← Chapters

ဝမ်းနည်းပက်လက်? ဒီနေ့ခေတ်ကျောင်းသူတွေအတွေးက မရဲလွန်းဘူးလား?

Vol. 8 Ch. 117

ဝမ်းနည်းပက်လက်? ဒီနေ့ခေတ်ကျောင်းသူတွေအတွေးက မရဲလွန်းဘူးလား?

Vol. 8 Ch. 117

ချင်လင်က ကျောက်စိမ်းထည်မျှော်စင်ထဲဝင်လိုက်သည်။ သူ့ကိုလက်ခံကြိုဆိုသည်က အသက် ၂၀ အရွယ်မိန်းကလေးတစ်ဦးသာ။

''ကြိုဆိုပါတယ် လူကြီးမင်း'' မိန်းကလေးက ပညာရှင်လိုအပြုံးအမျိုးနှင့် ပြန်ပြုံးလာသည်။

မိန်းကလေး၏ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်လှပြီး မျက်စိကိုဖမ်းစားထားသော်လည်း အိမ်ထောင်တစ်ဦးဖြစ်သည့်ချင်လင်က သူမကိုလျစ်လျူရှုထားလိုက်၏။ ထို့နောက် သူလာရင်းရည်ရွယ်ချက်ကိုပြောလိုက်သည်_ ''ဒီကျောက်မျက်ရတနာတွေကို တန်ဖိုးသိချင်လို့ပါ''

''ဟုတ်ကဲ့ပါ လူကြီးမင်း... ခဏစောင့်ပါ'' မိန်းကလေးခေါင်းညိမ့်ပြီး အတွင်းတံခါးဆီလျှောက်သွားလိုက်သည်။ သူမကအထဲကို လှမ်းအော်လိုက်၏_ ''အဘိုး... ကျောက်မျက်တန်ဖိုးသိချင်တဲ့သူရှိလို့''

''လာပြီ'' ရှေ့ဖုံးခါးစည်းဝတ်ထားသောလူကြီးကပြောလိုက်သည်။

''အဘိုး... ဒီလူကြီးမင်းပါ'' မိန်းကလေးက ချင်လင်ကိုညွှန်ပြလိုက်၏။

လူကြီးကခေါင်းညိမ့်၍ ချင်လင်အား_ ''လူကြီးမင်း... မင်းရဲ့ကျောက်မျက်အသုံးအဆောင်ကို တစ်ချက်ကြည့်ပါရစေ''

ချင်လင်လည်း ခရမ်းစွဲကျောက်မျက်ဆွဲသီးနှင့် ပန်းစိမ်းလက်ကောက်ကိုထုတ်လိုက်သည်။

ထိုကျောက်မျက်နှစ်မျိုးကိုမြင်လျှင် လူကြီးကအံ့သြသွားပြီး_ ''လူကြီးမင်း... ဒါအသစ်ပဲ... ဒါကစိတ်တိုင်းကျလုပ်ထားတဲ့လက်မှုပစ္စည်း ဟုတ်တယ်မလား?''

''အမြင်ကောင်းတာပဲ... မနက်ဖြန် ခရစ်စမတ်ပွဲတော်ဆိုတော့ ကျွန်တော့်ဇနီး အမေနဲ့ ယောက္ခမအတွက် လိုင်းပေါ်ကနေ သုံးခုမှာလိုက်တာ... ကျွန်တော်အလိမ်ခံရမှာစိုးလို့... ဒါတွေကိုမပေးခင် တန်ဖိုးသိချင်လို့ပါ''

ချင်လင်က လူကြီးကိုမလေးစားဘဲမနေနိုင်တော့။ အမှန်တကယ်အသစ်ပုံသွင်းထားခြင်းဖြစ်ပြီး ပန်းပဲဆိုင်မှ Sebara မှာ လက်မှုပညာဟုဆိုနိုင်သည်။

