← Chapters

မြို့ဝန်ဟောင်း၏လှည့်ကွက်

Vol. 51 Ch. 707

မြို့ဝန်ဟောင်း၏လှည့်ကွက်

Vol. 51 Ch. 707

"ဘာများလဲ"

"ခင်ဗျားက ကျုပ်တို့ကို ကောင်းကင်နတ်ဆိုးလက်ကနေ ကယ်တင်ပေးခဲ့တယ်။ အရိပ်မျိုးနွယ်က ကျေးဇူးသိတတ်ပါတယ်။ ကျုပ်တို့ငါးယောက်က ခင်ဗျားကို သခင်အဖြစ် အသိအမှတ်ပြုပြီး အသက်နဲ့ရင်း တာဝန်ထမ်းဆောင်ပေးပါမယ်။ ဒါပေမယ့် ကျုပ်တို့ရဲ့သစ္စာတရားနဲ့ အသက်အတွက် အရိပ်မျိုးနွယ်ဝင်ငါးရာရဲ့ လွတ်လပ်မှုကို လဲလှယ်ချင်ပါတယ်"

လုပ်ကြံသူငါးယောက်က ဒူးထောက်ချလိုက်ပြီး ရိုးသားစွာ တောင်းဆိုလိုက်သည်။ ယဲ့ချန်က သူတို့ဆိုလိုသော အဓိပ္ပါယ်ကို နားလည်လိုက်ပြီး တစ်ဖက်လူက အရိပ်မျိုးနွယ် ဆက်လက်တည်ရှိနိုင်ရေးအတွက် အသက်ကို ပေးဆပ်လိုနေခဲ့သည်။ ယဲ့ချန်က နောက်ထပ်မျိုးနွယ်ဝင်များ ကယ်တင်ပြီးလျှင် အရေအတွက်ငါးရာဖြင့် မျိုးပွားနိုင်ပြီး လူဦးရေတိုးပွားလာနိုင်စေရန် မျှော်လင့်နေကြသည်။ ဤငါးယောက်က လေးစားထိုက်သော ကျင့်ကြံသူများ ဖြစ်ကြသည်။

"မင်းတို့ရဲ့တောင်းဆိုချက်ကို ငါ လက်ခံပါမယ်။ မင်းတို့မလုပ်ချင်တာကို ဖိအားပေးမှာမဟုတ်လို့ မစိုးရိမ်ပါနဲ့။ မင်းတို့က ကျိရန်ရွယ်လိုပဲ လွတ်လပ်ခွင့်ရှိတယ်။ ငါက မင်းတို့ရဲ့အင်အားကို အသုံးပြုချင်ရုံပါပဲ။ အရိပ်မျိုးနွယ်က ဆက်လက်တည်ရှိရမှာပါ"

ယဲ့ချန်က ရှေ့တိုး၍ ဒူးထောက်နေသူများကို ဆွဲထူပေးလိုက်သည်။ သူက ကိုယ့်ကိုကိုယ် တစ်ကိုယ်ကောင်းဆန်သူမဟုတ်ဟု မပြောနိုင်သော်လည်း အခြားလူများ၏ လွတ်လပ်ခွင့်ကို မထိပါးလိုပေ။ နတ်ဆိုးဝိညာဥ်များနှင့် ပေါင်းစပ်ရခြင်းမှာလည်း ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်ရန်အတွက် အင်အားများ လိုအပ်နေသောကြောင့်ဖြစ်သည်။ ကျိရန်တို့က ယဲ့ချန်၏စကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားကြပြီး ချက်ချင်းထရပ်လာမည့်အစား ကျေးဇူးတရားကိုဖော်ပြရန် အရိုအသေပေးလိုက်ကြသည်။ ကျိရန်တို့က ဆုံးဖြတ်ပြီးဖြစ်သောကြောင့် သူက နတ်ဆိုးဝိညာဥ်များနှင့် ပေါင်းစပ်ပေးလိုက်သည်။ မြေပြင်၌ တင်ပျဥ်ခွေထိုင်နေသူငါးယောက်ထံ နတ်ဆိုးဝိညာဥ်တစ်ကောင်စီ အောင်မြင်စွာ ပေါင်းစပ်သွားသောအခါ ကျင့်ကြံဆင့်တိုးတက်လာပြီး လုပ်ကြံရေးစွမ်းရည်များလည်း မြင့်မားလာခဲ့သည်။ သို့သော် သူတို့၏တိုးတက်နှုန်းက ကျိရန်ရွယ်လောက် မမြန်သောကြောင့် သူမက တစ်ခုခု ထူးခြားနေရပေလိမ့်မည်။ အရိပ်မျိုးနွယ်တစ်ခုလုံးတွင် သူမတစ်ယောက်တည်းသာ နတ်ဆိုးမျိုးစေ့ကို တွန်းလှန်နိုင်ခဲ့ပြီး ကျန်လူများအားလုံးက ထိန်းချုပ်ခံခဲ့ရသည်။

