တံခါးလာခေါက်တဲ့လူငယ်တစ်ယောက်!
Vol. 8 Ch. 118
ချန်လီက သူ့သမီးကို မနိုင်ဘူးဟုခံစားလိုက်ရပြီး ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်_ ''သူဌေးချင်... တကယ်တော့ ဒီနေ့လာတာ မေးစရာရှိလို့''
ချင်လင်ကပြုံး၍_ ''အကြီးအကဲချန်... အားနာနေပြန်ပါပြီ... ကျွန်တော်တတ်နိုင်ရင် သေချာပေါက်လုပ်ပေးမှာပေါ့''
ချန်လီက အားတုံ့အားနာပုံနှင့်_ ''ရှောင်ရူအမေက သူ့ကိုမွေးခဲ့တော့ ရှောင်ရူကျန်းမာရေးက ဘယ်တုန်းကမှအားရစရာမရှိဘူး... အခုဆိုအထက်တန်းတတိယနှစ်ဖြစ်နေပြီ... စာတွေကလည်း ခက်လာပြီ... ငါကအလုပ်များနေကျဆိုတော့ အပြင်ထွက်မုန့်စားဆိုပြီး ပိုက်ဆံပဲပေးလိုက်နိုင်တာ... အခုသူက သွေးအားနည်းနေပြီ''
''နောက်နှစ်ဆို ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာ... အခုချိန်က ကျားကုတ်ကျားခဲလုပ်ရမယ့်အချိန်ဆိုတော့ လဲသွားလို့မဖြစ်ဘူး... ဆရာဝန်ကတော့ သွေးအားကောင်းစေမယ့်အစာလေးတွေစားခိုင်းဖို့ အကြံပြုတယ်''
''ဒါပေမဲ့ ဘယ်အစားအစာက သွေးအားကောင်းစေလဲ ငါမသိဘူး... အခုစီရင်စုရဲ့ဒေသဆိုင်ရာခရီးသွားလုပ်ငန်း+အစီအစဉ်ကလည်း အလုပ်များလာပြီ... မင်းစံအိမ်ကချက်တဲ့အစားအသောက်တွေက အရသာရှိတယ်ဆိုတော့ စံအိမ်ကိုအကူအညီတောင်းလို့ရမလား?''
ချန်ရှောင်ရူဘာလို့အရမ်းပိန်နေတယ်ဆိုတာ ချင်လင်နားလည်သွား၍ ချန်လီ၏တောင်းဆိုချက်ကိုမငြင်း_ ''အကြီးအကဲချန်... ကျွန်တော်နားလည်ပါပြီ... သူကကျွန်တော့်ကိုဦးလေးလို့ခေါ်မှတော့ ကိုယ့်တူမကိုယ်လျစ်လျူရှုလို့ဘယ်ဖြစ်ပါ့မလဲ... သူ့ကိုနေ့တိုင်းလွှတ်လိုက်ပါ... ကျွန်တော်စားဖိုဆောင်ကို သူ့အတွက်ဖြည့်စွက်စာလေးတွေချက်ခိုင်းထားမယ်''
သွေးအားနည်းခြင်းအတွက်ထိရောက်သော ဖြည့်စွက်စာများစွာရှိသည်။ ဥပမာ - ရေချိုငါးလေးများမှာ သွေးအားနည်းခြင်းကိုအကျိုးပြုသည်။ သူ့အဆင့် ၂ လယ်ကွက်မှ ရေချိုငါးတချို့ရနိုင်၏။ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ပဲစေ့နက်ကဲ့သို့ အဆင့် ၁ မြေတွင်စိုက်နိုင်သည်များလည်းရှိသည်။ အနိမ့်ဆုံးအရည်အသွေး ၁ ရှိပြီး သွေးအားနည်းခြင်းအတွက်လည်းအာနိသင်ရှိ၏။
နေ့စဉ်နေ့စဉ်အချိန်ကျလျှင် ဆရာလင်းအသင့်ချက်နိုင်ရန် ပြင်ဆင်ပေးထားရုံသာ။ ရံဖန်ရံခါ ချန်ရှောင်ရူအတွက် အရည်အသွေး ၂ တချို့ကိုယူလာပေးမည်။
ဒါကသူ့အတွက် မပြောပလောက်။ သူကူညီလိုကကူညီနိုင်သည်။
ချန်လီက အမြဲတမ်းသူ့အတွက်ပြေးပြေးလွှားလွှားရှိခဲ့ပြီး အရင်က သူ့ကိုယ်စားတောင် ရပ်တည်ပေးခဲ့ဖူး၏။ ဒီတော့ သူတို့မိတ်ဆွေဖြစ်မှုအတွက် လုပ်ကိုလုပ်ရပေမည်။
ချန်လီနေရာမှာ တခြားတစ်ယောက်သာဆို အောက်ခြေလွတ်ပြီးကြီးကျယ်နိုင်သည်။ မဖြစ်မနေ သင့်မြတ်အောင်ပေါင်းစည်းကြမည်မဟုတ်ချေ။
ချင်လင်သဘောတူသည်နှင့် ချန်လီလည်းပြုံးရွှင်သွားသည်_ ''ဒါဆို သူဌေးချင်ကိုပဲ ဒုက္ခပေးရတော့မယ်... အချိန်ကျရင် ကျုပ်ငွေလွှဲပေးထားမယ်... သူလာစားတဲ့အခါ နှုတ်ယူထားလိုက်ပါ''
“ကောင်းပါပြီ!'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။
......