လူကြီးက ချင်လင်စကားကြားလျှင် ပြုံး၍ခေါင်းညိမ့်လိုက်သည်။ သူကမှန်ဘီလူးကိုင်၍ သုံးသပ်လိုက်၏_ ''ဒါခရမ်းစွဲနဲ့ပန်းစိမ်းကျောက်... သူတို့ရဲ့ပုံဖော်နိုင်စွမ်းက မဆိုးဘူး... အလှအပနဲ့အရည်လဲ့တာလည်း မဆိုးဘူး... ဒါတွေကို ရေခဲသားကျောက်လို့သတ်မှတ်ထားတာ''

''လူကြီးမင်း... ထုံးစံတန်ဖိုးအရ ဒီခရမ်းစွဲကျောက်မျက်ဆွဲသီးက ယွမ် ၆၀၀၀၀... ဒီပန်းစိမ်းလက်ကောက်က ယွမ် ၅၀၀၀၀ ဆိုမရှုံးဘူး''

......

လူကြီးက လျင်လျင်မြန်မြန်အကဲဖြတ်လိုက်သည်။ နောက်ပြီး ရှုပ်ထွေးသောကျောက်စိမ်းအမျိုးအစားမဟုတ်၍ ချင်လင်ကိုစျေးမြန်မြန်ပေးလိုက်သည်။

ချင်လင်က ခရမ်းစွဲကျောက်ကိုစျေးကြီးမှန်းသိသော်လည်း ယွမ် ၅၀၀၀၀-၆၀၀၀၀ တန်မည်မထင်ခဲ့။

အရင်ဂိမ်းထုတ်ကုန်အားလုံးထက်တောင် ပိုတန်ဖိုးကြီးနေသည်။

နွေဦးသတ္တုတွင်းတစ်ဆင့်စီတွင် တူးဖော်နိုင်သည့်နေရာကန့်သတ်ထားခြင်းနှင့် ရနိုင်သည်ကလည်း ကျပန်းဖြစ်နေသည်မှာ နှမြောစရာပင်။

သို့ရာတွင် လူကြီးက ချင်လင်ကိုအထင်ကြီးနေသည်။ ဘာပဲဖြစ်ဖြစ် ရုံချန်းလိုစီရင်စုလေးမှာ ယွမ် ၅၀၀၀၀-၆၀၀၀၀ ဆိုတာ လူအတော်များများအတွက် ကြီးမားသောပမာဏဖြစ်သည်။ ပြီးတော့ သူတို့ဇနီး၊ အမေနှင့် ယောက္ခမအတွက် ဒီလိုကျောက်မျက်ရတနာသုံးခုကို စိတ်တိုင်းကျမှာယူဖို့စဉ်းစားနိုင်သောလူငယ်မှာ အတော်ရှားပေမည်။

မိန်းကလေးက အခွင့်ကောင်းယူ၍ ကြော်ငြာဝင်လိုက်သည်_ ''လူကြီးမင်း... လက်ဆောင်ပေးဖို့ဆို အသင့်အတင့်လက်ဆောင်ဘူးလေးရှိရမှာပေါ့... ကျွန်မတို့ဆီကနေ လက်ဆောင်ဘူးသုံးခုရွေးနိုင်ပါတယ်''

''ကောင်းပါပြီ... လက်ဆောင်ဘူးသုံးခုဝယ်ပါမယ်'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ လက်ဆောင်ဆိုတာ သေသပ်တဲ့လက်ဆောင်ဘူးအမှန်တကယ်လိုအပ်သည်။

ခဏအကြာ_

ချင်လင်ကကျသင့်ငွေရှင်း၍ ထွက်လာ၏။ ထို့နောက်သူက ကျောက်မျက်သုံးခုကိုကားထဲဝှက်လိုက်ပြီး မနက်ဖြန်ည သူ့အမေနှင့်မိုချင်းကို အံ့သြသွားအောင်လုပ်ရန် စောင့်လိုက်သည်။



လူကြီးက သူ့မြေးမလေးကိုကြည့်၍_ ''မင်းသူ့လိုကောင်လေးမျိုးရှာရမှာ... ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်မျက်သုံးခုကိုစိတ်တိုင်းကျမှာနိုင်တယ်ဆိုတာ သူလုပ်နိုင်စွမ်းရှိလို့ပဲ... ခရစ်စမတ်မှာ သူ့မိန်းမကိုလက်ဆောင်ပေးတာ သူ့မိန်းမသူတုန်နေအောင်ချစ်လို့... သူ့အမေကိုမမေ့ဘူးဆိုတော့ သားသမီးတာဝန်လည်းကျေတယ်... ယောက္ခမကိုတောင် သတိရတယ်ဆိုတော့ အကျင့်ကောင်းရှိတာပဲ... မင်းကိုကြည့်စမ်း...''