"ငါတို့မျိုးနွယ်ဝင်တွေ ဘယ်ရောက်သွားလဲဆိုတာကို သိလား"

ကျိရန်ရွယ်က ကျိရန်ကို မေးလိုက်ခြင်းဖြစ်သည်။ ကျိရန်က မျက်မှောင်ကြုတ်၍ စဥ်းစားနေပြီး နတ်ဆိုးမျိုးစေ့၏ ထိန်းချုပ်မှုခံခဲ့ရသည်တိုင် ပုံရိပ်များ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

"ကြယ်သခင်အရှင်တစ်ယောက်က ကိုယ့်ကိုကိုယ်ဖောက်ခွဲ သတ်သေသွားပြီး ကျန်နှစ်ယောက်ကို ဘယ်နေရာခေါ်သွားလဲဆိုတာ မသိရဘူး။ နတ်အစေခံတွေကိုတော့ ကောင်းကင်ပြည်ထောင်အတွင်းပိုင်းက အကျဥ်းထောင်တစ်ခုမှာ ဖမ်းဆီးထားပြီး တည်နေရာကိုတော့ မသိဘူး။ ကျန်တဲ့မျိုးနွယ်ဝင်တွေကတော့ နေရာတိုင်း ပျံ့နှံ့သွားပြီး မရဏကြယ်ပေါ်မှာတော့ ခြောက်ထောင်ကျော်ရှိပြီး သုံးရာကျော်က စစ်ဧကရာဇ်တွေ ဖြစ်တယ်"

ကျိရန်က ပြန့်ကျဲနေသော မှတ်ဉာဏ်များကို ကြိုးစားစုစည်း၍ ဖြေလိုက်သည်။ အရိပ်မျိုးနွယ်က လက်ရှိတွင် ဖျက်ဆီးခံထားရပြီး အမိမြေလည်း ပျက်စီးခဲ့သောကြောင့် သူတို့အားလုံးက လေလွင့်ကျင့်ကြံသူများ ဖြစ်နေခဲ့သည်။ ကောင်းကင်နတ်ဆိုးများက အရိပ်မျိုးနွယ်၏ ကြယ်သုံးလုံးကို သိမ်းပိုက်ခဲ့သော်လည်း ကြယ်သခင်များနှင့် နတ်အစေခံများကို နတ်ဆိုးမျိုးစေ့ဖြင့် ထိန်းချုပ်မရသောကြောင့် ဖမ်းချုပ်ထားခြင်းဖြစ်သည်။ ထိုအဆင့်အောက်ရှိ အရိပ်မျိုးနွယ်ဝင်များကမူ ထိန်းချုပ်ခံများဖြစ်လာကာ ကောင်းကင်နတ်ဆိုးများအတွက် အမှုထမ်းပေးနေရသည်။ ဤအကြောင်းနှင့်ယှဥ်လျှင် ကောင်းကင်မူလကြယ်က ကံကောင်းနေသည်ဟု ပြောနိုင်ပြီး အရိပ်မျိုးနွယ်လောက် မသန်မာသော်လည်း အရင်းအမြစ်နည်းပါး၍ ချောင်ကျသော နေရာ၌ ရှိနေသောကြောင့် ကောင်းကင်နတ်ဆိုးများက အရေးမစိုက်ခြင်းဖြစ်နိုင်သည်။ သို့သော်လည်း ရန်သူများက အချိန်မရွေး တိုက်ခိုက်လာနိုင်သောကြောင့် ယဲ့ချန်၏စိတ်များ အလွန်တရာ လေးလံနေသည်။

"အနည်းဆုံးတော့ အရိပ်မျိုးနွယ်မှာ ငါတို့ခြောက်ယောက် ကျန်ပါသေးတယ်"

