← Chapters

ရှဲ့ချောင်၏အကြံ ၂

Vol. 51 Ch. 711

ရှဲ့ချောင်၏အကြံ ၂

Vol. 51 Ch. 711

သွေးမြူခိုးများက သွေးစုပ်သူ၏ ဒွာရကိုးပေါက်အတွင်းမှ ဝင်ရောက်သွားကာ နာကျင်မှုကြောင့် ရုန်းကန်နေသော်လည်း နေရာမှမရွေ့နိုင်သကဲ့သို့ အသံတစ်ချက်ပင် မထွက်နိုင်ပေ။ သွေးတောင်ပံ၏လူများက သူ့ကိုကယ်တင်ရန် ကြိုးစားနေသော်လည်း အနီရောင်အလင်း၏ ဟန့်တားမှုကို မကျော်ဖြတ်နိုင်ကြပေ။ သူက ခန္ဓာကိုယ်အတွင်း သွေးမြူခိုးများ ဝင်ရောက်နေသည်ကို လက်မှိုင်ချ၍ ကြည့်နေရုံသာတတ်နိုင်ပြီး ခဏအကြာတွင် မျက်လုံးများက အရောင်ပြောင်းလဲသွားကာ အေးစက်တင်းမာလာသည်။ သူ၏အသံကလည်း ပို၍အက်ကွဲလာပြီး ဆန်းကျယ်ကာ ကျေနပ်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

"ဟား ဟား နောက်ဆုံးတော့ သွေးနတ်ဆိုးရုပ်ခန္ဓာကို ရလိုက်ပြီ"

"သခင်လေး"

အနီရောင်အလင်း ပျောက်ကွယ်သွားသောအခါ သွေးစုပ်သူ၏နောက်လိုက်များက လက်နက်ကိုယ်စီဖြင့် ချဥ်းကပ်လာကြသည်။

"မင်းတို့ရဲ့သခင်လေး သေပြီ။ သွေးတောင်ပံ ငါအပြင်ထွက်လာရင် မင်းသေဖို့သာပြင်ထား"

သွေးစုပ်သူတစ်ဖြစ်လည်းရှဲ့ချောင် က ရူးသွပ်စွာရယ်မော၍ လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်သောအခါ နောက်လိုက်များကို တဘန်းဘန်း လွင့်ပျံသွားစေခဲ့သည်။ သူတို့က လေထဲတွင် အသံတစ်ချက်ပင်မထွက်နိုင်ဘဲ ရုပ်ခန္ဓာများပေါက်ကွဲသွားကာ သွေးများ မိုးအဖြစ် ရွာကျလာသည်။ ၎င်းတို့က မြူခိုးများအဖြစ် ပြောင်းလဲပြီး သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ လျှာကိုထုတ်၍ အရသာခံနေဟန်ဖြင့် နှုတ်ခမ်းကိုသပ်လိုက်၏။

"သွေးအရသာကို မခံစားရတာ ကြာပြီ။ ဒီနေ့ မင်းတို့အားလုံးက ငါ့အတွက် စတေးခံဖြစ်ရမယ်။ မင်းတို့ကိုသတ်ပြီးရင် ငါက ကြယ်သခင်အထွတ်အထိပ်အဆင့်ကို ပြန်ရောက်နိုင်ပြီ"

