ဘာမဆို ပေးဆပ်နိုင်ပါတယ်
Vol. 51 Ch. 713
"ဟား ဟား ရှဲ့ချောင် မင်းက အနန္တရှေးဟောင်းကျောက်စာကို အချိန်အကြာကြီး သိမ်းထားခဲ့ပေမယ့် နောက်ဆုံးမှာ ငါ့လက်ထဲ ရောက်လာပြီ"
သွေးတောင်ပံက ရယ်မောလိုက်ရင်း ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ ဧရာမကျောက်စာကြီးက လက်တစ်ဝါးအရွယ်အထိ ကျုံ့ဝင်သွားကာ လွင့်ပျံလာခဲ့သည်။
"ဒီကိစ္စအကြောင်း သတင်းဖြန့်တဲ့သူမှန်သမျှ အမေးအမြန်းမရှိ အသတ်ခံရမယ်"
ထို့နောက် သူက စစ်ဧကရာဇ်များကိုကြည့်၍ အေးစက်စက် ခြိမ်းခြောက်လိုက်သည်။
"ဟုတ်ကဲ့"
သူ၏ခြိမ်းခြောက်စကားကြောင့် ကြောက်လန့်နေသူများမှာ ဦးရေပြားများပင် စပ်ဖျဥ်းဖျဥ်း ခံစားလိုက်ရသည်။ သူ၏ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ပြီးဖြစ်သောကြောင့် ဤနေရာမှ အဖြစ်အပျက်များကို အာချောင်မိလျှင် သေချာပေါက် အသတ်ခံရမည်ကို နားလည်သွားကြသည်။
"ဆရာ ရှဲ့ချောင်သေပြီ။ ကျုပ်တို့ ထွက်သွားကြမလား"
မိုရန်က ယဲ့ချန်အနားကပ်ကာ တီးတိုးပြောဆိုလိုက်သည်။
"သွားကြမယ်"
ယဲ့ချန်က ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးလိုက်ရင်း အရာအားလုံး၏သော့ချက်ဖြစ်သော ကျောက်စာချပ်ကို သိုလှောင်အိတ်အတွင်း လျှို့ဝှက်သိမ်းဆည်းလိုက်သည်။ ကျောက်စာနှစ်ချပ်တွင် တစ်ခုက အတုဖြစ်ပြီး တစ်ခုက အစစ်အမှန်ဖြစ်ကာ ယဲ့ချန်တွင်လည်း တစ်ခုပိုင်ဆိုင်ထားကြောင်းကို ရှဲ့ချောင်တစ်ယောက်သာ သိပေသည်။ သူ၏အကြွင်းအကျန်ဝိညာဥ်က ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သော်လည်း ဤနေရာမှထွက်သွားလျှင် ကြောက်စရာ မလိုတော့ပေ။
"ခင်ဗျား ဘာတွေထပ်ကြံဦးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"
သူက တစ်ချက်ပြုံး၍ မိုရန်တို့ကိုဦးဆောင်ကာ ဝင်ကြေးအဖြစ် သွေးတောင်ပံ၏နောက်လိုက်များထံ တစ်ဦးလျှင် နတ်ဆိုးလက်နက်သုံးခုစီပေးချေကာ နတ်ဆိုးအကျဥ်းထောင်ဘုံအပြင်သို့ ထွက်ခွာလိုက်သည်။ ရှဲ့ချောင်က များပြားလှသော ရတနာများကို ထုတ်လွှတ်ခဲ့သောကြောင့် လူတိုင်းက အမြတ်ထွက်ခဲ့ပြီး