ကျိရန်၏စကားကို ကြားသောအခါ ကျိရန်ရွယ်က မျက်ရည်ဝဲနေသော်လည်း အားတင်းကာ တစ်ချက်ပြုံးလိုက်သည်။

"ဟုတ်တယ်။ ငါတို့က သေချာပေါက် အရိပ်မျိုးနွယ်ကို ကယ်တင်ရမယ်"

ကျန်ငါးယောက်ကလည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လေးနက်စွာ ဆုံးဖြတ်လိုက်ကြ၏။

"ခန်းမထဲကနေ ဒီရတနာနှစ်ခု ရလာတယ်။ အတွင်းပိုင်းကိုတော့ နတ်အစေခံအဆင့် ငရဲသားတစ်ကောင် စောင့်ကြပ်နေတယ်။ သူက ငါ့ကို မတိုက်ခိုက်ခဲ့ပေမယ့် ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်ဘူး"

ကျိရန်ရွယ်က ကိုယ့်ကိုကိုယ်တည်ငြိမ်စေလိုက်ပြီး ယဲ့ချန်ထံ သူမရလာသော ရတနာများ ကမ်းပေးလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းသည်ဟု ခံစားနေရသည်။ ဤဘုံသို့ စစ်ဧကရာဇ်အဆင့်များသာ ဝင်နိုင်သော်လည်း ခန်းမအတွင်းပိုင်းကို နတ်အစေခံအဆင့်တစ်ယောက် စောင့်ကြည့်နေသောကြောင့် မည်သူ့ကိုမှ မဝင်စေလိုကြောင်း သိသာသည်။ ဤဘုံကို ဖန်တီးခဲ့သည့် မြို့ဝန်ဟောင်းက လက်ရှိမြို့ဝန် သွေးတောင်ပံ၏ဝမ်းကွဲဖြစ်သော်လည်း ရတနာများမချန်ထားရစ်ဘဲ ဖုံးကွယ်ထားခဲ့သဖြင့် အချင်းချင်း ရန်ငြှိုးရှိနိုင်သည်။ သူပျောက်ကွယ်သွားမှုက ဆန်းကျယ်မှုတစ်ခုဖြစ်နေပြီး နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်းရှိ ရတနာများကို အစီအရင်တစ်ခုဖြင့် ကာကွယ်ထားကာ သွေးတောင်ပံမယူနိုင်ရန် တားမြစ်ထားသောကြောင့် သံယသဝင်စရာကောင်းနေသည်။ စစ်ဧကရာဇ်များကို ဝင်ရောက်ခွင့်ပြုထားခြင်းကလည်း ထူးဆန်းနေပြီး သူ၏ပိုင်ဆိုင်မှုများကို လွှဲပေးရန်ကလည်း မသေချာပေ။ ယဲ့ချန်က ထိုအချက်များကို အဖြေမထုတ်နိုင်သောကြောင့် ကျိရန်ရွယ်ကမ်းပေးလာသည်ကို ကြည့်လိုက်သောအခါ ဓားမော့တစ်လက်နှင့် အမျိုးအမည်မသိ အရာတစ်ခုပေါ်တွင် ရေးဆွဲထားသော ပန်းချီတစ်ချပ်ကို တွေ့လိုက်ရသည်။