ရှဲ့ချောင်က အော်ဟစ်ရယ်မောရင်း လက်ဝါးချက်များ ဆက်တိုက်ထုတ်ဖော်ကာ သွေးတောင်ပံ၏နောက်လိုက်များကို ရက်ရက်စက်စက် သတ်ဖြတ်နေခဲ့သည်။ ကျန်စစ်ဧကရာဇ်များကလည်း မြို့ဝန်ဟောင်း ရုတ်တရက် ထွက်ပေါ်လာမည်ဟု ထင်မထားသောကြောင့် ကြောက်လန့်တကြား ဖြစ်ကုန်သည်။ သူတို့က ရှဲ့ချောင်၏ထောင်ချောက်အတွင်း ကျရောက်သွားပြီး တစ်ဖက်လူက အသက်ပြန်ရှင်လာရန်အတွက် သွေးနတ်ဆိုးရုပ်ခန္ဓာကို လိုအပ်သောကြောင့် ပစ်မှတ်အစစ်အမှန်က သွေးစုပ်သူဖြစ်နေခဲ့သည်။ ကျန်စစ်ဧကရာဇ်များမှာ သူ့အတွက် အားဖြည့်စာများဖြစ်သောကြောင့် ရတနာများထုတ်လွှတ်ပြီး နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်း ဝင်ရောက်လာစေရန် ဆွဲဆောင်ခဲ့သည်။ သူက ဤဘုံအတွင်း စစ်ဧကရာဇ်အထက်အဆင့် ကျင့်ကြံသူများ မဝင်ရောက်နိုင်စေရန် အစီအရင်ဖြင့်ကာကွယ်ထားသည်က မထူးဆန်းချေ။ သူ ကစစ်ဧကရာဇ်တစ်ယောက်၏ရုပ်ခန္ဓာကိုသာ အပိုင်စီးနိုင်သောကြောင့် နတ်အစေခံတစ်ယောက်သာ ဝင်ရောက်လာလျှင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။ သူက စစ်ဧကရာဇ်များထံ ပြေးဝင်သွားကာ ရူးရူးမူးမူးသတ်ဖြတ်၍ သွေးမြူခိုးများအဖြစ် ပြောင်းလဲစေသည်။ ထို့နောက် ပါးစပ်ဟ၍ ၎င်းကိုစုပ်ယူလိုက်သောအခါ ခွန်အားက လျင်မြန်စွာ တိုးတက်လာပြီး ထပ်မံသတ်ဖြတ်လိုက်ပြန်သည်။

"ဒီခွေးကောင်က ဘုံတစ်ခုလုံးရဲ့ စစ်ဧကရာဇ်တွေကို သတ်ချင်နေတာပဲ ။ဒီဘုံကို ထောက်ပံ့ပေးထားတာက အနန္တရှေးဟောင်းကျောက်စာ ဖြစ်ရမယ်"

လောင်ကျန်းက အဝေးမှရက်စက်သော မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်၍ အတွေးနက်နေသည်။ ထို့အပြင် သူတို့ဝင်ရောက်လာခဲ့သော ဝင်ပေါက်ကလည်း လက်ရှိတွင် ဖြည်းညှင်းစွာ ပိတ်နေပြီဖြစ်သည်။

"မြို့ဝန်ရဲ့လူတွေက သူ့ကို ထိန်းထားလိမ့်မယ်။ ငါတို့က အနန္တရှေးဟောင်းကျောက်စာကို တိုက်ခိုက်ကြမယ်"

ဤအချက်က တစ်ခုတည်းသော ရှင်သန်ရန် အခွင့်အလမ်းဖြစ်နိုင်သောကြောင့် လောင်ကျန်းက အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်တို့လူစုက ဝင်ပေါက်နှင့်နီးကပ်နေပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သိပ်သည်းသော သွေးမြူခိုးများ ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်က ခန်းမများနှင့် အုတ်ဂူများ၏ အစီအစဥ်ချထားပုံကို နားလည်သွားပြီး ၎င်းက ဧရာမပုံရိပ်ယောင်အစီအရင်ကြီးဖြစ်ကာ ကျောက်စာက အစီအရင်၏ သော့ချက်ဖြစ်သည်။ ဧရာမကျောက်စာကြီး ထွက်ပေါ်လာသောအခါ ဝင်ပေါက်၏တည်နေရာက စတင်ပြောင်းလဲသွားခဲ့သည်။ လောင်ကျန်းက ၎င်းကိုတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်မှာ စဥ်းစားဆင်ခြင်ဉာဏ်ရှိသူဟု သက်သေပြနေပြီး ဧရာမကျောက်စာကြီးက ထွက်ပြေးရန် သော့ချက်ဖြစ်ကြောင်း သဘောပေါက်နိုင်ခဲ့သည်။