''အဘိုး... သူ့ကိုနားပူနားဆာမလုပ်ပါနဲ့လား?''

''မနှစ်က မင်းကိုဘာပေးခဲ့လဲ?''

“ပန်းသီး!”

''အရင်တစ်နှစ်ကရော?''

“ပန်းသီး!”

''အဲဒီအရင်တစ်နှစ်ကရော?''

''အဘိုး... ဆက်မမေးပါနဲ့လား?''

လူကြီးက စလိုက်သည်_ ''ဒီလိုသူများနဲ့မတူ ပြုမူခံရတာမျိုးက မနာကျင်ရဘူးလား?''

မိန်းကလေးက နှုတ်ဆိတ်သွား၏။

…

ချင်လင် စံအိမ်ဆီပြန်ရောက်လာလျှင် ကျောက်မိုချင်းကမေးလိုက်သည်_ ''ချင်လင်... ယောင်ယောင်တို့ကမေးနေတယ်... ခရစ်စမတ်အပြင်အဆင်လုပ်ကြမလားတဲ့''

ချင်လင်ကပြန်မေးလိုက်၏_ ''ခရီးသွားအဖွဲ့အစည်းက တခြားရှုခင်းသာနေရာတွေရောရှိလား?''

အရင်က ချန်လီသူ့ကိုခရီးသွားအဖွဲ့အစည်းထဲဝင်ခိုင်းပြီးနောက် အဖွဲ့အစည်းက အခြေခံလုပ်ဆောင်ချက်မရှိသော်လည်း ရုံချန်းစီရင်စုရှုခင်းသာနေရာအားလုံးပါသော Wechat အဖွဲ့ရှိသည်။

ကျောက်မိုချင်းကရှင်းပြလိုက်သည်_ ''အစကတော့ သူရဲကောင်းတောင်ကြားမှာလုပ်ချင်လို့တဲ့... ဒါပေမဲ့ ဂင်ဂိုတောင်ကြားက အွန်လိုင်းမှာပစ်မှတ်ထားခံရမှာစိုးလို့ လက်လျှော့လိုက်တယ်''

ချင်လင်ကြားလျှင် သက်ပြင်းချ၍_ ''ဒါဆို မလုပ်ပါနဲ့... ကိုယ့်ဒုက္ခကိုယ်မရှာနဲ့''

ခရစ်စမတ်က သူတို့ရိုးရာဓလေ့မဟုတ်၍ လိုင်းပေါ်တွင် ကျင်းပမည် မကျင်းပမည်ကို အပြင်းအထန်ငြင်းခုံရလေ့ရှိသည်။

အတော်များများက ခရစ်စမတ်ကို နိုင်ငံရောင်းစား၍ နိုင်ငံခြားသားကိုးကွယ်ချိန်ဟု သတ်မှတ်ကြ၏။

ချင်လင်က ဒါနဲ့ပတ်သက်ပြီး အယူသည်းခြင်းမရှိ။ ကျင်းပချင်ရင် ကျင်းပလိုက်မည်။ ၄င်းမှာ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုသက်သက်ပင်။

ဥပမာဆိုရသော် သူကျောက်မိုချင်းနှင့်သူ့အမေကို ခရစ်စမတ်လက်ဆောင်ကျောက်မျက်ပေးချင်သည်မှာ သူ့ကိုယ်သူနိုင်ငံခြားသားဟုခံယူထားခြင်းကြောင့်မဟုတ်။ ဤအချိန်တွင် ကျောက်မျက်သတ္တုတူးဖော်ရရှိသဖြင့် ဤအားလပ်ရက်ကိုအသုံးချကာ ကျင်းပခြင်းဖြစ်သည်။

