← Chapters

တောင်တန်းစံအိမ်ကရှဉ့်တွေ အဆင့်မြင့်ကုန်တာလား?

Vol. 8 Ch. 119

တောင်တန်းစံအိမ်ကရှဉ့်တွေ အဆင့်မြင့်ကုန်တာလား?

Vol. 8 Ch. 119

ကျိုးချန်ကျွင်းက ချင်လင်သဘောတူကြောင်းတွေ့လျှင် သူ့မျက်နှာချက်ချင်းဝင်းထိန်သွားသည်_ ''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်... ဘယ်အချိန်လောက် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် လက်မှတ်ထိုးလို့ရမလဲ?''

''အလျင်လိုလား?'' ချင်လင်ကအပြုံးနှင့်မေးလိုက်သည်။

ကျိုးချန်ကျွင်း၏မျက်နှာထားမှာ ရုတ်တရက်မဲသွား၏။ ထို့နောက်သူက အသက်ဝဝရှူ၍_ ''ဥက္ကဌချင်လည်း လူငယ်ပဲဗျာ... ကျွန်တော်တို့လူငယ်တွေက အချိန်တိုင်းလိုလိုအောင်မြင်ဖို့စိတ်စောနေတတ်ကြတာ နားလည်မှာပါ... မဟုတ်ရင် တချို့အရာတွေက ကာကွယ်လို့မရနိုင်ဘူး''

ချင်လင်မှင်တက်သွားသည်။

တစ်ဖက်သားမှာ ဇာတ်လမ်းရှိဖူးသောလူတစ်ယောက်ဖြစ်ဟန်တူသည်။

တကယ်တော့ သူပြောတာမှန်သည်။ သူလည်းလူငယ်တစ်ယောက်။ လူငယ်တွေ ဘယ်လောက်အောင်မြင်မှုကိုတောင့်တကြတယ်ဆိုတာ သူလည်းအသိ။

ယခုလူငယ်တွေမှာ မကြုံစဖူးဖိအားတွေရှိနေသည်။ အလုပ်၊ ခန်းဝင်ပစ္စည်း၊ ကားနှင့် အိမ် အားလုံးမှာ တောင်တန်းများသဖွယ်။ လက်တွေ့ဘဝမှာ မွန်းကြပ်နေရသည်။ စိတ်ပြေလက်ပျောက် အွန်လိုင်းတက်ကြည့်လျှင် 'အောင်မြင်သည်'ဆိုသောလူများ၏ မရေမတွက်နိုင်သောဗီဒီယိုများက ရင်ဝဓားနဲ့ထိုးသလိုလို၊ မရေမတွက်နိုင်သော အဆိပ်သင့်ကြက်စွပ်ပြုတ်ကိုသောက်ဖို့ ဖိအားပေးခံရသလိုလိုဖြစ်လိမ့်မည်။

သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးပြန့်သွားသလို သူ့စိတ်ကမွန်းကြပ်နေပုံရ၏။

သူတို့ကာကွယ်ပေးချင်တဲ့အရာရဲ့ဝန်ကို မထမ်းထားတဲ့လူငယ်ရောရှိလို့လား? ဒါပေမဲ့ လူ့အဖွဲ့အစည်းက လူငယ်တွေကိုအောင်မြင်နိုင်မယ့်အခွင့်အရေးပေးခြင်း နည်းသည်ထက်နည်းလာသည်။

စနစ်ကိုမရခင်က ဒီလိုအခွင့်အရေးမျိုးသာသူ့ရှေ့ချပေးရင် ကျိုးချန်ကျွင်းထက်တောင် စိတ်ပူရင်ပူနေဦးမည်။

...

သူဘွဲ့ရတဲ့နှစ်က သူနှင့်ကျောက်မိုချင်း အကြောင်းအရင်းမရှိသေသွားမှာကို တကယ်ကြောက်နေခဲ့၏။ ကံသီလို့ ကျောက်မိုချင်းက သူ့ကိုအကြီးမားဆုံးယုံကြည်မှုနှင့်နွေးထွေးမှုပေးခဲ့သည်။

ထိုအတွေးကြောင့်သူက ကောင်တာထိုင်နေသောကျောက်မိုချင်းကို အမှတ်တမဲ့ကြည့်လိုက်မိသည်။

ကျောက်မိုချင်းက ချင်လင်၏အကြည့်ကိုသတိပြုမိပုံရပြီး လှမ်းကြည့်လိုက်၏။



အခုတော့ အဆုံးသတ်ကပျော်စရာ။

ချင်လင်က ကျိုးချန်ကျွင်းဘက်လှည့်၍_ ''မနက်ဖြန် မင်းအဘိုးရယ် မင်းလုပ်ထားတဲ့ဆော့ရယ် သက်ဆိုင်ရာစာရွက်စာတမ်းတွေရဲ့မိတ္တူရယ် ယူလာခဲ့ပါ... ငါတို့ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်လက်မှတ်တန်းထိုးမယ်''