ချန်လီ၏အနေအထားကို သူသိသော်လည်း တစ်ဖက်သားကိုအလကားဖြည့်ဆည်းပေး၍မဖြစ်။ ဘယ်သူမှလည်း အကျိုးရှိမည်မဟုတ်ပေ။ အချိန်ကျလျှင် တစ်ဖက်လူအတွက် သာမန်ပါဝင်ပစ္စည်းကုန်ကျစရိတ်ကို တွက်ချက်ပေးလိုက်ရုံသာ။ သိပ်အများကြီးမကျနိုင်။

ချန်လီစိတ်အေးသွားသည်။ သူကအလေးထားပြီး_ ''သူဌေးချင်... မင်းရဲ့ဆော့စက်ရုံလုပ်ငန်းအဆင်ပြေရဲ့လား?'' ဟုမေးလိုက်၏။
ချင်လင်ကခေါင်းညိမ့်၍_ ''ဟုတ်ကဲ့... စက်ရုံအတော်များများနဲ့စာချုပ်ချုပ်ထားပြီး ဝန်ထမ်းတွေလည်း တစ်ဆင့်ချင်းခေါ်နေပါတယ်... မှာထားတဲ့ထုတ်လုပ်ရေးလမ်းကြောင်းတွေ စောင့်ရုံပါပဲ... စီရင်စုကိုလည်းထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ရပါဦးမယ်''
ချန်လီကသက်ပြင်းချ၍_ ''စီရင်စုက ထောက်ပံ့သင့်တာပေါ့... ချင်းလင်ဆော့လိုဘရန်းတွေပိုများလာရင် ရုံချန်းစီရင်စုအတွက်လည်းကောင်းတာပဲ''
''တကယ်တော့ စီရင်စုက တချို့သီးသန့်ဘရန်းတွေအမြဲဖန်တီးချင်ခဲ့တာ... ဒါပေမဲ့ ငွေအတော်များများကို ဝါးနဲ့ဘူးခွံလုပ်ငန်းမှာ ရလဒ်မပေါ်ဘဲရင်းနှီးမြှုပ်နှံထားရတယ်... စီရင်စုထဲမှာ ချင်းလင်ဆော့လိုမျိုး အလားအလာရှိတဲ့တခြားဘရန်းတော့မရှိသေးဘူး''
ချင်လင်ကထိုစကားကြားလျှင် ရွှေနန်းဆိုင်ကဆော့ကိုတွေးမိသွားသည်။
အဲဒါကလည်း အရည်အသွေး ၁ ဖော်စပ်နည်းပဲ။ သူ့အလားအလာက မဆိုးလောက်ဘူး။ ဖြစ်ချင်တော့ လူကြီးက အတွေးအခေါ်ခေတ်နောက်ကျပြီး သူ့နည်းကိုလုံးဝမရောင်းချင်။ သူလည်းဖိအားပေးလို့မရပေ။
သူချန်လီကို ဒီအကြောင်းပြောပြရမည်။ စီရင်စုမှာ လူကြီးတွေကိုနားချနိုင်တဲ့နည်းရှိကောင်းရှိနိုင်သည်။
ရှင်းရှင်းပြောရလျှင် ဒီလိုလက်မှုပညာမျိုးဆုံးရှုံးသွားပါက နှမြောစရာပင်။
အဓိကမှာ ဒီဆော့က လောင်ကန်းမာ၏နည်းအတိုင်းလုပ်ထားသည်။ အရသာနှင့်အတွေ့အထိမတူသောကြောင့် သူ့ဆော့နှင့်ညှိစရာအကြောင်းလည်းမရှိ။
သူတွေးနေစဉ် ရုတ်တရက်ကောင်းယောင်ယောင်က လူငယ်တစ်ယောက်နှင့်ရောက်လာကာ အစီရင်ခံသည်_ ''သူဌေး... ဒီလူကြီးမင်းကတွေ့ချင်လို့တဲ့... အရေးတကြီးဆွေးနွေးစရာရှိလို့ပါတဲ့''
''မင်းက???'' ချင်လင်က လူငယ်အား ဇဝေဇဝါနှင့်ကြည့်လိုက်သည်။ သူ့ကိုသိပုံမပေါ်။