တကယ်တော့ တချို့လူများပြောချင်စရာဖြစ်အောင်ပြောရရင် သူတို့ရိုးရာဓလေ့ နှစ် ၅၀၀၀ ကြာ အခိုင်အမာရပ်တည်နိုင်ခဲ့တာ နိုင်ငံခြားကိစ္စတွေအားလုံးလိုက်စားနေခြင်းကြောင့်မဟုတ်ဟု ခံစားရသည်။

သူတို့ရိုးရာဓလေ့ကို ပိုးသတ်ထားသောပုံးထဲထည့်ပြီးကာကွယ်နေခြင်းမှာလည်း သူတို့ကိုယ်ပိုင်ဓလေ့ကိုနစ်မွန်းစေလိမ့်မည်။

ချင်လင်က ကိုယ့်ဒုက္ခကိုယ်မရှာချင်။ ဘာပဲဖြစ်ဖြစ် လိုင်းပေါ်မှာ တမင်သက်သက်အာရုံစိုက်ခံရအောင်လုပ်နေတဲ့သူတွေမှအများကြီး။

အခုသူ့စံအိမ်က အလွန်နာမည်ရနေပြီ။ ပစ်မှတ်တစ်ခုဖြစ်လာမှာ မလွဲမသွေပင်။

ကျောက်မိုချင်းက ခေါင်းညိမ့်လိုက်သည်_ ''ဟုတ်ပြီလေ... ကျွန်မတို့မဆင်တော့ဘူး... စံအိမ်နဲ့စက်ရုံဝန်ထမ်းတွေကိုလက်ဆောင်ပေးမလား? ချောကလက်တို့ အစေ့အဆန်တို့ရော?''

ချင်လင်ကမငြင်း_ ''အင်း... မဆင်ဖြစ်ဘူးဆိုရင်တောင် ဝန်ထမ်းတွေကိုတော့ သီးသန့်အငွေ့အသက်ဖန်တီးပေးလို့ရတယ်... ဘယ်သူမှတို့ကိုဒုက္ခမပေးနိုင်ပါဘူး... မနက်ဖြန် ကိုယ် RT စျေးသွားပြီး အစေ့အဆန်တွေနဲ့ ချောကလက်လက်ဆောင်အိတ်တွေဝယ်လိုက်မယ်''

...



နောက်တစ်နေ့တွင်_

ချင်လင်အိပ်ရာမှထကာ ဂိမ်းထဲမှပစ္စည်းများကို စံအိမ်သို့ပို့ပြီးပြီးချင်း RT စျေးတန်းသွား၍ ဥက္ကဌချူကိုရှာလိုက်သည်။ လက်ရှိဥက္ကဌချူနှင့်ဆက်ဆံရေးအရ အစေ့အဆန်၊ ချောကလက်လက်ဆောင်အိတ်များကို ဝယ်ရင်းစျေးအတိုင်း လွယ်လွယ်ကူကူရနိုင်သည်။

ထို့အပြင် ဥက္ကဌချူက လက်ဖက်ရည်ပြင်ပြီး ခေတ္တနေခိုင်းသေး၏။ အချိန်အတော်ကြာကြာ တစ်ယောက်ကိုတစ်ယောက်မြှောက်ပြောကြပြီးနောက် ထွက်လာကာ စံအိမ်သို့ပြန်လာခဲ့သည်။

စံအိမ်ရောက်သောအခါ ချန်လီမှာ စားပွဲတစ်ဝိုင်းတွင် မိန်းကလေးတစ်ဦးနှင့်အတူထိုင်နေသည်ကိုတွေ့ရသဖြင့် သူအံ့သြသွား၏။

မိန်းကလေးမှာ အထက်တန်းကျောင်းသူဖြစ်ဟန်တူသည်။ အလွန်လှသော်လည်း အလွန်ပိန်နေ၏။ တချို့ရပ်ဝန်းတွင် ကျန်းမာရေးသိပ်ကောင်းပုံမရချေ။