"ငါတို့ပိတ်မိသွားပြီ"

တစ်ဖက်လူက အရာရာကို ကြိုတင်တွက်ချက်ထားသောကြောင့် ကျောက်စာကို ဖျက်ဆီးခြင်းကလည်း အသုံးမဝင်နိုင်သောကြောင့် ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ ထို့အပြင် အစီအရင်၏ထောက်ပံ့မှုဖြင့် တည်ရှိနေသော ကျောက်စာကို ဖျက်ဆီးရန် မလွယ်ကူနိုင်ပေ။ နတ်အစေခံအဆင့် ကျင့်ကြံသူတစ်ယောက်သာ ၎င်းကို ဖျက်ဆီးနိုင်စွမ်းရှိပေလိမ့်မည်။ သူက ရှဲ့ချောင်၏ဝိညာဥ်ကို သုတ်သင်ခဲ့သော်လည်း သွေးစုပ်သူ၏ရုပ်ခန္ဓာ အပိုင်စီးခံလိုက်ရသောကြောင့် ဝိညာဥ်နောက်တစ်ခု ရှိနေနိုင်သည်။ ဤအကြောင်းကို တွေးမိလိုက်သောအခါ တစ်ဖက်လူက မည်မျှကောက်ကျစ်ဉာဏ်များကြောင်း နားလည်လိုက်သည်။

"လူတိုင်း လှည့်စားခံလိုက်ရတာပဲ"

ယဲ့ချန်က ဂရုတစိုက်လှုပ်ရှားခဲ့သည့်တိုင်အောင် တစ်ဖက်လူ၏ လှည့်ကွက်အတွင်းမှ မလွတ်မြောက်နိုင်ခဲ့သောကြောင့် ပူပန်စပြုလာသည်။ ရှဲ့ချောင်က နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာသော ကောက်ကျစ်သူတစ်ယောက်ဖြစ်သောကြောင့် ဤနေရာ၌ အသတ်မခံရစေရန် သူက အစွမ်းကုန်ကြိုးစားရနိုင်သည်။

"မိုရန် ဝင်ပေါက်ရဲ့တည်နေရာကို မင်း မြင်နိုင်လား"

"ဟုတ်ကဲ့"

မိုရန်၏မျက်လုံးများက ချက်ချင်းနီရဲသွားကာ သွေးမြူခိုးများကို ထိုးဖောက်ကြည့်ရှုရန် ကြိုးစားလိုက်သည်။

"ဘုံရဲ့ ဝင်ပေါက်တည်နေရာက ပြောင်းလဲသွားပေမယ့် နေရာပြောင်းသွားရုံရှိလိမ့်မယ်။ မိုရန်က ဒါကို မြင်နိုင်လိမ့်မယ်"

မိုရန်က ဝင်ပေါက်ကို ပြန်လည်ရှာဖွေနိုင်လျှင် သွေးမြူခိုးများကိုကျော်ဖြတ်၍ လွတ်မြောက်ရန် ကြိုးစားနိုင်ချေရှိပြီး သေခြင်းတရားကို ထိုင်စောင့်နေရသည်ထက် ပို၍ကောင်းမွန်ပေသည်။ အဝေးတစ်နေရာ၌ ရှဲ့ချောင်သည် စစ်ဧကရာဇ်ထောင်ချီကို သတ်ဖြတ်ခဲ့သောကြောင့် ခန္ဓာကိုယ်ထက်တွင် သွေးချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာသောအခါ လှောင်ပြောင်လိုဟန်များ ထင်ဟပ်နေပြီး ကြောင်မှ ကြွက်ကိုမသတ်ခင် ကစားနေသကဲ့သို့ ထင်မှတ်ရသည်။ သူ၏အမြင်တွင် ယဲ့ချန်က ထောင်ချောက်မိနေသော ကြွက်တစ်ကောင်ဖြစ်ကာ ဤဘုံအတွင်းမှ ထွက်ပြေးရန် မဖြစ်နိုင်ပေ။ ယဲ့ချန်က ရှဲ့ချောင်နှင့် အကြည့်ချင်းဆုံသွားသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တစ်ဖက်လူက သူ့ကို သတိထားမိသောအခါ ထွက်ပြေးရန် ပို၍မဖြစ်နိုင်တော့ပေ။