မျိုးနွယ်ကြီးများ၏ ခေါင်းဆောင်များမှာ သွေးတောင်ပံနှင့်ဆွေးနွေးပြီး နောက်လိုက်များအား ဦးဆောင်ကာ ထွက်ခွာသွားကြသည်။ သူတို့၏နောက်လိုက်များ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြသော်လည်း ဂရုမစိုက်ခဲ့ပေ။ သေခြင်းတရားမှ လွတ်မြောက်ခဲ့သော စစ်ဧကရာဇ်များမှာလည်း ဤအဖြစ်ကို တစ်သက်တာမေ့ရမည် မဟုတ်ချေ။ အမြတ်အထွက်ဆုံးက သွေးတောင်ပံဖြစ်ပြီး သူအိပ်မက်မက်နေရသော အနန္တရှေးဟောင်းကျောက်စာကို ရလိုက်သည့်အပြင် သူ၏နောက်လိုက်များကလည်း ရတနာအများစုကို သိမ်းပိုက်နိုင်ခဲ့သည်။
နတ်ဆိုးအကျဥ်းထောင်ဘုံအဖြစ်ကြောင့် မရဏကြယ်မှ မျိုးနွယ်ကြီးများက သွေးတောင်ပံကို အကြောက်ကြီးကြောက်ကုန်သည်။ သူက ကောင်းသတင်းကျော်ကြားပြီး အမြဲတစေ တံခါးပိတ်ကျင့်စဥ်ဝင်ကာ သိမ်မွေ့သော်လည်း ဤအဖြစ်ကြောင့် မည်သို့သောလူစားမျိုးဖြစ်ကြောင်း နားလည်သွားကြသည်။ သို့သော်လည်း သူက ဤအချက်ကို လျစ်လျူရှုထားပြီး လျှို့ဝှက်ခန်းအတွင်း ဝင်ရောက်သွားကာ အနန္တရှေးဟောင်းကျောက်စာကို လေ့လာရန်အတွက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သွေးစုပ်သူက အတိတ်တွင် မောက်မာရိုင်းစိုင်းပြီး ပြစ်မှုများစွာကျူးလွန်ခဲ့သော်လည်း သွေးတောင်ပံက ကာကွယ်ပေးခဲ့သဖြင့် လူတိုင်း၏အမြင်တွင် အလွန်ချစ်ခင်သော သားအဖဖြစ်ကြောင်း သိစေခဲ့သည်။ သို့သော် သွေးစုပ်သူက ရှဲ့ချောင်၏သားဖြစ်နေပြီး သွေးတောင်ပံ၏လှည့်ကွက်ကြောင့် အဖေအရင်းလက်ထဲတွင် သေသွားသောအခါ လူတိုင်း ထိတ်လန့်ကုန်သည်။ သူက ရန်သူ၏သားဖြစ်သူကို နှစ်ပေါင်းခြောက်ရာတိုင်တိုင် ပျိုးထောင်ပေးခဲ့ပြီး ဤမျိုသိပ်နိုင်စွမ်းက ကြောက်စရာကောင်းလှပေသည်။ ရက်အနည်းငယ်ကြာပြီးနောက် သွေးစုပ်သူ၏မိခင်၊ ရှဲ့ချောင်၏ဇနီးဟောင်းမှာ အပြင်းအထန်နာမကျန်းဖြစ်၍ သေဆုံးသွားကြောင်း သတင်းထွက်လာသော်လည်း အမှန်တရားကို သွေးတောင်ပံသာ သိပေလိမ့်မည်။ မှော်မြို့တော်ဝန်ရာထူးအတွက် ယှဥ်ပြိုင်ရသောလမ်းတွင် သွေးချင်းချင်းနီနေသည်။