ဓားမော့၏လက်ကိုင်တွင် ရှုပ်ထွေးသော ရုန်းများထွင်းထားကာ ဓားသွားက နက်မှောင်နေသဖြင့် အလင်းပြန်နိုင်ခြင်းမရှိဘဲ အေးစက်စက်အရှိန်အဝါကိုသာ ထုတ်လွှတ်နေသည်။ ၎င်းက မည်သည့်အဆင့် လက်နက်ဖြစ်ကြောင်း ခန့်မှန်းရန်လည်း မလွယ်ပေ။ ပန်းချီက မြေပုံတစ်ချပ်နှင့်ဆင်တူပြီး သေချာစွာစစ်ဆေးလိုက်သောအခါ နတ်ဆိုးအကျဥ်းထောင်ဘုံ၏မြေပုံ ဖြစ်နေခဲ့သည်။ လက်ရှိ၌ ဤဘုံကို သွေးတောင်ပံက လုံးဝချုပ်ကိုင်ထားပြီး အတိတ်တွင် ထူးခြားသောအရာများ မရခဲ့ဟု သိထားသော ယဲ့ချန်က အတွေးနက်နေခဲ့သည်။ လက်ရှိတွင် စစ်ဧကရာဇ်များစွာ ဝင်ရောက်လာချိန်တွင် မြို့ဝန်ဟောင်း၏စိတ်ဝိညာဥ် ရုတ်တရက်ထွက်ပေါ်လာကာ ပိုင်ဆိုင်မှုများ ဖုံးကွယ်ထားကြောင်း ကြေငြာခဲ့သည်။ သူ့အနေဖြင့် နတ်ဆိုးအကျဥ်းထောင်ဘုံရှိ စစ်ဧကရာဇ်တစ်ဝက်ကျော်က သွေးတောင်ပံ၏လူများဖြစ်ကြောင်း မသိစရာအကြောင်း မရှိပေ။ ထို့ကြောင့် ဤအချက်နှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကာ ထောင်ချောက်တစ်ခုဖြစ်နေလျှင် အစစ်အမှန်ရည်ရွယ်ချက်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ယဲ့ချန်က ဓားမော့နှင့် မြေပုံကို စိုက်ကြည့်ရင်း ဆက်လက်တွေးတောနေခဲ့သည်။ သွေးတောင်ပံ၏လက်အောက်ရှိ စစ်ဧကရာဇ်များက ဤဘုံသို့ မကြာခဏ ဝင်ရောက်ဖူးသောကြောင့် ခန်းမကို ရှာမတွေ့စရာ အကြောင်းမရှိပေ။ သူ၏စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ထွေးနေကာ သဲလွန်စများကို မဆက်စပ်နိုင်သေးချေ။ မြို့ဝန်ဟောင်း၏ကျင့်ကြံဆင့်အရ ရည်ရွယ်ချက်က သေချာပေါက် ရိုးရှင်းမည်မဟုတ်ပေ။ မြေပုံပေါ်တွင် တောင်တန်း၊ မြစ်ချောင်းများနှင့် မြေမျက်နှာသွင်ပြင်ကို ရှင်းလင်းစွာဖော်ပြထားပြီး သဏ္ဍာန်တူခန်းမခြောက်ခုက အစီအရင်တစ်ခုပမာ ဆက်နွယ်တည်ရှိနေကြသည်။ ထို့အပြင် အုတ်ဂူကိုးခုကလည်း အချင်းချင်းဆက်သွယ်နေကြပြီး အစီအရင်တစ်ခုနှင့် သဏ္ဍာန်တူနေခဲ့သည်။

"မြို့ဝန်ဟောင်းရဲ့အကြံက စစ်ဧကရာဇ်တွေကို ဆွဲဆောင်ဖို့လား။ သူက ဒီကျင့်ကြံသူတွေကို အသုံးချပြီး အစီအရင်တစ်ခုခု ခင်းကျင်းချင်နေတာလား"

ယဲ့ချန်သည် နားထင်ကို ပွတ်သပ်၍ ခေါင်းပူမတတ် တွေးနေခဲ့သည်။

"မိုရန် နတ်ဆိုးအကျဥ်းထောင်ဘုံတစ်ခုလုံးကို ကြည့်ပြီး မင်းမြင်သမျှကို မြေပုံ ရေးပေးစမ်းကွာ"

ယဲ့ချန်က အမိန့်ပေးလိုက်ပြီး သံသယဝင်စရာများကို အဖြေထုတ်ချင်စိတ် အလွန်ပြင်းပြနေသည်။

"ဟုတ်ကဲ့"

မိုရန်က ခေါင်းညိတ်၍ မျက်လုံးများမှ အနီရောင်အလင်းတန်းနှစ်ခု ထုတ်လွှတ်ကာ ဘုံတစ်ခုလုံးကို စစ်ဆေးလိုက်သည်။ လက်ရှိတွင် သူက အစွမ်းကုန်ထုတ်သုံးနေသဖြင့် အမြင်စွမ်းရည်က ဖုံးကွယ်ထားသော မြူခိုးများကို ကျော်ဖြတ်ကာ အထက်စီးမှ အရာရာကို မြင်နိုင်ခဲ့သည်။ ထို့နောက် သူက စာရွက်တစ်ခုပေါ်တွင် မြေပုံကို အကြမ်းဖျင်းရေးဆွဲလိုက်သောအခါ ခန်းမခြောက်ခုနှင့် အုတ်ဂူဆယ်ခု ထွက်ပေါ်လာခဲ့သည်။