''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' ချင်လင်၏တုံ့ပြန်စကားကြားလျှင် ကျိုးချန်ကျွင်းမပြုံးဘဲမနေနိုင်တော့။ ချင်လင်နှင့်အသေးစိတ်အတည်ပြုပြီးနောက် သူကနှုတ်ဆက်ကာ စံအိမ်မှအလောတကြီးထွက်သွားလေသည်။

စံအိမ်မှထွက်လာလာချင်း ကျိုးချန်ကျွင်းကလက်သီးတင်းတင်းဆုပ်၍ စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

နွေရာသီစံအိမ်၊ BBA နှင့် ခန်းဝင်ပစ္စည်း ယွမ် ၄ သိန်းက သူ့လိုအလုပ်သင် ဘွဲ့ယူခါနီးသူတစ်ယောက်အတွက် သူ့မိသားစုငွေကြေးအထောက်အပံ့နှင့်ဆိုလျှင်တောင် မဖြစ်နိုင်သလောက်ရှိသည်။

အခုတော့ ဒီယွမ် ၅ သန်းရင်းနှီးမြှုပ်နှံမှုစပြီး ဘာမဆိုဖြစ်နိုင်တော့မည်။

ကောင်းကင်ဘုံက အခွင့်အရေးပေးတာပဲ။

ကျိုးချန်ကျွင်းကဖုန်းထုတ်၍ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။ ဒီသတင်းကောင်းကို သူမကိုပြောပြဖို့မစောင့်နိုင်တော့။

ဖုန်းလိုင်းထဲမှ အမျိုးသမီးတစ်ယောက်အသံကြားရ၏_ ''ချန်ကျွင်း... တောင်းပန်ပါတယ်! ရှင်နဲ့ကျွန်မမိဘတွေကြားမှာ ကျွန်မမိဘတွေကိုမစွန့်လွှတ်နိုင်ဘူး... သူတို့က ကျွန်မကိုအနှစ် ၂၀ လောက်ကျွေးမွေးခဲ့တာ...''

ကျိုးချန်ကျွင်းကထိတ်လန့်သွားပြီး ချက်ချင်းပင်_ ''ရှောင်ကျွယ်... ကိုယ်...''

သို့သော်သူမက စကားဖြတ်ပြောလိုက်သည်_ ''ကျွန်မတောင်းပန်ပါတယ်... ကျွန်မမိဘတွေစီစဉ်ထားတဲ့ဘလိုင်းဒိတ်ကိုလက်ခံလိုက်ပြီ... သူတို့က ဟိုလူကိုအရမ်းသဘောကျနေတာ... သူက အိမ်ပိုင် ကားပိုင်နဲ့ သဲမြို့တော်မှာအသင့်အတင့်အလုပ်လေးလည်းရှိတယ်... ကျွန်မလက်တွေ့ဘဝကိုရင်ဆိုင်ဖို့သတ္တိမရှိဘူးလို့ပဲ ထင်လိုက်ပါတော့!''

လိုင်းပေါ်မှာ 'တီ တီ တီ...'ဆိုသောအသံသာ ကြားရတော့သည်။

ကျိုးချန်ကျွင်းမှာ ချက်ချင်းကျောက်ရုပ်လိုဖြစ်သွား၏။

ဒီရက်တိုတိုလေးအတွင်းမှာ ဘာတွေဖြစ်သွားမှန်း သူမသိတော့။

သူ့ကိုမစောင့်နိုင်ဘူးလား?

အကြောင်းတချို့ကြောင့် စီနီယာအစ်ကိုသတိပေးခဲ့ဖူးတာကို အမှတ်ရသွားသည်: ''တို့လိုမြို့ငယ်လေးကလူတွေက မြို့ကြီးသူတွေနဲ့မတွဲသင့်ဘူး... မဟုတ်ရင် ဘွဲ့ယူတဲ့အခါ သတိရစရာတွေဖြစ်ကုန်လိမ့်မယ်... တို့ဆက်သွားနိုင်ရင်တောင် ဆင်းရဲတဲ့တောသားတွေဆိုပြီး နာမည်တပ်ခံရဦးမှာ''

ဒါမျိုးသူဖြစ်မှာမဟုတ်ဘူးလို့လည်း တွေးမိခဲ့သေးသည်။



သူအချစ်ကိုယုံကြည်ခဲ့သော်လည်း အရာအားလုံးက သံသရာလည်နေပုံရသည်။ ဘယ်သူမှမလွတ်မြောက်နိုင်။

…

စောစောကချန်လီမှာ တိတ်ဆိတ်စွာကြည့်နေ၏။ ကျိုးချန်ကျွင်းထွက်သွားတော့မှ သူကမနေနိုင်ဘဲ သိချင်စိတ်နှင့်မေးလိုက်သည်_ ''သူဌေးချင်... မင်းတို့ပြောနေတာ ဘယ်ဆော့လဲသိချင်နေတာ?''