ယဲ့ချန်သည် မှော်မြို့တော်ရှိ သူငှားရမ်းထားသော ခြံဝန်းအတွင်း အခန်းတစ်ခု၌ တင်ပျဥ်ခွေထိုင်ကာ ရရှိလာသမျှကို ရေတွက်နေသည်။ သူက ခရမ်းရောင်ရွှေသုံးထောင်ကျော်၊ မိစ္ဆာရွှေငါးသန်းကျော်၊ အဆင့်ကိုးနှင့်အထက် နတ်ဆိုးလက်နက်ထောင်ချီ၊ အဖိုးတန်သတ္တုများနှင့် နတ်ဆိုးကျင့်စဥ်များ ရရှိခဲ့သည်။ ၎င်းတို့ကိုရောင်းချ၍ ပိုက်ဆံရှာဖွေပြီးလျှင် သူလိုအပ်သည်များကို ဝယ်ယူနိုင်ပေလိမ့်မည်။ နောက်ရက်များတွင် ဧရာမနတ်ဆိုးယာဥ်ကြီးက ကုန်သွယ်ရေးအတွက် ရောက်ရှိလာမည်ဖြစ်သောကြောင့် ရတနာများ ဝယ်ယူရပေလိမ့်မည်။
"ဒေါက် ဒေါက်"
သူက စဥ်းစားခန်းဝင်နေစဥ် တံခါးခေါက်သံ ထွက်ပေါ်လာသောကြောင့် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ကျိရန်ရွယ်ဖြစ်ကြောင်း သိလိုက်ရသည်။ သူက အရိပ်မျိုးနွယ်ဝင်များကို သူ၏ခြံဝန်းအတွင်း သိုသိုသိပ်သိပ် နေထိုင်စေခဲ့သည်။ တစ်မြို့လုံးတွင် ကောင်းကင်နတ်ဆိုး၏ နောက်လိုက်များရှိနေသောကြောင့် ရှာတွေ့သွားလျှင် ပြဿနာ အကြီးအကျယ်တက်သွားနိုင်သည်။ မှော်မြို့တော်တွင် ဥပဒေအရ အုပ်ချုပ်ရန် အစောင့်များရှိသော်လည်း မင်းမျိုးနွယ်ဝင်တစ်ယောက် လူသတ်လျှင်ပင် ပြဿနာမရှိသောကြောင့် သတိထားရပေလိမ့်မည်။ ကျိရန်ရွယ်က အဖြူရောင်ပိုးထည်ကို ဝတ်ဆင်ထားပြီး အလွန်လှပနေခဲ့သည်။ သူမ ဝတ်ဆင်နေကျဖြစ်သော အနက်ရောင်သားရေ အဝတ်အစားများနှင့်ယှဥ်လျှင် ယခုအသွင်က ဆွဲဆောင်အားနည်းသွားသော်လည်း ပို၍သိမ်မွေ့လှပနေခဲ့သည်။
"သခင်"
သူမက ခေါင်းညွှတ်၍ ယဲ့ချန်ကို ပထမဆုံးအကြိမ် အခေါ်အဝေါ်တစ်မျိုး သုံးစွဲလိုက်သည်။
"နင် ငါ့ကို ပုံမှန်အတိုင်း ဆက်ဆံလို့ရပါတယ်"
ယဲ့ချန်က နေရထိုင်ရခက်သွားပြီး လက်ကာပြလိုက်သည်။
"ငါ...ငါ"
သူမက တစ်ခုခုပြောချင်နေသော်လည်း ရှက်သွေးဖြာနေပြီး တုံ့ဆိုင်းသွားပုံပေါ်သည်။
"ပြောစရာရှိရင် လွတ်လွတ်လပ်လပ် ပြောပါ"
ယနေ့ ကျိရန်ရွယ်က ထူးဆန်းနေသည်ဟု ယဲ့ချန်က ခံစားလိုက်ရသည်။
"ငါ့မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရန်ရွယ်က ဘယ်လိုပြန်ပေးဆပ်ရမလဲ မသိတဲ့အတွက် .."