"မိုရန် ကျိရန်ရွယ် ငါနဲ့အတူ မင်းတို့ကို ခေါ်လာမိလို့ တောင်းပန်ပါတယ်"

သူက အားတုံ့အားနာ ခံစားနေရသည်။ သူက ကိုယ်ပွားတစ်ခုဖြစ်သောကြောင့် သေသွားလျှင် ပြဿနာမရှိသော်လည်း မိုရန်နှင့် ကျိရန်ရွယ်ကိုမူ မသေစေချင်ခဲ့ပေ။

"ကျုပ်မှာ ရှိသမျှကို ဆရာက ပေးထားတာပါ။ ဆရာ့အတွက် သေပေးဖို့ ဆန္ဒရှိပါတယ်"

မိုရန်က ဒူးတစ်ဖက်ထောက်၍ ရိုးရိုးသားသားပြောလိုက်သည်။

"ငါ့ကိုလည်း နင် ကယ်ပေးထားတာဆိုတော့ ဒီနေရာမှာ သေရလည်း တန်ပါတယ်"

ကျိရန်ရွယ်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ ကျိရန်တို့ငါးယောက်သည်လည်း ကောင်းကင်နတ်ဆိုး၏ကျွန်အဖြစ်မှ လွတ်မြောက်ခဲ့သည့်တိုင်အောင် ဤဘုံအတွင်း သေရမည့်အရေးနှင့် ကြုံတွေ့နေရသည်။ သို့သော် အနည်းဆုံး သူတို့က လွတ်လပ်သော အရိပ်မျိုးနွယ်ဝင်များအဖြစ် သေဆုံးရမည်ဖြစ်ကာ ကျွန်အဖြစ်သေရခြင်းနှင့် မတူပေ။ ထို့ကြောင့် သူတို့က ကျေးဇူးတရားကို ဖော်ပြရန် ယဲ့ချန်အား ပြိုင်တူဦးညွှတ်လိုက်ကြသည်။

"ငါတို့ အပေးအယူတစ်ခုလောက် လုပ်ကြမလား"

ယဲ့ချန်က သူတို့ကို ကယ်တင်ရန် အလေးအနက်စဥ်းစား၍ ရှဲ့ချောင်ထံ အသံပို့လွှတ်လိုက်သည်။

"ဘာအပေးအယူလဲ"

ရှဲ့ချောင်၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ငါ့မှာ မင်းစိတ်ဝင်စားလောက်မယ့် ရတနာတစ်ခု ရှိတယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ အကြွင်းအကျန်ဝိညာဥ်တစ်ခုကို အလွယ်တကူရှင်းပစ်လိုက်သော ထူးဆန်းသည့် ဓားပျံအကြောင်း ရှဲ့ချောင်က တွေးမိလိုက်သည်။ ထို့အပြင် သူက တစ်ချက်ကြည့်ရုံနှင့် တစ်ဖက်လူက ကိုယ်ပွားတစ်ခုဖြစ်ကြောင်း သိနိုင်ပြီး သတ်လိုက်လျှင်လည်း အရေးမပါချေ။

"ကောင်းပြီ။ လောလောဆယ် မင်းတို့ကို အသက်ရှင်ခွင့်ပေးထားလိုက်မယ်"