''သူဌေးချင်'' ချန်လီက ချင်လင်ပြန်လာသည်ကိုမြင်၍ အပြုံးနှင့်နှုတ်ဆက်လိုက်သည်။

''အကြီးအကဲချန်... ဘာညွှန်ကြားစရာများရှိလို့လဲ?'' ချင်လင်ကပြုံး၍ ရှေ့ဆက်လျှောက်လာ၏။

''သူဌေးချင်... ဒီနေ့လာရတာ အဖေတစ်ယောက်အနေနဲ့ပါ... အကြီးအကဲလိုသဘောမထားပါနဲ့'' ချန်လီကပြုံးပြီးပြောလိုက်သည်။ ထို့နောက် သူ့သမီးကိုကြည့်လိုက်ကာ_ ''ဒါငါ့သမီး ချန်ရှောင်ရူတဲ့... ဒီနှစ် အထက်တန်းတတိယနှစ်ဆိုတော့ စာလေ့လာရတာ ဖိအားတွေအများကြီးရှိနေတယ်... အားလပ်ရက်မှာ အလည်ပို့ပေးနိုင်လည်းရှားတယ်''

''တတိယနှစ်က တကယ်ခက်တယ်'' ချင်လင်ကခေါင်းညိမ့်ပြီး အရင်သူ့စာရေးစားပွဲပေါ်မှာ စာမေးပွဲစာရွက်အထပ်လိုက်ကြီးနှင့် ပတ်ပတ်လည်ပွကျဲနေသည်ကိုမြင်ယောင်မိသည်။

ယနေ့ခေတ်တတိယနှစ်ကျောင်းသားများမှာ စိတ်အဆင်းရဲရဆုံးဖြစ်၏။

''သူဌေးချင်က ဘာခရစ်စမတ်အပြင်အဆင်မှမလုပ်ဘူးလား?'' ချန်လီကမေးလိုက်သည်_ ''စီရင်စုထဲမှာ လူတိုင်းလုပ်နေကြတာ''

ချင်လင်ကခေါင်းခါ၍_ ''ကျွန်တော်က ဒုက္ခရောက်မှာစိုးတာ... အခုစံအိမ်ကအရမ်းနာမည်ရနေတော့ အဲဒီဆိုင်တွေကိုဘယ်သူမှသတိမထားမိဘူး... ကျွန်တော်လုပ်ရင် သေချာပေါက်ပြောစရာဖြစ်မှာ... မနက်ဖြန်ကျရင် ကျွန်တော်တို့ချင်းလင်စံအိမ်က နိုင်ငံခြားသားတွေကို ကိုးကွယ်ပါတယ်ဆိုပြီး သတင်းတက်လာလိမ့်မယ်''

ချန်လီက ထိုအကြောင်းပြောရင်း ခဏရပ်လိုက်ပြီး ချန်ရှောင်ရူအား_ ''ရှောင်ရူ... မင်းဒီသူဌေးချင်ကို ဦးလေးချင်လို့ခေါ်လို့ရတယ်''

''ဦးလေးချင်?'' ချင်လင်ကြောင်သွားသည်။

သူတက္ကသိုလ်ကဘွဲ့ရခဲ့တာ ၂၃ နှစ်မှာ။ သူ့သမီးက ၁၈ နှစ်လေ ဟုတ်ပြီလား?

သူ့ကိုဦးလေးခေါ်လို့ သင့်တော်ပါမလား?

ချန်ရှောင်ရူကလည်း ချင်လင်ကိုအံ့အားသင့်စွာကြည့်ရင်း သိချင်စိတ်နှင့်မေးလိုက်သည်_ ''ရှင့်ကိုဦးလေးလို့ခေါ်ဖို့ သဘောတူရဲ့လား?''

ချင်လင်အခက်တွေ့သွား၏_ ''တကယ်တော့ မင်းအဖေရဲ့စကားကိုနားထောင်ရမယ်မဟုတ်ပါဘူး... အစ်ကိုလို့ခေါ်လို့ရပါတယ်''

သို့သော် ချန်ရှောင်ရူက မေးလိုက်သည်_ ''ဒါပေမဲ့ ရှင့်မျိုးရိုးနာမည်က ချင်လေ... ဒီတော့ အစ်ကိုချင်လို့မခေါ်သင့်ဘူးလား? ရှင့်ကောင်မလေးသဝန်တိုမှာစိုးတယ်''

“???” ချင်လင်ကြောင်သွားသည်။

ဘာလို့ အကြီးအကဲချန်ရဲ့သမီးက နယ်ပိုင်လိုခံစားနေရတာလဲ?

