါတယ်!)

ချင်လင်ကအံသြသွားသည်။ ဒီတစ်ခါနှစ်ကွင်းရမည်ဟုထင်မထားပေ။

သူ့မွေးရပ်မြေတွင် မင်္ဂလာလက်ဖွဲ့ကြီးကြီးပေးသည်ထက် ရွှေ၊ ငွေလက်ကောက်များအစုံလိုက်ပေးလေ့ရှိပြီး ကျောက်စိမ်းလက်ကောက်များကိုသူ့ဟာသူပေးလေ့ရှိ၏။ ကြီးသူက နှစ်ကွင်း၊ ငယ်သူက တစ်ကွင်းပေးလေ့ရှိသည်။ ကျောက်စိမ်းလက်ကောက်များကို ဘယ်လက်မှာသာဝတ်ရသည်။ ဒီဓလေ့ဘယ်လိုဖြစ်လာပြီး ဘာအဓိပ္ပါယ်မှန်းလည်းသူမသိချေ။

အစက နှစ်ကွင်းလုံးသူ့အမေကိုပေးမည်လုပ်လိုက်သော်လည်း သေချာတွေးကြည့်သောအခါ သူ့အမေနှင့်ကျောက်မိုချင်းအတွက်လက်ဆောင်ရှိပြီ။ သူ့ယောက္ခမက သူ့ကိုခွင့်လွှတ်ပေးခဲ့သော်လည်း သူကကျေးဇူးမသိတတ်၍မဖြစ်။ သူမအပေါ်လည်း ဝတ္တရားရှိရမည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် လက်ထပ်စာချုပ်အကြောင်းသိသွား၍ ကျောက်မိုချင်းအမေက ယွမ် ၃ သိန်းထုတ်ပေးသောအခါ သူတကယ်အရှက်ရပြီး ကျေးဇူးလည်းတင်ရသည်။

အခုဒီလက်ကောက်နှစ်ကွင်းက သူ့အမေနှင့်ယောက္ခမအတွက် အဆင်သင့်သွား၏။

ပစ္စည်းပုံသွင်းပြီးလျှင် ချင်လင်ကဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံပြန်စေလိုက်သည်။ ထို့နောက် နေရာလွတ်ရှာ၍ဂိမ်းထဲထပ်ဝင်လိုက်ပြီး လက်ကောက်ပေါ်ကအချက်အလက်ကိုကြည့်လိုက်၏။

(ပန်းစိမ်းကျောက်မျက်လက်ကောက်: အရည်အသွေး ၁)

(ပန်းစိမ်းကျောက်မျက်နှင့်လုပ်ထားသောလက်ကောက်ဖြစ်သည်။ လှပသောပုံစံကြောင့် အမျိုးသမီးများကြား အလွန်ရေပန်းစားသည်။ အလှအပ +၁၊ အနုပညာ +၁၊ အရည်လဲ့ခြင်း +၁)

လက်ကောက်နှစ်ကွင်းလုံးက ပုံမှန်အရွယ်အစားဖြစ်၍ အမေနှင့်ယောက္ခမလက်နှင့်ဆို အနေတော်ဖြစ်လောက်သည်။

နောက်ပြီး လက်ကောက်နှင့်ဆွဲသီးမှတ်ချက်က အတူတူပင်။ နှစ်မျိုးစလုံး အရည်လဲ့ခြင်း +၁ အရည်အသွေးရှိသည်။ ဒီခရမ်းစွဲကျောက်မျက်ဆွဲသီးနှင့်ပန်းစိမ်းကျောကိမျက်လက်ကောက်ဆို စျေးမပေါလောက်ဘူးမလား?

သို့သော် သူ့ပတ်ဝန်းကျင်တွင် အမှန်တကယ် ကျောက်မျက်ရတနာနားလည်သူ ဘယ်သူမှမရှိပါချေ။ ဒါကိုတန်ဖိုးဖြတ်နိုင်မည့်သူရှာရမည်။

ထိုအတွေးနှင့် ချင်လင်က ဂိမ်းထဲမှ လက်ကောက်၊ ဆွဲသီးနှင့်အတူထွက်လာပြီး စံအိမ်အပြင်သွားလိုက်သည်။

စီရင်စုမြို့ထဲဝင်လာသောအခါ 'ကျောက်စိမ်းထည်မျှော်စင်'အမည်ရသော ကျောက်မျက်ဆိုင်သို့ တန်းသွားလိုက်၏။

ထိုဆိုင်မှာ မမှန်မကန်ကျောက်မျက်ဆိုင်များနှင့် ကွာခြားသည်။ ကျောက်မျက်ရတနာလုပ်သည်ဆိုသော်လည်း စိတ်တိုင်းကျဖြစ်ပြီး တန်ဖိုးတွက်ချက်ပေးသည့်ဝန်ဆောင်မှုရှိသည်။ ပိုင်ရှင်မှာ အကဲဖြတ်တာဝန်ခံဖြစ်၏။ သူကအငြိမ်းစားယူပြီး မွေးရပ်မြေပြန်လာသော လူကြီးတစ်ဦးဖြစ်သည်။ တန်ဖိုးမျှတပြီး ဂုဏ်သတင်းကောင်း၏။

ယနေ့လူအတော်များများက မင်္ဂလာဆောင်လျှင် ကျောက်စိမ်းထည်မျှော်စင်လာပြီး ကျောက်စိမ်းအသုံးအဆောင်ပစ္စည်းပုံသွင်းကြသည်။ ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းနှင့်ပတ်သက်လာလျှင် လူတွေကိုလှည့်စားနိုင်သောဆိုင်များ လမ်းပေါ်တွင်များစွာရှိနေသည်လေ။

ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်လင်လည်းအတွေ့အကြုံတချို့ရှိသည်။ သူ့အမေကျောက်စိမ်းလက်ကောက်ရောင်းစဉ်က တစ်ဖက်လူက တစ်ချက်ကြည့်ရုံနှင့် လက်ကောက်အတော်များများ၏ချို့ယွင်းချက်ကိုပြောနိုင်သည်။ တခြားသူများက သူမတမင်သက်သက်စျေးနှိမ်သည်ဟုမပြောနိုင်အောင် စိုးရိမ်သလိုပင်။

အကယ်၍တစ်ဖက်လူက သူ့အမေလက်ကောက်ကိုယူပြီး ပြန်ရောင်းမည်ဆိုပါက ထိုအပြစ်အနာအဆာများမှာ ကောင်းကွက်များဖြစ်သွားနိုင်ပြန်သည်။

သူတို့ကျောက်မျက်ရတနာကိုရောင်းနိုင်သူများမှာ အားလုံးအသိအကျွမ်းထဲမှလူများသာဖြစ်သည်။ လှည့်စားခံရလျှင်လည်း လက်ခံလိုက်ရုံသာရှိ၏။ အရမ်းရက်ရက်စက်စက်မလုပ်ဖို့သာ မျှော်လင့်ရလေသည်။

All Chapters