သူမက စကားမဆုံးခင်မှာပင် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ပိုးထည်ကို ချွတ်ချလိုက်သောအခါ မြေပြင်တွင် ပုံကျသွားစဥ် ပြည့်စုံသောခန္ဓာကိုယ်လေး အတိုင်းသား ထွက်ပေါ်လာသည်။ သူမ၏လှပသော ကောက်ကြောင်းများက လူတိုင်း၏စိတ်ကို လှိုင်းထန်သွားစေနိုင်ပြီး ကျောက်စိမ်းဖြင့် ထုလုပ်ထားသကဲ့သို့ ထင်မှတ်ရသော လက်မောင်းကလေးများက ရင်ဘတ်ကို ဖုံးကွယ်ထားသည်။ သေးကျဥ်သောခါး၊ အဆီပိုမရှိ ကျစ်လျစ်သော ဝမ်းဗိုက်ကလေးနှင့် မမြင်အပ်သောနေရာအပြင် ဖြောင့်တန်းတောင့်တင်းသော ပေါင်တံအစုံက ဆွဲဆောင်အားပြင်းလွန်းနေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသော ယောကျ်ားတိုင်းက နှာခေါင်းသွေးယိုသွားနိုင်ပြီး သူမ၏ခြေတံအစုံက အိပ်ရာထက်တွင် မည်သို့စွမ်းဆောင်နိုင်မည်ကို စိတ်ကူးယဥ်မိကြပေလိမ့်မည်။
"သခင့်အတွက် ဘာမဆို ပေးဆပ်ပါမယ်"
သူမက ရင်ဘတ်ကို ကာထားသော လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်သောကြောင့် တောင်ထိပ်လေးနှစ်ခု ဘွားခနဲ ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်က ကျိရန်တို့ငါးယောက်ကို ကယ်တင်ပေးခဲ့သောကြောင့် ကျန်အရိပ်မျိုးနွယ်ဝင်များကိုလည်း ကယ်တင်ပေးနိုင်သောအခါ သူမက ခန္ဓာကိုယ်ဖြင့် ပေးဆပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မိန်းမလှတစ်ယောက်မှစတင်၍ ဤသို့ဆွဲဆောင်လာလျှင် ယောကျ်ားတစ်ယောက်အဖို့ စိတ်မိုက်စိတ်ရိုင်းများကို ထိန်းချုပ်ရန် မလွယ်ပေ။ ယဲ့ချန်က ယောကျ်ားထဲမှ ယောကျ်ားဖြစ်သော်လည်း သက်ပြင်းတစ်ချက်ချ၍ ကိုယ့်စိတ်ကို ထိန်းချုပ်လိုက်သည်။
"မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး"
ယဲ့ချန်က မတ်တပ်ထရပ်လိုက်ပြီး ကျိရန်ရွယ်၏ခန္ဓာကိုယ်ထက်သို့ အဖြူရောင်ပိုးထည်ကို ပြန်လည်လွှမ်းခြုံပေးလိုက်သည်။
"ဒါပေမယ့်....."
မည်သို့ကျေးဇူးဆပ်ရမည်ကို မသိသောကြောင့် သူမက မျက်ရည်လေးများဝဲနေခဲ့သည်။
"အများကြီးတွေးမနေပါနဲ့။ အရိပ်မျိုးနွယ်ဝင်တွေကို ကယ်တင်တာက ငါ့အတွက်လည်း အကျိုးရှိတယ်"