ချန်ရှောင်ရူကဆက်၍_ ''ဒီတော့ ရှင့်ကိုဦးလေးချင်ပဲခေါ်မယ်!''

ချန်လီလည်းမတတ်သာသဖြင့် ချင်လင်ကိုသာတောင်းပန်လိုက်သည်_ ''ကလေးတွေရဲ့စကားက နစ်နာစေလိုခြင်းမရှိပါဘူး... သူဌေးချင် စိတ်ထဲမထားပါနဲ့''

ချန်ရှောင်ရူက မကျေမနပ်နှင့်_ ''အဖေ... ကျွန်မ ၁၈ နှစ်ပြည့်ပြီ... အဖေကအသက်သာကြီးတာ... စကားမပြောတတ်သေးဘူး... အဲဒါကြောင့် ကျွန်မသုံးလေးကြိမ်ကူညီပေးတာတောင် ကျွန်မအတန်းဆရာမကိုမပိုးနိုင်တာပေါ့''

''အဟွတ်... အဟွတ်!'' ချန်လီက စတော်ဘယ်ရီစားနေရင်း ကြားလိုက်သည့်အခါ သီးသွားသည်။သူကချင်လင်အထင်လွဲမည်စိုးသည်နှင့် ခပ်မြန်မြန်ရှင်းပြလိုက်၏_ ''သူ့အမေက သူ့ကိုမွေးပြီးတာနဲ့ဆုံးသွားတာ... သူ့အတန်းဆရာမကလည်း သူ့ယောက်ျားကိုဆုံးရှုံးထားတာ ပူပူနွေးနွေးပဲရှိသေးတယ်... ကျုပ်တို့နှစ်ယောက်က ပန်းခြံထဲမှာ အမှတ်မထင်တွေ့မိကြရော... သူတို့တွေကအခြေအနေကိုသိနေတာနဲ့ ကျုပ်တို့ကိုတွဲစေချင်နေတာ''

''တွေ့လား? အဖေက ပြာပြာသလဲရှင်းပြနေတာ... ကျွန်မအတန်းဆရာမကိုလိုက်ချင်နေတာ သိသာတယ်'' ချန်ရှောင်ရူက သူ့အဖေချန်လီကိုစလိုက်သည်_ ''အဖေသာ ကျွန်မအတန်းဆရာမကိုလိုက်နိုင်ခဲ့ရင် အတန်းဆရာမကသေချာပေါက် ကျွန်မစာတွေကိုပိုပြီးလေးလေးနက်နက်နဲ့တာဝန်ယူပေးမှာ... နောက်ပြီး အတန်းဆရာမရဲ့သားက အရမ်းခန့်တာပဲ... ချင်းတက္ကသိုလ်ဝင်ခွင့်တောင်ရတယ်... အချိန်တန်ရင် သူနဲ့နီးမယ့်အကျိုးအမြတ်လည်းရဦးမယ်... ဒါခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာမလား?

''...'' ချင်လင်က ထိုစကားကြားလျှင် လုံးဝမှင်တက်သွား၏။ ဒိနေ့ခေတ်အထက်တန်းကျောင်းသူတွေက အတင့်ရဲလွန်းတယ်မလား?

သူ့အမေလည်း မိဘများရော သားသမီးများပါစုံတွဲဖြစ်ကြသည့် TV ဇာတ်လမ်းတွဲများကိုကြည့်ပုံရသည်။

'မင်နီ၏အိမ်' ဟုခေါ်သလားမသိ။

မိသားစုတစ်ခုမှာ သူတို့ကိုယ်သူတို့ အပြုအမူကောင်းတွေ လုံးဝထိန်းသိမ်းထားသင့်ပေသည်။

All Chapters