မူလတွင် သူက ယဲ့ချန်ကို အရင်ဆုံးသတ်လိုသော်လည်း လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်က နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်း ပိတ်မိနေသရွေ့ စိုးရိမ်စရာမရှိသောကြောင့် အခြားစစ်ဧကရာဇ်များကို အရင်ဆုံးလိုက်သတ်ခြင်းက ပြဿနာမရှိချေ။ လက်ရှိတွင် အသက်ဘေးမှ လွတ်မြောက်သွားပြီး ရှဲ့ချောင်က အခြားလူများကိုသာ လိုက်သတ်နေသော်လည်း ယဲ့ချန်က စိတ်မအေးနိုင်ပေ။

"မိုရန် ဝင်ပေါက်ကို မြန်မြန်ရှာထား"

မျှော်လင့်ချက်က ဝေဝါးနေသည့်တိုင်အောင် ယဲ့ချန်က မိုရန်ကို လောဆော်လိုက်ပြီး အလျှော့မပေးလိုခဲ့ပေ။ မိုရန်က သူ၏မျက်လုံးကို အသက်သွင်းကာ ဝင်ပေါက်ကို အဆက်မပြတ် လိုက်လံရှာဖွေနေခဲ့သည်။ ရှဲ့ချောင်၏သတ်ဖြတ်နှုန်းက အလွန်တရာမြန်ဆန်ပြီး အချိန်တိုအတွင်း စစ်ဧကရာဇ်တစ်သောင်းကျော် ဘဝပြောင်းသွားသဖြင့် လူတိုင်းက စတင်ထွက်ပြေးလိုက်ကြသည်။ လောင်ကျန်းနှင့် နောက်လိုက်များသည် ဧရာမကျောက်စာကြီးကို တိုက်ခိုက်လိုက်ကြသော်လည်း လက်ရှိခွန်အားနှင့် ဖျက်ဆီးရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူက သေချာစဥ်းစား၍ လူခွဲထွက်ပြေးရန် အမိန့်ပေးလိုက်သောကြောင့် ရှဲ့ချောင်လက်မှ လွတ်မြောက်စေရေးအတွက် စစ်ဧကရာဇ်များက ဘက်ပေါင်းစုံသို့ ပျံသန်းသွားကြသည်။ အချို့က အုပ်စုဖွဲ့၍ တုံ့ပြန်ချင်သော်လည်း တစ်ဖက်လူ၏ ခွန်အားအောက်တွင် တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်း ရှဲ့ချောင်က ပြိုင်ဘက်ကင်းနေပြီး စစ်ဧကရာဇ်များကို ကြောက်လန့်စေကာ တွန်းလှန်ရဲသော သတ္တိများ ပျောက်ကွယ်ကုန်သည်။ ထွက်ပြေးနေကြသော စစ်ဧကရာဇ်များမှာ သွေးမြူခိုူများ အကြားရောက်သွားသောအခါ ရုပ်ခန္ဓာများ အရည်ပျော်ကျသွားသဖြင့် နာကျင်စွာ အော်သံများ ထွက်ပေါ်လာခဲ့သည်။

"ဘယ်ကိုထွက်ပြေးမှာလဲကွ ဟား ဟား"

ရှဲ့ချောင်က တဟားဟားရယ်မော၍ သေမင်းပမာ ဖြတ်သန်းသွားသော နေရာတိုင်း၌ သွေးချင်းချင်းနီစေခဲ့သည်။

"ထွက်ပေါက်ကို တွေ့ပြီလား"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"တွေ့ပြီ"

မိုရန် ကခေါင်းညိတ်ပြလိုက်သည်။

"ဘယ်နေရာမှာလဲ"