လူငယ်က အလျင်စလိုသူ့ကိုယ်သူမိတ်ဆက်လိုက်သည်_ ''ဥက္ကဌချင်... ကျွန်တော့်နာမည် ကျိုးချန်ကျွင်းပါ... စတုတ္ထနှစ်ကျောင်းသားပါ... လက်ရှိအလုပ်သင်ဆင်းနေပြီး စီးပွားစီမံရေးကိုလေ့လာနေပါတယ်''
''ဒီမှာအလုပ်သင်ဆင်းချင်လို့လား?'' ချင်လင်က အံ့သြစွာမေးလိုက်သည်။
ကျိုးချန်ကျွင်းကခေါင်းခါ၍ လုပ်ငန်းကတ်ကိုထုတ်လိုက်သည်။ ချင်လင်၏လုပ်ငန်းကတ်ပင်။
ချင်လင်မှင်သက်သွား၏။ တန့်ကွမ်းသူ့အတွက်လုပ်ပေးတဲ့လုပ်ငန်းကတ်ကို သိပ်မပေးခဲ့ဖူးပေ။ ချင်ရန်စတူဒီယို၊ ကျန်းရှစ်နှင့် လင်ဖုန်းတို့လောက်သာရှိသည်။
ကျိုးချန်ကျွင်းကဆက်၍_ ''ဒီတစ်ခါပြန်လာတာ အဘိုးရဲ့မွေးနေ့ရှိလို့ပါ... သူ့ဆိုင်ထဲမှာ ဥက္ကဌချင်ရဲ့လုပ်ငန်းကတ်ကို မထင်မှတ်ဘဲတွေ့လိုက်ရတယ်... အရမ်းပြောင်မြောက်တဲ့ချင်းလင်စံအိမ်ရဲ့သူဌေးက ကိုယ့်အသက်နဲ့မတိမ်းမယိမ်းလို့လည်း မထင်ထားမိဘူး... တကယ်လေးစားစရာကောင်းပါတယ်''
''မင်းက ဆော့ပိုင်ရှင်ရဲ့မြေးလား?'' ချင်လင်က အသိအမှတ်ပြုလိုက်သည်။ ဒါ အတင်းပြောနေတုန်းရောက်လာတာနဲ့မတူဘူးလား?
တိုက်ဆိုင်လိုက်တာ။

ကျိုးချန်ကျွင်းကခေါင်းညိမ့်၍_ ''ဒီနေ့ဥက္ကဌချင်ကိုလာရှာရတာက ဆော့လုပ်နည်းကြောင့်ပါ''
ချင်လင်ကမေးလိုက်သည်_ ''မင်းအဘိုးက လုပ်နည်းရောင်းဖို့ သဘောတူလိုက်ပြီလား?''
ကျိုးချန်ကျွင်းကခေါင်းခါပြီး_ ''ကျွန်တော့်အဘိုးက လုပ်နည်းရောင်းဖို့သဘောတူမှာမဟုတ်ဘူး... ဒါပေမဲ့ ကျွန်တော်တတ်ချင်တယ်ဆိုရင် သူကသင်ပေးမှာ... သူဌေးချင်ကိုလာရှာဖို့ကြာနေရတဲ့အကြောင်းရင်းက ဒီလုပ်နည်းကို အဘိုးဆီကသင်နေလို့ပဲ''
''ဒါပေမဲ့ ဒီနေ့လာရတာက လုပ်နည်းရောင်းဖို့မဟုတ်ဘူး... ကျွန်တော် ဥက္ကဌချင်နဲ့လက်တွဲလုပ်ချင်တယ်... ရင်းနှီးမြှုပ်နှံစေချင်တယ်... ဒါက ကျွန်တော်ရေးထားတဲ့အဆိုပြုချက်ပါ''
ကျိုးချန်ကျွင်းကပြောပြောဆိုဆို မျှော်လင့်အားကြီးသောမျက်လုံးများနှင့် ချင်လင်လက်ထဲစာဖိုင်ထည့်ပေးလိုက်သည်။
ဒီအချိုးအကွေ့က သူ့ဘဝအတွက် အကြီးမားဆုံးအခွင့်အရေးဖြစ်နိုင်သည်။
သူ့အဘိုးရဲ့ဆော့က အရသာရှိသည်ဟုအမြဲတွေးခဲ့သည်။ တက္ကသိုလ်မှာလေ့လာနေရင်း သူ့အဘိုးရဲ့ဆော့ကိုကြော်ငြာရင်ဖြစ်မလားလို့လည်း သိချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် လောင်ကန်းမာရဲ့အစဉ်အလာရှိသည်လေ။