သူက ပွင့်ပွင့်လင်းလင်းပြောလိုက်ပြီး သူမ၏အဝတ်အစားများကို ကြင်နာစွာ ပြန်လည်ဝတ်ဆင်ပေးခဲ့သည်။ ထိုအချိန်တွင် သူမ၏ရင်ထဲ၌ သူ၏ပုံရိပ်က ကြီးကျယ်မြင့်မြတ်လာကာ အခြားယောကျ်ားနှင့်မတူသော စိတ်ထိန်းချုပ်နိုင်စွမ်းကြောင့် အလွန်လေးစားသွားခဲ့သည်။ သူမက ယဲ့ချန်၏ နတ်ဆိုးဝိညာဥ်တစ်ကောင်ကို ပေါင်းစပ်ပြီးနောက် ယဲ့ချန်အပေါ် ခံစားချက်များပြင်းထန်လာကာ ယောကျ်ားနှင့်မိန်းမအကြားမှ ချစ်ခြင်းတရားထက် ကျော်လွန်လာခဲ့သည်။ ပါးလွှာသော ပိုးထည်က သူမ၏ခန္ဓာကိုယ်ကို အပြည့်အဝ ဖုံးကွယ်မထားနိုင်သော်လည်း ယဲ့ချန်က ဤဆွဲဆောင်မှုအောက်၌ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကာ ခါးသက်သက် ပြုံးလိုက်မိသည်။
"မနက်ဖြန်ကျရင် ငါနဲ့ မိုရန်က နတ်ဆိုးယာဥ်ကြီးကို သွားရဦးမယ်။ မင်းတို့က ဂရုစိုက်ပြီး သတိနဲ့နေကြ။ ကောင်းကင်နတ်ဆိုးတွေက မင်းတို့ကိုလိုက်ရှာနေမှာ သေချာတယ်"
ရှက်ရွံ့နေသဖြင့် သနားစဖွယ်ကောင်းသော ကျိရန်ရွယ်ကို ယဲ့ချန်က အလေးအနက်မှာကြား၍ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ဟုတ်"
ကျိရန်ရွယ်က မျက်လုံးချင်းမဆုံဝံ့သဖြင့် ခေါင်းငုံ့နေခဲ့သည်။
"အရိပ်မျိုးနွယ်ကိုကယ်တင်ဖို့ နည်းလမ်း ရှာပေးမယ်။ ဒါပေမယ့် အချိန်တော့ ယူရလိမ့်မယ်"
သူက အရိပ်မျိုးနွယ်ဝင်များကို ကယ်တင်ချင်သော်လည်း ကောင်းကင်နတ်ဆိုးများက အစွမ်းထက်နေသောကြောင့် တစ်ကြိမ်လျှင် တစ်လှမ်းသာ တိုးရပေလိမ့်မည်။ ကျိရန်ရွယ်သည် သူမ၏ကျင့်ကြံခြင်းတွင် ထူးခြားသောအရာတစ်ခု ဖြစ်ပွားလာကြောင်း ပြောပြလိုသော်လည်း လက်ရှိအခြေအနေကထူး ဆန်းနေသောကြောင့် မည်သို့ပြောရမှန်း မသိတော့ပေ။
"ငါ အရင်သွားတော့မယ်"
"ကောင်းပြီ"
ထို့နောက် သူမက အဝတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ကာ ယဲ့ချန် ခေါင်းညိတ်ပြလိုက်ချိန်တွင် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ သူမ၏ကျောပြင်ကလေးကို ကြည့်ပြီး ယဲ့ချန်က ခေါင်းယမ်းကာ တစ်ချက်ပြုံးလိုက်မိသည်။ သူက ကျိရန်ရွယ်၏စိတ်ကို နားလည်ပြီး သူမ၏အပြုအမူကြောင့် ဇနီးသည်များကို အမှတ်ရလိုက်သည်။ သားဖြစ်သူအကြောင်း စဥ်းစားမိလိုက်သောအခါ သူ၏မျက်နှာက ပို၍သိမ်မွေ့လာခဲ့သည်။ သူက ကျယ်ဝန်းကာ အဆုံးအစမရှိသော စကြဝဠာကြီးအကြောင်း ပို၍သိရလာသည်နှင့်အမျှ ချစ်ခင်ရသူများကို ကာကွယ်ရန်အတွက် ခွန်အားလိုအပ်ပြီး အင်အားစုတစ်ခုတည်ဆောက်ရန် လိုအပ်ကြောင်း နားလည်ထားသည်။ သူ၏ပခုံးထက်တွင် တာဝန်များ အလွန်လေးလံနေပြီဖြစ်သောကြောင့် နောက်ထပ်မလိုချင်တော့ပေ။ သူက ကောင်းကင်မူလကြယ်ကို ဆက်တိုက်ခြိမ်းခြောက်နေသော ကောင်းကင်နတ်ဆိုးမျိုးနွယ်အကြောင်း တွေးမိသောအခါ အကြည့်များ အေးစက်တင်းမာလာသည်။ ထိုမျိုးနွယ် မပျက်စီးသေးသရွေ့ သူက စိတ်အေးလက်အေးနေနိုင်မည် မဟုတ်ချေ။