လူတိုင်း၏ရင်ထဲတွင် မျှော်လင့်ချက်ကိုယ်စီဖြင့် မေးလိုက်ကြသည်။

"ဒါပေမယ့် ထွက်ပေါက်ကို မြူခိုးတွေ ပိတ်ဆို့ထားတယ်။ ဖြတ်သန်းသွားဖို့ မဖြစ်နိုင်ဘူး"

မိုရန်က စိတ်ပျက်လက်ပျက် ဖြေလိုက်ပြီး သူ၏စကားကြောင့် ကျိရန်ရွယ်တို့လူစုလည်း စိတ်ဓာတ်ကျကုန်သည်။ သူတို့က သေရမည်ကို မကြောက်သော်လည်း မပြီးဆုံးသေးသော တာဝန်တစ်ခုရှိနေပြီး အရိပ်မျိုးနွယ်အား ကောင်းကင်နတ်ဆိုးလက်မှ ကယ်တင်ရန်ဖြစ်သည်။

ယဲ့ချန်သည် စိတ်များလေးလံနေပြီး ကောင်းကင်၌ ထွက်ပြေးနေသော စစ်ဧကရာဇ်များကို သွေးမြူခိုးက ဝါးမျို၍ အလောင်းပင်မကျန်အောင် ဖျက်ဆီးလိုက်သည်ကို ကြည့်နေခဲ့သည်။ သူက နတ်ဆိုးချပ်ဝတ်ကို ဝတ်ဆင်ထားလျှင်ပင် ၎င်း၏တိုက်စားနိုင်စွမ်းကြောင့် ဖြတ်သန်းနိုင်မည် မဟုတ်ပေ။ ထို့အပြင် ရှဲ့ချောင်က အပေါ်ယံသာ လျစ်လျူရှုထားပြီး သူကို အချိန်တိုင်း အာရုံစိုက်နေသောကြောင့် ထွက်ပေါက်ထံ ပြေးသွားသည်နှင့်တပြိုင်နက် သေချာပေါက် တိုက်ခိုက်လာလျှင် ထွက်ပြေးရန် အခွင့်အရေး ပျောက်ကွယ်သွားပေလိမ့်မည်။

"ငါက ဒီနေရာမှာ သေခြင်းတရားကို ထိုင်စောင့်နေရမှာလား"

ယဲ့ချန်က မျက်မှောက်ကြုတ်၍ ရှဲ့ချောင်ကို စိုက်ကြည့်နေခဲ့သည်။ သူက တစ်စုံတစ်ခုကို အသုံးပြု၍ ရှင်သန်ရေးအတွက် ထိုရန်သူနှင့် ညှိုနှိုင်းရပေလိမ့်မည်။ ထို့အပြင် သူက ရှဲ့ချောင်ကို အခွင့်အရေးရလျှင် သတ်ရန်အတွက် အားနည်းချက်ကို လိုက်လံရှာဖွေလျက်ရှိသည်။ သူက အပြည့်အဝယုံကြည်ချက်မရှိဘဲ လှုပ်ရှားပါက တစ်ဖက်လူကို မသတ်နိုင်ရုံသာမက သူကိုယ်တိုင် အသတ်ခံလိုက်ရပေလိမ့်မည်။

ရှဲ့ချောင်က သတ်ဖြတ်ရခြင်းကို စွဲလမ်းနေသော အရူးတစ်ယောက်ပမာ စစ်ဧကရာဇ်များကို အမဲလိုက်နေခဲ့ပြီး အယောက်တစ်သိန်းကျော် သတ်ဖြတ်ပြီးဖြစ်သည်။ ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် တုံ့ခနဲရပ်တန့်သွားကာ အဝေးသို့ မျှော်ကြည့်လိုက်မိသည်။ ထိုနေရာ၌ ကောင်းကင်ထက်သို့ ပုံရိပ်တစ်ခုက ရှဲ့ချောင်နှင့် မျက်နှာချင်းဆိုင်မှ ပျံတက်လာခဲ့လေသည်။

All Chapters