ထုတ်ကုန်တစ်ခုကြော်ငြာဖို့က အလွန်ခက်သည်။ အထူးသဖြင့် နာမည်လုံးဝမရသေးသောထုတ်ကုန်ပင်။
သို့သော် အခုတော့ ပြီးပြည့်စုံတဲ့အခွင့်အရေးက သူ့ရှေ့ရောက်လာခဲ့ပြီ။
ချင်လင်က ကျိုးချန်ကျွင်း၏ရွှေ့ကွက်ကိုအံ့သြနေသည်။ သူက တစ်ဖက်လူ၏အဆိုပြုချက်ကို ယူဖတ်လိုက်၏။
အဆိုပြုချက်မှာ အသေးစိတ်ကျပြီး စျေးကွက်စုံစမ်းခြင်းကိုပင် အလေးအနက်တင်ပြထားသည်။
ဒီကျိုးချန်ကျွင်းက လုံးဝအရည်အချင်းရှိတာပဲ။
အဆိုပြုချက်ထဲမှ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုကိုဖတ်ကြည့်ပြီးနောက် ချင်လင်က ကျိုးချန်ကျွင်းကိုသေသေချာချာကြည့်ပြီး မေးလိုက်သည်_ ''အတည်လား? ယွမ် ၅ သန်းရင်းနှီးမြှုပ်နှံရင် ရှယ်ယာရဲ့ ၇၀% ကိုပေးဖို့ ဆန္ဒရှိလား?''
ပွင့်ပွင့်လင်းလင်းဆိုရလျှင် အလုပ်သင်လုပ်ငန်းတစ်ခုခုရှိခဲ့ရင်တောင် ယွမ် ၅ သန်းရင်းနှီးမြှုပ်နှံပေးဖို့တောင်းဆိုလာပါက အချိန်တိုင်းလိုလိုငြင်းပစ်လိုက်မည်။
သို့သော် တစ်ဖက်သားရဲ့နည်းက လုံးဝရင်းနှီးမြှုပ်နှံဖို့ထိုက်တန်ကြောင်းဝန်ခံရပေမည်။ အရည်အသွေး ၁ ဆော့နှင့် ရှယ်ယာရဲ့ ၇၀% ဖန်တီးနိုင်သောနည်းဖြစ်သည်။ ထိုက်တန်သည်ဆိုသည်ထက်ပိုသေး၏။
ကျိုးချန်ကျွင်းက ခေါင်းညိမ့်အတည်ပြုလိုက်ပြီး_ ''ဥက္ကဌချင်သာ ဒီထပ်တိုးအခြေအနေတွေကို သဘောတူမယ်ဆိုရင် အဲလောက်တန်မှာပါ''
ချင်လင်ခေါင်းညိမ့်လိုက်၏။
ထပ်တိုးအခြေအနေက ချင်းလင်စံအိမ်အဆက်အသွယ်နဲ့ကူပြီးကြော်ငြာပေးဖို့ဖြစ်သည်။ တစ်ဖက်လူသာ အမှားကြီးကြီးမလုပ်ဘူးဆိုရင် စီမံပိုင်ခွင့်က သူတို့လက်ထဲမှာရှိနေ၏။
တကယ်တော့ ဒီဆော့က သူ့အတွက် အချိုပေါ်သကာလောင်းလိုက်သလိုပင်။ ဘာပဲဖြစ်ဖြစ် သူ့ဆော့လည်းမဖြန့်ရသေး၊ ချဉ်စပ်အရသာလည်း မထုတ်ရသေး။ ထို့အပြင် နောင်ဂိမ်းထဲမှလျှို့ဝှက်နည်းတွေလည်း သေချာပေါက်ရလာဦးမည်။ သူ့မှာဆော့လုပ်နည်းရှိရှိမရှိရှိ ပြဿနာမဟုတ်။ သူ့အတွက် အတင်းအကြပ်ယူရသည်ဟုတွေးစရာမလိုပေ။
ဒီလိုရင်းနှီးမြှုပ်နှံမှုမျိုးက အဆင်ပြေသည်။
ကျိုးချန်ကျွင်းကိုထောက်ပံ့ရခြင်းအတွက် စိတ်ထဲမထား၍ သူက_ ''မင်းရဲ့အစီအစဉ်ကမဆိုးဘူး... မင်းဆီမှာရင်းနှီးမြှုပ်နှံဖို့သဘောတူတယ်... ဒါပေမဲ့ အခုတော့ ယွမ် ၅ သန်းကို တလုံးတည်းမပေးနိုင်ဘူး! စာချုပ်ချုပ်ပြီးမှ မင်းဆီငွေလွှဲဖို့တော့လိုတယ်''