"ဘာမှားနေလို့လဲ"

မိုရန်၏မြေပုံကို ယဲ့ချန်က မျက်မှောင်ကြုတ်၍ ကြည့်နေသောကြောင့် ကျိရန်ရွယ်က စပ်စုလိုက်ခြင်းဖြစ်သည်။

"ငါ့အထင်ပြောရရင် ခန်းမထဲက မြေပုံကို မြို့ဝန်ဟောင်းက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြထားတာ ဖြစ်ရမယ်။ ဒီဘုံမှာ အုတ်ဂူဆယ်ခုရှိပေမယ့် တစ်ခုကို ဖုံးကွယ်ထားတယ်"

သူက မြေပုံပေါ်ရှိ တစ်နေရာကို ထောက်ပြ၍ ရှင်းပြလိုက်သည်။

"ဒါဆိုရင် သူက ဘာတွေကြံစည်နေတာလဲ"

"ငါလည်းမသိဘူး။ တစ်ချက်လောက် သွားကြည့်ရလိမ့်မယ်"

ယဲ့ချန်က ခေါင်းယမ်း၍ အုတ်ဂူအမှတ်တစ်ဆယ်၏တည်နေရာကို စိုက်ကြည့်နေခဲ့သည်။ မြို့ဝန်ဟောင်းက ၎င်းကို ဖုံးကွယ်ထားပြီး တစ်ခုခုကို ကြံစည်နေခြင်းဖြစ်နိုင်သောအခါ မေးခွန်းအားလုံး၏ သော့ချက်က အုတ်ဂူအမှတ်တစ်ဆယ် ဖြစ်နေနိုင်သည်။

"သွားကြစို့"

ထို့နောက် သူက လူတိုင်းကို ဦးဆောင်ကာ အုတ်ဂူအမှတ်တစ်ဆယ်ထံ ဦးတည်ပျံသန်းသွားခဲ့သည်။ သူတို့က လျင်မြန်လွန်းသောကြောင့် မိုင်ထောင်ချီအဝေးကို ခဏအတွင်း ရောက်သွားသော်လည်း နတ်ဆိုးအကျဥ်းထောင်ဘုံက အလွန်ကျယ်ဝန်းနေသည်။ မြို့ဝန်ဟောင်းက ၎င်းကိုတည်ဆောက်ရန် များစွာအားထုတ်ခဲ့ပြီး ပုံရိပ်ယောင်ပညာပင် ပါဝင်နေခဲ့သည်။ နေရာတိုင်းတွင် အင်အားစုအသီးသီးမှ စစ်ဧကရာဇ်အုပ်စုများ ရှိနေကြပြီး ခန်းမများအတွင်းမှ မြေပုံများ ရရှိခဲ့ကြသည်။ အချို့က ခန်းမများကိုလည်းကောင်း၊ အချို့က အုတ်ဂူများကိုလည်းကောင်း ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။

"သခင်လေး အုတ်ဂူအမှတ်တစ်ထဲကို စစ်ဧကရာဇ်ခြောက်ထောင်ကျော် စေလွှတ်ခဲ့ပေမယ့် ထောင်ချောက်တွေကြောင့် တစ်ဝက်လောက် အသတ်ခံလိုက်ရပါတယ်"

စစ်ဧကရာဇ်တစ်ယောက်က သွေးစုပ်သူထံ တင်ပြလိုက်ခြင်းဖြစ်သည်။

"နောက်ထပ်အယောက်တစ်သောင်း ထပ်လွှတ်လိုက်။ မင်းတို့က သုံးပေအထိ တူးရမယ်ဆိုရင်တောင် ဒီအုတ်ဂူကို မြေလှန်ပစ်စမ်းကွာ"

သွေးစုပ်သူက မကျေမနပ်ဖြစ်သွားကာ လေသံတင်းတင်းနှင့် အမိန့်ပေးလိုက်သည်။ ထို့နောက် သူ၏အမိန့်အတိုင်း စစ်ဧကရာဇ်တစ်သောင်းကျော်က အုတ်ဂူအမှတ်တစ်အတွင်း ကျိုင်းကောင်အုပ်ကြီးပမာ ပျံသန်းဝင်ရောက်သွားကြလေသည်။

All Chapters