ချင်လင်ကပြုံး၍ရှင်းပြလိုက်သည်_ ''အကြီးအကဲချန်... ခင်ဗျားပဲ စီရင်စုထဲမှာ ချင်းလင်ဆော့လိုနောက်ထပ်ထုတ်ကုန်မျိုးမတွေ့ဘူးလို့ ပြောလိုက်တယ်မလား? တကယ်တော့ ရှိတယ်ဗျ... ကျိုးချန်ကျွင်းရဲ့အဘိုးက ပေါက်စီနဲ့တွဲစားရင် လုံးဝအရသာရှိတဲ့ဆော့မျိုးလုပ်တတ်တယ်''

ချန်လီက စိုးရိမ်တကြီးမေးလိုက်၏_ ''သူဌေးချင်... အဲဒီဆော့က မင်းရဲ့ဆော့ကိုမထိခိုက်နိုင်ဘူးလား?''

ချင်လင်ကခေါင်းခါလိုက်ပြီး_ ''လမ်းကြောင်းကမတူဘူး... ဒီဆော့က လောင်ကန်းမာရဲ့နည်းလမ်းကိုယူထားတာ... ဖြစ်ချင်တော့ သိတာမကြာသေးဘူး... မဟုတ်ရင် လွန်ခဲ့တဲ့နှစ် ၂၀ က လောင်ကန်းမာလိုမျိုးထပ်ဖြစ်တော့မလို့''

ချန်လီက ချင်လင်မှာ ဒီလိုဆော့တန်ဖိုးဖြတ်နိုင်စွမ်းမြင့်မည်မထင်ခဲ့ပေ။

ချင်လင်သာ သာမန်လူငယ်တစ်ဦးဆိုလျှင် ထိုစကားများကို သူသိပ်အလေးထားမည်မဟုတ်။ ဘာပဲဖြစ်ဖြစ် ငါကကျော်ကြားလာမယ့်သူဆိုပြီး အသံကောင်းဟစ်နေတဲ့လူတွေက အများသားလား။ အားလုံးက နေ့ခင်းကြောင်တောင်စိတ်ကူးယဉ်နေကြသူများသာ။

သို့သော် သူဌေးချင်မှာ ရုံချန်းစီရင်စုတွင် ပုံရိပ်ကြီးမားသော ချင်းလင်စံအိမ်နှင့်ချင်းလင်ဆော့ဖန်တီးသူဖြစ်နေသည်။ သူ့စကားက အလွန်အရေးပါ၏။

ဤသည်ကြောင့်သူလည်း ဆော့ကိုမျှော်လင့်ထားသည်။

''ရှဉ့်လေး'' ချန်ရှောင်ရူက ရုတ်တရက်အံ့သြပုံနှင့်အော်ပြီး ကောင်တာဆီပြေးသွားလိုက်သည်။

မွေးနီက ကောင်တာနားတွင်ခုန်ပေါက်နေ၏။ မွေးနီနောက်တွင် ချစ်စရာကောင်းသောရှဉ့်နှစ်ကောင်ပါ၍ ချင်လင်ပါအံ့သြသွားသည်။

ထိုရှဉ့်နှစ်ကောင်မှာ နည်းနည်းတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေ၏။ သူတို့က မွေးနီနောက်လိုက်လာပြီး ပတ်ဝန်းကျင်ကိုပြူးတူးကြောင်တောင်ကြည့်နေကြသည်။ ချန်ရှောင်ရူပြေးလာသည်ကိုမြင်လျှင် အလွန်လန့်သွားပြီး ခန်းမထုပ်တန်းများဆီ ပြာပြာသလဲပြေးတက်သွားကြ၏။

ချင်လင်က ထိုမြင်ကွင်းကို အံ့သြစွာကြည့်နေသည်။

ရှဉ့်နှစ်ကောင်မှာ ပန်းပင်လယ်ထဲမှရှဉ့်ရိုင်းများဖြစ်သည်။

ထိုရှဉ့်များက အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်၏ ဂေဟစနစ်သဟဇာတဖြစ်ခြင်း +၃ ဆွဲဆောင်မှုကြောင့်သာ လာနေကြခြင်းဖြစ်၏။

ပုံမှန်အတိုင်းဆို သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်နားမှာပဲ တဝဲလည်လည်နေပြီး အပြင်မသွားကြ။

အခုဒီနှစ်ကောင် ကောင်တာရောက်လာတာ မွေးနီနှင့်သက်ဆိုင်ပုံရသည်။

''ကျွိကျွိ!'' မွေးနီက ရှဉ့်လေးနှစ်ကောင်ကိုပြောနေသလိုရှိ၏။

အချိန်အတော်ကြာမှ ထိုရှဉ့်ရိုင်းနှစ်ကောင်က ကောင်တာပေါ်အသံတိတ်ပြန်ဆင်းလာကြလေသည်။

All Chapters